Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 7, 2017

အောင်မြင်ဖို့အတွက် ရေရှည်မခံတဲ့ Motivation...

အောင်မြင်ဖို့အတွက် ရေရှည်မခံတဲ့ Motivation...
‍‍‍‍‍‍ ‍‍
လူတော်တော်များများကို မေးကြည့်ဖူးပါတယ်.. အောင်မြင်ဖို့အတွက် ဘာအရေးကြီးဆုံးလဲ။ အများအားဖြင့် ဖြေကြတာကတော့
- စိတ်ခွန်အား
- ဆန္ဒ
- Motivate ဖြစ်နေဖို့
စတဲ့ အဖြေတွေပါ။
ဟုတ်ကဲ့.. ကျွန်တော်လည်း အရင်က ဒီလိုပဲထင်ထားခဲ့ပါတယ်။
‍‍‍‍‍‍ ‍‍
တခုခု အောင်မြင်အောင်လုပ်ဖို့ဆိုရင် အင်မတန်ပျင်းပြထက်သန်တဲ့ စိတ်ရှိမှ လုပ်ဖြစ်ပါမယ်။ မဟုတ်ရင် ဘယ်လိုမှလုပ်ချင်မှာ မဟုတ်ပါဘူး။
‍‍‍‍‍‍ ‍‍
ကျွန်တော်သင်တန်း စထောင်တုန်းက Motivation နဲ့ စတင်ခဲ့တာပါ။ လူတွေက ကိုယ်ပြောတာ၊ ရေးတာကို သဘောကျတော့ ကိုယ်လည်း Motivate အရမ်းဖြစ်တာပေါ့။ Online ကနေ အခြား ဆရာကြီးတွေ Tony Robbins, Robert Kiyosaki, Richard Branson, Jack Ma တို့ ပြောတဲ့၊ ရေးတဲ့စာတွေဖတ်ပြီး အားတွေကျ၊၊ စိတ်ခွန်အားတွေတက်ပြီး အားလုံးကို လုပ်ချင်ကိုင်ချင်စိတ် အပြည့်နဲ့ပေါ့။ တကယ်လည်း စလုပ်ဖြစ်ပါတယ်။
‍‍‍‍‍‍ ‍‍
၁လအကြာမှာ စာတွေရေးရတာကို ပျင်းလာတယ်၊ အချို့က ကိုယ်ရေးတဲ့စာကို သိပ်ဖတ်တာမတွေ့တော့လည်း ဝမ်းနည်းသလိုဖြစ်လာတယ်၊ ဝင်ဆဲတဲ့သူတွေ့ရင်လည်းပဲ စိတ်ကဆိုးမိပြန်ရော၊ နေ့အလုပ်လုပ် ညနေပြန်လာရင် စာရေး၊ စာသင်နဲ့ဆိုတော့ ပင်ပန်းလာသလို ခံစားရတယ်၊ Motivation တွေ တဖြည်းဖြည်း ပျောက်ကွယ်လာသလိုခံစားရတယ်။ အိမ်အပြန်ခြေလှမ်းတွေလည်း လေးလို့၊ keyboard ပေါ်ရိုက်မယ့် လက်တွေလည်း နှေးလို့၊ မလုပ်ဖြစ်တာတွေများလာတော့ ညအိပ်ယာပေါ်လှဲမိတိုင်း ကိုယ်မလုပ်ဖြစ်တာတွေအတွက် နောင်တရပြန်ရော၊ အင်း... မနက်ဖန်တော့ လုပ်ဦးမယ်လို့ တွေးလို့ ညနေပြန်လာရင် အရင်လို စိတ်က မပါ့တပါနဲ့ မပြီးလိုက် .. ဒီလိုနဲ့ပဲ လုံးလည်ချာလည် လိုက်နေရော...
