Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 3, 2017

Burnout ဖြစ်နေပြီဆိုတာ သိနိုင်စေမယ့် အချက် ၁၁ ချက်

Burnout ဖြစ်နေပြီဆိုတာ သိနိုင်စေမယ့် အချက် ၁၁ ချက်
--------------------
ဘာကြောင့် စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ချုံးချုံးကျသွားတယ်ဆိုတာကို စိတ်ပညာရှင်တွေက ဆွေးနွေးပေးထားတဲ့ အချက် ၁၁ ချက်ရှိပါတယ်။ စိတ်ရောလူပါ ချုံးချုံးကျသွားခြင်းမှာ အဆင့်အမျိုးမျိုးရှိပါတယ်။ ခဏနေနားလိုက်ရင် ပျော်ရွှင်သွားရတာမျိုးကို မျှော်လင့်တာမျိုးဖြစ်နိုင်သလို၊ ၆ လလောက် ခွင့်ယူပြီး ပြန်လည်သုံးသပ်ချိန်ယူတာမျိုးလောက်ထိ ပင်ပန်းသွားတာမျိုးလည်းရှိပါတယ်။ တုံ့ပြန်မှုကတော့ အဆင့်အမျိုးမျိုးရှိနေနိုင်သလို မတူညီနိုင်ပါဘူး။
ဒါဆိုရင် ကိုယ်စိတ်ရောလူပါ သိပ်ပင်ပန်းနေပြီဆိုတာကို ဘယ်လိုသိမလဲ။ ကြိုတင်သတိထားမိစေမယ့် လက္ခဏာရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မိမိရဲ့အရည်အချင်းကို မဖြစ်မနေပြသနေရခြင်း
----------------
တစ်နည်းအားဖြင့် မိမိအရည်အသွေးကို လွန်လွန်ကဲကဲ ဖော်ထုတ်နေရခြင်း (အကောင်းဆုံးဝန်ထမ်းတစ်ယောက်ဖြစ်အောင် ကြိုးစားပြရခြင်း)၊ တာဝန်ယူမှုအပြည့်အ၀နဲ့ အမြဲလိုအဆင်သင့်ဖြစ်နေအောင် လုပ်နေရသူမျိုးတွေဟာ ဒီလိုခံစားရတတ်လေ့ရှိပါတယ်။

၂။ အလုပ်အလွန်ကြိုးစားလာခြင်း
------------------
ရပ်တန့်ဖို့တောင် မတတ်စွမ်းနိုင်လောက်တဲ့အထိ ကြိုးစားနေရခြင်းမျိုး လူတော်တော်များများဖြစ်တတ်ကြမှာပါ။

၃။ လိုအပ်ချက်တွေကို လျစ်လျူရှုလာတတ်ခြင်း
-------------------
အိပ်ချိန်မှန်မှန်မရှိတော့ခြင်း၊ အစားစားချိန်ပုံမှန်မဟုတ်တော့ခြင်း၊ ပေါင်းသင်းဆက်ဆံရေးအားနည်းလာခြင်း စတာတွေကို အမြဲလိုခံစားနေရပါလိမ့်မယ်။ ဒါကို ကိုယ့်ကိုယ်ကိုယ် သတိထားမိချင်မှ ထားမိမှာပါ။

၎။ ပဋိပက္ခတွေကို ဖယ်ရှားအစားထိုးလာခြင်း
------------------
ပြဿနာတွေတွေ့တဲ့အခါ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ အရေးမထားတော့ပဲ ထိတ်လန့်တုန်လှုပ်ခြင်းနဲ့ ကြောက်ရွံ့နေခြင်းတွေကို ပိုခံစားလာရတတ်ပါတယ်။ ရှင်းဖို့မကြိုးစားဘဲ ရှောင်ဖယ်မှုကို ပိုလုပ်ဖြစ်လာတယ်။

၅။ ကိုယ်တိုင်ဘ၀တန်ဖိုး ပျောက်ဆုံးလာခြင်း
-----------------
ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ တန်ဖိုးတွေ သိသိသာသာ ကျဆင်းလာပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း အချိန်ပေးနိုင်ခြင်းမရှိတော့ဘူး။ အရင်က ၀ါသနာပါခဲ့အရာတွေကလည်း ကိုယ်နဲ့ဆက်စပ်မှုမရှိတော့သလောက်ဖြစ်နေပါပြီ။

၆။ ပြဿနာဖြစ်ရင် ခေါင်းရှောင်တတ်လာခြင်း
------------------
ပြဿနာအများစုကို ခံနိုင်ရည်မရှိတော့ပဲ မိမိနဲ့ ထိပ်တိုက်တွေ့ရတဲ့သူတွေကိုလည်း ဆိုးသွမ်းပျင်းရိနေသူတွေ၊ စည်းကမ်းမရှိတဲ့သူတွေအဖြစ် မြင်လာပါတယ်။ လူမှုဆက်ဆံရေးပိုင်းမှာလည်း အားနည်းလာသလို တစ်ကိုယ်ကောင်းဆန်တတ်လာပါတယ်။ ပြဿနာတွေ ကြုံလာရတာအများစုကလည်း ဘ၀အစိတ်အပိုင်းပြောင်းလဲမှုဆိုတာထက် အလုပ်တွေနဲ့ ဖိအားတွေကြောင့်ပဲ ဖြစ်လာတာမျိုးတွေ များပါမယ်။

