Aung Than Nyunt Aungnilai
တစ်နေ့ ....
ခရီးတစ်ခုကအပြန်.........ယာဉ်ရပ်နားစခန်းတစ်ခုမှာဝင်အနား
စားသောက်ဆိုင်တစ်ဆိုင်မှာပန်းကန်သိမ်း၊စားပွဲသုပ်လုပ်နေတဲ့ 
၁၄နှစ်အရွယ်အသားဖြူဖြူမိန်းကလေး တစ်ယောက်ကိုတွေ့ မိ
ပါတယ်၊အချိန်ကည ၁နာရီ...ကျော်နေပါပြီ၊ သူမကိုမြင်တော့ အ
တူပါလာသူအင်ဒိုနီးရှားမိတ်ဆွေကိုစကားစလိုက်မိပါတယ်၊ သူ
ငယ်ချင်း..မင်းတွေ့ တယ်မဟုတ်လား..တရုပ်လူမျိုးတွေကသူတို့ 
ရဲ့ သားသမီးတွေကို............ကျောင်းပိတ်ရက်လိုရက်မျိုးတွေမှာ အလုပ်လုပ်တတ်အောင်လေ့ ကျင့် ပေးတဲ့ အလေ့ ကောင်းလေးရှိ
သလို..သူတို့ ရဲ့ ကလေးတွေကလည်းမိဖရဲ့ ဝင်ငွေရှာတဲ့ အလုပ်ကို
စိတ်ပါလက်ပါကူညီတတ်ကြတယ်လို့  ဆိုမိလေတော့ ..ကျွန်တော့ 
မိတ်ဆွေက..အေးကွနော်..တို့ လူမျိုး...မလေးလူမျိုး..တွေနဲ့ တော့ 
ကွာပါ့ ကွာ...လို့ ပြန်ပြောရင်း..မင်းတို့ လူမျိုးကောဒီလိုအလေ့ အ
ထရှိလားလို့ တစ်ဆက်တည်းမေးလာပါတယ်၊ကျွန်တော်ပြန်မဖြေ
ဖြစ်သေးခင်လေးမှာတင်ဒီကလေးမလေး..ကျွန်တော်တို့ စားပွဲကို
ရောက်လာပြီးအရင်လူတွေစားသောက်ပြီးသွားလို့ ကျန်ခဲ့ တဲ့ ပန်း
ကန်နဲ့ အအေးခွက်တွေကိုသိမ်းပြီးသူမတွန်းလာတဲ့  လက်တွန်း
လှည်းလေးပေါ်ပြောင်းတင်နေပါတယ်..မျက်နှာကလေးအောက်ချ..
ခေါင်းကလေးငုံ့ လို့ .....သူ့ ဟန်ပန်လေးကို ဂရုစိုက်ကြည့် မိတော့ 
အလုပ်ထဲမှာပဲစိတ်နှစ်ထားတာလိုလို........မဝံ့မရဲဖြစ်နေတဲ့ ပုံလေး
လိုစိတ်ထဲခံစားမိလိုက်ပါတယ်...ဒါနဲ့ တစ်ဆက်ထဲ..သူမကိုကျွန်တော်
မလေးရှားဘာသာနဲ့ ..ကလေး..မနက်ဖန်ကျောင်းမတက်ရဘူးလား
ကွလို့ မေးလိုက်မိပါတယ်...သူမရဲ့ ခေါင်းလေးမော့ လာပြီး..မျက်လုံး
အဝိုင်းသားလေးနဲ့ ..ရုတ်တရက်.......နှုပ်ကထွက်ကြလာတာက.....
တိုင်ရင်းသူ လေသံလေးနဲ့ ကတုန်ကရီနဲ့ .......မြန်မာစကားစစ်စစ်..
...ရှင်..ပါတဲ့ ဗျာ........ကျွန်တော်အထိတ်တလန့် ဖြစ်သွားမိပါတယ်..
