အနာဂတ် နဲ့ အတိတ်
- - - - - -
လူဆိုတာ
မနက်ဖြန်ပေါင်း များစွာကို
မျှော်လင့်ရင်း
ရုန်းကန် လှုပ်ရှားနေကြတာ မှန်ပေမယ့်
ကျန်ရစ်ခဲ့တဲ့
မနေ့ကပေါင်း များစွာကို စွန့်ခွာ
မေ့ပျောက်ပစ်လို့
ရကောင်းတာမှ မဟုတ်ဘဲ ၊ အနာဂတ်ကို
တန်ဖိုးထားတယ်ဆိုရင်
အတိတ်ကိုလည်း ဂရုစိုက်တတ်ဖို့
လိုလိမ့်မယ် ။
နောက်နောက်က
အောင်မြင်ခဲ့ , ရှုံးနိမ်ခဲ့တဲ့ အတွေ့အကြုံတွေ ၊
ချစ်ခဲ့ , မုန်းခဲ့ , ပြုံးခဲ့ ,
ငိုခဲ့ရတဲ့ အဖြစ်သနစ်တွေ ၊ ဆုံစည်း
တစ်ခါ , ခွဲခွါတစ်လှည့်နဲ့
ပုံသေချည်တိုင် စိုက်ထားလို့ မရတဲ့ ဘဝခရီး
လမ်းစုံလမ်းခွတွေ ၊
ဒါတွေကို
ပြန်မျှော်ကြည့်ပြီး ဆင်ခြင်
သုံးသပ်နိုင်မှ
ဘဝသင်ခန်းစာ , ဘဝအသိ ရတော့မှာပေါ့ ၊
အဲ့ဒီအသိကို လက်ကိုင်ထားပြီး
ရှေ့ဆက်
သင့်သလို နေထိုင်သွားမှလည်း
ဦးတည်ချက် ,
ဆုံးဖြတ်ချက် , သဘောထားတွေ ခိုင်မာ
အားကောင်းမှာပေါ့ ။
ဆိုရိုး
စကားလည်း ရှိသားပဲ ၊
`` ရှေ့တစ်ခေါ် မျှော်ကြည့် ၊ နောက်တစ်လံ
ပြန်ကြည့် ´´ တဲ့ ။
~ ~ ~
ဆရာမြင့်စိုးလှိုင် ၏
`` စကားနောက် တရားပါ ´´
စာအုပ်မှ
ကူးယူ၍ ပြန်လည်မျှဝေပါသည်
- - - - - -
စာပေက
ပေးသော အသိဖြင့် ဘဝကို
လှပအောင်
တန်ဆာ ဆင်နိုင်ကြပါစေ
- - - - -
Credit....🕺စာပေရသ🕺
Crd by:ကံထူး
- - - - - -
လူဆိုတာ
မနက်ဖြန်ပေါင်း များစွာကို
မျှော်လင့်ရင်း
ရုန်းကန် လှုပ်ရှားနေကြတာ မှန်ပေမယ့်
ကျန်ရစ်ခဲ့တဲ့
မနေ့ကပေါင်း များစွာကို စွန့်ခွာ
မေ့ပျောက်ပစ်လို့
ရကောင်းတာမှ မဟုတ်ဘဲ ၊ အနာဂတ်ကို
တန်ဖိုးထားတယ်ဆိုရင်
အတိတ်ကိုလည်း ဂရုစိုက်တတ်ဖို့
လိုလိမ့်မယ် ။
နောက်နောက်က
အောင်မြင်ခဲ့ , ရှုံးနိမ်ခဲ့တဲ့ အတွေ့အကြုံတွေ ၊
ချစ်ခဲ့ , မုန်းခဲ့ , ပြုံးခဲ့ ,
ငိုခဲ့ရတဲ့ အဖြစ်သနစ်တွေ ၊ ဆုံစည်း
တစ်ခါ , ခွဲခွါတစ်လှည့်နဲ့
ပုံသေချည်တိုင် စိုက်ထားလို့ မရတဲ့ ဘဝခရီး
လမ်းစုံလမ်းခွတွေ ၊
ဒါတွေကို
ပြန်မျှော်ကြည့်ပြီး ဆင်ခြင်
သုံးသပ်နိုင်မှ
ဘဝသင်ခန်းစာ , ဘဝအသိ ရတော့မှာပေါ့ ၊
အဲ့ဒီအသိကို လက်ကိုင်ထားပြီး
ရှေ့ဆက်
သင့်သလို နေထိုင်သွားမှလည်း
ဦးတည်ချက် ,
ဆုံးဖြတ်ချက် , သဘောထားတွေ ခိုင်မာ
အားကောင်းမှာပေါ့ ။
ဆိုရိုး
စကားလည်း ရှိသားပဲ ၊
`` ရှေ့တစ်ခေါ် မျှော်ကြည့် ၊ နောက်တစ်လံ
ပြန်ကြည့် ´´ တဲ့ ။
~ ~ ~
ဆရာမြင့်စိုးလှိုင် ၏
`` စကားနောက် တရားပါ ´´
စာအုပ်မှ
ကူးယူ၍ ပြန်လည်မျှဝေပါသည်
- - - - - -
စာပေက
ပေးသော အသိဖြင့် ဘဝကို
လှပအောင်
တန်ဆာ ဆင်နိုင်ကြပါစေ
- - - - -
Credit....🕺စာပေရသ🕺
Crd by:ကံထူး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။