by A Mon Moon on Thursday, October 18, 2012 at 8:30am ·
သူက မြေးဦးတော့ မဟုတ်ခဲ့ပေမယ့် မောင်နှမ
ကိုးယောက်ထဲက အထွေးဆုံးသမီးလေးရဲ့ သားဦးဖြစ်ခဲ့တာမို့ မွေးကတည်းက မိဘတွေလက်ကနေ
အဖိုးအဖွားတွေ လုယူခဲ့ကြတာ။ အသည်းဆုံးကတော့ သူ့ အမေရဲ့ ခမည်းတော် သူ့ ဖိုးအေကြီးက
အဖွားဝင်စားတာ...ဆိုပြီး
မွေးကတည်းက သူ့ ကို လက်ပေါ်ကနေ မချဘူး။ သူ့ဖေဖေက
စစ်မြေပြင်ကိုရောက်နေပြီး သားဦးမျက်နှာကို တစ်လလောက်နောက်ကျပြီးမှ မြင်ရတာ။
သူ့ကိုမွေးပြီး တပ်ထဲက သူ တို့ အိမ်လေးမှာ မနေပဲ ရွှေသူဌေးကုန်းရွာလို
့ခေါ်တဲ့ တောင်ကြီးမြို့ ရဲ့ မြို့ စွန်က ရွာလေးမှာရှိတဲ့ သူ့ ဖိုးဖိုးကြီးရဲ
့ခြံထဲမှာပဲ နေကြတော့တာ။ နို့ ချိုတိုက်တဲ့ အချိန်ကလွဲလို
့ကျန်တဲ့အချိန်အတော်များများကို သူ့ ဖိုးဖိုးကြီးနဲ့ သူ့ ဖိုးဖိုးလေး( အဖိုး၏
ညီအငယ်) တို့ ကပဲထိန်းကျောင်းကြတယ်။
ဒီခေတ်ကလေးတွေက လူဖြစ်ရကျိုးမနပ်ဘူး။ ပုခက်
စီးရတဲ့အရသာကို သူတို့ မခံစားရဘူးလို့ လူကြီးသူမတွေပြောတတ်ကြတယ်။ သူကလေး
ငယ်ငယ်တုန်းကတော့ ပုခက်နဲ့ ကလေးသိပ်တဲ့ အလေ့အထလေးက ထွန်းကားနေသေးတာက တစ်ကြောင်း၊
နယ်မြို့ လေးဖြစ်တဲ့အတွက် ဒီလိုအလေ့အထလေးတွေ ရှိသေးတာက တစ်ကြောင်းတို့ နဲ
့သူကလေးကတော့ ငယ်ငယ်ပိစိလေးဘ၀မှာကတည်းက မိဘတွေလက်ထဲ၊ ရင်ခွင်ထဲ ချော့သိပ်ခံရတာထက်
ပုခက်လေးနဲ့ ကြီးပြင်းလာရတာလို့ ပြောလို့ ရတယ်။ ရေနံချေးဝနေအောင် သုတ်ထားတဲ့
သစ်သားအိမ်မည်းမည်းကြီးမှာ ကလေးမြူသံတွေက ဆူညံလွင့်ပျံ့ လို့ ။ စစ် စိမ်းစောင်
အစိမ်းကြားကို မျက်နှာကြက်အမြင့်ကြီးကနေ ကြိုးနဲ့ ဆွဲချထားပြီး နေ့ လည်ရော ညရော သူ
့ကို အဲဒီထဲထည့်လို့ သူ့ ဖိုးဖိုးကြီးက သီချင်းလေးတအေးအေးနဲ့ ထိုင်လွဲနေခဲ့တာပေါ့။
