31 December 2012 |By 8 Days
ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူသားတိုင်း ကျန်းမာခြင်းနဲ့အတူ လှပခြင်း ကိုလည်း ပိုင်ဆိုင်ချင်ကြမှာ
အမှန်ပဲ ဖြစ်ပါတယ်။ အသားအရေ လှလိုက်တာ၊ ဆံပင် ကောင်းလိုက်တာ၊ သွားလေးတွေက ပုလဲလေးတွေ စီထားတဲ့အတိုင်း ညီညာလိုက်တာ စသဖြင့် ပိုင်ဆိုင်ချင်ကြမှာပါပဲ။ ဒီလို အလှတရားတွေ ပိုင်ဆိုင်ဖို့အတွက် Star တစ်ယောက်ဖြစ်တဲ့ N ကိုင်ရာက ဘယ်လို ထိန်းသိမ်းလေ့ရှိလဲ ဆိုတာ လေ့လာ ကြည့်လိုက်ရအောင်.....
ကိုင်က အားကစားတော့ ပုံမှန် မလုပ်ဖြစ်ဘူး။ အားကစားပုံမှန် လုပ်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ စက်ပစ္စည်းတွေနဲ့က အားကစား လုပ်ရင် ပုံမှန်လုပ်မှ ကောင်းမှာပေါ့နော်။ နို့မို့ဆို ဝိတ်တက်လာတယ်လို့ ပြောကြတယ်။ ကိုင်တို့က ခရီးတွေ သွားနေတာ ဆိုတော့ စက်ပစ္စည်းတွေနဲ့တော့ အားကစား မလုပ်ဖြစ်ဘူး။
လက်ရှိ လုပ်ဖြစ်နေတဲ့ အားကစားက ခါးလှည့်တာပေါ့နော်။ ခါးလှည့်တဲ့ကွင်းလေး ဆိုတော့ ခရီးသွားရင်လည်း ဖြုတ်ပြီး သယ်သွားလို့ ရတယ်။ သယ်သွားရတာလည်း လွယ်ကူတယ်။ အရင်ကတော့ အိမ်မှာ အိပ်ထမတင်စက်နဲ့ အားကစား လုပ်ဖြစ်တယ်။ နောက်ပိုင်း ခရီးတွေသွားရတော့ ပုံမှန် မလုပ်ဖြစ်တော့ဘူး။ အခုတော့ ဒီခါးလှည့်တဲ့ လေ့ကျင့်ခန်းပဲ လုပ်ဖြစ်တယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းက ဘယ်လိုအကျိုးကျေးဇူးရရှိလဲ ဆိုတော့ သူက ခါးလှည့်တယ် ဆိုပေမယ့် တစ်ကိုယ်လုံးကို လှုပ်ရှားနေရတာ။ အကြောတွေ၊ အဆီတွေကို ကျစေတယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းအပြင် အပြေး လေ့ကျင့်တာလည်း ဝါသနာပါတယ်။ သီချင်းဆိုတဲ့ အခါလည်း အမောခံနိုင်အောင်၊ အသက်ရှုအောင့်နိုင်အောင် အထောက်အကူ ပြုတယ်။
ကျန်းမာရေးက လူတစ်ယောက်အတွက် အရေးကြီးပါတယ်။ လမ်းလျှောက်နေတာလည်း ကိုယ်လက်လှုပ်ရှားမှု တစ်ခုပဲလေ။ အားကစားက လူတစ်ယောက်အတွက် အရေးကြီးသလို၊ မရှိမဖြစ် လိုအပ်တယ်လို့ ကိုင်ထင်တယ်။ အစားအသောက်ကိုလည်း ဆင်ခြင်တယ်။ အဆီ၊ အစိမ့်ကိုလည်း ရှောင်တယ်။ ဒါပေမဲ့ နွားနို့၊ ဒိန်ချဉ်တို့ကို ကြိုက်တယ်လေ။ အဲဒါကြောင့် မနက်ပိုင်းဆို နွားနို့ အမြဲသောက်တယ်။ ညဘက်ဆို ဒိန်ချဉ် အမြဲသောက်တယ်။
ဒါကြောင့် ပရိသတ်ကြီးကိုလည်း ကျန်းမာစေချင်တယ်။ ကျန်းမာမှ အမြဲတမ်း ပေါ့ပါးသွက်လက်ပြီး သွားချင်တာတွေ သွားလို့ရမှာလေ။ အားလုံးကို ကျန်းမာရေး ဂရုစိုက်ပါလို့။ ကျန်းမာအောင်လည်း အစားအသောက်အပြင် လေ့ကျင့်ခန်းလည်း လုပ်ဖို့ အချိန်ရရင် ရသလိုလုပ်ကြပါ။ အစားအသောက်ကလည်း ဆင်ခြင်ပါ။ ပုံမှန် လေ့ကျင့်ခန်း လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ အားလုံး ကျန်းမာပျော်ရွှင်ပါစေလို့ N ကိုင်ရာ ဆုတောင်းပေးလိုက်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။