မိဘနဲ့ သားသမီးကြား အဆင်မပြေ ဖြစ်နေတဲ့သူများ
ဤ(Post )လေးကို ဖတ်ကြည့်ပါနော်…
************************** ******************
မိဘနဲ့ အဆင်မပြေသူ၊
ခဏခဏ စကားများနေရသူများ ရှိပါလိမ့်မယ်။
မိဘလို့ဆိုတဲ့ နေရာမှာ အဖေရောအမေပါ
နှစ်ဦးလုံး ပါပါတယ် နော်
အဲဒီလို ဖြစ်လာခဲ့ရင်…
၁။မိဘတွေက မိမိကို ငယ်စဉ်ကတည်းက
ကျွေးမွေးလာတဲ့ မေတ္တာကို သတိရပေးပါ။
၂။မိဘတွေဟာ ခေတ်ကာလ ရေစီးကြောင်းမှာ
ကြီးပြင်းလာတဲ့ သားသမီးများကို ဆုံးမတဲ့အခါ
အလွဲအချော် ရှိခဲ့မယ် ဆိုရင်တောင်
သူတို့ရဲ့ သားသမီးအပေါ် ချစ်တဲ့ မေတ္တာက
ဘယ်တော့မှ မပြောင်းလဲပါဘူး။
ဒီတော့ လွဲနေရင် ကိုယ်က စိတ်ရှည်လက်ရှည်နဲ့
ရှင်းပြပေးရပါလိမ့်မယ်။
၃။မိဘရဲ့ ဆုံးမမှုမှာ ဒေါသသံ ပါနေရင်တောင်
မိမိက ဒေါသနဲ့ မတုန့်ပြန်ပါနဲ့။
ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။
အဖြေက မှန်နေရင်တောင် အသံမာမာနဲ့ ဖြေတဲ့
အဖြေက မိဘကို လေးစားမှု မရှိဘူး။
မချစ်ဘူး အစရှိသဖြင့် အဓိပ္ပါယ်များ သက်ရောက်
သွားနိုင်ပါတယ်။
၎။မိဘကိုချည်း သင် ပူဆာ မနေပါနဲ့။
သူတို့ ဘာလိုချင်လဲ ဆိုတာကို ရှာဖွေ ပေးဆပ်ပါ။
၅။မိဘတိုင်းဟာ သားသမီး ပေးတဲ့
ရွှေ ငွေ ဂုဏ်တွေကို မျှော်ကိုးနေခြင်း မဟုတ်ပါဘူး။
သားကောင်း၊သမီးကောင်းတွေ ဖြစ်လာတာကို
အလိုချင်ဆုံးပါ။
ဒါကို သိဖို့ လိုအပ်ပါတယ်။
၆။သင်ဟာ ငွေပေးပြီး တာဝန်ကျေပြီလို့
ထင်နေခြင်းထက်
သင်သောက်ရန် ကြံစည်ထားတဲ့ ရေတစ်ခွက်
ကနေ
သင့်အဖေအမေ သောက်ဖို့ ဦးစားပေးခြင်းကမှ
မေတ္တာ အစစ်အမှန် ဖြစ်ပါတယ်။
၇။အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ စကားများတဲ့
အခါ
မိဘက မိမိကို ကျွေးမွေးလာတဲ့ မေတ္တာများ၊
သူတို့ပေးအပ်တဲ့ အကောင်းဆုံး ပျော်ရွှင်မှုများကို
မှတ်မိပေးပါ။
ဒါ့အပြင် နောက်တစ်ချက်…
သူတို့ဟာ ငါတို့ထက် လောကမှာ စောစော
အသက်ရှင်ပေမဲ့
စောစော ထွက်ခွာရမဲ့သူတွေ၊
ငါတို့က နောက်မှ ထွက်ခွာရမဲ့သူတွေဆိုတဲ့ အသိနဲ့
စိတ်ချမ်းသာအောင် ထားပေးပါ။
မဟုတ်လျှင် သင်တစ်နေ့ ဝဋ်လည်ရမည်။
၈။သင် ယခု သူစိမ်းတစ်ယောက်ကို သွားရောက်
ဆဲဆိုလျှင် သင့်ကို ရန်ပြုလွှတ်လိမ့်မယ်။
သင်သာ ရုတ်တရက် မိဘကို သွားရောက်
ဆဲဆိုမိလျှင်
င့ါသား ဘာဖြစ်နေလဲဟု အံ့သြသော လေသံဖြင့်
ပြန်မေးပါလိမ့်မယ်။
သင်သိပါသလား-?