သူကလည်း အဲဒီအရသာကို ခိုက်ပြီး ပုခက်ထဲမှ မထည့်ရင် မအိပ်ဘူး။ ညဖက်လည်း ပုခက်ထဲပဲ
အိပ်တယ်။ သူ့ အသက် ၃ နှစ်လောက်ရောက်တဲ့အထိ အဲဒီ ပုခက်လေးထဲ ခြေထောက်တွေလက်တွေ
မဆန့်တော့တာတောင် ပုခက်ထဲပဲ အိပ်နေလို့ အဲဒီအကျင့်ကို သူ့ မေမေကတော်တော်လေး
ဖျောက်ယူခဲ့ရတယ်တဲ့။
ငယ်ငယ်လေးတည်းက အဖိုးဖြစ်သူ အလိုလိုက်တာကြောင့်
တခုခုကို အလိုမကျရင် အနီးတွေ့ တာကို အကုန်ကိုင်ပေါက်လွှင့်ပြစ်တတ်တယ်။
စိတ်အလိုမကျတိုင်း အာပြဲကြီးနဲ့ အသံကုန်ဟစ်တတ်သေးတယ်။ အလိုလိုက်ခံရလေ အာပြဲလေပဲ။
အော်ဟစ်သောင်းကျန်းလို့ ရှိရင် သူလိုတာရမယ်ဆိုတာသိတော့ အဲဒါက သူ
့လက်နက်မှန်းသိပြီးကောင်းကောင်းအသုံးချတာပေါ့လေ။ အဲဒီမှာ သူ့ မေမေ
ချစ်စနိုးပေးထားတဲ့ နာမည်ပျောက်ပြီး အရပ်က၀ိုင်းပေးတဲ့ နာမည်ကို
အလကားပဲတင်းရတော့တာပဲ။
သူ့ နာမည်က................."ဂျစ်ပေ"။ တကယ်က သူက ၂
နှစ်လောက်ပဲ အဲဒီ မိသားစုတိုင်းပြည်မှာ မင်းမူလိုက်ရတာ။ ဒါပေမယ့် ဂျစ်တဲ့စိတ်ကတော့
အရိုးစွဲ။
မှတ်မိကြမှာပေါ့။ ဂျစ်ပေလေးရဲ
့ငယ်ငယ်ကအကြောင်းတွေကို။ သူ့ အဖိုးရဲ့ အကျီကြယ်သီးတွေကို လှလှပပ ဖြုတ်ပေးခဲ့တဲ
့ကောင်မငယ်လေး။ ပိုးကောင်တွေကို လိုက်တူးနေတတ်တဲ့ကောင်မငယ်လေး။ အခုလည်း မဂျစ်ပေ
ငယ်ငယ်က ဘယ်လောက်ထိဆော့သလဲ ဘယ်လိုဆော့သလဲဆိုတာတွေ.................။
ဂျစ်ပေလေး ငယ်ငယ်တုန်းက မိဘတွေနဲ့ နေရတာနည်းတယ်။
သူမွေးပြီးကာစလည်း အဖိုးတွေရဲ့ ကြည့်ရှုစောင့်ရှောက်မှုမှာပဲ ကြီးပြင်းပြီး သူ
နည်းနည်းအရွယ်ရလာတော့ သူ့ မေမေက မြို့ ထဲ မှာ ဈေးဆိုင်ဖွင့်ထားတဲ့အတွက် သူ့ ကို
တပ်လိုင်းထဲက ဆရာကြီး အကြပ်ကြီးတစ်ယောက်ရဲ့ မိသားစု အိမ်မှာ သွားထားတယ်။
