သွားကုသမှု ခံယူပြီး လေယာဉ်ပျံ စီးမည့် သူများအား အကြံပေးချက်
============================== =======
ယခုခေတ်တွင် လေယာဉ်ပျံ စီးခြင်းသည် ဘတ်စ်ကား စီးသကဲ့ သို့ ဖြစ် လာပါပြီ။ တစ်မြို့နှင့် တစ်မြို့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ လေယာဉ်ပျံစီးပြီး ပုံမှန် သွားနေရ သူများ ရှိပါသည်။ ထို့အတူ သွားရောဂါဟူသည်လည်း တစ်ခါတစ်ရံ ကုသရသည် ရှိနိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် သွားရောဂါ ကို ကုသပြီး လေယာဉ်ပျံ စီးမည်ဆိုလျှင် အကြံပေးချင်သော အချက်များ ရှိပါသည်။ ထိုအချက်များမှာ-
...
၁။ ထုံဆေးထိုးထားခဲ့လျှင် ထုံဆေးထိုးပြီး ၈ နာရီအတွင်း လေယာဉ်ပျံ မစီးသင့်ပါ။
၂။ သွားမြစ်တွင်း ကုသနေရလျှင် သွားမြစ်တွင်း ကုသပြီးစီးသွားပြီဆိုလျှင် ၂၄ နာရီအတွင်း လေယာဉ်ပျံ မစီးသင့်ပါ။
၃။ သွားနှင့် ပတ်သက်သော ဆေးများ မှီဝဲနေရလျှင် ဆေးရပ်ပြီး ၂၄ နာရီအတွင်း လေယာဉ်ပျံ မစီးသင့်ပါ။
၎။ ရေစီးကမ်းပြို ကုသထားလျှင် ရေစီးကမ်းပြိုရောဂါတွင် ခွဲစိတ်ပြီး ဆေးအုပ် ထားလျှင် ၂၄ နာရီ အတွင်း လေယာဉ်ပျံ မစီးသင့်ပါ။
၅။ မေ့ဆေးပေးထားသူများ မေ့ဆေးပေးပြီး ၇၂ နာရီအတွင်း လေယာဉ်ပျံ မစီးသင့်ပါ။
၆။ အကြောထဲသို့ စိတ်ငြိမ်ဆေး သွင်းထားသူများ ဆေးသွင်းထားပြီး ၇၂ နာရီ အတွင်း လေယာဉ်ပျံ မစီးသင့်ပါ။
၇။ သွားမြစ်တု အရိုးတွင် စိုက်ခြင်း နည်းစဉ်အရ ပထမ အဆင့်အတွက် ၁၀ ရက်ကြာ၊ ဒုတိယအဆင့်အတွက် ၁၀ ရက်ကြာမှ လေယာဉ်ပျံစီးရပါမည်။ သွားရောဂါ ကုသထားသူများ လေယာဉ်ပျံစီးလျှင် လေထုဖိအား ပြောင်းလဲမှု မတူညီမှုကြောင့် ဖိအားဒဏ် ခံစားရနိုင်ပါသည်။
ဒေါက်တာမိုလာ
GOOD HEALTH
==============================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။