Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 2, 2013

ငြိမ်းချမ်းရေး ချိုး(ဂျိုး)ကူသံ တပြည်လုံး ညံစေချင်....

စစ်တိုက်တယ်ဆိုတာ တဖက်သတ်ကတော့တိုက်မရတာသေချာပါ တယ်လက်ခုပ်က နှစ်ဖက်တီးမှမြည်တာပါ.. တယောက်တပြန်.. ကျည်ဆံခြုံမှလုံတယ်ထင်ပြီး အတောမသတ် ကျည်ဆံသေနတ်လက်ကမချလို့ ဒီစစ်ပွဲအဓွန့်ရှည်နေ တာပါ.. တကယ်ငြိမ်းချမ်းရေးတကယ်ဖော်ဆောင်လိုစိတ်ရှိရင်မကြာပါဘူး အနှေး...နဲ့အမြန်ရနိုင်မှာပါ..

ဘယ်သူကတော့သာတယ်ဘယ်သူကနာတယ် ဘယ်သူကအရင်ဝင်တိုက်တာပြောမနေပဲ တယောက်ချင်းစီကအသိစိတ်နဲ့ တပ်မှူးတွေ တွေ့ဆုံပြီး စစ်မဲ့ဇုန်တွေအမြန်ဆုံးသတ်မှတ်နိုင်ရေးဆောင်ရွက် သင့်ပါတယ်.. စစ်မှာ ကိုယ်ပစ်ရင်ပစ် မပစ်ရင်သူပစ်မယ်ဆိုပီး မဲမဲမြင်ရာ စွတ်ကန်ပစ်နေတော့ ထိခိုက်သင့်တာတွေမထိခိုက်သင့်တာတွေ လူ့အသက်တွေစတေးပစ်နေရပါတယ်.....

တကယ်တော့ ဆုတ်ချင်း ဆုတ်ရင် နိုင်ငံတော်အစိုးရဖက်ကပိုပြီးသဘောထားကြီးသင့်တယ်ထင်ပါတယ် ဒါကိုယ့် တိုင်းပြည်ရဲ့ ပြည်သူတွေပါ တနည်းသားသမီးတွေပါ . သားဆိုးသမီးဆိုးတောင် ပစ်ရိုးထုံးစံမရှိတာ အပြစ်မရှိတဲ့ ပြည်သူတွေကိုပိုပြီးခွင့်လွှတ်သင့်ပါတယ်..

အခုပစ်ခတ်နေတာတွေကိုရပ်စဲဖို့ ပဏာမအနေနဲ့ သ၀ဏ်လွှာတွေ ရာဇသံတွေပေးပို့ပြီး အပေါ်စီးကနေလက်နက်ချရင်ချပါ မချရင်ပစ်မယ် ဆိုတဲ့ရာဇသံ ဆန်နေမယ့်အစား တဖက်နဲ့တဖက်လေးစားမှုရှိရှိနဲ့
တဖက်ရဲ့လိုအပ်ချက်တဖက်ကနားလည်သိရှိ ပြီး ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ win win situation အနေအထားတခုရဖို့ ဆွေးနွေးမှုမဖြစ်မနေလိုအပ်ပါတယ်.. သေနတ်ခါးကြားထိုးပြီးငြိမ်းချမ်းရေးဆွေးနွေးနေခြင်းဟာ ပျက်လုံးတခုလိုပါပဲ .. အခုဟာကတော့ကစားပွဲတခုပိုဆန်ပါတယ် လူတွေအသက်နဲ့လောင်းကြေးထပ်နေတဲ့ကစားပွဲတခုပါ...