‍‍‍‍‍‍ ‍‍
ငါ Motivation နည်းနေလို့ဖြစ်မှာပါလေဆိုပြီး... YouTube က Motivation တွေ တောက်လျှောက်ပြန်ကြည့်၊ ကိုယ့်ကိုယ်ကို Law of Attraction နဲ့ရော Incantation (ထပ်တလဲလဲ မိမိလုပ်နိုင်ကြောင်းစိတ်က အသိပေး) လုပ်တယ်၊ Believe တွေ Faith တွေ အသားကုန်ထည့်ပြီး ဆက်လုပ်။ ရပြီကွဆိုပြီး ဆက်အလုပ်တွေလုပ်၊ ၂ပတ်လောက်ကြာတော့ ဒုံယင်း ပြန်ဖြစ်သွားပြန်ပါရောဗျာ။
‍‍‍‍‍‍ ‍‍
ဟူး... အောင်မြင်ဖို့ တကယ်တော့ မလွယ်ပါလား... Motivation လည်း ငါ့ကို စတင်ဖို့ အတွက်ပဲ ကူနိုင်တယ်၊ ရေရှည်ဒီစိတ်နဲ့ဆက်ဖို့ မလွယ်သလို၊ စိတ်အနှောက်အယှက်ဖြစ်တာမျိုး၊ လုပ်ချင်ကိုင်ချင်စိတ်ပျောက်တဲ့နေ့မျိုးဆိုရင် ဒီ Motivation က အားကိုးလို့ မရပါလားဆိုတာ တဖြည်းဖြည်း နားလည်လာတယ်။
‍‍‍‍‍‍ ‍‍
ဘာကို အားကိုးလို့ရမလား...
ဘာက ငါ့ကို ကူညီပေးမလဲ...
Motivation အပြင်ဘာတွေလိုနေသေးလဲ...
???
‍‍‍‍‍‍ ‍‍
မေးခွန်းပေါင်းများစွာနဲ့ လပေါင်းများစွာ ကြာခဲ့ပါတယ်။ မှီရာစာအုပ်တွေ ဖတ်ခဲ့ပါတယ်။ ကျွန်တော်က IT သမားဆိုတော့ နည်းစနစ်တွေ ဆောက်လုပ်ရတာ အင်မတန် သဘောကျပါတယ်။ ဆက်စပ်တွေးခေါ်ရတာလည်း အင်မတန်ကြိုက်ပါတယ်။ ဒါနဲ့ တညနေမှာ အတွေးတခုလက်သွားတယ်။
‍‍‍‍‍‍ ‍‍
စားသောက်နေရင်းနဲ့ အမျိုးသမီးနဲ့ စကားပြောဖြစ်ပါတယ်။
ကျွန်တော်က ကိုယ် Motivate မဖြစ်ဘဲ အလွယ်လိုက်တတ်တာကို စိတ်ထဲမှာစဉ်းစားနေမိတော့ လွှတ်ခနဲ မေးမိပါတယ်...
" လူတွေဘာလို့ အလွယ်လုပ်ကြတုံး "
သူက - " လွယ်လို့ပေါ့ " တဲ့...
‍‍‍‍‍‍ ‍‍
ဒီမှာ.. ကျွန်တော်ရဲ့ လပေါင်းများစွာ စဉ်းစားခဲ့တဲ့ အတွေးလက်သွားခဲ့ပါတယ်။
‍‍‍‍‍‍ ‍‍
ကျွန်တော်သာ အောင်မြင်မှုကို လွယ်ကူစေမယ့် နည်းစနစ်တခုအဖြစ် တည်ဆောက်နိုင်ခဲ့ရင်...နောင်ကို ကျွန်တော် Motivation မတက်နေတောင်၊ စိတ်ဆိုးနေရင်တောင်၊ စိတ်အလိုမကျဖြစ်နေရင်တောင်၊ စိတ်ဆန္ဒနေ့စဉ် မပျင်းပြနိုင်တောင် ကျွန်တော့်ကို လိုရာပန်းတိုင်ကို နေ့စဉ် တရွေ့ရွေ့ ဖေးမတွဲကူသွားပေးမယ့် အောင်မြင်ရေး စနစ်တခုသာ ရှိခဲ့ရင် ဆိုတဲ့ အသိလေးပါ...
