Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 2, 2013

၂၀၁၃ မှာ ပညာရေး ပိုထူးချွန် အောင်မြင်ချင်ပါတယ် ယွန်းဝတီလွင်မိုး

31 December 2012 |By 8 Days
မကြာမီ ကာလ အတွင်း မှာ နှစ်ဟောင်းကို စွန့်ပြီး နှစ်သစ် ကာလ တစ်ခု အတွင်းကို ရောက်ရှိ လာပေတော့ မယ်။ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အတွေးသစ်တွေနဲ့ အောင်မြင်မှုတွေက ဆီးကြိုနေသလို နှစ်ဟောင်းကို ပြန်သုံးသပ်ကြည့်ရမယ် ဆိုရင်လည်း မြန်မာပြည် တစ်ပြည်လုံးအတွက် ထူးခြားစွာ ပြောင်းလဲမှုတွေနဲ့ အတူ ကမ္ဘာက မြန်မာကို လက်ခံလာတဲ့နှစ်လို့ ပြောရင် ငြင်းလို့ရမယ် မထင်ပါ။

၂၀၁၃ခုနှစ်မှာ အားမာန်အပြည့်နဲ့ လျှောက်လှမ်းဖို့အတွက် ၂၀၁၂ ခုနှစ်သည် စတင်ခြေချ ခဲ့တဲ့ ခြေလှမ်း တစ်လှမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၃ခုနှစ် New Year အတွက် 8 DAYS Cover ကို ဘယ်သူ့ကို တင်ရမလဲလို့ ကျွန်တော်တို့ စဉ်းစားရပါတော့တယ်။
၂၀၁၂ ခုနှစ်မှ စတင်ပြီး အနုပညာပိုင်းမှာ ထူးခြားစွာ အောင်မြင်မှုတွေ ရလာခဲ့တဲ့ သူတစ်ယောက်ကို ကျွန်တော်တို့ မြင်မိပါတယ်။
သူကတော့ ကိုလွင်မိုးရဲ့ သမီးလေး “ယွန်းဝတီလွင်မိုး” ပါ။ ဂျာနယ်၊ မဂ္ဂဇင်း မျက်နှာဖုံးတွေထဲမှာ ယွန်းဝတီလွင်မိုးဟာ 8DAYS အတွက် ပထမဦးဆုံး ရိုက်ပေးခဲ့သူလည်း ဖြစ်တဲ့အပြင် ၂၀၁၂ ခုနှစ်မှာ အောင်မြင်မှု ခြေလှမ်းစတင်ခဲ့သူ ဖြစ်တဲ့အတွက် ၂၀၁၃ ခုနှစ် နှစ်သစ်ကို ယွန်းဝတီလွင်မိုးနဲ့အတူ 8DAYS ကကြိုဆိုရင်း...
အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေကရော...
အနုပညာနဲ့ ပတ်သက်ပြီး အတွေ့အကြုံကတော့ ကြော်ငြာတွေကို တခြားမင်းသား၊ မင်းသမီးတွေနဲ့ ရိုက်တဲ့အခါမှာ အများကြီး အတွေ့အကြုံ ရခဲ့တယ်။ နောက်ပြီး Public ရှေ့မှာ ကြော်ငြာအတွက် သရုပ်ဆောင်ပြီး ရိုက်ရတာတွေ၊ လူအရမ်းများတဲ့ Shopping Mall ထဲမှာ ရိုက်ကွင်းတည်ပြီး ရိုက်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ကုန်ဆုံးပြီး ၂၀၁၃ ကိုကူးပြောင်းမယ့် New Year Night ကို ယွန်းဝတီလွင်မိုး အနေနဲ့ ဘယ်လိုပုံစံမျိုး ဖြတ်သန်းသွားဖို့ရှိလဲ။
2012 New Year Night Party မှာ သမီးရဲ့ မိဘတွေ (သို့မဟုတ်) သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းချင်ပါတယ်။
နှစ်သစ်မှာ နှစ်ဟောင်းနဲ့ မတူရအောင် စိတ်သစ် လူသစ်အနေနဲ့ ပြောင်းလဲချင်တာမျိုး ရှိလား။
