Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 2, 2013

မတူပီလူထုရဲ့  ကြေကွဲဝမ်းနည်းဘွယ် ဇွန်န၀ါရီလ (၃)ရက်


Ko Nyo
 Posted by khonumthung on January 2nd, 2013

ဇွန်န၀ါရီလ (၃) ရက်နေ့ ဟာဆိုရင် ရှစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့  နယ် ဒေသခံများ ရဲ့နှလုံးသား ထဲမှာ အနာ တခုလို ယခုထက်တိုင် ကျန်ရှိနေသေးတာကတော့ စစ်အစိုးရ လက်ထက်က Boltlang တောင်ကုန်း တွင် ခရစ်ယာန် ဂုဏ်းပေါင်းစုံတွေ စုစည်းပြီး စိုက်ထူခဲ့တဲ့ လက်ဝါးကပ်တိုင် ဖျက်ဆီးခံခဲ့ရတဲ့ နေ့ ရက်ပင်ဖြစ်ပေသည်။

ဒီလက်ဝါးကပ်တိုင်ဟာ အမြင့်ပေ (၅၀)၊ အနံ (၅)နှင့် ထုထည် (၃)ပေဖြင့် စိုက်ထူခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်မှာ အကြီးမားဆုံးသော လက်ဝါးကပ် တိုင်ဖြစ် သည်ဟု ယူဆနိုင်ပါသည်။

မတူပီမြို့ ပေါ်ရှိ သင်းအုပ်ဆရာတဦးက” အဲဒီတုန်းက အဖြစ်အပျက်ဟာ မခံနိုင်စရာပါ၊ ကျတော်တော့ အခုထက်ထိ စိတ်မကောင်းဖြစ်မိတယ်၊ အမှန် ဆိုရင် အဲဒီနေ့ ကို မတူပီမှာရှိနေ ကြတဲ့ လူထုအားလုံး ကိုယ့်ဘုရားကျောင်းအသီးသီးမှာ ၀မ်းနည်းဘွယ်နေ့ အဖြစ် ဆုတောင်းပွဲများ ကျင်းပပြု လုပ်ရ မည့် နေ့  ဖြစ်တယ်” ဟုမှတ်ချက်ချပြောဆိုခဲ့သည်။

အဆိုပါလက်ဝါးကားတိုင်ကို မတူပီမြို့ တောင်ဘက်၊ မြို့ ပေါ်မှ လူတကာမြင်နိုင်သည့် နေရာတွင် စိုက်ထူခဲ့ခြင်းဖြစ်သည်။ ယင်းလက်ဝါးကပ်တိုင်ကို မတူပီမြို့ နယ်အသီးသီးမှ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့  အနီး BuPhoi အရပ်တွင် အလုပ်လုပ်ကိုင်ခဲ့ သူများ၏ အလှုငွေနဲ့  စိုက်ထူခဲ့ခြင်းဖြစ်သည်။

ကျပ်ငွေ သိန်းပေါင်း (၃၇) ကုန်ကျခံကာ စိုက်ထူထားသည့် အဆိုပါလက်ဝါးကပ်တိုင်ကို ၂၀၀၁ခုနှစ်မှ စတင် အကောင်အထည်ဖေါ်ပြီး ၂၀၁၂ခုနှစ် မတ်လတွင် အပြီးသတ်စိုက်ထူခြင်း အထိမ်းအမှတ် စည်ကား သိုက် မြိုက်စွာပြုလုပ်ကာ ခရစ်ယာန်ဘာသာများ ကိုးကွယ်သည့် ဘုရားထံ အပ်နှံသည့် ပွဲပြုလုပ်ခဲ့ ကြသည်။

ဤသို့ ချင်းပြည်နယ်တွင် အကြီးဆုံး လက်ဝါးကပ်တိုင်ဖြစ်လာသည်က တကြောင်း၊ မတူပီမြို့ သည် ၁၉၈၈ခုနှစ် မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေးအခင်း တွင် ချင်းပြည်နယ်တွင် အကြီးအကျယ် ဆန္ဒပြပွဲ ပြုလုပ်ခြင်းနှင့် ၂၀၀၃ခုနှစ် ဒီဇင်ဘာလတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် တွင် လူထုပါဝင်မှု အများဆုံးဖြစ်ခဲ့သည်က တဖုံ ဖြစ်နေသည်ကို စစ်အစိုးရက ပစ်မှတ်ထားလာခြင်း ကိုမူ ဒေသခံပြည်သူများ မှတ်မိကြပေလိမ့်မည်။

မတူပီမြို့ နယ်ရှိ ပြည်သူများကို စစ်ဖိနပ်အောက် ပြားပြားဝတ်အောင် အုပ်ချုပ်နိုင်ရန်အတွက် စစ်အစိုးရ က ၂၀၀၃ အစောပိုင်းတွင် ဗိုလ်မှူးကြီး ဆန်းအောင်အား ဗျူဟာ (၂) ဗျူဟာမှူးအဖြစ်ခန့် အပ်တာဝန် ပေးလိုက်သည်။