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍
ဒီအသိလေး ရတယ်ဆိုရင်ပဲ... စတင် တည်ဆောက်ခဲ့ပါတယ်.
လွယ်တော့ မလွယ်ဘူပေါ့ဗျာ... ဟိုဟာ စမ်းလိုက်၊ ဒီဟာ စမ်းလိုက်... Neuroscience သိပ္ပံစာတမ်းတွေ၊ တကယ့် Emotion နဲ့ Brain အလုပ်လုပ်ပုံတွေလေ့လာခဲ့ပါတယ်။
‍‍‍‍‍‍ ‍‍
လက်တွေ့ အားလုံးပေါင်းစုပြီး... ဒီစနစ်ကြီးတည်ဆောက်ခဲ့ပါတယ်
လွန်ခဲ့တဲ့ ၁နှစ်ကစပြီး ဒီစနစ်ကို စမ်းသပ်သုံးစွဲလာခဲ့တာ.. နွေ၊မိုး၊ဆောင်း မရှောင်၊ Motivation အတက်အကျမရှောင်၊ အောင်မြင်စွာနဲ့ ပန်းတိုင်တခုပြီးတခု လှမ်းလာနိုင်ခဲ့ပါတယ်။
‍‍‍‍‍‍ ‍‍
လက်ရှိအထိ သင်တန်းကျောင်း ၂ခု - SuccessUpsize နဲ့ MOE - Myanmar Online Entrepreneur၊ စီးပွားရေး အကြံပေးအဖွဲ့ Business Growth Formula၊ SME များအတွက် Online အကူအညီ Facebook Page Service နဲ့ Mandalay-Bagan Hotel Manager များအတွက် E-marketing သင်တန်းများကိုပါ ဖွင့်လှစ် ကူညီပေးနိုင်ခဲ့ပါတယ်။
သင်တန်းသားပေါင်း ၁၅၀၀ ကျော်၊ လုပ်ငန်းရှင်ပေါင်း ၈၀၀ ကျော်နဲ့ Hotel ပေါင်း ၅၀ ကျော် ကို ကူညီပေးနိုင်ခဲ့ပါတယ်။ အခြား အောင်မြင်ကျော်ကြားသူ ပုဂ္ဂိုလ်ကြီးများနှင့်ပါ မိတ်ဆွေ အသိအကျွမ်းဖြစ်ခဲ့ရပါတယ်။
‍‍‍‍‍‍ ‍‍
ပြီးခဲ့တဲ့ ၁ နှစ်အတွင်း ကျွန်တော်ပြီးမြောက်ခဲ့တဲ့ အလုပ်တွေပါ။ ကျွန်တော့်အတွက်တော့ ပီတိဆိုတဲ့ စကားလုံးထက်ပိုပါတယ်။
‍‍‍‍‍‍ ‍‍
ဒါတွေဟာ Motivation တခုတည်းကြောင့်လား၊ လုံးဝ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် မလုပ်ချင်တဲ့ အချိန်တွေ၊ ပျင်းတဲ့အချိန်တွေမှာ ဒီ Motivation ကြီးဘယ်ရောက်နေမှန်းမသိပါဘူး။ ကျွန်တော့်အတွက်တော့ အောင်မြင်မှုဟာ Motivation ဆိုတဲ့ စကားလုံးထက် အများကြီး (အများကြီး) ပိုပါတယ်။ လက်မထောင်ပြီး ဟေးဟား အော်လို့ တနေ့တာ တက်ကြွနေပေမယ့် ၂ပတ်ကြာရင် ဘာဖြစ်သေးလဲဆိုတာတော့ လုပ်ဖူးသူမှ သိပါမယ်။
‍‍‍‍‍‍ ‍‍
ဒီလို ကျွန်တော့်ကို Motivation ပေါ် ရေရှည်မမှီခိုပဲ၊ လိုချင်တဲ့ပန်းတိုင်ဆီဆွဲခေါ်လာပေးခဲ့တဲ့၊ (တနည်းအားဖြင့်) စိတ်မပါချိန်မှာတောင် အလိုလို လုပ်မိနေအောင် ကူညီပေးနေတဲ့ စနစ်ကြီးကို အားရလွန်းလို့ Automatic Success Machine လို့ နာမည်ပေးထားခဲ့ပါတယ်။
‍‍‍‍‍‍ ‍‍