၂၀၁၃ ခုနှစ်မှာ သမီးက ကိုးတန်းရောက်ပြီဆိုတော့ စာတွေလည်း ပိုပြီးများလာတယ်။ အဲဒီအတွက် ပိုပြီး ကြိုးစား ရပါတော့မယ်။ အခုလောလော ဆယ်တော့ ခေါင်းထဲမှာ ဒီလောက်ပဲ ရှိပါသေးတယ်။
၂၀၁၂ ခုနှစ်မှာ ယွန်းဝတီလွင်မိုးအတွက် ဘာတွေ ထူးခြားခဲ့လဲ။
သမီးရဲ့ဘဝမှာ ရှုတင်တွေ အများဆုံး ရိုက်ခဲ့ရတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရပါတယ်။ အနုပညာအလုပ်ကို စလုပ်ခဲ့တာကတော့ သမီးမွေးကတည်းက လုပ်ခဲ့တာပါ။ ဖေဖေ့ ရှုတင်ကို လိုက်ပြီး လုပ်ခွင့်ရခဲ့တာပေါ့။ အဲဒီအချိန်တုန်းကတော့ အနုပညာကို လုပ်တာ နည်းသေးတယ်။ ဒါပေမဲ့ တကယ်ကို အအောင်မြင်ဆုံးနဲ့ အနုပညာအလုပ်ကို ထိတွေ့ခွင့်ရတဲ့နှစ်က ၂၀၁၂ ခုနှစ်ပါ။
၂၀၁၂ ခုနှစ်မှာ အမှတ်တရ အဖြစ်ခဲ့ဆုံး အရာတွေကို ပြောပြပေးပါလား။
အမှတ်တရ အဖြစ်ဆုံးကတော့ မိသားစုနဲ့ ခရီးတွေ သွားခဲ့ရတာတွေ၊ ပညာရေးနဲ့ အနုပညာကို ချိန်ဆပြီး လုပ်ခဲ့ရတာတွေက အမှတ်တရတွေပါပဲ။
၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံ အနေနဲ့ ဘာတွေ ပြောင်းလဲခဲ့သလဲ။
မြန်မာနိုင်ငံက ၂၀၁၂ခုနှစ်မှာ ထူးခြားတာတွေကို သမီးမြင်သလောက် ပြောရရင် မြန်မာနိုင်ငံကို အမေရိကန်သမ္မတ ဘားရတ်အိုဘားမား ရောက်လာတယ်။ ပြီးတော့ အဲဒီမတိုင်ခင် ကားဈေးတွေ ကျတယ်။ လူအတော်များများ ဖုန်းကိုင်နိုင်လာတယ်။ နိုင်ငံခြားက စီးပွားရေး လုပ်ငန်းရှင်တွေလည်း မြန်မာနိုင်ငံကို ရောက်လာပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ (၁၆) ရက်နေ့မှာ နိုင်ငံခြားက ဂရမ်မီဆုရှင် အဆိုတော် ဂျေဆင်မရက်(ဇ်)လည်း ပထမဦးဆုံး မြန်မာနိုင်ငံမှာ သီချင်းလာဆိုတယ်။ ၂၀၁၂မှာ မြန်မာနိုင်ငံအတွက် တိုးတက် ပြောင်းလဲမှုတွေနဲ့ အကောင်းအဆိုး အဖြစ်အပျက်တွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။ မြန်မာပြည်က ၂၀၁၂ ခုနှစ်မှာ ကမ္ဘာနဲ့ယှဉ်ပြီး လိုက်မီဖို့ ခြေလှမ်းသစ်တွေ ကြိုးစားလာခဲ့တယ်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ ဖြစ်လာတာလည်း ဂုဏ်ယူစရာ တစ်ခုပါလို့ သမီးမြင်မိပါတယ်။
၂၀၁၂ ခုနှစ်ထဲက အထူးခြားဆုံး နေ့တစ်နေ့မှာ ယွန်းဝတီလွင်မိုး ဘာတွေလုပ်နေလဲ။
၁၂.၁၂.၂၀၁၂ ခုနှစ်ဆိုတာ နှစ်ပေါင်းများစွာမှ ရက်၊ လ၊ နှစ် တစ်ထပ်တည်း ကျတာပါ။ ဒီနေ့က ထူးခြားတဲ့နေ့ဆိုပြီး အမှတ်တရတွေဖြစ်အောင် သူငယ်ချင်းတွေ အားလုံးကို Message တစ်စောင်စီ လိုက်ပို့ပစ်တာပေါ့။
ယွန်းဝတီလွင်မိုးကို အနုပညာ အလုပ်တွေ လုပ်ခွင့်ပေးတဲ့သူက..
