Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 10, 2012

ဆရာ ချစ်ဦးညို ပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကား အကြောင်း



ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို ရိုက်မယ်ဆိုရင် ဂန္ဓီ ရုပ်ရှင်ကားလို၊ ဆူဘတ် ချန်ထရယ်ဗို့စ် ရုပ်ရှင်ကားလို။ အဲဒီကားတွေ ထက်မကျော်လွန် တောင်မှ တန်းတူ လိုက်ရမယ့် ဇာတ်ကားဖြစ်တယ်။ တန်းတူ အဆင့်အတန်း ရှိနေရမယ့် ရုပ်ရှင်ကား တစ်ကားဖြစ်ရမယ် လို့ပြောတဲ့ ဆရာ ချစ်ဦးညိုက..”ရိုက်ဖို့ အတွက်က အလွန့် အလွန်ကို တာဝန်ကြီးပါတယ်။

ဥပမာ- ဇာတ်ညွှန်း လ
ာအပ်မယ် ဆိုရင် ဇာတ်ညွှန်း မရေးရဲဘူး။ ရေးမယ် ဆိုရင်လည်း တခြားအလုပ်တွေ အကုန် ပစ်ချပြီးတော့ ဒါကိုပဲ တစိုက် မတ်မတ် ရေးမှရမယ်။ တစ်ခန်း၊ နှစ်ခန်းကိုတောင် မနည်းရေး ယူရမယ်။ ဗိုလ်ချုပ်ရဲ့အသံ နေအသံထားကို တို့တွေ ဓာတ်ပြား တွေကတစ်ဆင့် ကြားသိရတယ်။ သို့သော် ဓာတ်ပြား ဆိုတာကလည်း အနည်းနဲ့အများ မူလအသံကို အပြောင်းအလဲ ဖြစ်စေတယ်။ အဲဒီတော့ သူ့ရဲ့ပင်ကိုသံက ဘယ်လိုလဲ။ အဲဒီလိုကအစ ဗိုလ်ချုပ်ရဲ့ ကြည့်ပုံ၊ ထိုင်ပုံ၊ လမ်းလျှောက်ပုံ၊ လက်လွှဲပုံ၊ Great ကုတ်ကြီးကို ဝတ်ထားတဲ့ အချိန်မှာ သူ့ရဲ့ပုံစံက ဘယ်လို ရှိတယ်။ မြန်မာဝတ်စုံ မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ တိုက်ပုံနဲ့က ဘယ်လို ပုံစံ။ သခင် အောင်ဆန်း တို့ဗမာ အစည်းအရုံးမှာ ဘယ်လိုပုံစံ။ (ဖ.ဆ.ပ.လ)က ကျတော့ ဘယ်လို ပုံစံ။ (တ.ရ.သ) ခေါင်းဆောင် အနေနဲ့က ဘယ်လိုပုံစံ။ တစ်ခါ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ (BIA) ရှိတယ်။ (BDA) ရှိတယ်။

အဲဒီအချိန်မှာ တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသွင်အပြင်က ဘယ်လို ပုံစံ ရှိတယ်၊ ပြီးတော့ သူ့ရဲ့ ရိုးဖြောင့်ပုံ တွေ၊ ဟောဟောဒိုင်းဒိုင်း ပြောပုံတွေ၊ အနေ နှိမ့်ချပုံတွေ၊ ချွေတာပုံတွေ၊ မိသားစုပေါ်မှာ အလွန်ကြင်နာ ယုယစွာ ထားတဲ့ သဘော ထား တွေ၊ ကာယကံ၊ ဝစီကံ၊ မနောကံ အဲဒီကံသုံး ပါးစလုံးရဲ့ လှုပ်ရှားမှု အပြုအမူဟာ ဗိုလ်ချုပ် အောင်ဆန်း ပဲဖြစ်နေရမယ်။ သရုပ်ဆောင် တစ်ယောက်ရဲ့ သရုပ်ဆောင် ချက် မဖြစ်ရဘူး။ အဲဒီလောက် အထိကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လာရင် အရေးကြီးပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကာရိုက်တာကို မေးကြည့်တော့ ”ဗိုလ်ချုပ်ရဲ့ ထောင့်မကျိုးတဲ့ စရိုက်တွေ၊ တက္ကသိုလ် ကျောင်းသားတုန်းက သမဂ္ဂမှာ အင်္ဂလိပ် လို ထပြောတာတွေ၊ အလွန် စာဖတ်တာတွေ အင်္ဂလိပ် စကားပြောတာကလည်း အလွန် ကောင်းတာတွေကို စဉ်းစားကြည့်ရင် အဲဒီ ဇာတ်က ဘယ်လောက်ထိ ခဲယဉ်း တယ် ဆိုတာကို သိနိုင်ပါတယ်။ လေးလေးစားစားနဲ့ လုပ်ရပါမယ်။ ပြီးတော့ နောက်ဆုံး လုပ်ကြံခံ ရမယ့်နေ့မှာ (ဇူလိုင် ၁၉ရက်) ဝိုင်းထိုင်နေ ကြတဲ့ စားပွဲထိပ် ကနေပြီး လက်ကလေး ကာပြီးတော့ ဟေ့မလုပ်နဲ့ မလုပ်နဲ့ ဆိုလား၊ လက်ကလေးနဲ့ တားပြီးပြောပြီးမှာပဲ ပစ်ချလိုက်တာ ခုံနဲ့တကွ လဲကျတာပဲ။ အဲဒီအချိန် အထိအောင် နောက် ဆုံးပြောရရင်တော့ ဗိုလ်ချုပ် ဈာပနခင်းထားတဲ့ အချိန်မှာ အလောင်းလေး ကစပြီး သူ့အပေါ်ကို အဝတ်ကလေး တင်ထားတဲ့ အထိ တို့သိထားတဲ့ တက္ကသိုလ် ကျောင်း သား ဘဝနဲ့ ဗိုလ်ချုပ် အောင်ဆန်းပေါ့။ အဲဒါတွေက ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်တဲ့ ကာရိုက်တာ”လို့ ပြောပါတယ်။