Motivation မလိုဘူးလို့ပြောတာမဟုတ်ပါဘူး။ လိုပါတယ်။
ရေရှည်မှာတော့ အားကိုးမရပါဘူး။ အားကိုးလို့ရမယ့် စနစ်တခုကို ဖန်တီးတည်ဆောက်ပါလို့ စာဖတ်သူကို အကြံပြုလိုက်ပါတယ်။
‍‍‍‍‍‍ ‍‍
ဒီစနစ်ကြီးကို စိတ်ပါဝင်စားလို့ လေ့လာ သင်ယူလိုသူအတွက် လာမယ့် December 10 (MDY) နဲ့ December 17 (YGN) မြို့တို့မှာ ကျွန်တော်နဲ့ တိုက်ရိုက် ၈နာရီ (တနေ့ကြာ) သင်ကြားရမှာပါ။
‍‍‍‍‍‍ ‍‍
သင်တန်းအတွင်းမှာ...
- Motivation ဖြစ်ပေါ်လာပုံနဲ့ သူ့ရဲ့ အားနည်ချက်တွေ
- ရည်ရွယ်ချက်ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် Plan တွေ
- ဒီ Plan တွေကို အကောင်အထည်ဖေါ်မယ့် System တွေ
- ကိုယ့်ကို အမြဲတမ်းထိန်းညှိပေးနေမယ့် Controller တွေ
- Motivation ကို မမှီခိုဘဲ ကိုယ့်ကို အတူဆွဲခေါ်သွားပေမယ့် စနစ်တည်ဆောက်ပုံတွေ
- ၃နှစ်တာ ဝင်ငွေ Money Plan တည်ဆောက်ပုံ
- လေ့လာဖွယ်စာအုပ်တွေကို ဖတ်မှတ်ဖို့ Study Plan တည်ဆောက်ပုံ
- စီးပွားရေး တိုးချဲ့ပုံ Business Mind Map နှင့်
- လက်တွေ့အသုံးပြုဖွယ် နည်းလမ်း ၇သွယ်ကိုပါ သင်ကြားရမှာပါ
‍‍‍‍‍‍ ‍‍
နှစ်ချီပြီး ကိုယ်တိုင် တည်ထောင်ခဲ့ရတဲ့အတွက် သူများကို ပြန်မပြပေးချင်တာတော့ ဝန်ခံပါတယ်။ ဒိုင်လျှိုတယ်လို့ ပြောနိုင်ပါတယ်။
‍‍‍‍‍‍ ‍‍
ဒါပေမယ့် ကိုယ့်လို Motivation စာအုပ်တွေဖတ်ပြီး အောင်မြင်ဖို့ ကြိုးစားနေသူတွေလည်း ဒီဒဏ်ကို အလူးအလဲခံနေရတာ၊ Seminar တွေတက်တိုင်း မေးတဲ့မေးခွန်းက ဒီ Motivation တက်လိုက်ကျလိုက်ဖြစ်နေတာ တွေ့ရတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီစနစ်ကို ပြန်သင်ပြချင်မိပါတယ်။
‍‍‍‍‍‍ ‍‍
စနစ်က နားလည်ဖို့ တဆင့်ချင်း အချိန်ယူသွား၇မှာဖြစ်သလို၊ ရော့.. အင့်သုံးတော့ဆိုပြီး စာရေးပြလို့လည်း လက်တွေ့မသုံးဖြစ်ကြပါဘူး။
‍‍‍‍‍‍ ‍‍
တကယ့်ကို အချိန်သေချာယူ ခေါင်းထဲ အယူအဆ၊ အတွေးအခေါ်တွေ ခိုင်မြဲအောင်၊ သဘောပေါက်အောင်၊ တဆင့်ချင်း ဆွဲခေါ်ပြီးမှ ၊ နေ့ဝက်လောက် အချိန်ယူပြီး ကိုယ်နဲ့ ကိုက်ညီမယ့် စနစ်ကိုဆွဲရမှာပါ။ သင်တန်းက ပျော်ဖို့ကောင်းမှာ မဟုတ်ပါဘူး၊ ပင်ပန်းနိုင်ပါတယ်၊ ကိုယ့်ရဲ့ အမှားတွေ တခုခြင်း ထောက်ပြမှာဖြစ်တဲ့အတွက်၊ ကိုယ့်ရဲ့ အပျင်းတွေ Motivation ကျတာတွေကို ရှင်းလင်းရမှာဖြစ်တဲ့အတွက် အချိန်ယူရပါမယ်။ လက်တွေ့ တခါတည်း လိုက်လုပ်ရပါမယ်။
