by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Friday, November 9, 2012 at 8:34pm ·
“ အရှင်ဘုရား၊ တပည့်တော်သညှ်ဗမာပြည်ကြီး လွတ်လပ်ရေးရရန်ကိစ္စတွင် ဆရာတော်ကြီးများထံမှ အကူ
အညီရယူရန်၊ မဲဆွယ်ရန်
လာခြင်းမဟုတ်ပါ။ တပည့်တော်မှာ အခြားနိုင်ငံရေးခေါင်းဆောင်ကြီးများလို
မဲရလိုမှုရည်ရွယ်ပြီး ဆွမ်းကျွေးခြင်း၊ သင်္ကန်း
ကပ်လှူခြင်း မပြုနိုင်ပါဘုရား။ လှူရန်လည်း တပည့်တော်မှာ ငွေမရှိပါ။
အလွန်ဆင်းရဲပါတယ်ဘုရား။ လှူမယ်ဆိုရင်လည်း
သန့်သန့်ရှင်းရှင်းလှူမယ့် တကာပါဘုရား။”
“ဆရာတော်ကြီးများက
ပရိယတ္တိ၊ပဋိပတ္တိတရားများနှင့် သာသနာတော်ကြီး ပြန့်ပွားရန်သာ တာဝန်ထားပြီး၊
ရိုးရိုးကြီးတွေ ဆိုတာ တပည့်တော်
ယုံကြည်ပါတယ်ဘုရား။ ယခု သတိထားဖို့ကတော့ နိုင်ငံရေးသမားဟာ
အလွန်ပရိယာယ်များလှပါတယ် ဘုရား။ ကောင်းသော
ပရိယာယ်နှင့် ကြုံပါက တော်ပါသေး၏။ မကောင်းသော ပရိယာယ်နှင့် ကြုံပါက၊
ငါးပါးသာမက သံဃာစင်ပါ မှောက်တတ်ပါသည်
ဘုရား။ မကောင်းသော ပရိယာယ်ဆိုတာကတော့ နိုင်ငံရေးသမားတွေဟာ ဆရာတော်ကြီးတွေကို အမျိုးမျိုးလှည့်ပတ်ပြီး
သူတို့တက်လမ်းနိုင်ငံရေး ငြမ်းဆင်သွားမှာ စိုးရိမ်သောကြောင့်
လျှောက်ထားရခြင်း
ဖြစ်ပါတယ် ဘုရား။”
(၁၉၄၆ခု၊ ဇွန်လ ၄ရက်နေ့တွင်
ရွှေဂုံတိုင်၊ဘုရားကြီးကျောင်းတိုက်အတွင်း ညောင်တုန်း ဆရာတော်၊ ပေါင်းတည်ဘုရာကြီးဆရာတော်၊ မန္တလေးညောင်ရမ်းဆရာတော်၊ ပခုက္ကူဆရာတော်
အစရှိသည့် ဆရာတော်ကြီးများအား
လျှောက်တင်ခဲ့ခြင်းဖြစ်သည်)
“ဂုဏ်သရေရှိ
အမျိုးသမီး၊အမျိုးသားများ ခင်ဗျား.. အစီအစဉ်ထဲမှာ မပါဝင်တဲ့ လူတစ်ယောက်က
ခုလိုထပြီးပြောလိုက်တော့ ခင်ဗျားတို့ ထုံးစံအရ
တော်တော်ရိုင်းတယ်လို့ ထင်ကြမှာပဲ။ရိုင်းတယ်ထင်ရုံမကလို့ လဲသေသေ။
ကျုပ်ကတော့ ပြောစရာရှိတာကို ပြောရမှာပဲ။
ကျုပ်ပြောမှာကတော့ တခြား မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ဂုဏ်ပြုအပ်တဲ့
ဧည့်သည်တော်ကြီးရဲ့ သနားစရာကောင်းလှတဲ့
အဘိဓမ္မာကို ဝေဖန်ပြမယ့် အချက်ပဲဖြစ်ပါတယ်။
နိုင်ငံရေးလောကဆိုတာ လူယုတ်မာတွေရဲ့
ခိုကိုးရာဒေသဖြစ်တယ်လို့ ဧည့်သည်တော်ကြီး ကပြောသွားပါတယ်။
ဒါကအနောက်နိုင်ငံမှာတော့
မှန်ကောင်းမှန်မယ်။ကျုပ်တို့ အရှေ့နိုင်ငံအယူအဆကတော့ ဗိုလ်ချုပ်ကြီးရဲ့ ခံယူချက်နဲ့
ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။
ကျုပ်တို့ဆီမှာ နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း၊လောကတ္တစရိယကျင့်တဲ့ လုပ်ငန်း၊
ဒါဟာဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်တဲ့
တိဟိတ်ပုဂ္ဂိုလ်များ၊ဘုရားအလောင်းများမှသာ လုပ်နိုင်တဲ့လုပ်ငန်းလို့
ယူဆပါတယ်။
အဲဒီလို မွန်မြတ်တဲ့အထဲမှာ တစ်ခါတရံ
လူယုတ်မာတွေ ပါလာကောင်းပါလာမယ်။အဲဒါကြောင့် နိုင်ငံရေးအလုပ်ဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား။ဥပမာ တစ်ခုပြောပါရစေ။
ဒီအဆောက်အဦးကြီး ဟာ လူအများစုဝေးဖို့ ဆောက်ထားတယ်။ အစောင့်အကြပ်ကင်းမဲ့တဲ့ အချိန်မှာ ခွေးတွေတက်အိပ်နေကြ
တယ်။ အဲဒီလို ခွေးတွေတက်အိပ်နေတာကို ကြည့်ပြီး ဒီအဆောက်အဦးကြီးဟာ ခွေးအိပ်ဖို့ဆောက် ထားတယ်ပြောရင်
မှန်ပါ့မလား။ မမှန်ပါဘူး။ဒါကြောင့် နိုင်ငံရေးဆိုတာလဲ ဒီလိုပါပဲ။
အင်မတန်မွန်မြတ် ပါတယ်။ ဒီအဆောက်အဦးမှာ
ခွေးတက်အိပ်သလို လူယုတ်မာတွေလဲ အလစ်မှာ နိုင်ငံရေးလောကထဲ ၀င်လာတတ်ပါတယ်။ အဲဒီလိုဝင်လာတဲ့အခါ
ကျွန်တော်တို့နိုင်ငံရေးသမားစစ်စစ်တွေဟာ ဒီလူယုတ်မာတွေကို
မျက်ခြေမပြတ်ဟန့်တား ၀ိုင်းပယ်နိုင်သည်နှင့်အမျှ တို့နိုင်ငံရေးလောကဟာ
သန့်ရှင်းစင်ကြယ်မွန်မြတ်လာပါ လိမ့်မယ်။ဒါဘဲ ကျုပ်ပြောချင်တာ..”
(၁၉၄၆ခု၊ဇန်န၀ါရီ ၁၉ ရက်၊ ရန်ကုန်မြို့တွင် ပြုလုပ်သည့်
အရှေ့တောင်အာရှမဟာမိတ် တပ်ပေါင်းစု စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးလော့မောင့်ဘတ်တန်အား ဂုဏ်ပြုသည့်
ညစာစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဘာသာဖြင့်ပြောကြားခဲ့သည့် စကား)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။