လိုင်းခန်းမှာဆိုတော့ ကလေးတွေက အရွယ်စုံ....တွေ့ ကြပြီပေါ့ ဂျစ်ပေနဲ့ ။ သူက
ကလေးတစ်သိုက်နဲ့ သိပ်အဆေးမကပ်ဘူး။ ဘာပဲဆော့ဆော့ သူဗိုလ်လုပ်ချင်တာ။ ရှေ
့တန်းမှာနေချင်တာ။ ခေါင်းဆောင်နေရာမရရင် ဆူပုတ်ပြီး ကောင်းကောင်းမကစားဘူး။ ဒီတော့
ကြာတဲ့အခါ ကလေးကစားဝိုင်းထဲမှာ သူသိပ်မပါတော့ပဲ သူ့ ဘာသာပဲတစ်ယောက်တည်း
ဆော့ဆော့နေတတ်တယ်။ ဒါပေမယ့် သူသွားနေတဲ့ အိမ်က ကလေးတွေကတော့ သူ့ ထက်ကြီးတဲ
့မိန်းကလေးတွေဖြစ်တဲ့အတွက် သူ့ ကို ကလေးလေးတစ်ယောက်အမှတ်နဲ့ ချစ်ကြလေတော့ သူ့ မှာ
အဲဒီအစ်မကြီးတွေနဲ့ တခါတလေ ဆော့ရုံလွဲပြီး တစ်ယောက်တည်းနေတာက များတယ်။ ဒါပေမယ့် သူ
့မှာ သူ့ လိုပဲ နည်းနည်းအေးအေးနေတတ်တဲ့ ကလေးတွေနဲ့ ကျတော့ စကားများများ မပြောရပဲ
အဖွဲ့ ကျနေပြန်တယ်။ သူတို့ က တစ်ခုခုကစားမယ်ဆို လူညီတယ်။ သိပ်ညှိစရာမလိုဘူး။ ဘာလို
့လဲဆိုတော့ ကျန်တဲ့ကလေးတွေ အကုန်က ခပ်အေးအေးဆိုတော့ မာစတာဂျစ်က အလိုလိုနေရင်း
ဗိုလ်ဖြစ်ပြီပေါ့။ ကစားနည်းတွေ သူပဲထွင်တယ်။သူပဲ ဦးဆောင်ကစားတယ်။ ဗိုလ်ဂျစ်။
သူများတကာတွေ ထုတ်ဆီးထိုးနေချိန်မှာ သူတို့ က
ဂေါ်ရခါးရွက်တွေ လိုက်ခူးပြီး ပါးပါးထိုင်လှီးနေတတ်တယ်။ တကယ်က အဲဒီအရွက်တွေစုပြီး
ဓါးနဲ့ တရိရိလှီးရတဲ့ အရသာကိုကြိုက်ကြတာ။ ပြီးတော့ ခြံစည်းရိုးပေါ်မှာ
သဘာဝအတိုင်းပေါက်နေတဲ့ နွယ်ဝါ၀ါမျှင်မျှင်လေးတွေ လိုက်ခူးတယ်။ ပြီးတော့ သူတို့ ကို
ခုနက လှီးထားတဲ့ ဂေါ်ရခါးရွက်( ရန်ကုန်မှာတော့ စူကာသီးလို့ လဲ ခေါ်ကြတယ်။
ရှမ်းပြည်မှာက ဂေါ်ရခါးသီး၊ စူကာသီး အမျိုးမျိုးခေါ်တယ်။ သူက စဉ်ထိုးပြီးစိုက်ရတဲ
့နွယ်ပင်မျိုးပဲ။ အရွက်က အစိမ်းရင့်ရင့် သံလွင်ရွက်ပုံနဲ့ တူတယ်။ နွယ်အညွှန်
့လေးတွေက ကွေ့ကောက်ခွေလိမ်လေးတွေ) တွေနဲ့ ရော။ ပြီးတော့