ညှိနှိုင်းမှုအနေနဲ့လက်နက်ကြီးတကမ်းစာဆီဆုတ်ကြမယ် သူ့ဖက်လည်းဆုတ် ကိုယ့်ဖက်လည်းဆုတ် အဲဒီကမှ တိုက်ပွဲကိုဦးဆောင်နေတဲ့တပ်မှူးတွေချင်းတွေ့ဆုံ အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုလုပ်ပြီး .. သူ့ဖက်ကိုယ့်ဖက်သူ့ဆန္ဒကိုယ့်ဆန္ဒညှိနှိုင်းပြီး ရလာတဲ့ရလာဒ်များကို သက်ဆိုင်ရာလွှတ်တော်တွေ ၀န်ကြီးဌာနတွေကို အဆင့်ဆင့်တင်ပြပြီး လုပ်သွားဖို့မသင့်ဘူးလားလို့လည်းကျနော်တွေးနေမိပါတယ်..

မနေ့က နယ်ခံတယောက်ကတော့ပြောပါတယ် ဒါဟာ သမ္မတနဲ့မဆိုင်သလို လွှတ်တော် တခြားနိုင်ငံရေးအင်အားစု အဖွဲ့အစည်း အရပ်ဖက်ကလူတွေနဲ့ မဆိုင်သလိုဖြစ်နေပါပြီ စစ်တပ် အင်အားစုရဲ့စိတ်ကူး အမိန့်ပေးမှုဖြစ်တာကြောင့် စစ်တပ်ကို ဖိအားတစုံတရာပေးပြီး ရပ်စဲမှသာရမယ်လို့ဆိုပါတယ်..

ဒါပေမယ့် ပြန်တွက်ရမှာက KIA နဲ့စစ်တပ်ဟာတပြိုင်နက်တည်းမှာကို ထုတ်ပြန်ချက်တွေထုတ်ပြန်ထားတာကိုတွေ့ရပြီးကွဲလွဲမှုတွေရှိနေပါတယ်. .ဆိုကြပါစို့ အစိုးရတပ်လေယာဉ်များဟာရိက္ခာအတွက် ပျံသန်းတယ်လို့စစ်ဖက်ကထုတ်တယ် တဖက်ကလည်းမဟုတ်ပါဘူးဖြိုခွင်းတယ်လို့ ဆိုတယ်..

နောက်သမ္မတကနေပြီးအပစ်အခတ်ရပ်စဲရေးလက်နက်ကြီးနဲ့ မတုန့်ပြန်ရေးအမိန့်ထုတ်တယ်ဆိုတယ် တပ်မှူးတယောက်က မပစ်ရင် ကိုယ့်လာပစ်သွားမယ်လို့ ရေးတယ် အဲလိုအဲလို ကွဲလွဲမှုလေးတွေပေါ့နော်..

ဒီတော့ ဒီစစ်ပွဲမှာ ဘယ်သူ ဘယ်အုပ်စုကအခွင့်အာဏာရှိပြီး ဘယ်လိုလုပ်ပိုင်ခွင့်ရှိတာလဲ သမ္မတလား စစ်ဦးစီးချုပ်လား ဒါကိုသေသေချာချာ ပွင့်လင်းမြင်သာမှုရှိရှိပြည်သူကိုချပြသင့်ပါတယ် အဲလိုမှသာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရှေ့ဆက်နိုင်မှာဖြစ်ပါတယ်...

ကချင်အရေးဟာမြန်မာတပြည်လုံးအရေးပါ ဒါဟာမြန်မာ့နိုင်ငံရေးအဆုံအဖြတ်ပါ အနာဂတ်နိုင်ငံရေးအခင်းအကျင်းမှာစစ်တပ်ပါဝင်ပတ်သက်မှုကြီးနေဦးမှာလား ၊ နောက်ပြန်လှည့်နေပြီလား စတဲ့ ပြည်သူတွေ သန်း ၆၀ ရင်ထဲက လားပေါင်းများစွာကိုအဆုံးအဖြတ်ပေးမယ့်ပွဲပါ ကျန်ရှိနေသောယာယီငြိမ်းချမ်းရေးယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်သက်မှုနဲ့ မြန်မာပြည်သူလူထုတရပ်လုံးကလိုလားတဲ့ တကယ်စစ်မှန်တဲ့ထာဝရငြိမ်းချမ်းရေးအတွက် အဟန့်အတား ခြောက်လှန့်မှု သို့လောသို့လောပေါင်းများစွာဖြစ်စေတဲ့စစ်ပွဲကြီးပါပဲ ….