ရိုက်ကူးတဲ့ နေရာမှာ နေရာထိုင်ခင်း (လို ကေးရှင်း) နဲ့ပတ်သက်ပြီး ”နတ်မောက်မြို့ လိုကေးရှင်းနဲ့။ တက္ကသိုလ် လိုကေးရှင်ပါတယ်။ ပြီးတော့ ဒို့ဗမာ အစည်းအရုံး၊ ဖ.ဆ.ပ.လ ဌာနချုပ် လိုကေးရှင်းပါမယ်။ ပြီးတော့ ဟိုင်နန်ကျွန်းကို ထွက်သွားတဲ့ အချိန်မှာ သွားခေါကြီးနဲ့ ရုပ်ဖျက်ထားတာ တွေပါမယ်။ ဂျပန်မှာ ဒုက္ခသုက္ခ ခံပြီး စစ်သင်တန်း တက်တာတွေပါမယ်။ တော်လှန်ရေး ပန်းခြံထဲမှာ မြင်းစီးပြီးတော့ အနီးကပ်ဆုံး ရန်သူကို ရှာဖွေတိုက်ကြ ဆိုတဲ့ ဂျပန်တော်လှန်ရေး စမယ့်နေ့ အဲဒါတွေ ပါမယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဘယ်လို ဆက်ဆံကြတယ် ဆိုတာတွေပါ မယ်။ အဲဒီ့ လိုကေးရှင်းတွေ အပြင် သူနဲ့ အတူတူ ကျဆုံးခဲ့ကျတဲ့ ခေါင်းဆောင် တွေဖြစ် ကြတဲ့ ဦးရာဇာတ်တို့ အပါအဝင် အဲဒီပုဂ္ဂိုလ်ကြီးတွေ ရဲ့ ရုပ်ပုံတွေကြလည်း အဲဒီလို ဖြစ်နေရမယ်။

ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးတည်း အာရုံစိုက်ပြီး ကျန်တဲ့ လူတွေကို မှိန်ထားဖို့က လည်း မဖြစ်ဘူး။ နောက်ဆုံး ကိုယ်ရံတော် မောင်ထွေး ကစပြီးတော့ အားလုံး အရေးကြီးတယ်။ ရုပ်သိပ် မတူချင်နေ ကာရိုက်တာ ပါရင်တော်ပြီ။ တစ်ထပ် တည်း တူတဲ့လူတော့ ဘယ်ရှိပါ့မလဲ။ မြန်မာပြည် ရုပ်ရှင်သမိုင်းမှာ က ဒီလောက် ကြီးကျယ်ပြီး၊ ဒီလောက်ခက်ခဲ တဲ့ရုပ်ရှင်ကားမျိုး မရှိခဲ့ဘူး။ နောင်လည်း ရှိမယ် မထင်တော့ဘူး။ အဲဒီလောက် အရေးကြီးပါတယ်။ နောက်ပြီး ဖြစ်ရပ်တွေ၊ ဖြစ်ရပ်မှန်တွေ ကို စာအုပ်တွေ၊ စာစောင်တွေကို ညှိနှိုင်းပြီး မှာ ပလော့တွေ၊ စတိုရီတွေကို လုပ်ရမယ်။

တကယ့်ကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဇာတ်ကွက်တွေ၊ စကားလုံးတွေ အသုံးအနှုန်းတွေ၊ သိပ်ပြီး အရေးကြီးတာက ဂဠုန် ဦးစောပါပဲ။ ဂဠုန်ဦးစောက ဘာကြောင့် သူတို့လုပ်ကြံတဲ့ ကိစ္စမှာ ခေါင်းဆောင် ဖြစ်ရသလဲ ဆိုတဲ့ နောက်ခံဖြစ်ရပ် ရှိတယ်။ အဲဒါတွေကိုလည်း ထည့်ပေးရမယ်။ အဲဒီမှာ လူတော်တော်များ များမသိ တဲ့ သမိုင်း အကွက်တွေ ရှိတယ်။ အဲဒါကို ဆရာကြီး ဦးအောင်သင်း တို့လို ပုဂ္ဂိုလ် တွေ ၄၊၅ ယောက် သိထားတာ ရှိတယ်။ ဂဠုန် ဦးစောက ဗိုလ်ချုပ်အောင်ဆန်း အပေါ်မှာ နားကြည်း ပြီးတော့ အထင်လွဲမှုတွေလည်း ပါတယ်။ အဲဒါကြောင့်လည်း ဒီကိစ္စကို လုပ်မိခဲ့တာ။ နောက်ဆုံးပြောရရင် လုပ်ကြံတဲ့နေ့ ဇူလိုင် ၁၉၊ မိုးက ဖွဲဖွဲရွာနေတယ်။ အတွင်းဝန် ရုံးလှေကားပေါ် ပြေးတက်သွားတဲ့ Documentary ရှိထားတဲ့ အပိုင်းအစတွေ ရှိတယ်။ အဲဒါတွေကို မှီပြီးတော့ တကယ့် ဖြစ်ရပ်မှန်ကို ရိုက်ယူရမှာ။ အဲဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်း အကြောင်းကို ရုပ်ရှင်ရိုက်မယ် ဆိုရင် ဒါဟာ (International) ဖြစ်မယ့် ဇာတ်ကားပါ”လို့ ပြောပါတယ်။

ထက်လူလူ
Popular Myanmar Website

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။