Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 10, 2012

တူမလေး ဖတ်ဖို့ အချစ်ရဲ့ကဗျာ....


တူမလေးရေ.......
ဦးဦး သတိတရ ဒီစာလေးကိုရေးလိုက်တယ်.....
`` အချစ်´´ ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ရဲ့ အကြောင်းပါ.....။
သိပ်မကြာခင်က ဦးဦး သတိထားခဲ့မိတဲ့ အချစ်ရဲ့ အကြောင်းဆိုရင်လည်း ပိုမှန်မှာပေါ့......
`` အချစ်...´´ ဆိုတာ ဘာလဲတဲ့.....၊

ဦးဦး သေသေချာချာ မသိပါဘူး.... ဘယ်သူမှ လည်း သေသေချာချာ သိမှာ မဟုတ်ဘူး...၊ သိသမျှ ပြောပြခဲ့ရင်လည်း သဘောထားချင်း တိုက်ဆိုင်ဖို့ ခက်ခဲတယ်နော်... အဲဒီတော့ ပြည့်စုံတဲ့ အချစ်ရည်ညွှန်းချက်တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး....
တစ်ချို့ကလည်း အချစ်ဆိုတာ `` ရယူခြင်း.... ပိုင်ဆိုင်ခြင်း....´´ တဲ့။
တစ်ချို့ကျတော့လည်း အချစ်ဆိုတာ `` ပေးဆပ်ခြင်း.. စွန့်လွှတ်ခြင်း...´´ တဲ့လေ...။ ဘယ်ဟာမှန်သလဲ ဦးဦးတကယ်မသိပါဘူး... ကိုယ့်အတွေးနဲ့ကိုယ်ပေါ့နော်...။
အသိတစ်ယောက်ကတော့ ပြောဖူးတယ်....
`` အချစ်ဆိုတာ နှလုံးသားရင်ပြင်ကို မွှေးထုံနေအောင် ပွင့်တဲ့ ပန်းလေး တစ်ပွင့်ပါ တဲ့….. အဲဒီပန်းလေးကို ကိုယ့် အတွက် ဆိုပြီး ခြွေယူတာပဲ ဖြစ်ဖြစ်… သူ့အတွက် ဆိုပြီး ဆွတ်ခူးပေးတာပဲ ဖြစ်ဖြစ် ဆွတ်ယူခူးခြွေလိုက်တာနဲ့ နှလုံးသားရင်ပြင်ကို မွှေးထုံနေစေတဲ့ ပန်းကလေးက ကြွေလွင့်ပျောက်ကွယ်သွားတယ်တဲ့.... ပန်းလေးကို ကွပ်မျက်သတ်ဖြတ်ပစ်လိုက်တာ
ပဲတဲ့...´´ မှန်တယ် မှားတယ် ဦးဦး မဝေဖန်ချင်ပါဘူး..... ဒါပေမဲ့ သိပ်သဘောကျတယ်... ဟုတ်တယ်...
ချစ်နေကြတဲ့ဘ၀က လှပတဲ့ စိတ်ကူးယဉ် အိပ်မက်လေးတွေပဲလေ.... ခူးခြွေလိုက်တာကတော့ တကယ့်ဘ၀ဖြစ်သွားတယ်... စိတ်ကူးယဉ်ခဲ့တဲ့ ရနံ့လေးတွေ လွင့်ပျယ်သွားရတယ်လေ....။
စကားလမ်းကြောင်းတွေတောင် လွဲကုန်ပြီ.....
ဦးဦး ပြောချင်တာက ဒီလို တူမလေးရဲ့......
ချစ်ကြတယ် ဆိုပါစို့..... ဘယ်လောက်မှန်း မသိအောင်.... ချစ်ကြတယ်လို့ထားလိုက်....။ အရာရာမင်းပဲပေါ့ အဲဒီလောက်အထိ ချစ်နေပါစေ.... ဒါက ချစ်ရနံ့လေးတွေ ထုံမွှေးနေတဲ့ကာလ တစ်ခုပါပဲ.... အချစ်က သိပ်ကို လှပနေပါလိမ့်မယ် အဲဒီလို ချစ်ရင်းနဲ့ အချို့ အချို့ သော ကောင်မလေးတွေက ချစ်သူ ကောင်လေးတွေနဲ့ အတူ တွဲရိုက်ထားတဲ့ ပုံလေးတွေကို အင်