ခေါက်ဆွဲသုတ်ဆိုင်ဖွင့်တယ်ဆိုပြီး လုပ်ကြရော။ ဆိုင်နာမည်တွေ ဘာတွေတောင် စာရွက်နဲ
့ရေးပြီး တိုင်နဲ့ ထောင်ထားလိုက်သေးတယ်။ အဲလိုပဲ တစ်နေ့ တစ်နေ့ တွေ့ ရာအရွက်
လိုက်လိုက်ခူးနေရင်းက ကစားနည်းအသစ်ရလာပြန်ရော။ တောဆင်းတယ် ဆိုပဲ။ မနက်မိုးလင်းတာနဲ
့ဂျစ်ပေက ဦးဆောင်ပြီး ပလိုင်းတွေလွယ် တပ်နောက်ထဲက သစ်တောထဲ ဆင်းသွားကြတာ။
တစ်လမ်းလုံးတွေ့ ရာ အရွက် အသီး အကုန်ခူးတာပဲ။ သူများစိုက်ခင်းက ကြက်သွန်ဥနီတွေ
ပျိုးထားတာ ကြက်သွန်မိတ်တောင် မထွက်လာသေးဘူး။ အကုန်တူးယူပြီး ကြက်သွန်တွေ
မြေကြီးထဲမှာ ဥဥနေတယ်ဆိုပြီး တပျော်တပါးလျှောက်ပြေးနေကြတာ။ ညနေကျ အတိုင်ခံရပါလေရော။
ဗြောတင်ခံရပါလေရော။ အဲဒီကတည်းက သစ်သီးသစ်ဥ ခူးတဲ့ ကစားနည်း
သိပ်မကစားတော့ပြန်ဘူး။
မိုးကျခါနီးဆို တောင်ကြီးမှာ တွင်းလေးတွေထဲကနေ
ပလူတွေထွက်တတ်တယ်။ ဂျစ်ပေက ညနေခင်းလောက်ဆိုတာနဲ့ ပလိုင်းတွေကောက်လွယ် သူ
့အပေါင်းအသင်း တစ်ယောက်စ နှစ်ယောက်စနဲ့ တပ်ထဲက မြေနီလမ်းတစ်လျှောက် တွေ
့ရာတွင်းလိုက်ပြီး တုတ်နဲ့ ထိုးတော့တာပဲ။ သူကထိုးလိုက်လို့ ပလူတွေ
တွင်းပေါက်ကနေထွက်လာတာကို ကျန်တဲ့သူတွေက ပလိုင်းနဲ့ စီးခံထားတာ။ ပြီးရင်
အဲဒီပလူတွေကို စိန်ပြေနပြေ တောင်ပံတွေ ထိုင်ဖြုတ်။ ကိုယ်တုံးလုံးလေးတွေကို
တခစ်ခစ်နဲ့ သဘောကျပြီး ပြန်ပြန်လွှတ်လိုက်တာ။ သူက အတောင်ပြတ်လေးတွေနဲ့ 
ပလူတုန်းလုံးလေးတွေကို တန်းစီပြီး လမ်းလျှောက်ခိုင်းတာတဲ့လေ။ ပါးစပ်ကနေလဲ
သူကြားဖူးနားဝရှိတဲ့ စစ်ချီတေးတွေ တကြော်ကြော်အော်လိုက်သေးတယ်။
ဘာတဲ့" ခြေထောက်တစ်ဖက် လက်တစ်ဖက်
မိုင်းထဲပါသွားသည်....ရဲဘော်မသေ၊ သေသော်ခြေထောက်တစ်ဖက်မပါ"
ဆိုတာမျိုး.............
