သူဌေး
------------
8-12-2017
facebook ပို်င်ရှင် မက်ဇက်ကာဘက်ဟာ ခုချိန်မှာ ဒေါ်လာ ၃၅.၇ ဘီလျံ လောက်ကို ချမ်းသာပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးတွေထဲ နံပတ် (၇) လောက်ကို ချိတ်ပါတယ်။ ဒီလို ကမ္ဘာသိ သူဌေးတစ်ယောက်ဟာ ရိုးစင်း ပကာသန ကင်းတဲ့ ဇနီးသည်နဲ့ အတူ သာမန် အိမ်လေးတစ်လုံးနဲ့ နေပြီး ဘတ်ဂျက်ကားလို့ ခေါ်ရတဲ့ ဟွန်ဒါဖစ်လို အခြေခံကျကျ ကားလေးပဲ စီးတာကို တွေ့ရမယ်။ သူတို့ စုံတွဲ လမ်းထွက်ရင် ဝတ်စားဆင်ယင်တာလည်း ရိုးရိုးစင်းစင်း ပေါ့ပေါ့ ပါးပါးပါပဲ။ မကြာသေးမီကတောင် သမီးလေး မွေးတော့ သမီးလေးနဲ့အတူ ကြီးပြင်းလာရမယ့် မျိုးဆက်သစ်ကလေးတွေအတွက် ပိုကောင်းတဲ့ ကမ္ဘာကြီးကို အမွေချန်ခဲ့နိုင်ဖို့ ဆိုပြီး facebook အစုရှယ်ယာတွေရဲ့ ၉၉% ကို လှူဒါန်းအသုံးပြုမယ် ကြေငြာခဲ့ပါသေးတယ်။ တကယ့် သူဌေးပါပဲ။
သူဟာ အသက် ၂၀ လောက်က facebook ကို စတည်ခဲ့တယ်။ ခုများတော့ အသက် ၃၁ နှစ်အရွယ်မှာ ရိုးရှင်းပြည့်စုံတဲ့ ဘဝနဲ့ သူ့ကိုယ်သူ ပိုင်ဆိုင်နေပြီး၊ လွတ်လပ်ပေါ့ပါး စိတ်သွားတိုင်းကိုယ်ပါ၊ ဝါသနာပါတာကို အောင်မြင်စွာလုပ်ကိုင် ပျော်ရွှင် ပြည့်စုံနေတာပါပဲ။ဒီလိုလူ ကို သူဌေးမခေါ်ရင် ဘယ်သူ့ကို ခေါ်ရပါ့မလဲ။ ဒီသူဌေးလေးကို စဉ်းစားမိတိုင်း လူ့ဘဝမှာ အမှန်တကယ်အာရုံစိုက်သင့်တဲ့အရာတွေကို တွေးမိတယ်။
ကြွယ်ဝချမ်းသာခြင်းဆိုတာ အပြင်ပန်း ပကာသနတွေအတွက်မဟုတ်ဘူး။ စစ်မှန်စွာ ကျေနပ်စရာ ပျော်စရာ ဘဝကို ရနိုင်ဖို့ လိုရင်းပါပဲ။ ကံဆိုတာအလုပ်ပါ။ မြန်မာပြည်သားတွေ သူ့လို ကံကောင်းနိုင်ကြစေချင်တယ်။
သူဌေးဇက်ကာဘက်အကြောင်းကို သုံးသပ်တွေးရင်း ကြွယ်ဝချမ်းသာခြင်းစစ်စစ်ကို
သဘောပေါက်ရင်း၊ မြန်မာ့ စီးပွားရှင်တို့ အမှန်တကယ် ချမ်းသာ နိုင်ကြပါစေ။
သူဌေးစစ်စစ်တွေ ဖြစ်နိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းပါတယ်။
Credit ခရိုနီ မိသားစုများအကြောင်း
------------
8-12-2017
facebook ပို်င်ရှင် မက်ဇက်ကာဘက်ဟာ ခုချိန်မှာ ဒေါ်လာ ၃၅.၇ ဘီလျံ လောက်ကို ချမ်းသာပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးတွေထဲ နံပတ် (၇) လောက်ကို ချိတ်ပါတယ်။ ဒီလို ကမ္ဘာသိ သူဌေးတစ်ယောက်ဟာ ရိုးစင်း ပကာသန ကင်းတဲ့ ဇနီးသည်နဲ့ အတူ သာမန် အိမ်လေးတစ်လုံးနဲ့ နေပြီး ဘတ်ဂျက်ကားလို့ ခေါ်ရတဲ့ ဟွန်ဒါဖစ်လို အခြေခံကျကျ ကားလေးပဲ စီးတာကို တွေ့ရမယ်။ သူတို့ စုံတွဲ လမ်းထွက်ရင် ဝတ်စားဆင်ယင်တာလည်း ရိုးရိုးစင်းစင်း ပေါ့ပေါ့ ပါးပါးပါပဲ။ မကြာသေးမီကတောင် သမီးလေး မွေးတော့ သမီးလေးနဲ့အတူ ကြီးပြင်းလာရမယ့် မျိုးဆက်သစ်ကလေးတွေအတွက် ပိုကောင်းတဲ့ ကမ္ဘာကြီးကို အမွေချန်ခဲ့နိုင်ဖို့ ဆိုပြီး facebook အစုရှယ်ယာတွေရဲ့ ၉၉% ကို လှူဒါန်းအသုံးပြုမယ် ကြေငြာခဲ့ပါသေးတယ်။ တကယ့် သူဌေးပါပဲ။
သူဟာ အသက် ၂၀ လောက်က facebook ကို စတည်ခဲ့တယ်။ ခုများတော့ အသက် ၃၁ နှစ်အရွယ်မှာ ရိုးရှင်းပြည့်စုံတဲ့ ဘဝနဲ့ သူ့ကိုယ်သူ ပိုင်ဆိုင်နေပြီး၊ လွတ်လပ်ပေါ့ပါး စိတ်သွားတိုင်းကိုယ်ပါ၊ ဝါသနာပါတာကို အောင်မြင်စွာလုပ်ကိုင် ပျော်ရွှင် ပြည့်စုံနေတာပါပဲ။ဒီလိုလူ
ကြွယ်ဝချမ်းသာခြင်းဆိုတာ အပြင်ပန်း ပကာသနတွေအတွက်မဟုတ်ဘူး။ စစ်မှန်စွာ ကျေနပ်စရာ ပျော်စရာ ဘဝကို ရနိုင်ဖို့ လိုရင်းပါပဲ။ ကံဆိုတာအလုပ်ပါ။ မြန်မာပြည်သားတွေ သူ့လို ကံကောင်းနိုင်ကြစေချင်တယ်။
သူဌေးဇက်ကာဘက်အကြောင်းကို သုံးသပ်တွေးရင်း ကြွယ်ဝချမ်းသာခြင်းစစ်စစ်ကိ
Credit ခရိုနီ မိသားစုများအကြောင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။