တာနက်ထဲက ဆိုရှယ်နက်ဝပ်ဆိုဒ်တွေ... ကိုယ်ပိုင်ဘလော့တွေ.... Facebook တွေမှာ တင်ထားတတ်ကြတယ်...။
ပြီးတော့ တစိမ့်စိမ့်ကြည့်ရင်းနဲ့လည်း ကျေနပ်နေတတ်ကြတယ်၊ နောက်ပြီး သူငယ်ချင်းတွေနဲ့အသိတွေက ချစ်စရာကောင်းတဲ့ ကွန်မန့်လေးတွေနဲ့ ဂုဏ်ပြုကြတဲ့အခါမှာလဲ ပြန်လည် နောက်ပြောင်ရင်းနဲ့ ပျော်ရွှင်နေတတ်ကြတယ်လေ....။
ဒါပေမဲ့ ဦးဦး သတိထားမိခဲ့တာကတော့ ကောင်လေးတွေကတော့ ဆိုရှယ်နက်ဝပ်ဆိုဒ်တွေ... ကိုယ်ပိုင်ဘလော့တွေ.... Facebook တွေမှာ တင်ထားတာ မြင်ရခဲတယ်ကွယ်...။
ဒီလိုပြောလို့လည်း တစ်မျိုးထင်မသွားနဲ့နော်.... အချက်(၂)ချက်ရှိနေတယ်.. တစ်ချက်က ကောင်မလေးကို
သိက္ခာမကျစေချင်လို့.... နောက်တစ်ချက်က ကိုယ်တိုင် လာဘ်ပိတ်မှာစိုးလို့ပေါ့...။
တော်တော်များများကို မေးကြည့်ရင်တော့... နံပါတ်တစ် အချက်ကိုပဲ ပြောကြပါလိမ့်မယ်...
အဲဒီမှာ စဉ်းစားစရာက မြန်မာအမျိုးသမီးလေးတွေဖြစ်တဲ့ ကောင်မလေးတွေက အန္တရာယ်ကို ကြို မမြင်ခဲ့ဘူးဆိုတာပါပဲ.... အချစ်ဆိပ်တက်နေကြတဲ့ခဏမှာ တစ်မျက်နှာကို တစ်ကမ္ဘာထင်တတ်ကြတယ်လေ.. အချစ်သည်သာ ရှင်သန်ရာ...၊ အချစ်သည်သာ ကိုးကွယ်ရာလို့ မြင်ခဲ့ကြလို့ပေါ့.....
တကယ်တော့... ချစ်သူနဲ့ အတူ ပေါင်းဖက်သွားကြတယ်ဆိုတာ... ရာခိုင်နှုန်းအားဖြင့် အင်မတန် နည်းပါးလွန်းလှပါတယ်.... ။ ဒါဆိုရင် ဒါဟာ ဘ၀တစ်ခုလုံးအတွက် မသေချာဘူးလို့ သတ်မှတ်ရမှာပဲပေါ့.....။
ချစ်လို့ရပါတယ်... ချစ်ပါ...၊ သတိတော့ ထားကြစေချင်တယ်....၊ ယောက်ျားလေး တစ်ယောက်နဲ့ ချစ်သူဖြစ်ပြီးသားမိန်းကလေးတစ်ယောက်အတွက် အင်မတန်ပြည့်စုံတဲ့ ဥစ္စာဓနရယ်... အင်မတန်ချောမောလှပတဲ့ ရုပ်ရည်ရူပကာရယ်မရှိခဲ့ရင်... တန်ဘိုးမြင့်ပန်းတစ်ပွင့် မဖြစ်နိုင်တော့ပါဘူး....။
ဟိုးအရင်က စကားပုံလေးတစ်ခု ရှိခဲ့တယ်... `` ရည်းစားတစ်ထောင် လင်ကောင် တစ်ယောက်...´´ တဲ့၊ ဟိုးတုန်းကတော့ ဟုတ်ပါတယ်... တစ်ယောက်နဲ့ တစ်ယောက် စောင့်စည်းကြတဲ့.. စည်းတွေလည်း ဒီနေ့ခေတ်နဲ့ မတူညီကြဘူး
နောက်ပြီး ဆက်သွယ်ရေး စနစ်တွေကလည်း မတူညီကြဘူးလေ... အခုခေတ်မှာတော့ အကုန်လုံး... တစ်ကမ္ဘာလုံးကို စက္ကန့်နဲ့အမျှ သိရှိနေကြရတယ်...။