"ရဲဘော်တွေ ပဲဟင်းစားလို့ အိမ်သာမှာ
တန်းစီ"ဆိုတာမျိုး။
သူ့ စိတ်ထဲမှာ ပလူတပ်သားတွေ နဲ
့ပလူစစ်ဆင်ရေးခင်းနေလေရဲ့ ။ ဆော့ပုံက။ ခြွတ်ထားတဲ့ အတောင်တွေကိုကျ ပုလင်းထဲ
ထည့်စုထားတယ်။ ဘာသဘောရယ်တော့ မသိဘူး။ စာဖတ်နေတဲ့သူကတော့ ဂျစ်စုတ်လေးက
အတော်ဆိုးတဲ့ကလေးလို့ မှတ်ပါလိမ့်မယ်။ တကယ်က သူက လူကြီးတွေထက်
အများကြီးလိမ်မာပါတယ်။ သူကမှ အတောင်ပံတွေပဲသိမ်းထားပြီး ကိုယ်လုံးလေးတွေ
ပြန်လွှတ်ပေးသေးတာ။ လူကြီးတွေကတော့ အဲဒီကိုယ်လုံးတွေကို ဆီပူနဲ
့ကြော်စားတတ်ကြတယ်တဲ့လေ။ နောက် လူကြီးတွေက သူလွှတ်ပေးလိုက်တဲ့ ကိုယ်လုံးလေးတွေ
ကြော်စားတယ်ဆိုတာလည်း သိရော ဂျစ်ပေက အဲဒီ ပလူလေးတွေကို ပလိုင်းနဲ
့လိုက်လိုက်ဖမ်းပြီး တပ်အနောက်ဖက်တောထဲ သွားသွားလွှတ်တယ်။ ဒီတစ်ခါလည်း တောင်ပံတွေကို
ဖြုတ်ထားတုန်းပဲ။ သူပြောပါတယ်။
" ပြန်မလာကြနဲ့ အဲဒီတောထဲမှာပဲနေကြ။
ဖမ်းခံထိလိမ့်မယ်တဲ့လေ။"
တခါတခါ မနက်စာ ထမင်းကြမ်းစားပြီးကတည်းက
ပျောက်ပျောက်သွားတာ နေ့ ခင်းလောက်မှပဲ ပြန်ပြန်လာတတ်လို့ အိမ်ကလူကြီးတွေက
စိတ်ပူပြီး လိုက်ရှာကြတယ်။ သူတို့ ကတောထဲသွားသွားနေလို့ တောထဲမှာပဲ သွားရှာတာ။
တကယ်က မာစတာဂျစ်က သူတို့ အိမ်နဲ့ သိပ်မဝေးတဲ့ ချယ်ရီပင်ကြီးပေါ်မှာ လင့်စင်ထိုးပြီး
တက်တက်အိပ်နေတတ်တာ။ ကတ်ထူပြားတွေ၊ ၀ါးထရံပြားတွေကို အပင်ခွကြားမှာ ထိုးတင်ပြီး သူက
အဲဒီမှာ အကျအန ချယ်ရီသီးတွေ ခူးခူးပြီး အောက်ကို ပြစ်ပြစ်ချလို့ အေးအေးလူလူ
တစ်ကိုယ်တည်း နေတတ်ပြန်တာ။ သူ့ အမေတွေ သိတော့ သူ့ ကို ဆူရိုက်ပါတယ်။
ငိုလိုက်တာဆိုတာ တတပ်ရင်းလုံး မနေရဘူး။ နောက်ဆုံး သူ့ အဖိုးကိုယ်တိုင်က
အိမ်နောက်ဖေး အပင်ကြီးကြီးပေါ်မှာ သူ့ အတွက် ခိုင်ခိုင်ခန်
့ခန့်လေးဆောက်ပေးရတယ်။
သူ သိပ်သဘောကျတဲ့ ကစားနည်းတစ်ခုက ဂေါ်လီရိုက်တာ။
ရသမျှမုန့်ဖိုးကို ဂေါ်လီတွေ ၀ယ်ဝယ်ဆုတယ်။ အဲဒီဂေါ်လီတွေကို သူ့ ရှမ်းလွယ်အိတ်ကလေးထဲ