‍‍‍‍‍‍ ‍‍
မလွယ်ပါဘူး။
ပိုက်ဆံပေးတိုင်းလည်း မရပါဘူး
‍‍‍‍‍‍ ‍‍
ကိုယ်က
... တနေ့တာကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ အချိန်ပေးမယ်
... တန်ဖိုးကြီးသင်ခန်းစာဖြစ်တဲ့အတွက် သူများထက် ကံကောင်းလို့ သိခွင့်ရတဲ့အတွက် တကယ်တန်ဖိုးထားမယ်
... တကယ် ကြိုးစားဖြစ်ညှစ်ပြီး ရှိသမျှ ခွန်အားနဲ့ လိုက်လုပ်မယ်
... ဘဝတိုးတက်ဖို့အတွက် အချိန် ၁ရက်လည်း ဖဲ့ပေးမယ်
ဆိုရင်တော့ ဒီပြန်လည်မျှဝေပေးမယ့် သင်တန်းလေးကို တက်ရောက်ဖို့ ကြိုဆိုပါတယ်။
‍‍‍‍‍‍ ‍‍
သင်တန်းကြေး ၁ သိန်း ၈သောင်း သွင်းရပါမယ်။
‍‍‍‍‍‍ ‍‍
တနေ့တာပဲသင်ပါမယ်။ (အလိုအပိုမရှိသင်ပါ့မယ်)
‍‍‍‍‍‍ ‍‍
သင်တန်းကြေး များတယ်လို့ မဆုံးဖြတ်ခင် ဒီသင်တန်းတက်ပြီးလို့ ကိုယ်ဘာတွေ လုပ်နိုင်တော့မယ်ဆိုတာ အရင်တွေးပါ။
‍‍‍‍‍‍ ‍‍
သင်တန်းသား ကို ပြည့်ဖြိုးအောင်ရဲ့ စကားလေးပဲ ပြန်ပြောချင်ပါတယ်။
‍‍‍‍‍‍ ‍‍

ဒီသင်တန်းက ဈေးများတယ်ထင်မိတယ်။ ဒါပေမယ့် အောင်မြင်ချင်တဲ့လူတွေပဲ လာတက်မှာဖြစ်လို့ အခွင့်အရေးကောင်းတစ်ခုအနေနဲ့ တက်ဖြစ်တာပါ။
သင်တန်းကနေ တစ်ရက်တာအတွင်း ဘ၀အတွက်အသုံးချစရာတွေ အများကြီးသင်ယူခဲ့ရပါတယ်။
ငွေကြေးဆိုတာထက် ဘာတွေရမလဲဆိုတာကို ဂရုစိုက်သင့်ပါတယ်။ ဈေးကြီးတဲ့ အရာတိုင်း မကောင်းပေမယ့် ကောင်းမွန်တဲ့ အရာတိုင်း တန်ဖိုးမြင့်ပါတယ်။ ❞
(Pyae Phyo Aung)
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍
ရိုက်စားလို့ ထင်တဲ့ သူများအတွက်လည်း ကိုရဲထွဋ်ရဲ့ စကားလေး ပြန်ငှားသုံးပါမယ်။
‍‍‍‍‍‍ ‍‍

သင်တန်းကို ရိုက်စားလားလို့ ထင်ခဲ့တာ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သွားတက်လိုက်မယ်ဆိုပြီးတော့ လာခဲ့တာ။
အမှန်ကောင်းတဲ့ သင်တန်းပါ။
အရင်က ကိုယ်ပိုင်လုပ်ငန်းတစ်ခု စချင်ပေမယ့် ဘယ်ကစလုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ အခုတော့ ဘယ်ကနေ စလုပ်ရမယ်ဆိုတာ သေသေချာချာ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားတယ်။ ❞
(ရဲထွဋ်)
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍
သင်တန်းတွေ အားလုံးတက်ပြီးပြီဆိုသူများအတွက်လည်း အရှင် ဝါသဝရဲ့ အမိန့်စကားလေး ပီတိဖြစ်လို့ ပြန်ထည့်ပါရစေ...