ဖြစ်သင့်တာကတော့ အရင်ခေတ်ကထက် အခုအချိန်မှာ ပိုပြီး ကိုယ့် တန်ဘိုးကို မြှင့်တင်နေကြဖို့ လိုအပ်တယ်လို့ ဦးဦး ခံစားမိတယ်...။
တစ်နေ့နေ့ တစ်ချိန်ချိန် ကောင်းမွန်မျှတတဲ့ သိက္ခာတရားနဲ့ ပြည့်ဝတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကိုရရှိပိုင်ဆိုင်နိုင်ခဲ့ရင်... မိသားစုဘ၀လေးကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဒီလို စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးတွေကို မဖန်တီးထားစေချင်ပါဘူး...။ နောက်ကျခဲ့တဲ့ တစ်ချိန်ချိန်မှသာ..... သိခွင့်ရခဲ့ရင် လင်ယောက်ျားဖြစ်သူဟာ အင်မတန် စိတ်ဆိုးတတ်တဲ့
အပြင် သာယာချမ်းမြေ့နေတဲ့ မိသားစုဘ၀လေး ပြိုပျက်သွားတတ်တယ်လေ....။
ယောက်ျားတွေက ကိုယ်တိုင် ဘယ်လောက်ပဲ ဆိုးခဲ့ပါစေ.... ရယူချင်တဲ့ ဇနီးကတော့ သိပ်ကို ဖြူစင်တဲ့သူပဲ ဖြစ်စေချင်တယ်....။ ဒါ တကယ့် သဘာဝနော်... ပေါ့ပေါ့လေး မတွေးပါနဲ့.... ။
ဒါကြောင့် ``မပြေးသော် ကန်ရာရှိ´´ ဆိုတဲ့ စကားလေးအတိုင်း အနှောင့်အယှက်ဖြစ်စေယုံမျှမက မိန်းကလေးတစ်ယောက်ရဲ့ အိနြေ္ဒကို ထိခိုက်စေနိုင်တဲ့.... ကြည်နူးခြင်းပုံရိပ်လေးတွေကို ဆိုရှယ်နက်ဝပ်ဆိုဒ်တွေ... ကိုယ်ပိုင်ဘလော့တွေ.... Facebook တွေမှာ မတင်ကြဖို့ သတိပေးလိုပါတယ်...။
ဒီထက်မက ပြောပြချင်တာကတော့ အချို့သော ယောက်ျားလေးတွေဟာ သိပ်ကို ရက်စက်တတ်ကြတယ်ဆိုတာလေးပါ.....။ အကြောင်းတစ်ခုခုကြောင့် ချစ်သူဘ၀ကနေ ခွဲခွါပြတ်စဲသွားရတဲ့အခါ.... ဒါမှမဟုတ် ချစ်သူမိန်းကလေးက ကိုယ့်ထက် သာတဲ့ အခြားတစ်ယောက်နဲ့ တွဲလိုက်တဲ့ အခါတွေမှာ... သွားပုပ်လေလွင့် မှုချိုး မြှစ်ချိုး ပြောတတ်ယုံမျှမက အခြေအနေပျက် ယွင်းအောင် လည်း ဆောင်ရွက်တတ်ကြကြောင်း သတိပေးရင်း.....
စိတ်ကူးနဲ့ ဘ၀၊ တန်ဘိုးနဲ့ သိက္ခာ... ပစ္စုပ္ပန်နဲ့ အနာဂါတ်ကို သေချာစွာ ခွဲခြား၍ သတိထားနိုင်ကြပါစေလို့ ဆုတောင်းရင်း......
ချစ်တဲ့ တူမလေး....
တန်ဘိုးမြင့်သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေဗျာ.....
ဦးဦး ကွန်ဆူးမား (၉-၁၁-၂၀၁၂)

http://friendsmyanmar.org/profiles/blogs/4557204:BlogPost:2106290?xg_source=activity

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။