Q. ကောင်းကောင်းရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုကို ပြောပြပေးပါ။
A. ကျွန်တော် ကောင်းကင်ကလူ တစ်ကိုယ်တော် စီးရီးထွက်ပြီးတော့ အိုင်ရင်းဇင်မာမြင့်၊ မြင့်မြတ်တို့နဲ့ ဘဝတစ်ကွေ့ဆိုတဲ့ စီးရီးထွက်ထား ပါတယ်။ ပြီးတော့ ကိုစနေစီစဉ်တဲ့ အခွေထွက်ဖို့ရှိပါတယ်။ လာမယ့် နိုဝင်ဘာ (၁၁) ရက်နေ့မှာ ဩစတျေးလျကို ၂ လကြာသွား ဖျော်ဖြေဖို့ရှိတယ်။
Q. ဒါကောင်းကောင်းအတွက် ပထမဆုံးနိုင်ငံခြားဖျော်ဖြေရေးခရီး လား။ အဲဒီအတွက်ရောဘာတွေ ပြင်ဆင်ထားလဲ။
A. ဟုတ်ကဲ့ပါ။ ဩစတျေးလျဆိုတာ ဗီဇာလည်း အရမ်းခက်ခဲ တယ်။ ခုလိုသွားဖျော်ဖြေခွင့်ရတဲ့ အတွက် အရမ်းပျော်ပါတယ်။ နေရာဒေသချင်း မတူတော့ နည်း နည်းတော့ စိတ်လှုပ်ရှားမှုရှိတာ ပေါ့။
Q. ဖျော်ဖြေရေးကာလအကြာ ကြီးဆိုတော့ သီချင်းဘယ်နှပုဒ် လောက်စီစဉ်ထားလဲ။
A. ကျွန်တော်က ကရင်လို ရော မြန်မာလိုရောဆိုမှာဆိုတော့ သီချင်းတော်တော်များများတော့ စီစဉ်ထားပါတယ်။
Q. ပွဲအရေအတွက် ဘယ် လောက်ရှိမယ်ထင်ပါလဲ။
A. အနည်းဆုံး ၁၀ပွဲလောက် ရှိမယ်လို့တော့သိထားပါတယ်။
Q. သီချင်းတွေကတခြား သီချင်းတွေပါဆိုမှာလား။
A. ကျွန်တော့်သီချင်းတွေ ချည်းပါပဲ။ မြန်မာသီချင်းမှာလည်း ကျွန်တော့်သီချင်းတွေရှိတယ်။ ကရင်သီချင်းထဲမှာလည်း ကျွန်တော် ဆိုထားတာတွေရှိတယ်ဆိုတော့ သိချင်းအတွက်သိပ်မပူပါဘူး။
Q. ဝတ်စားဆင်ယင်မှုကျတော့ ရော
A. မြန်မာမှာတော့ လွတ်လွတ်လပ်လပ် ဝတ်လို့ရတယ်လေ။ နိုင်ငံခြားမှာကျတော့ gentleman ပုံစံတွေပဲ ဝတ်ဖို့စီစဉ် ထားပါတယ်။
Q. ဘဝတစ်ကွေ့စီးရီးမှာ မြင့်မြတ်ကို ပါဝင်သီဆိုစေခဲ့တာက သူ့ရဲ့အောင်မြင်မှု အရှိန်ကိုယူလိုက်တာလား။
A. အဲဒီလိုမဟုတ်ပါဘူး။ ဒီအခွေလေးလုပ်ဖြစ်ဖို့ ကိုမြင့်မြတ်က အရင်စကမ်းလှမ်း လာတာပါ။ ကျွန်တော်တို့မှာလည်း ကျွန်တော် တို့မျှော်လင့် ယုံကြည်ချက်ရှိပြီးသား ပါ။ ဘယ်သူ့ရဲ့အောင်မြင်မှု အရှိန်ကို မှယူဖို့ အစကတည်းကမရှိခဲ့ပါဘူး။ ကိုမြင့်မြတ်နဲ့ကလည်း ခင်မင်တဲ့ မိတ်ဆွေဖြစ် တာကြောင့် ဒီအခွေ လုပ်ဖြစ်သွားတာပါ။ ဒီလိုပြောလာ ကြမယ်လို့ အစကတည်းကကြို တွက်ထားပြီးသားပါ။ ဘာမှမဖြစ် ပါဘူး။
Q. ဒီအခွေကို ပရိသတ်က ဘယ်လောက်ထိအားပေးမယ်လို့ မျော်လင့်ထားလဲ။
A. သိပ်တော့ မမျှော်လင့်ရဲပါဘူး။ မြန်မာပြည်ရဲ့ ဂီတရေစီးကြောင်းက ကမောက်ကမဖြစ်နေ တယ်။ ဒီ့ထက်ပိုပြီးအဆိုတော်သစ် တွေဘက်ကကြိုးစားဖို့ လိုတယ်။ အဲဒါမှလည်း ကျွန်တော်တို့အိမ်နီး ချင်းနိုင်ငံတွေနဲ့ ကျွန်တော်တို့ရင် ပေါင်တန်းပြီးသွားနိုင်မှာပါ။ အသစ်တွေဆိုရင်လည်း အခွေထုတ်မယ်လို့ ရည်ရွယ်ထားရင် Vocal သင်တန်း တွေကအစ သေချာတက်စေချင် တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။