အပြည့်ထည့်ပြီး သွားလေရာ သယ်သွားပြန်တယ်။ မြေပြင်ကျယ်ကျယ်ပေါ်မှာ ကျင်းပိစိလေးကို
လက်ပိစိလေးနဲ့ တူး။ ပြီးတော့ အဲဒီကျင်းပေါက်ထဲကို ဂေါ်လီလုံးလေးတွေ
လှိမ့်လှိမ့်သွင်းတယ်။ တခါတလေကျတော့ သူ့ အပေါင်းအသင်းတွေနဲ့ ဂေါ်လီဒိုးပြစ်တန်း
ကစားတယ်။ အဲဒါက ဂေါ်လီလုံးတွေကို အချိုးကျထည့်ုပြီး ဒေါင်လိုက်အတန်းရှည်ကြီး
စီထားတာကို စည်းနေရာကနေ လှမ်းပြီး ဂေါ်လီလုံးလေးနဲ့ ပဲ လှမ်းပြစ်ရတာ။ ခေါင်ကိုထိရင်
အကုန်စားရတယ်။ သူက ခြေတံရှည် လက်တံရှည် နဲ့ ဆိုတော့ အမြဲလိုလို အနိုင်ရတတ်တယ်။
များများလာတဲ့ ဂေါ်လီတွေကို သွားလေရာသယ်သွားပြီး တွေ့ ရာနေရာ
ဂေါ်လီလှိမ့်နေတော့တာ။
နောက် ဂွေလိမ့်တန်းလည်းကစားသေးတယ်။ တာယာအဟောင်းကို
တုတ်တချောင်းနဲ့ တို့ တို့ ပြီး ဘယ်သူ အဝေးဆုံးထိ ပြုတ်မကျပဲ လှိမ့်နိုင်သလဲဆိုပြီး
လှိမ့်ကြတာ။ တပ်ထဲမှာ ဂိတ်ဝကနေ စပြီး လှိမ့်တာ တစ်နေ့ ကားက နောက်ကနေ ဟွန်းတီး။ သူက
ရှေ့ ကနေ တာယာကို သဲကြီးမည်းကြီးလှိမ့်တာ လုံးဝ လမ်းမဖယ်ပေးဘူး။
ဟွန်းဘယ်လောက်တီးတီး အဲဒီလမ်းဆုံးတဲ့အထိ
ပြေးပြေးလွှားလွှားကြိုးစားပမ်းစားလှိမ့်သွားတာ ဘယ်သူလဲ ဆိုတော့ ဂျစ်ပေပါတဲ့။
အားလုံးသိပြီးသား သူ့ အကျင့်ကို အသစ်ပြောင်းလာတဲ့ တပ်ရင်းမှူးကြီးက မသိသေးတော့
အတော်ဆိုးပုံရတယ်နော်လို့ မှတ်ချက်ပေးပါတယ်။ ဆံပင်ပုံစံက တို နန့် နန့် နဲ
့သကားလပ်ဘောင်းဘီ အညိုပေါ် မြေမှုန်တွေပေတူးပွနေအောင် ၀တ်ပြီး နှပ်ချေးတွဲလောင်းန
ဲ့ကလေးလေးက ဘယ်လိုမှ ချစ်စရာမကောင်းခဲ့ပေမယ့် တွေ့ တဲ့လူတိုင်းက ချစ်ကြတာကတော့ သူ
့ပါရမီဖြစ်ပါလိမ့်မယ်။
နောက်ထပ်သူ့ အိတ်ထဲမှာ တိုးလာတာက စားပြီးသား
သြဇာသီးထဲက သြဇာစေ့မည်းမည်းလေးတွေနဲ့ သြလဲသီးစေ့လေးတွေ။ ပလတ်စတစ်အိတ်နဲ့ ထုတ်ပြီး
သားရေပင်နဲ့ စည်းထားတဲ့ အဲဒီအထုတ်ထဲက သြဇာစေ့တွေကို ဇယ်တောက်တာတဲ့လေ။ ကျဲချပြီး