‍‍‍‍‍‍ ‍‍

သင်တန်းက ဟုတ်မှဟုတ်ပါ့မလားလို့ သံသယရှိခဲ့တယ်။
သင်တန်း တက်ပြီးနောက်ဘာကို ဘယ်လိုလုပ်ရမလဲဟု ရှင်းလင်းစွာ သိမြင်ပြီး စနစ်တကျဖြင် စနစ်ကောင်းကို လုပ်နိုင်ရန် သိရှိလာခဲ့ပါတယ်။ သင်ခဲ့တဲ့နည်းလမ်းတွေ အားလုံးက တစ်ခုနဲ့ တစ်ခုဆက်စပ်နေတော့ အားလုံးသည် အရမ်းအရေးကြီးသဖြင့် ကြိုက်သည်။ ၄င်းတို့ထဲကမှ
Mindset, Health, Business Plan တို့ကို ကိုယ့်ပရဟိတ အဖွဲ့အစည်းအတွက် အထူးနှစ်သက်သည်။
သင်တန်းတွေ တက်တာများပြီး ဘာလုပ်ရမှန်းမသိ ထုံနေရင် Automatic Success သင်တန်းကို တက်ဖြစ်အောင်တက်လိုက်ပါ။ အသိဥာဏ် ပွင့်သွားမည်။ ❞
(အရှင် ၀ါသ၀)
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍
December 10 (MDY) နဲ့ December 17 (YGN) မြို့တို့မှာ ကျွန်တော်နဲ့ တိုက်ရိုက် ၈နာရီ (တနေ့ကြာ) သင်ကြားရမှာပါ။
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍
သင်တန်းကြေး ၁သိန်း ၈သောင်းမှာ - Breakfast + Lunch + Tea Break တွေအကုန်ပါဝင်ပါတယ်။ (Hotel စာ အကောင်းစား ကျွေးမှာပါ၊ )
‍‍‍‍‍‍ ‍‍
ကျွန်တော်က စိတ်ရင်းအတိုင်းပဲ ပြောတတ်ပါတယ်။ ကွေ့ဝိုက်မပြောတတ်ပါ။ 🙏
တကယ် တန်တယ်လို့ ထင်ရင်၊ ကိုယ့်အတွက် ထူးခြားမယ်လို့ ယူဆရင်၊ Motivation မတက်လို့ အခက်တွေ့နေရင် တက်ပါ။
‍‍‍‍‍‍ ‍‍
စာဖတ်သူဘက်ကလည်း ဆုံးဖြတ်ချက် ချရဲသလို၊ ကျွန်တော့်ဘက်ကလည်း အာမခံရဲပါတယ်။
သင်တန်းတက်ပြီးလို့ ထင်ထားသလို အကျိုးမရှိခဲ့ရင်... သင်တန်းပြီးတာနဲ့ ကျွန်တော့်ဆီ တန်းလာ... စေ့စေ့ကြည့်ပြီး... သင်တန်းကြေးပြန်တောင်းပါ...
