👉✔သင့်ဘဝရဲ့ ကံကြမ္မာဟာ သင့်လက်ထဲမှာပါ✔👈
•••••••••••••••••••••••••• •••••••••••••••••••••••••• •••
အောင်မြင်ချင်သလား? ရှုံးနိမ့်ချင်သလား?
သင့်ဘဝရဲ့ ကံကြမ္မာဟာ သင့်လက်ထဲမှာပါ။
သင်ကသာ သင့်ဘဝရဲ့ဇာတ်ဆရာပါ။ လက်မခံနိုင်သေးဘူးလား?
အောက်က အချက်လေးတွေကို ဖတ်ကြည့်ရင်း သေချာတွေးကြည့်ပါ။
(ဖြည်းဖြည်းဖတ်ပြီး များများတွေးကြည့်ပါ)
၁။ အိပ်ရာစောစောထ မလား? အိပ်ရာနောက်ကျမှ ထမလား?
အိပ်ရာကို စောစောထပြီး တစ်နေ့တာအတွက်
လုပ်ရမယ့်အရာတွေကို ကြိုတင်ပြင်ဆင်ပြီး
နံနက်ခင်းလေးကို မင်္ဂလာရှိရှိလန်းလန်းဆန်းဆန်း ထမလား?
နေဖင်ထိုးမှ ထားပြီး သွားရမယ့် ကျောင်းတွေ၊ အလုပ်တွေကို သုတ်တီးသုတ်ပြာ ဟိုမမှီ ဒီမမှီသွားမလား?
ဒါဟာ သင့်ရဲ့ရွေးချယ်မှုပါပဲ။
အခြေအနေအရဖြစ်လာတယ်လို့ ထင်ကောင်းထင်ပေမယ့် သေချာတွေးကြည့်ရင် သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
ကဲ.. ဘာရွေးမလဲ?
၂။ လေ့လာသင်ယူမလား? ရေလိုက်ငါးလိုက်နေမလား?
အပတ်တကုတ် ကြိုးစားပြီး လေ့လာဆည်းပူးတာလဲ သင့်ဆုံးဖြတ်ချက်ပါပဲ။
ဒီအတိုင်းလေး ရေလိုက်ငါးလိုက်လေး နေတာလည်း သင့်ဆုံးဖြတ်ချက်ပါပဲ။
ဘယ်သူကမှ ကြားဝင်ပြီး ဘာမှလာပြောနေလို့မရပါဘူး။
လေ့လာရင် သင်တတ်မယ်။ သင်တတ်ရင် သင်တော်လာမယ်။ (များများလေ့လာရင်တော့ များများတတ်မှာပေါ့)
ရေလိုက်ငါးလိုက်နေရင်ကော?
အင်း.. သေချာတာ ငတ်ပြီးတော့တော့ သေမသွားနိုင်ပါဘူး။ အဆင်တော့ပြေနိုင်လောက်ပါတယ် ။
ဘာပဲလုပ်လုပ်.. သင့်ရွေးချယ်မှုပါပဲ။
ကဲ.. ဘာရွေးမလဲ?
၃။ စာဖတ်မလား? ရုပ်ရှင်ကြည့်မလား?
သင့်မှာ အားလပ်ချိန်ရှိပြီဆိုပါစို့ ။
ဗဟုသုတရတဲ့ စာဖတ်ရင် သင်အသိအလိမ္မာတိုးမယ်။
ရုပ်ရှင်ကြည့်ရင် သင့်စိတ်အပန်းပြေမယ်။
ပင်ပန်းနေတဲ့စိတ်ကို ဖြေလျော့ဖို့ ဖျော်ဖြေရေးဆိုတာ လိုတော့လိုပါတယ်။ ဒါပေမယ့် အလွန်အကျွံ့ဆိုရင်တော့ ဒါဖျော်ဖြေရေးမဟုတ်တော့ပါဘူး။ အချိန်ဖြုန်းတာ ဖြစ်သွားပါပြီ။
စာဖတ်ပြီး အချိန်သုံးမလား။
ရုပ်ရှင်တွေ တစ်နေကုန်တစ်နေခမ်း ထိုင်ကြည့်ပြီး အချိန်ဖြုန်းမလား?
