Ye Yint Nge shared Myo Set's photo.
တရုတ်ကိုသတိထားဖို့လိုကြောင်းကို မကြာခဏရေးလေ့ရှိတော့ တရုတ်နဲ့ခြောက်တယ်လို့ တစ်ခါအပြောခံရတယ်။
တရုတ်ရဲ့ GDP၊ အရံငွေ၊ Military Expenditure၊ ကမ္ဘာလုံးအနှံ့ကိုဖြန့်ထာ...းတဲ့ စီးပွားရေးကွန်ယက်တွေအကြောင်းမတီးခေါက်ဖူးဘဲ နိုင်ငံရေးလုပ်ချင်တယ်ဆိုရင် အတော်ကို လက်တွေ့မကျဘူးလို့ဆိုရပေလိမ့်မယ်။ ပထ၀ီနိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေးဆိုတာတွေဟာ မသိမဖြစ်သိကိုသိနေရမယ့် အခြေခံတွေထဲမှာပါပါတယ်။ ဒါ့ထက်တတ်နိုင်ရင် ကိုယ့်အိမ်နီးချင်းတွေနဲ့ အာဆီယံဇုန်၊ အရှေ့အာရှဇုန်တွေထဲက တိုင်းပြည်တွေရဲ့ အချက်အလက်တွေကို ပိုင်နိုင်ကျွမ်းကျင်နေရင် ပိုကောင်းမှာပေါ့။ အဲ့ဒီတိုင်းပြည်တွေရဲ့ အလှုပ်ဟာ ကိုယ့်တိုင်းပြည်အပေါ်ဘယ်လို လာသက်ေ၇ာက်နိုင်မလဲ လို့ပေါ့။
တစ်လောက သုံးသပ်မှုတစ်ခုလုပ်ခဲ့တယ်။ လက်ပံတောင်းတောင်စီမံကိန်းအစီရင်ခံစာထွက်ခါနီးမှာ ကေအိုင်အေနဲ့တိုက်ပွဲပိုပြင်းထန်လာတာ။ နောက်ပြီး တရုတ်နယ်စပ်ကို စစ်တပ်တွေလွှတ်တာ။ ၀နဲ့ကေအိုင်အေနဲ့ တရုတ်ဆက်ဆံရေး။ ရွှေလီမှာပဲ ဆွေးနွေးချင်တယ်လို့ ကေအိုင်အေ ဆိုထားတာ။ ဒါတွေနဲ့ဆက်စပ်ပြီး တရုတ်ရဲ့ Aggressive Foreign Policy အရ မြန်မာကို တိုင်းရင်းသားကိစ္စ (ကချင်+၀)နဲ့ တန်ပြန်နိုင်တယ်လို့ ထောက်ခဲ့ဖူးတယ်။ မနေ့က ဖောရိန်းပေါ်လစီမှာလဲ ဘေဂျင်းဒီဘိတ်မှာ ဒီလိုစဉ်းစားတဲ့ပုံ တွက်ဆသွားတယ်။ ဒါတွေကို နားလည်တတ်ဖို့လိုမယ်။
ပြိုင်ဘက်ဟုတ်မဟုတ် ကို မြန်မာတွေနားလည်တတ်ရမယ်။ အင်အားကြီးသူကို ရင်ဆိုင်နည်းတွေ ပါးနပ်တတ်ရမယ်။ စည်းလုံးခြင်းသည်အင်အားလုပ်ရုံနဲ့မပြည့်စုံသေးဘူး။ စည်းလုံးတဲ့အားကိုယူပြီး ပါးပါးနပ်နပ်သွေးမကွဲဘဲ ရင်ဆိုင်တတ်ရမယ်။
တိုင်းမ်၊ The Economist လိုနေရာတွေမှာ China Session သီးသန်းပါနေတာဟာ အလကားမဟုတ်။ အမေရိကန် ဖောရိန်းပေါ်လစီမဂဇင်းလိုနေရာမှာ တစ်ကယ်အရေးကြီးတဲ့ ဆောင်းပါးတွေနေရာမှာ တရုတ်ကိုသုံးသပ်တဲ့ပေါ်လစီတွေ အပတ်စဉ်ပါနေမြဲ။ ဒါတွေဘာကြောင့်လဲ။
သွေးကောင်းဖို့ထက် အမြင်စူးရှဖို့လိုနေတဲ့ခေတ်ဖြစ် နေတာကို သိကြရမယ်။ ဒါးချင်းယှဉ်ခုတ်တဲ့ခေတ်မှာ သွေးကောင်းဖို့ လိုမယ်။ ပညာသည်တွေနဲ့ စီးချင်းထိုးတဲ့ခေတ်မှာ ဦးနှောက်ခါးတောင်းကျိုက်နိုင်ရ ပါလိမ့်မယ်။
တရုတ်ရဲ့ GDP၊ အရံငွေ၊ Military Expenditure၊ ကမ္ဘာလုံးအနှံ့ကိုဖြန့်ထာ...းတဲ့ စီးပွားရေးကွန်ယက်တွေအကြောင်းမတ
တစ်လောက သုံးသပ်မှုတစ်ခုလုပ်ခဲ့တယ်။ လက်ပံတောင်းတောင်စီမံကိန်းအစီရင
ပြိုင်ဘက်ဟုတ်မဟုတ် ကို မြန်မာတွေနားလည်တတ်ရမယ်။ အင်အားကြီးသူကို ရင်ဆိုင်နည်းတွေ ပါးနပ်တတ်ရမယ်။ စည်းလုံးခြင်းသည်အင်အားလုပ်ရုံန
တိုင်းမ်၊ The Economist လိုနေရာတွေမှာ China Session သီးသန်းပါနေတာဟာ အလကားမဟုတ်။ အမေရိကန် ဖောရိန်းပေါ်လစီမဂဇင်းလိုနေရာမှာ
သွေးကောင်းဖို့ထက် အမြင်စူးရှဖို့လိုနေတဲ့ခေတ်ဖြစ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။