ရိုးသားသူ
******
iPad တခုနဲ့ အတူ ဒေါ်လာ တသောင်း ၃ ထောင်ပါတဲ့ အိတ်ကို ကောက်ရတဲ့ အမေရိကန်နိုင်ငံ ဖလော်၇ီဒါလေဆိပ်က လူမဲ သန့်ရှင်းရေး အလုပ်သမား
မော်ဂန် ဟာ လုံခြုံရေးက တဆင့် ပိုင်ရှင်ကို ပြန်ရှာပြီး ပေးအပ်နိုင်ခဲ့
ပါတယ်။
...
ပိုင်၇ှင်က ချက်ခြင်းပဲ ဆုငွေ ဒေါ်လာ ၆၀ ပေးခဲ့တာကိုလည်း အိုးအိမ်မဲ့ အမျိုးသမီးကြီးတယောက်နဲ့ သူ့လို သန့်ရှင်းရေးလုပ်နေသူ အလုပ်သမား တဦး အရေးတကြီးငွေလိုနေလို့ ဆက်ပြီး ပေးလှူလိုက်ပါတယ်။
သူရဲ့ ရိုးသားမှုအတွက် သန့်ရှင်းရေးကုမ္ပဏီက မော်ဂန်ကို ဂုဏ်ပြုပွဲလုပ်ပြီး ဆုတံဆိပ်နဲ့ တပတ်စာ ဆုငွေ ၆ ရာကျော် ချီးမြှင့်လိုက်ပါတယ်။ ဒီတခါတော့ ဒီငွေကိုသူယူပါမယ်လို့ မော်ဂန်က ပြောရင်း ဂုဏ်ပြုပွဲမှာ ကြည်နူးမှုတွေနဲ့ မျက်ရည် ကျနေခဲ့ပါတယ်။ ဆင်းရဲပေမဲ့ ရိုးသားပြီး စိတ်ထားဖြူစင်သူရဲ့ သတင်းလေးမို့ မင်္ဂလာရှိရှိနဲ့ တင်လိုက်ပါတယ်။ M
Source: NBC
(please share, do not copy)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။