တစ်ခုနဲ့ တစ်ခုထိအောက် လက်ကလေးနဲ့ တောက်ရတာ။ သူကတော့ ကြိုက်မှကြိုက်။ အဖော်မရှိလဲ
တစ်ယောက်တည်းထိုင်တောက်နေလေရဲ့ ။ နောက် သားရေကွင်းပစ်လဲဆော့သေးတယ်။
တစ်ယောက်ပြစ်လိုက်တဲ့ သားရေပင်ပေါ် နောက်တစ်ယောက်က ထပ်သွားအောင်ပစ်နိုင်ရင်
အဲဒီသားရေပင်ကို စားရတယ်( အပိုင်ရတယ်)။ ဂျစ်ပေက သားရေကွင်းတွေကိုတော့ အိတ်ထဲမှာ
မထည့်ထားဘူး။ သူ့ လက်မှာ အကုန်စွပ်ထားတာ လက်တတောင်ဆစ်အထိရောက်တယ်။
နည်းနည်းလေး အရွယ်ရလာတော့ ကျောင်းစာတွေနဲ့ မလို
့သူ့ စိတ်တိုင်းကျအပြင်ထွက်လို့ မရတော့ဘူး။ အဲဒီတော့ သူ့ အိမ်ထဲမှာပဲ သူ
ငြိမ်ငြိမ်ကလေး ကစားတော့တယ်။ အဲဒီကနေ စပြီး သူ အရုပ်ဆွဲတော့တာပဲ။ အရုပ်မလေး
တစ်ရုပ်ကို မင်္ဂလာဆောင်ဖတ်စာ ကဒ်ပြားပေါ်မှာ ဆွဲပြီး ကတ်ကြေးနဲ့ ညှပ်။ နောက်
ကျောင်းဗလာစာအုပ်ထဲက စာရွက်တွေကို ခလယ်ခေါင်ကနေဖြုတ် နှစ်ခြမ်းခေါက် အရုပ်မလေး
ကိုယ်တိုင်းနဲ့ အကျီင်္တွေချုပ်ပါတော့တယ်။ ပြီးတော့ အရောင်ခြယ်။ အပွင့်စုံ အရောင်စုံ။
ဝယ်ပေးလိုက်ရတဲ့ ရောင်စုံခဲတံဆိုတာ သူ့ မေမေက သမီးဝါးများစားပစ်သလားဟယ် လို
့မေးယူရတယ်။
နောက်ပိုင်းကျတော့ ထွင်ပါတယ်။ သတင်းစာတွေနဲ
့ချုပ်တယ်။ စကတ်၊ ဂါဝန်၊ ဘောင်းဘီ အစုံပဲ။ သူ့ ဖေဖေက သတင်းစာတွေ မဖတ်ရသေးပဲ
ပျောက်ပျော်ကုန်လို့ လိုက်ရှာတော့မှ ကတ်ကြေးနဲ့ အကိုက်ခံထားရတဲ့ ကိုယ်လုံးပုံ
အပေါ်က်လေးတွေနဲ့ သတင်းစာ စက္ကူစတွေသူ့ သမီးလေး အခန်းထဲကနေ အပုံလိုက်ပြန်ရတယ်။ သူ
့ဖေဖေက သူ့ ကို မဆူပဲ သတင်းစာအဟောင်းတွေ တထပ်ကြီးချပေးပြီး ဒါတွေကိုပဲ
သမီးလုပ်ချင်တာလုပ်နော်။ ကုန်ရင်ဖေဖေ့ကိုပြောလို့ ပြောတော့ သဘောကျပြီး တစ်ညလုံးကို
ထိုင်ဆွဲနေတော့တာ။ နောက်နည်းနည်းကြာတော့ အရုပ်မလေးကို သူ့ ဖေဖေပေးထားတဲ
့ဂေါက်သီးဗူးခွံလေးထဲ ထည့်သိမ်းပြီး သတင်းစာတွေနဲ့ စက္ကူစွန်လုပ်တဲ့
ဘက်ကိုပြောင်းသွားပါတယ်။ သူ့ မေမေချက်ထားတဲ့ ထမင်းအိုးထဲက ထမင်းတွေကို လက်နဲ