သမီးကို အခုလို အနုပညာ အလုပ်တွေ လုပ်ခွင့်ပေးတာ မေမေပါ။ ဖေဖေကတော့ သမီးကို ရုပ်ရှင်ရိုက်ခွင့် မပေးသေးဘူး။ ပညာရေးဘက်ကို ဦးစားပေးဖို့ ဖေဖေက အမြဲတမ်းပြောတယ်။ ဒါပေမဲ့ ဝါသနာပါလို့ ကြော်ငြာ ရိုက်ချင်တယ်ဆိုရင် ရိုက်ခွင့်ပေးတာလောက်ပဲ ရှိပါတယ်။
၂၀၁၃ ခုနှစ်မှာ ယွန်းဝတီလွင်မိုး ပြောင်းလဲချင်တဲ့ အရာတွေကို ပြောပြပေးပါဦး။
၂၀၁၃ ခုနှစ်မှာ သမီးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်တာက ပညာရေးမှာ ပိုပြီးထူးချွန် အောင်မြင်ချင်ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး လတ်တလောမှာ အာရုံသိပ်ပြီး မစိုက်နိုင်သေးဘူး။ စာကို တစိုက်မတ်မတ် ကြိုးစားသွားချင်တယ်။ အနုပညာကို နည်းနည်းပါးပါးတော့ လုပ်ဖြစ်မယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ပြီးမှသာ ဘာဆက်လုပ်မယ် ဆိုတာကို စဉ်းစားရမှာပါ။
စာသင်ခန်းထဲက သူငယ်ချင်းတွေက ယွန်းဝတီကို ဘယ်လိုဆက်ဆံကြလဲ။
အတန်းထဲက သူငယ်ချင်းတွေကို ပြောထားတယ်။ သမီးကို သူတို့ရဲ့ သူငယ်ချင်းလိုပဲ ဆက်ဆံပါ။ မင်းသမီးတစ်ယောက် အနေနဲ့ မဆက်ဆံပါနဲ့လို့ ပြောထားတယ်။သာမန်လူ တစ်ယောက်လို ဆက်ဆံတာမျိုးကိုပဲ ကြိုက်နှစ်သက်တယ်။
ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေကို ဆက်လုပ်ခွင့် ရမယ်ဆိုရင် ကိုလွင်မိုးဆိုတဲ့ အရိပ်အောက်ကနေ ခွဲထွက်ပြီး သီးသန့် အောင်မြင်မှု အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို တည်ဆောက်မလဲ။
သမီးရဲ့ Life မှာ အနုပညာကို အဓိကမထားဘူး။ အတန်းပညာတွေ ပြီးရင်တော့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အနေနဲ့ ဘဝကို ရပ်တည်မယ်။ အနုပညာကတော့ ဝါသနာတစ်ခုအရ လုပ်ဖို့အတွက်ပဲ ရည်ရွယ်ထားပါတယ်။
ယွန်းဝတီလွင်မိုးကို ချစ်တဲ့ ပရိသတ်အတွက် New Year Wish လေးပြောရင်း နှုတ်ဆက်ပေးပါဦး။
၂၀၁၂ New Year Night မှာ ပျော်ရွှင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ၂၀၁၂ ခုနှစ်ထက် ပိုပြီး ပျော်ရွှင်မှုတွေ ရရှိပါစေ၊ အောင်မြင်မှုတွေနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ကြပါစေလို့ ပရိသတ်ကြီးကို ဆုတောင်းပေးချင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။