လောကတွင် မိဘလောက် ကိုယ့်အပေါ် နားလည်
ပေးမယ့်သူ မရှိ။
ခွင့်လွှတ်ပေးမယ့်သူ မရှိ။
ဒါကို သေချာ ခံစားပါက သင်သိပါလိမ့်မည်။
မိဘကို ပြောလို့ ဘာမှ နားလည်မှာ မဟုတ်ပါဘူးကွာလို့
မထင်ပါနှင့်။
သင့်ရဲ့ အပြောအဆို အနည်းငယ် ပြောင်းလဲလျှင်
တောင်
ဘာဖြစ်လာတယ်ဆိုတာက အစ သင့်မိဘ သိတယ်။
နားလည်တယ်။
၉။မိဘက သင့်ကို ဆဲဆို ဆူပူနေခြင်းက…
သင်သည် လောကတွင် တစ်ကိုယ်တည်း
အသက်ရှင် နေထိုင် ရုန်းကန်ရန်
အရည်အချင်း မပြည့်ဝသေးသည်ကို မြင်၍
ကရုဏာဒေါသဖြင့် ပြောဆိုခြင်းသာ ဖြစ်သည်။
သင့်ကို မုန်း၍ ပြောဆိုခြင်း မဟုတ်။
မိဘက င့ါကို နားလည်မပေးပါလားဟု ရေရွတ်နေမည့်
အစား…
ငါ မိဘကို နားမလည်သေးပါလားဟုသာ သင်ပြန်တွေးရန်
လိုအပ်သည်။
၁၀။ယခု ရေးထားတဲ့ အချက်များကို
သင်နဲ့ သင့်မိဘ အဆင်မပြေ ဖြစ်သည့် အခါတိုင်း
ပြန်ဖတ်ပါ။
မိဘကျေးဇူးများကို ပြန်လည် အောက်မေ့ သတိရပေးပါ။
မူရင်း-Credit
မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )
ဤ(Post )လေးကို ဖတ်ကြည့်ပါနော်…
**************************
မိဘနဲ့ အဆင်မပြေသူ၊
ခဏခဏ စကားများနေရသူများ ရှိပါလိမ့်မယ်။
မိဘလို့ဆိုတဲ့ နေရာမှာ အဖေရောအမေပါ
နှစ်ဦးလုံး ပါပါတယ် နော်
အဲဒီလို ဖြစ်လာခဲ့ရင်…
၁။မိဘတွေက မိမိကို ငယ်စဉ်ကတည်းက
ကျွေးမွေးလာတဲ့ မေတ္တာကို သတိရပေးပါ။
၂။မိဘတွေဟာ ခေတ်ကာလ ရေစီးကြောင်းမှာ
ကြီးပြင်းလာတဲ့ သားသမီးများကို ဆုံးမတဲ့အခါ
အလွဲအချော် ရှိခဲ့မယ် ဆိုရင်တောင်
သူတို့ရဲ့ သားသမီးအပေါ် ချစ်တဲ့ မေတ္တာက
ဘယ်တော့မှ မပြောင်းလဲပါဘူး။
ဒီတော့ လွဲနေရင် ကိုယ်က စိတ်ရှည်လက်ရှည်နဲ့
ရှင်းပြပေးရပါလိမ့်မယ်။
၃။မိဘရဲ့ ဆုံးမမှုမှာ ဒေါသသံ ပါနေရင်တောင်
မိမိက ဒေါသနဲ့ မတုန့်ပြန်ပါနဲ့။
ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။
အဖြေက မှန်နေရင်တောင် အသံမာမာနဲ့ ဖြေတဲ့
အဖြေက မိဘကို လေးစားမှု မရှိဘူး။
မချစ်ဘူး အစရှိသဖြင့် အဓိပ္ပါယ်များ သက်ရောက်
သွားနိုင်ပါတယ်။
၎။မိဘကိုချည်း သင် ပူဆာ မနေပါနဲ့။
သူတို့ ဘာလိုချင်လဲ ဆိုတာကို ရှာဖွေ ပေးဆပ်ပါ။