ကဲ.. ဘာရွေးမလဲ?
၎။ စာကြည့်တိုက်လား? လက်ဖက်ရည်ဆိုင်လား?
စာကြည့်တိုက်သွားရင် သင်ရမှာက စာအုပ်တွေကြားက အသိတရားပါ။ လက်ဖက်ရည်ဆိုင်သွားရင် သင်ရမှာက သူငယ်ချင်းတွေရဲ့ ရင်းနှီးမှုနဲ့ သင့်စိတ်ရဲ့ ဖျော်ဖြေရေးပါ။
စာကြည့်တိုက်ချည်းသွားရမယ်။
လက်ဖက်ရည်ဆိုင်ချည်း သွားရမယ်လို့ မဆိုလိုပါဘူး။
ဘယ်နေရာကို များများသွားရင် ဘာတွေပိုဖြစ်လာမလဲ သင်သိမှာပါ။
ကဲ.. ဘာရွေးမလဲ?
၅။ ငွေစုမလား၊ ငွေဖြုန်းမလား?
ငွေရှာနိုင်တဲ့ပမာဏကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဒါပေမယ့် သင့်ပမာဏအတိုင်းဆိုင်ရင်ကော ရလာတဲ့ငွေကို
စုဆောင်းပြီး အကျိုးရှိတဲ့နေရာမှာ သုံးမလား၊
ဒီအတိုင်း စိတ်ပါသလို ဖြုန်းမလား။
ဒါ သင့်ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်ပါတယ်။
ကဲ..ဘာရွေးမလဲ?
၆။ သပ်သပ်ရပ်ရပ်နေမလား? ကသိုက်ကရိုက်နေမလား?
ဝတ်ကောင်းစားလှတွေ ဝတ်ထားမှ လှတာ၊ကြည့်ကောင်းတာ မဟုတ်ပါဘူး။
သင့်မှာ ရှိတဲ့ အဝတ်အစားနဲ့ပဲ ဒီအတိုင်းဖြစ်သလို နေချင်သလို နေမလား?
သပ်သပ်ရပ်ရပ် တင့်တင့်တယ်တယ်နေမလား?
ကဲ.. ဘာရွေးမလဲ?
၇။ Weight ချမလား? စားမြဲအတိုင်းစားမလား?
သူများတကာ သွယ်လျနေတဲ့ Body လေးတွေမြင်ပြီး မနာလိုစရာလည်း မလိုပါဘူး။ အားကျစရာလည်း မလိုပါဘူး။ အစာလေးတစ်လုတ်အတွက် မှန်ကြည့်တိုင်း ဒုက္ခခံမလားဆိုတာ
ဘယ်သူကမှဝင်ပြီး ဆုံးဖြတ်ပေးတာမဟုတ်ပါဘူး။
တန်ခိုးရှင်ကလည်း ဝင်မဆုံးဖြတ်ပေးပါဘူး။
သင်ပဲ ဆုံးဖြတ်ရမှာပါ။
Weight တက်ခံမလား? အစာငတ်ခံမလား?
ကဲ.. ဘာရွေးမလဲ?
၈။ အောင်မြင်မလား? ကျရှုံးမလား?
နောက်ဆုံး သင့်ကိုယ်သင် မေးသင့်တဲ့နောက်ဆုံးမေးခွန်းကတော့ အောင်မြင်ချင်လား? ကျရှုံးချင်လား? ဆိုတာပါပဲ။
အောင်မြင်ချင်တယ်ဆိုရင်တော့ ဘယ်သူကမှ
သင့်အောင်မြင်ချင်စိတ်ကို လာတားဆီးလို့ မရပါဘူး။
ကျရှုံးမယ်လို့ ဆုံးဖြတ်ထားမယ်ဆိုရင်လည်း
ဘယ်သူကမှ သင့်ကို ကယ်တင်လိုရမှာ မဟုတ်ပါဘူး။
သင့်ဆုံးဖြတ်ချက်သာ အဓိကပါ။
ကဲ.. ဘာရွေးမလဲ?
