ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးခွန်းမေး သည့် အပေါ်လိမ်လည်ဖြေဆိုပါ က အရေးယူနိုင်သည့်ဥပဒေများ ရှိသော်လည်း တရားဝင်ထုတ်ပြန် ကြေညာသွားရန် အစီအစဉ်မရှိ သေးကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားသည်။
ရွှေပြည်သာမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးရုံး၌ အောက်တိုဘာ ၂၇ ရက်နေ့က ပြုလုပ်သည့် ၂၀၁၃ ခုနှစ်ပြည်လုံးကျွတ်စမ်းသပ်သန်း ခေါင်စာရင်းကောက်ယူနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်း သတင်းမီဒီယာများသို့ ၎င်းက ယခု လိုပြောကြားခဲ့ခြင်းဖြစ်ည်။
ဥပဒေမှာတော့ ဒါတွေမဖြေ ဘူးဆိုရင်တော့ အရေးယူခံရမယ်။ ဒီလိုတော့ပါတာပေါ့။ ဒါပေမဲ့ လူထုတွေကြောက်သွားမှာဆိုးလို့။ ပူးပေါင်းဆောင်ရွက်မှုမဖြစ်မှာဆိုး လို့။ သို့သော်လည်းဒါတွေက သူတို့ အတွက်မေးတဲ့မေးခွန်းတွေ။ သူတို့ မှန်မှန်ကန်ကန်ဖြေတော့မှ ဒီအချက် အလတ်တွေရတော့မှ တိုင်းပြည်က ပြန်ဆောင်ရွက်ပေးလို့ရမှာ အခွန် ကောက်ဖို့လည်းမဟုတ်ဘူး။ တိုင်း ပြည်ကိုထုတ်ပြန်ဖို့လည်းမဟုတ် ဘူး။ ဒါကြောင့်မို့ မကြောက်နဲ့ ဖြေပါလို့ပြောတာ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းသို့သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု တစ်စုကို မေးခွန်း ၄၁ ခုမေးမြန်း မည်ဖြစ်ကြောင်း သိရသည်။ မေးခွန်းအများစုသည်ပိုင်ဆိုင်မှု နှင့် ကိုယ်ရေးအချက်အလက်ပေါ် တွင် အခြေခံထားကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြား ချက်အရ သိရသည်။
ပြည်လုံးကျွတ်စမ်းသပ်သန်း ခေါင်စာရင်းကောက်ယူမှုကို ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီ လ ၁၀ ရက်နေ့ထိ တိုင်းနှင့် ပြည် နယ် ၁၄ ခုရှိမြို့နယ် ၂၀ တွင် ပြုလုပ်မည်ဖြစ်သည်။ အမှန် တကယ်ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုကို ၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့ထိ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
ယင်းသို့ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ယူရာတွင် ကျူးကျော်နေထိုင်သူများ၊ ရွှေ့ ပြောင်းလုပ်သားများ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များ၊ စစ်ရှောင်ဒုက္ခသည်များနှင့် ငြိမ်းချမ်းမှုမရရှိသေးသည့်ဒေသများ တွင်လည်းကောက်ယူမည်ဖြစ် ကြောင်း သိရသည်။
“ကျူးကျော်တွေနဲ့ ရွှေ့ပြောင်း လုပ်သားတွေကတော့ အထူးပြော စရာမလိုဘူး။ တွေ့ရင်တွေ့တဲ့ နေရာမှာကောက်မယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေထဲက ၂ ဖွဲ့လောက်ပဲ ကျွန်တော်တို့နဲ့ ဆွေးနွေးဖို့ကျန်တယ်။ ကျန်တာ ငြိမ်းချမ်းရေးယူထားပြီးသား။ ဘာမျှပြဿနာမရှိဘူး။ ဒီကျန်တဲ့ ၂ ဖွဲ့နဲ့ စစ်ရှောင်ဒုက်္ခသည်တွေ ကိုတော့ အခုကျွန်တော်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ KIO တို့၊ KIA တို့ဘက်က ခေါင်ဆောင် တွေဆီကနေအချက်အလက်တောင်း လိုက်ရုံပဲ။ ဒီမငြိမ်းချမ်းတဲ့ ဒေသ ဆိုတာကလည်း တစ်နိုင်ငံလုံးလူ ဦးရေနဲ့ ယှဉ်လျှင် ၂ ရာခိုင်နှုန်း လောက်ပဲရှိတာ။ ဒီသန်း ခေါင်စာရင်းကောက်တာကိုဘာမျှ မထိခိုက်ဘူး”ဟု အထက်ပါပြည် ထောင်စုဝန်ကြီးကထပ်မံပြောကြား သည်။
ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ် တွင် တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခု တစ်ကြိမ်ကောက်မှုသည် နှစ်ပေါင်း ၃၀ အတွင်းပထမဆုံးအကြိမ်ပြု လုပ်ခြင်းလည်းဖြစ်သည်။ ယခင် ကောက်ယူခဲ့သော စစ်တမ်းများ အရမြန်မာနိုင်ငံတွင် လူဦးရေ ၆၀. ၉၈ သန်းရှိကြောင်း သိရသည်။
ရာဇာဦး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။