၅။မိဘတိုင်းဟာ သားသမီး ပေးတဲ့
ရွှေ ငွေ ဂုဏ်တွေကို မျှော်ကိုးနေခြင်း မဟုတ်ပါဘူး။
သားကောင်း၊သမီးကောင်းတွေ ဖြစ်လာတာကို
အလိုချင်ဆုံးပါ။
ဒါကို သိဖို့ လိုအပ်ပါတယ်။
၆။သင်ဟာ ငွေပေးပြီး တာဝန်ကျေပြီလို့
ထင်နေခြင်းထက်
သင်သောက်ရန် ကြံစည်ထားတဲ့ ရေတစ်ခွက်
ကနေ
သင့်အဖေအမေ သောက်ဖို့ ဦးစားပေးခြင်းကမှ
မေတ္တာ အစစ်အမှန် ဖြစ်ပါတယ်။
၇။အကြောင်းအမျိုးမျိုးကြောင
အခါ
မိဘက မိမိကို ကျွေးမွေးလာတဲ့ မေတ္တာများ၊
သူတို့ပေးအပ်တဲ့ အကောင်းဆုံး ပျော်ရွှင်မှုများကို
မှတ်မိပေးပါ။
ဒါ့အပြင် နောက်တစ်ချက်…
သူတို့ဟာ ငါတို့ထက် လောကမှာ စောစော
အသက်ရှင်ပေမဲ့
စောစော ထွက်ခွာရမဲ့သူတွေ၊
ငါတို့က နောက်မှ ထွက်ခွာရမဲ့သူတွေဆိုတဲ့ အသိနဲ့
စိတ်ချမ်းသာအောင် ထားပေးပါ။
မဟုတ်လျှင် သင်တစ်နေ့ ဝဋ်လည်ရမည်။
၈။သင် ယခု သူစိမ်းတစ်ယောက်ကို သွားရောက်
ဆဲဆိုလျှင် သင့်ကို ရန်ပြုလွှတ်လိမ့်မယ်။
သင်သာ ရုတ်တရက် မိဘကို သွားရောက်
ဆဲဆိုမိလျှင်
င့ါသား ဘာဖြစ်နေလဲဟု အံ့သြသော လေသံဖြင့်
ပြန်မေးပါလိမ့်မယ်။
သင်သိပါသလား-?
လောကတွင် မိဘလောက် ကိုယ့်အပေါ် နားလည်
ပေးမယ့်သူ မရှိ။
ခွင့်လွှတ်ပေးမယ့်သူ မရှိ။
ဒါကို သေချာ ခံစားပါက သင်သိပါလိမ့်မည်။
မိဘကို ပြောလို့ ဘာမှ နားလည်မှာ မဟုတ်ပါဘူးကွာလို့
မထင်ပါနှင့်။
သင့်ရဲ့ အပြောအဆို အနည်းငယ် ပြောင်းလဲလျှင်
တောင်
ဘာဖြစ်လာတယ်ဆိုတာက အစ သင့်မိဘ သိတယ်။
နားလည်တယ်။
၉။မိဘက သင့်ကို ဆဲဆို ဆူပူနေခြင်းက…
သင်သည် လောကတွင် တစ်ကိုယ်တည်း
အသက်ရှင် နေထိုင် ရုန်းကန်ရန်
အရည်အချင်း မပြည့်ဝသေးသည်ကို မြင်၍
ကရုဏာဒေါသဖြင့် ပြောဆိုခြင်းသာ ဖြစ်သည်။
သင့်ကို မုန်း၍ ပြောဆိုခြင်း မဟုတ်။
မိဘက င့ါကို နားလည်မပေးပါလားဟု ရေရွတ်နေမည့်
အစား…
ငါ မိဘကို နားမလည်သေးပါလားဟုသာ သင်ပြန်တွေးရန်
လိုအပ်သည်။
၁၀။ယခု ရေးထားတဲ့ အချက်များကို
သင်နဲ့ သင့်မိဘ အဆင်မပြေ ဖြစ်သည့် အခါတိုင်း
ပြန်ဖတ်ပါ။
မိဘကျေးဇူးများကို ပြန်လည် အောက်မေ့ သတိရပေးပါ။
မူရင်း-Credit
မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။