ပြည်ပမှာကျွန်ထွက်ခံနေကြရတာ....................ကျွန်တော်တို့ တွေ
တင်မဟုတ်.........လူမမယ်အရွယ်ထက်နဲနဲသာတဲ့ ကလေးငယ်တွေ
ပါ..၇ှိနေပါရောလားဆိုတဲ့ ..အသိကကျွန်တော့ ကို အထိတ်တလန့် 
ဖြစ်စေမိတာပါ.....................တဒင်္ဂ..သူမကိုငေးကြည့် နေမိရာက
သမီးလေးက.....မြန်မာပြည်..ဘယ်မြို့ ကလည်းလို့ မေးမိတော့ .....
တနင်္သရီတိုင်းရဲ့ ရွာလေးတစ်ရွာကဆိုတာသိရပါတယ်........ဖခင်ငါး
ဖမ်းလှေလိုက်ရင်းဆုံးသွားပြီဆိုတာရယ်..........လက်ရှိမိခင်နဲ့ အတူ
ဒီဆိုင်မှာအလုပ်လုပ်နေပြီး....သူမမိခင်က နောက်ဖက်မှာပန်းကန်
ဆေးတာဝန်ကြနေတယ်ဆိုတာရယ်.......ညနေ ၇ နာရီကနေ မနက်
၇ နာရီထိ အလုပ်လုပ်ရတယ်ဆိုတာရယ်.........ပတ်စပို့ စာအုပ်မရှိ..
အလုပ်လုပ်ခွင့် ပါမစ်မရှိတာတွေကို....မျက်ဝန်းစိုစိုလေးနဲ့ ဖြေနေတာကို........ရင်မောစွာ နားထောင်နေမိတဲ့ ကျွန်တော်...လေပူကြီးတစ်ချက်မှုတ်ထုပ်လိုက်မိတဲ့  အချိန်
မှာတော့ ..ကျွန်တော့် မိတ်ဆွေက ကျွန်တော့ ကို..မေးလာပါပြီ....
မင်းတို့ မြန်မာလူမျိုးလားတဲ့ ....ကျွန်တော်ပြန်မဖြေဖြစ်လိုက်ပါဘူး..
ဟုတ်တယ်လို့ ပြောလိုက်ရမှာ..ရှက်လို့ မဟုတ်ရပါဘူးဗျာ....ခုဒီစာ
ကိုရေးနေတဲ့ အချိန်မှာလိုပဲ...တစ်ထပ်ထဲ..တူတဲ့ ခံစားမှု့ ဆို့ ဆို့ 
နင့် နင့် ကြီးကကျွန်တော့် ကိုတားထားလို့ ရယ်သာပါ................။
ပြန်ဖို့ လုပ်တော့ သူမလေးအနားသွားပြီး..ကျွန်တော့ လိပ်စာ
ကဒ်လေးပေးခဲ့ ပါတယ်..သမီးမေမေကိုပေးလိုက်ပါ....လိုတာရှိရင်
ဦးလေးကိုအချိန်မရွှေးဖုန်းဆက်နိုင်ကြောင်း..မှာရင်း ၅၀ တန်
လေးတစ်ရွက်သူမလက်ထဲ ထည့် ပေးတော့ ငြင်းရှာပါတယ်....
သမီးဒီမှာအလုပ်လုပ်နေတာ လစာရပါတယ်တဲ့ ...သမိးလေးရယ်
မှုန့် ဖိုးအနေနဲ့ ယူထားလိုက်ပါ လို့ ၃ ကြိမ်လောက်ပြောမှ...လက်ခံ
ထားလိုက်ပါတယ်..အပြန်လမ်းမှာတော့ တိတ်ဆိတ်စွာကားမောင်း
နေတဲ့ ကျွန်တော့် ကိုမိတ်ဆွေကလည်း..နားလည်မှု့ ရှိစွာဘာမေး
ခွန်းမှမထုပ်ခဲ့ ပါဘူး....မီးတွေထိန်ထိန်သာနေတဲ့ အဝေးပြေးလမ်း
မကြီးရဲ့ ဘေးတစ်နေရာမှာအနာဂါတ်ရဲ့ အလင်းရောင်မှိန်ပြပြလေး
နဲ့ ကျန်ခဲ့ ရှာတဲ့ ကျွန်တော်တို့ ရဲ့ သားချင်း..သမီးအရွယ်တူမငယ်
လေးအကြောင်းကတော့ ..ခေါင်းထဲမှာချာချာလည်လို့ ...........။
အောင်(နီလိုင်း)See More
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။