နောက်တချက်အနေနဲ့ ဒီလိုမျိုး ( Pressure and Compromise ) လုပ်ပြီးမှ တဖက်ကိုလက်နက်ချပါ ငြိမ်းချမ်းရေးဆွေးနွေးမယ် လာကြဟေ့ဆိုရင် ပြည်ပကသာဓကတွေကိုကြည့်သင့်ပါတယ် ဘယ်သူမှဇာတ်သိမ်းမလှပါဘူး

တိုင်းရင်းသားလက်နက်ကိုင်တွေလက်နက်စွန့်ဖို့ဆိုတာ တကယ့်တကယ်ကျတော့ မလွယ်တဲ့ကိစ္စပါ .. မှန်ပါတယ် ထာဝရရန်သူမရှိဘူး ဘာဝရမိတ်ဆွေမရှိဘူး ဆိုပေမယ့် သူတို့ဖက်ကလည်း ဒီလိုပူးပေါင်းတဲ့အခါ တိုင်းရင်းသားအင်အားငယ်လက်နက်ကိုင်လေးေ တွဟာ တောင်းဆိုချက်တွေရှိနေမှာပါ အဲဒါတွေကိုမြန်မာအစိုးရအနေနဲ့လိုက်လျောပေးဖို့ အသင့်ဖြစ်နေသင့်ပါတယ်.. တဖက်မှာ ဗိုလ်ကျစိုးမိုးမှုဝါဒ နောက်လူမျိုးတုန်းသတ်ဖြတ်မှုစတဲ့စတဲ့အမြင်တွေပပျောက်ဖို့ကလည်း သေသေချာချာကျေကျေလည်လည် တကယ်ငြိမ်းချမ်းရေးကိုလိုလားတဲ့စိတ်နဲ့ဆွေးနွေးမှရနိုင်ပါတယ်..

နောက်ဆုံးတခုပြောချင်မိပါတယ် စီးပွားရေးအရ ကချင်ကိုတိုက်နေတာ ဒီလိုတိုက်နေမှ တရုတ်နဲ့မှောင်ခိုလုပ်ရမယ်လို့ ဆိုပီးတိုက်နေတာဆိုရင်တော့.. မေးပါရစေ
ကိုယ့်သားကိုယ့်မယား ကိုယ့်မိသားစု ထမင်းစားရင် ထမင်းဆန်ပဲစားရတယ် ရွှေစားလို့မရဘူး
ကျောက်စိမ်းအတုံးလိုက်ကိုက်စားလို့မရဘူး နေရာတကာကျောက်စိမ်းတုန်းတကားကားလိုက်သယ်နေလို့မရဘူး
လေယာဉ်ဝယ်စီးလည်းဒီခရီးပါပဲ ကိုယ့်တကိုယ်စာလောဘအတွက်တော့ဒီလိုစတေးနေတာတွေဟာ လူမဆန်တဲ့လုပ်ရပ်လို့မြင်မိယူဆမိပါတယ်ဒါဘယ်သူ့ဖက်ကလုပ်လုပ် ပါ …

တနေ့ကို မ၀ရေစာလေးတွေ စားနေရတဲ့ပြည်သူတွေရဲ့ ဒုက္ခသုက္ခတွေမျက်ရည်သွေးတွေ ငိုသံတွေကိုလျစ်လျူရှုပြီး တဖက်မှာ ကျည်ဆံတတောင့်ကို သိန်းလေးဆယ် ဆိုတာမျိုးတွေဖြုန်းတီးပစ်ပြီး ညီအကိုသွေးချင်းတွေကိုသတ်ဖြတ်ပစ်နေတာ ဟာ မဖြစ်သင့်တော့ပါဘူးရပ်သင့်နေပါပြီ လာမယ့် 2013 မှာ ငြိမ်းချမ်းရေးချိုးကူသံတပြည်လုံးညံစေချင်ပါသည် ..
See More

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။