သင်တန်းကြေး အကုန်တခါတည်းပြန်အမ်းပေးမယ့်အပြင်... အချိန်ကုန်သွားခ အပို ၁သောင်းပါ ထပ်ပေးပါ့မယ်။
အဲ့လောက်အထိ.. ရဲပါတယ်။။ စာဖတ်သူရော.. ဆုံးဖြတ်ချက်ရဲ ရဲ့လား...
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍
ဒီသင်တန်းက အပြင်မှာ ဖွင့်ချင်လွန်းလို့သာ ဖွင့်တာပါ.. ၃လမှ ၁ခါပဲဖွင့်ပေးပါတယ်.. (၁နှစ်လုံးမှာမှ ၄ခေါက်ပဲဖွင့်မှာပါ) ကိုယ့်အတွက် ၁နှစ်မှာ အခွင့်အရေး ၄ခါပဲ ရပါတယ်။ ၂၀၁၇ အတွက်ဆိုရင်တော့ ဒါဟာ နောက်ဆုံး အခွင့်အရေးပါ...
‍‍‍‍‍‍ ‍‍
လူဦးရေ ၃၀ ပဲ သင်ပါ့မယ်.. အပိုလက်မခံပါ။
‍‍‍‍‍‍ ‍‍
လူများရင် စနစ်ရေးဆွဲရာမှာ အကျိုးထိရောက်မှုနည်းပါမယ်။ ခေါင်းညိတ်နားထောင်ပြီး ပြန်သွားကြတာ မဖြစ်စေချင်ပါ။
‍‍‍‍‍‍ ‍‍
တကယ်သင်ယူလိုသူ၊ တကယ်တန်ဖိုးသိသူ၊ တကယ်လက်တွေ့သုံးမယ့်သူ ၃၀ ပဲ တက်ရောက်နိုင်အောင် စီစဉ်ထားပါတယ်။
‍‍‍‍‍‍ ‍‍
အချိန်မဆွဲပါနဲ့တော့...
တက်ချင်ရင် တခါတည်းတက်ပါ..
ဟိုလှည့်.. ဒီလှည့် အချိန်တွေကုန်ပေါင်းများပါပြီ..
ကိုယ်ရှာနေတဲ့ စနစ် ကိုယ့်ရှေ့ရောက်လာပါပြီ...
တက်ဖို့ ကြိုးစားရမှာသာ ကိုယ့်တာဝန်ဖြစ်သွားပါပြီ...
‍‍‍‍‍‍ ‍‍
တက်ဖို့ဆုံးဖြတ်ပြီးရင် ဆက်သွယ်ရမယ့် ဖုန်းလေး မန့်သွားပေးပါ။ (စိတ်မပူပါနဲ့။ မန့်ပြီးရင် Comment ကို Hide လုပ်ပေးပါ့မယ်)
- 09 459 22 1002 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။
‍‍‍‍‍‍ ‍‍
===== (Mandalay အတွက်) ====
📅 နေ့ရက် ။ 10 December (Sunday)
အချိန် ။ မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ
🏨 နေရာ ။ Royal Mingalar Hotel၊ မန္တလေးမြို့။ (ယခင် Nobel Mingalar Hotel)
🍽️ အကျွေးအမွေး။ မနက်စာ၊ နေ့လည်စာ၊ နေ့ခင်း အဆာပြေ
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍
===== (Yangon အတွက်) ====
📅 နေ့ရက် ။ 17 December (Sunday)
အချိန် ။ မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ
🏨 နေရာ ။ Zephyr စိမ်းလန်းစိုပြေ Garden ခန်းမ၊ အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ (တက္ကသိုလ်ရေကူးကန်ဝင်ပေါက်)
🍽️ အကျွေးအမွေး။ မနက်စာ၊ နေ့လည်စာ၊ နေ့ခင်း အဆာပြေ
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍‍
~~
ကိုသူရ
(Saving The Minds)
Founder of SuccessUpsize.com

#AutomaticSuccess
#SuccessUpsize

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။