“အမေတစ်ယောက်တည်းဖတ်ဖို့ ဆောင်းရာသီ”
.
.
ဝန်းကျင်ရာသီဥတုက
အရိုးထိစိုက်အောင် သိပ်အေးလွန်းတယ်..အမေ
အမေချုပ်ပေးလိုက်တဲ့
ကိုယ်တိုင်း အနွေးထည်လေးက
ချွေးတွေစားပြီး..တဖြေးဖြေးပါးလျားလို့..
သားခိုက်ခိုက်တုန်လာတိုင်း
ကိုယ့်နှလုံးသားကိုလောင်စာလုပ်ြ ပီး
ကိုယ့်သွေးကြောတွေကို ကိုယ်ပြန် မီးလှုံနေရတယ်
ဒါလည်းအေးနေတုန်းပဲအမေ..
အလျှော်အစား ကြီးတဲ့ ကစားပွဲတွေမှာ
ကိုယ်တိုင်းအနွေးထည်လေးကို လောင်းကြေးထပ်လိုက်မှ
ရလာနိုင်မဲ့ အနွေးဓါတ်လေးကို
သား.. ရဲရဲတောက် ငြင်းပယ်ရဲဖို့
အမေ့ရင်ငွေ့လေးကို
အိပ်မက်တွေထဲ တင်းတင်းဖက်ထားရတယ်...
အမေ.. အခုထိတော့
အမေ့ချွေးခံ အင်္ဂျာီပေါ်က ကပ်အိပ်လေးလိုသန့်စင်ဖို့
ကျွန်တော် ... အမေ့ရဲ့ဈေးတောင်းလေးလို ရိုးသားနေဆဲ..။ ။
သစ်ခက်အိမ်
http:// thitkheteain.blogspot.com/
.
.
ဝန်းကျင်ရာသီဥတုက
အရိုးထိစိုက်အောင် သိပ်အေးလွန်းတယ်..အမေ
အမေချုပ်ပေးလိုက်တဲ့
ကိုယ်တိုင်း အနွေးထည်လေးက
ချွေးတွေစားပြီး..တဖြေးဖြေးပါးလ
သားခိုက်ခိုက်တုန်လာတိုင်း
ကိုယ့်နှလုံးသားကိုလောင်စာလုပ်ြ
ကိုယ့်သွေးကြောတွေကို ကိုယ်ပြန် မီးလှုံနေရတယ်
ဒါလည်းအေးနေတုန်းပဲအမေ..
အလျှော်အစား ကြီးတဲ့ ကစားပွဲတွေမှာ
ကိုယ်တိုင်းအနွေးထည်လေးကို လောင်းကြေးထပ်လိုက်မှ
ရလာနိုင်မဲ့ အနွေးဓါတ်လေးကို
သား.. ရဲရဲတောက် ငြင်းပယ်ရဲဖို့
အမေ့ရင်ငွေ့လေးကို
အိပ်မက်တွေထဲ တင်းတင်းဖက်ထားရတယ်...
အမေ.. အခုထိတော့
အမေ့ချွေးခံ အင်္ဂျာီပေါ်က ကပ်အိပ်လေးလိုသန့်စင်ဖို့
ကျွန်တော် ... အမေ့ရဲ့ဈေးတောင်းလေးလို ရိုးသားနေဆဲ..။ ။
သစ်ခက်အိမ်
http://
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။