့သွားသွားနိုက်ပြီး ကော်လုပ်တာ သူ့ မေမေသိသွားလို့ အဆော်ခံရပြန်တယ်။
တစ်ရက်ကျ လူကြီးတွေ သူတို့ သူငယ်ချင်းတွေစုပြီး
အားလပ်ရပ် ပိုကာဒေါင်းကြတဲ့ ဖဲထုတ်ထဲကနေ ဂျိုကာတွေ အကုန်ပျောက်နေလို့ သူ
့ကိုစစ်ပါတော့တယ်။ ခပ်တည်တည်ပဲ ဘာမှမပြောပဲ။ သူ သိမ်းထားတဲ့ အရုပ်မဘူးလေးထဲကနေ
အဲဒီကောင်တွေကို ပြန်ထုတ်ပေးတယ်။ ဒါပေမယ့် အကောင်းအတိုင်းတော့ မဟုတ်တော့ပါဘူး။
ကတ်ကြေးနဲ့ ညီနေအောင်ညှပ်ထားတဲ့ ဂျိုကာကောင်လေးတွေပါ။ သူ့ အရုပ်မလေးအတွက်
သူငယ်ချင်းတွေ ထည့်ထားပေးတာတဲ့လေ။ လူကြီးတွေမှာ ဘာမှမပြောသာပဲ သူတို့ ဂျစ်ပေရဲ့ 
စိတ်ကူးတွေကို လက်မိုင်ချကြရတော့တယ်။ ဂျစ်ပေက ဘာလုပ်လုပ် ခပ်တည်တည်ပဲ။
သူလုပ်ချင်တာလုပ်တာ။ ပြီးတော့ သူလုပ်တာ အမှန်ပဲ။ နာမည်နဲ့ လိုက်တယ်။
အဲသလို နည်းမျိုးစုံနဲ့ ဆော့တဲ့
ဂျစ်ပေအကြောင်းကတော့ ရေးမကုန်ရယ်ပါ။ ခုခေတ်ကလေးတွေ အိုင်ပက်တွေ အိုက်ဖုန်းတွေနဲ
့အန်းဂရီးဘတ်လိုမျိုး Plant Vs Zombie လိုမျိုးဆော့နေကြတာ မြင်တော့ ဂျစ်ပေတစ်ယောက်
ငယ်ငယ်လေးတုန်းက ဆော့ခဲ့ရတာတွေ ပြန်တွေးမိပြီး ဘယ်သူကများ ပိုကံကောင်းလေသလဲလို့ ။
တကယ်က ဂျစ်စုတ်က မြေကြီးနဲ ခပ်နီးနီးကြီးလာတဲ့ တကယ့်ကို ဂျစ်တီးဂျစ်ကန် ဆော့တတ်တဲ
့ကောင်မလေးပါ။ သူငယ်ငယ်က တစ်ယောက်တည်း အော်အော် ဆိုနေတတ်တဲ့ သီချင်းကဗျာတွေ
အများကြီးထဲက "ကကြီး ခခွေး အိမ်ကိုပြေး အပြေးမတတ် ထမင်းငတ်...."ဆိုတာလေးကို
အမှတ်ရရင်း ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ဂျစ်စုတ်လေးရဲ့ ငယ်ဘ၀က
သိပ်ပျော်စရာကောင်းမှာ သေချာပါတယ်။
မာစတာဂျစ်ရဲ့ စက်ဘီးစီး စွန့် စားခန်း၊ ၈၈ ခုနှစ်
ကတုတ်ကျင်း ( ဗုံးခိုကျင်း) နဲ့ မဂျစ်ပေ၊ ဂျစ်ချစ်တဲ့ ပေတလူ ဆိုတဲ့ အကြောင်းတွေ
ဆက်ရေးချင်ပါသေးတယ်။
အမွန်မွန်း
၁၈ အောက်တိုဘာ ၂၀၁၂
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။