မတူပီတွင် ဗိုလ်မှူးကြီး ဆန်းအောင်အာဏာရလာပြီး ၂၀၀၃ခုနှစ် မေလတွင် မတူပီမြို့ နယ်ရှိ သက်ဆိုင်ရာနေရာ၊ ရုံး၊ လမ်းများရှိ မည်သည့် ဆိုင်းဘုတ်၊ အမှတ်သင်္ကေတများကိုမဆို ဖြတ်ဆီးနိုင် ကြောင်း အမိန့် ထုတ်ပြန်ခဲ့သည်။

ဒီလက်ဝါးကပ်တိုင် ဖျက်ဆီးနိုင်ရန် ကြိုးစားသည့်အနေဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ယင်း လက်ဝါးကပ်တိုင် ဖျက်ဆီးရန် ဒေသခံ ခရစ်ယာန် ဘာသာ အသင်းခေါင်းဆောင်များကို ဖိအားပေး လာခဲ့သည်။

ထို့ အပြင် မတူပီမြို့ ပေါ်တွင် ရေသွယ်ယူနိုင်ရေးအတွက် မတူပီမြို့ ရှိ Matupi Baptist Association (MBA) ထံ ဂျပန်အစိုးရက ထောက်ပံ့သည့် ပိုက်လုံးများကိုပင် လက်ဝါးကပ်တိုင် မဖြိုမချင်း မန္တလေးမြို့  မှ သယ်ယူခွင့် ပိတ်ပင်ခဲ့သည်။

ဘာသာရေးခေါင်းဆောင်များကို နည်းအမျိုးမျိုးဖြင့် ဖိအားပေး၍ မရနိုင်တော့သည့်အဆုံး မည့်သည့် အမှတ်သင်္ကေတကိုမဆို ဖျက်ပစ်ခွင့်ရှိသည်ဟု ကြိုတင်ကြေညာခဲ့သည့် ဗိုလ်မှူးကြီး ဆန်းအောင် ဦးဆောင်သည့်အဖွဲ့ က ဇွန်န၀ါရီလ (၃)ရက်နေ့ တွင် ယင်းလက်ဝါးကပ်တိုင်ကို မြေထိုးစက်သုံးကာ ဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။

ရာခိုင်နှုန်းပြည့် ခရစ်ယာန်ဘာသာကိုးကွယ်သည့် ဒေသတွင် လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့် မရလိုက်သည့် ဒေသခံများ သည် အစိုးရက နည်းမျိုးစုံ သုံးကာ ဖိနှိပ်မှု ပြုလုပ်လျက်ရှိသည်ကို အတိအလင်း မြင်ယောင်နေကြသည်။

Boltlang တောင်ကုန်းအလှနှင့် ညီထွေစွာ စိုက်ထူပြီး လတိုင်း၊ နှစ်တိုင်း ခရစ်ယာန်ဘာသာ ဂိုဏ်း ပေါင်းစုံမှ အသင်းသားများ သွားရောက်ကာ စုပေါင်း ဆုတောင်းပွဲ ပြုလုပ်သည့် မြင်ကွင်းကို မနာလို၊ မနှစ်သက်သည့် စစ်အစိုးရ၏ လုပ်ရပ်အပေါ် ဒေသခံလူထုများ ယနေထိတိုင် မကြေမနပ်ဖြစ်နေကြ သည်။

ထိုသို့ လက်ဝါးကပ်တိုင်ဖျက်ဆီးမှုကို မကြေနပ်၍ မလေးရှားနိုင်ငံရောက် ချင်းပြည်သူများက ဆန္ဒ ဖေါ်ထုတ်ပွဲဆင်နွဲ ခဲ့သေးသည်။ ယင်းဆန္ဒဖေါ်ထုတ်ပွဲ တွင် ပါဝင်သူများကိုလည်း မလေးရှားအာဏာပိုင် များကဖမ်းဆီးကာ လရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ကြသည်။

Boltlang လက်ဝါးကပ်တိုင်သည် ဒေသခံလူထု၏ စုစည်းမှု၊ အောင်မြင်မှု၊ စုပေါင်းပါဝင်မှု များကို ဖေါ်ဆောင်ပေးသည့် အမွန်မြတ်ဆုံးသောသင်္ကေတ တစ်ခုဖြစ်သည်ကို ဒေသခံလူထုများ နား လည်ကြပြီး ယင်းအခွင့်အရေး ဆုံးရှုံးစေသည့် ဇွန်န၀ါရီလ (၃)ရက်နေ့ ကို မတူပီဒေသခံများအတွက် အလွန်ကြေကွဲဘွယ် နေ့ ရက်တခုအဖြစ် အစဉ်အမြဲ ကျန်ရစ်နေ မည်ဖြစ်သည်။
ပုံဒီဆိုက်က ယူတာပါ..http://burma.irrawaddy.org/archives/19598

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။