၇။ လူမှုဘ၀နဲ့ အံဝင်ခွင်ကျမဖြစ်တော့ခြင်း
--------------
လူမှုဆက်ဆံရေးမလုပ်ဖြစ်သလောက် လျော့ပါးလာတာ ဒါမှမဟုတ် လူတွေနဲ့အဆက်အဆံကို မရှိတော့သလောက် ဖြစ်အောင်နေထိုင်တတ်လာပါမယ်။ အရက်၊ ဆေး ဒါမှမဟုတ် စိတ်ဖိစီးမှုစတာတွေ တစ်ခုခုထဲကနေ လွတ်မြောက်ဖို့လိုအပ်တယ်လို့ ခံစားလာရပါမယ်။

၈။ အကျင့်ဟောင်းတွေလည်း ပျောက်ဆုံးလာခြင်း
-----------------
ကိုယ်လုပ်နေကျအရာတွေ မလုပ်တော့တာ၊ ဥပမာ စည်းကမ်းရှိတဲ့သူက ဗရမ်းဗတာနေတတ်လာတာမျိုးကြောင့် မိသားစု၊ မိတ်ဆွေတွေကလည်း ကိုယ်မူမမှန်တော့တာကို သတိထားမိလာကြပါမယ်။

၉။ ကိုယ်ပိုင်အသက်ရှင်ရပ်တည်မှုပျောက်ဆုံးလာခြင်း
------------------
မိမိရဲ့ လိုအပ်ချက်ကိုလည်း လက်ခံသိရှိတာမျိုးတွေ မရှိတော့ဘူး။ မိမိကိုယ်ကိုသာမကပဲ သူတစ်ပါးကိုလည်း တန်ဖိုးရှိတယ်လို့ မခံစားရတော့ဘူး။ ဒါ့အပြင် ဘာအတွက် ငါဒါတွေကိုလုပ်နေတာလဲဆိုတာမျိုး ရည်ရွယ်ချက်မဲ့သလို ခံစားလာရပါမယ်။

၁၀။ ဘာမှခံစားချက်မရှိတော့ခြင်း
-------------------
ခံစားချက်တွေ မဲ့လာတာမျိုးဖြစ်တတ်ပါတယ်။ အစားအလွန်စားခြင်း၊ လိင်ဆက်ဆံခြင်း၊ အရက်နဲ့ ဆေးသုံးစွဲခြင်း အစရှိတဲ့အရာတွေကို ပုံမှန်ထက်လွန်ကျူးစွာ ပြုလုပ်လာပါမယ်။

၁၁။ စိတ်ဓာတ်ကျလာခြင်း
------------------
စိတ်ဓာတ်တွေကျဆင်းပြီး ခံစားချက်တွေ ပျောက်ဆုံးနေတာမျိုးတွေ၊ မောပန်းလွယ်နေခြင်း၊ အနာဂတ်ဟာလဲ မှုန်ဝါးနေသလို ခံစားရလာပါမယ်။

ချုံးချုံးကျကျလာပြီဆိုရင်
---------------
စိတ်ပိုင်းဆိုင်ရာရော၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေရှိပါတယ်။ ဆေးကုသမှုအကူအညီတွေယူဖို့တော့ လိုအပ်လာပြီပဲဖြစ်ပါတယ်။

ကိုယ်မြင်တွေ့တဲ့အတိုင်းပါပဲ။ ဒီလက္ခဏာတွေဟာ ပေါ့ပေါ့ပါးပါးလေးကနေ တဖြေးဖြေးဆိုးဝါးလာတဲ့အပြင် ကိုယ့်ရဲ့နေ့စဉ်အလုပ်ခွင်မှာပါ သက်ရောက်မှုတွေ (လုပ်ဖော်ကိုင်ဖက်တွေကို အဆိုးမြင်ခြင်းမျိုး) ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို စောစီးစွာသိနေပြီဆိုရင် ကုသဖို့မခက်ခဲပါဘူး။ ဒီအထဲမှာ ပင်ပန်းလွန်းလို့ ချုံးချုံးကျသွားတာဟာလည်း အပါအ၀င်ပါပဲ။ ဒါကြောင့်မို့ စောစောသိထားဖို့လိုသလို လက္ခဏာအသေးလေးတွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ တကယ်လို့ ဒါတွေကို ဂရုမစိုက်လိုက်ဘူးဆိုရင် ပိုမိုကြီးမားတဲ့ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အပေါ်မှာဖော်ပြထားတဲ့ အချက်တွေထဲက နှစ်ခု၊ သုံးခုလောက်ကို စပြီးခံစားမိလာရင် မိမိရဲ့အလုပ်နဲ့ နေထိုင်မှုပုံစံကို ပြန်လည်ဆန်းစစ်ပါ၊ ကိုယ့်ကို အကြံတွေပေးနိုင်မယ့်လူတွေဆီက အကြံယူပြီး ကိုယ့်ကိုယ်ကိုယ် အချိန်မီ အနားပေးကယ်တင်ဖို့လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။

အဒိုနီရမ်

#CEO_November_Issue

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။