တကယ်တော့ သင့်ဘဝဟာ သင့်လက်ထဲမှာပဲရှိပါတယ်။ သင့်လက်ထဲက သင့်ဘဝကို အလှပဆုံးဖြစ်အောင်
ခြယ်မှုန်းဖို့က သင့်တာဝန်ပါ။
Credit to #Aung_Ko_Latt
••••••••••••••••••••••••••
အောင်မြင်ချင်သလား? ရှုံးနိမ့်ချင်သလား?
သင့်ဘဝရဲ့ ကံကြမ္မာဟာ သင့်လက်ထဲမှာပါ။
သင်ကသာ သင့်ဘဝရဲ့ဇာတ်ဆရာပါ။ လက်မခံနိုင်သေးဘူးလား?
အောက်က အချက်လေးတွေကို ဖတ်ကြည့်ရင်း သေချာတွေးကြည့်ပါ။
(ဖြည်းဖြည်းဖတ်ပြီး များများတွေးကြည့်ပါ)
၁။ အိပ်ရာစောစောထ မလား? အိပ်ရာနောက်ကျမှ ထမလား?
အိပ်ရာကို စောစောထပြီး တစ်နေ့တာအတွက်
လုပ်ရမယ့်အရာတွေကို ကြိုတင်ပြင်ဆင်ပြီး
နံနက်ခင်းလေးကို မင်္ဂလာရှိရှိလန်းလန်းဆန်းဆန်
နေဖင်ထိုးမှ ထားပြီး သွားရမယ့် ကျောင်းတွေ၊ အလုပ်တွေကို သုတ်တီးသုတ်ပြာ ဟိုမမှီ ဒီမမှီသွားမလား?
ဒါဟာ သင့်ရဲ့ရွေးချယ်မှုပါပဲ။
အခြေအနေအရဖြစ်လာတယ်လို့ ထင်ကောင်းထင်ပေမယ့် သေချာတွေးကြည့်ရင် သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
ကဲ.. ဘာရွေးမလဲ?
၂။ လေ့လာသင်ယူမလား? ရေလိုက်ငါးလိုက်နေမလား?
အပတ်တကုတ် ကြိုးစားပြီး လေ့လာဆည်းပူးတာလဲ သင့်ဆုံးဖြတ်ချက်ပါပဲ။
ဒီအတိုင်းလေး ရေလိုက်ငါးလိုက်လေး နေတာလည်း သင့်ဆုံးဖြတ်ချက်ပါပဲ။
ဘယ်သူကမှ ကြားဝင်ပြီး ဘာမှလာပြောနေလို့မရပါဘူး။
လေ့လာရင် သင်တတ်မယ်။ သင်တတ်ရင် သင်တော်လာမယ်။ (များများလေ့လာရင်တော့ များများတတ်မှာပေါ့)
ရေလိုက်ငါးလိုက်နေရင်ကော?
အင်း.. သေချာတာ ငတ်ပြီးတော့တော့ သေမသွားနိုင်ပါဘူး။ အဆင်တော့ပြေနိုင်လောက်ပါတယ်
ဘာပဲလုပ်လုပ်.. သင့်ရွေးချယ်မှုပါပဲ။
ကဲ.. ဘာရွေးမလဲ?
၃။ စာဖတ်မလား? ရုပ်ရှင်ကြည့်မလား?
သင့်မှာ အားလပ်ချိန်ရှိပြီဆိုပါစို့
ဗဟုသုတရတဲ့ စာဖတ်ရင် သင်အသိအလိမ္မာတိုးမယ်။
ရုပ်ရှင်ကြည့်ရင် သင့်စိတ်အပန်းပြေမယ်။
ပင်ပန်းနေတဲ့စိတ်ကို ဖြေလျော့ဖို့ ဖျော်ဖြေရေးဆိုတာ လိုတော့လိုပါတယ်။ ဒါပေမယ့် အလွန်အကျွံ့ဆိုရင်တော့ ဒါဖျော်ဖြေရေးမဟုတ်တော့ပါဘူ
စာဖတ်ပြီး အချိန်သုံးမလား။
ရုပ်ရှင်တွေ တစ်နေကုန်တစ်နေခမ်း ထိုင်ကြည့်ပြီး အချိန်ဖြုန်းမလား?
