သိ ခြ င်း ၊ မ သိ ခြ င်း ။
---------------------------
ငါ သေနတ် မပစ်တတ်ဘူး ။
ဒါပေမယ့်
... သေနတ်တွေ ကြောင့်
လူတွေ သေတာ
ငါ သိတယ်။
ငါ စစ်မတိုက်တတ်ဘူး ။
ဒါပေမယ့် ...
စစ်ပွဲ တွေ ကြောင့်
အဖမဲ့ အမိမဲ့ ကလေးတွေ
ခိုခိုးရာ မဲ့နေတာ
ငါသိတယ် ။
ငါ လက်နက် အရောင်းအဝယ်
မလုပ်တတ်ဘူး ။
ဒါပေမယ့် ...
နိုင်ငံ ဘဏ္ဍာတွေ
သယံဇာတ တွေ
နှမြောမရှိ ကုန်နေတာတော့
ငါ သိတယ် ။
ငါ ငွေကြေး စာရင်း
မတွက်တတ်ဘူး ။
ဒါပေမယ့် ....
လက်နက် တစ်လုံးကွဲ
စာသင်ကျောင်း ပြိုလဲ
ဆေးရုံ ဆေးခန်း တူတူပဲ
မဖွံ့ဖြိုးလျက် ချို့တဲ့ဦးမှာ
ငါ သိတယ် ။
ငြိမ်းချမ်းရေး ကို
ကျန ဖွင့်ဆို
ငါ မပြောတတ်ဘူး ။
ဒါပေမယ့် ....
ဗျာပါဒဝေး
သောကအေး၍
ညမှာ နှစ်ချိုက်
နေ့မှာ လန်းဆန်း
ဘဝ ဆိုတာ
လုံခြုံ ခံစား
ပြည်ထောင် တလွှား
တန်းတူ ထားရင်
ရန်လိုမှု ရှင်း
စစ်ဝေး ကျည်ကင်း
လောက ပြတင်း ....
လင်းမှာကိုတော့
ငါ သိတယ် ။
ကိုဝိုင်ဝိုင်ကေ
၂၂-၁-၁၃ ။
*****
ငြိမ်းချမ်းပါစေ အမိမြေ ။
စစ်ဘေးသင့်တွေ မူလ အတိုင်း ပျော်ခွင့်ရပါစေ။See More
---------------------------
ငါ သေနတ် မပစ်တတ်ဘူး ။
ဒါပေမယ့်
... သေနတ်တွေ ကြောင့်
လူတွေ သေတာ
ငါ သိတယ်။
ငါ စစ်မတိုက်တတ်ဘူး ။
ဒါပေမယ့် ...
စစ်ပွဲ တွေ ကြောင့်
အဖမဲ့ အမိမဲ့ ကလေးတွေ
ခိုခိုးရာ မဲ့နေတာ
ငါသိတယ် ။
ငါ လက်နက် အရောင်းအဝယ်
မလုပ်တတ်ဘူး ။
ဒါပေမယ့် ...
နိုင်ငံ ဘဏ္ဍာတွေ
သယံဇာတ တွေ
နှမြောမရှိ ကုန်နေတာတော့
ငါ သိတယ် ။
ငါ ငွေကြေး စာရင်း
မတွက်တတ်ဘူး ။
ဒါပေမယ့် ....
လက်နက် တစ်လုံးကွဲ
စာသင်ကျောင်း ပြိုလဲ
ဆေးရုံ ဆေးခန်း တူတူပဲ
မဖွံ့ဖြိုးလျက် ချို့တဲ့ဦးမှာ
ငါ သိတယ် ။
ငြိမ်းချမ်းရေး ကို
ကျန ဖွင့်ဆို
ငါ မပြောတတ်ဘူး ။
ဒါပေမယ့် ....
ဗျာပါဒဝေး
သောကအေး၍
ညမှာ နှစ်ချိုက်
နေ့မှာ လန်းဆန်း
ဘဝ ဆိုတာ
လုံခြုံ ခံစား
ပြည်ထောင် တလွှား
တန်းတူ ထားရင်
ရန်လိုမှု ရှင်း
စစ်ဝေး ကျည်ကင်း
လောက ပြတင်း ....
လင်းမှာကိုတော့
ငါ သိတယ် ။
ကိုဝိုင်ဝိုင်ကေ
၂၂-၁-၁၃ ။
*****
ငြိမ်းချမ်းပါစေ အမိမြေ ။
စစ်ဘေးသင့်တွေ မူလ အတိုင်း ပျော်ခွင့်ရပါစေ။See More

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။