Traditional Style
မြန်မာဝတ်စုံက အများအားဖြင့် လူကြီးသူမတွေရဲ့ ပွဲတွေမှာ ဝတ်ဖြစ်တာ များတယ်။ ပြီးတော့ ဘုရားသွားတဲ့အချိန်၊ ဘုန်းကြီး ကျောင်းသွားတာမျိုး ဆိုလည်း အေသင် မြန်မာဝတ်စုံနဲ့ပဲသွားတယ်။ မြန်မာဝတ်စုံဝတ်လိုက်ရင် လူက တခြားဝတ်စုံတွေ ဝတ်တာနဲ့မတူဘူး။ နည်းနည်း ကျက်သရေ ရှိတယ်လို့ ပို ခံစားရတယ်။ အပြင်မှာလည်း တခြားနိုင်ငံတွေ သွားတဲ့အခါ ကိုယ့်ရဲ့ မြန်မာဝတ်စုံ ဝတ်ထားရင် အထူးအဆန်းအနေနဲ့ လိုက်ကြည့်ကြတယ်။ တရုတ်နိုင်ငံမှာ သီချင်းသွားရိုက်တုန်းက မြန်မာဝတ်စုံနဲ့ ဝတ်ရိုက်တာ။ အထူးအဆန်း နဲ့ကြည့်ပြီး ကြိုက်လို့ ဓာတ်ပုံလာရိုက်ကြတယ်။ စိတ်ထဲမှာ မြန်မာမိန်းကလေး တစ်ယောက် အနေနဲ့ မြန်မာဝတ်စုံကို ဝတ်လိုက်တဲ့အခါ တကယ့်ကို လုံလုံခြုံခြုံနဲ့ ယုံကြည်မှု အပြည့်လည်းရှိတယ်။
Shopping Style
ခုချိန်မှာ ရာသီဥတုကအရမ်း ပူတဲ့အချိန်ဆိုတော့ သိပ်ပြီးရှုပ်ရှုပ် ယှက်ယှက်လည်းမဝတ်ဖြစ်ဘူး။ Shopping ထွက်တယ်ဆို အေသင်က အင်္ကျီ ဝယ်တာဆိုတော့ အင်္ကျီလည်း ဝတ်ကြည့်ရဦးမယ်။ တစ်ဆိုင်တည်းမှာမဟုတ်ဘဲ ဟိုဆိုင် ဝင်ဒီဆိုင်ဝင် ခဏခဏဝတ်ကြည့် လိုက်ဆိုတော့ လွယ်လွယ် ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်တာမျိုးကိုဝတ်ဖြစ် တယ်။
Party Style
ဘယ်လိုပွဲမျိုးလဲဆိုတဲ့၊ လုပ် တဲ့နေရာနဲ့ ပွဲပေါ်မူတည်ပြီး ဝတ် ဖြစ်တယ်။ တကယ့် Gentleman ဆန်ဆန်ပွဲကြီးတွေဆိုရင်တော့ Evening Gown ဝတ်တယ်။ လူ ငယ်ဆန်ဆန်ပွဲမျိုးဆိုရင်တော့ ကုတ် အင်္ကျီနဲ့ ရှူးဖိနပ်ပေါ့ပေါ့ပါးပါးလေး ပဲဝတ်ဖြစ်တယ်။
Home Style
အိမ်မှာဆိုရင် စိတ်ကိုလွတ် လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးနေ ရတာပဲကြိုက်တယ်။ တစ်ခါတလေ အိမ်မှာအရမ်းပူတော့ စွပ်ကျယ်နဲ့ ဘောင်းဘီပဲ ဝတ်ဖြစ်တယ်။
Special Item
အေသင်က ရေမွှေးစုရတာ လည်း ဝါသနာပါတယ်။ နောက်ပြီး စက္ကူခေါက်တယ်။ အရမ်းစိတ်ညစ် နေတဲ့အချိန်မျိုးဆို ခုလိုစက္ကူလေး တွေခေါက်လိုက် တာ အဆင်ပြေတယ်။ စိတ်ဖျော်ဖြေမှုတစ်ခုပဲ။ သီ ချင်းနားထောင်ရင်းနဲ့ စိတ်ကမပြေ ပျောက်ဘူး။ အဲဒီအခါကျရင် ကဗျာ ရေးတယ်၊ စက္ကူခေါက်တယ်။ အဲဒါ တွေက ဒီတစ်ခုတည်းကို အာရုံစိုက် နေရတာဆိုတော့ အရမ်းကောင်း တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။