ကဲ.. ဘာရွေးမလဲ?
၎။ စာကြည့်တိုက်လား? လက်ဖက်ရည်ဆိုင်လား?
စာကြည့်တိုက်သွားရင် သင်ရမှာက စာအုပ်တွေကြားက အသိတရားပါ။ လက်ဖက်ရည်ဆိုင်သွားရင် သင်ရမှာက သူငယ်ချင်းတွေရဲ့ ရင်းနှီးမှုနဲ့ သင့်စိတ်ရဲ့ ဖျော်ဖြေရေးပါ။
စာကြည့်တိုက်ချည်းသွားရမယ်။
လက်ဖက်ရည်ဆိုင်ချည်း သွားရမယ်လို့ မဆိုလိုပါဘူး။
ဘယ်နေရာကို များများသွားရင် ဘာတွေပိုဖြစ်လာမလဲ သင်သိမှာပါ။
ကဲ.. ဘာရွေးမလဲ?
၅။ ငွေစုမလား၊ ငွေဖြုန်းမလား?
ငွေရှာနိုင်တဲ့ပမာဏကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဒါပေမယ့် သင့်ပမာဏအတိုင်းဆိုင်ရင်ကော
စုဆောင်းပြီး အကျိုးရှိတဲ့နေရာမှာ သုံးမလား၊
ဒီအတိုင်း စိတ်ပါသလို ဖြုန်းမလား။
ဒါ သင့်ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်ပါတယ်။
ကဲ..ဘာရွေးမလဲ?
၆။ သပ်သပ်ရပ်ရပ်နေမလား? ကသိုက်ကရိုက်နေမလား?
ဝတ်ကောင်းစားလှတွေ ဝတ်ထားမှ လှတာ၊ကြည့်ကောင်းတာ မဟုတ်ပါဘူး။
သင့်မှာ ရှိတဲ့ အဝတ်အစားနဲ့ပဲ ဒီအတိုင်းဖြစ်သလို နေချင်သလို နေမလား?
သပ်သပ်ရပ်ရပ် တင့်တင့်တယ်တယ်နေမလား?
ကဲ.. ဘာရွေးမလဲ?
၇။ Weight ချမလား? စားမြဲအတိုင်းစားမလား?
သူများတကာ သွယ်လျနေတဲ့ Body လေးတွေမြင်ပြီး မနာလိုစရာလည်း မလိုပါဘူး။ အားကျစရာလည်း မလိုပါဘူး။ အစာလေးတစ်လုတ်အတွက် မှန်ကြည့်တိုင်း ဒုက္ခခံမလားဆိုတာ
ဘယ်သူကမှဝင်ပြီး ဆုံးဖြတ်ပေးတာမဟုတ်ပါဘူး။
တန်ခိုးရှင်ကလည်း ဝင်မဆုံးဖြတ်ပေးပါဘူး။
သင်ပဲ ဆုံးဖြတ်ရမှာပါ။
Weight တက်ခံမလား? အစာငတ်ခံမလား?
ကဲ.. ဘာရွေးမလဲ?
၈။ အောင်မြင်မလား? ကျရှုံးမလား?
နောက်ဆုံး သင့်ကိုယ်သင် မေးသင့်တဲ့နောက်ဆုံးမေးခွန်
အောင်မြင်ချင်တယ်ဆိုရင်တော့
သင့်အောင်မြင်ချင်စိတ်ကို လာတားဆီးလို့ မရပါဘူး။
ကျရှုံးမယ်လို့ ဆုံးဖြတ်ထားမယ်ဆိုရင်လည်း
ဘယ်သူကမှ သင့်ကို ကယ်တင်လိုရမှာ မဟုတ်ပါဘူး။
သင့်ဆုံးဖြတ်ချက်သာ အဓိကပါ။
ကဲ.. ဘာရွေးမလဲ?
တကယ်တော့ သင့်ဘဝဟာ သင့်လက်ထဲမှာပဲရှိပါတယ်။ သင့်လက်ထဲက သင့်ဘဝကို အလှပဆုံးဖြစ်အောင်
ခြယ်မှုန်းဖို့က သင့်တာဝန်ပါ။
Credit to #Aung_Ko_Latt
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။