ကြိုးစားရင်အောင်မြင်မယ်ဆို တာ သိရက်နဲ့ ဘာကြောင့်မကြိုးစားကြတာလဲ.. .......
ကြိုးစားရင်အောင်မြင်မယ်ဆို တာ ကမ္ဘာပေါ်မှာရှိသမျှ လူအားလုံးသိတယ်။သို့သော် ကြိုးစားရမယ်ဆိုတာသိတဲ့ လူအားလုံးမအောင်မြင်ကြပါဘူး ။
တစ်ခါတစ်လေ ကိုယ်ကတော့ ဒီအတိုင်းနေရင်းနဲ့ ကိုယ့်ဘေးမှာရှိတဲ့
သက်တူရွယ်တူတွေက ကိုယ့်ထက် ခြေတစ်လှမ်းသာပြီး တစ်ဆင့်မြင့်တဲ့ ရာထူးတစ်ခု၊
တိုးတက်နေတဲ့ အရည်အချင်းတွေနဲ့ ဖြစ်သွားပါပြီ။
ဒါဆို သူတို့တောင် ဒီလိုအရည်အချင်းတွေနဲ့ ပြည်စုံနေချိန်မှာ ကိုယ်ကဘာလုပ်နေခဲ့လဲ။ တစ်ရက်မှာ ၂၄နာရီရတာချင်းတူတူကို ကိုယ်ဟာဘာကြောင့် သူတို့ထက်နောက်ကျနေတာလဲ။ အကြောင်းအရင်း များစွာရှိပါတယ်။
ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတာကိုတောင် ကိုယ့်ကိုယ်ကိုယ် မသိခြင်း။ သိခဲ့ရင်လည်း ဘယ်အရာတွေကို လုပ်ဆောင်ရမလဲဆိုတာကို ကြိုးစားရှာဖွေမှုမရှိခြင်း တွေပါ။
တစ်ခါတစ်လေ ကိုယ်တိုင်ကဘာမှန်းမသိ သူများအဆင်ပြေနေတာတွေ့ရင်
လိုက်လုပ်ချင်တတ်တဲ့ စိတ်မျိုးတွေရှိနေပြန်ရော။ သူများရည်မှန်းချက်နဲ့
ကိုယ့်ဘ၀ကို တည်ဆောက်တာမျိုးတွေကို မလုပ်ပါနဲ့။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထားပါ။ ငါ့ရဲ့ရည်မှန်းချက်၊ ခံယူချက်တွေက ငါ့ကိုအောင်မြင်နိုင်အောင် ပို့ဆောင်ပေးနိုင်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေနဲ့ ကြိုးစားပါ။
အချိန်ကို တန်ဖိုးထားပါ။ တစ်စက္ကန့်ကိုတောင်မှ အချည်းအနှီးမဖြစ်ပါစေနဲ့။ internet ကိုအကျိုးရှိအောင်သုံးပါ။ internet သုံးတာချင်းတူတူ ကိုယ်ကတော့ဘာမှမရလိုက်ဘူး ပိုက်ဆံပဲပေးလိုက်ရတာမျိုးေ တာ့ မဖြစ်ပါစေနဲ့။ internet ဆိုတာသုံးတတ်ရင် ကိုယ့်အတွက်ဆရာတစ်ပါးပါပဲ။ ဆေးဖြစ်အောင်သုံးပါ။ ဘေးဖြစ်အောင်မသုံးပါနဲ့။
For your success-သိုးကျောင်းသမအဖြစ် ကနေ နှစ်ပေါင်း ၂၀ကြာပြီးနောက် နိုင်ငံရဲ့ပညာရေးဝန်ကြီးဖြစ်လာသူ
ကြိုးစားနေချိန်မှာ ငယ်တယ်ကြီးတယ်ဆိုတာတွေကို မေ့ထားပါ။ အိပ်ချင်တယ်၊ စောသေးတယ်၊ ပင်ပန်းတယ်၊ နားလိုက်တော့မယ်၊ နောက်နေ့မှ လုပ်မယ်၊ ဒီနေ့အတွက် ဘာမှမလေ့လာတော့ဘူး စသဖြင့် ဒီလိုစကားမျိုး တွေကို ကိုယ့်ရဲ့ ဦးနှောက်မှတ်ဥာဏ်ထဲ ၀င်မလာအောင် အပြီးတိုင်ဖြတ်ထားပါ။ ဒါတွေဟာသင့်အတွက် ဗိုင်းရပ်စ်တွေပါ။
လူတွေထဲက သာမာန်လူတစ်ယောက်ထက်ပိုအောင် ကြိုးစားလိုက်ကြပါစို့။
Credit..Myanmar Advertising Directory
......................
......................
လေးစားစွာဖြင့် MYO MIN OO
ကနက်သီရိ
ကြိုးစားရင်အောင်မြင်မယ်ဆို
ဒါဆို သူတို့တောင် ဒီလိုအရည်အချင်းတွေနဲ့ ပြည်စုံနေချိန်မှာ ကိုယ်ကဘာလုပ်နေခဲ့လဲ။ တစ်ရက်မှာ ၂၄နာရီရတာချင်းတူတူကို ကိုယ်ဟာဘာကြောင့် သူတို့ထက်နောက်ကျနေတာလဲ။ အကြောင်းအရင်း များစွာရှိပါတယ်။
ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတာကိုတောင် ကိုယ့်ကိုယ်ကိုယ် မသိခြင်း။ သိခဲ့ရင်လည်း ဘယ်အရာတွေကို လုပ်ဆောင်ရမလဲဆိုတာကို ကြိုးစားရှာဖွေမှုမရှိခြင်း
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထားပါ။ ငါ့ရဲ့ရည်မှန်းချက်၊ ခံယူချက်တွေက ငါ့ကိုအောင်မြင်နိုင်အောင် ပို့ဆောင်ပေးနိုင်တယ်ဆိုတဲ့
အချိန်ကို တန်ဖိုးထားပါ။ တစ်စက္ကန့်ကိုတောင်မှ အချည်းအနှီးမဖြစ်ပါစေနဲ့။ internet ကိုအကျိုးရှိအောင်သုံးပါ။ internet သုံးတာချင်းတူတူ ကိုယ်ကတော့ဘာမှမရလိုက်ဘူး ပိုက်ဆံပဲပေးလိုက်ရတာမျိုးေ
For your success-သိုးကျောင်းသမအဖြစ်
ကြိုးစားနေချိန်မှာ ငယ်တယ်ကြီးတယ်ဆိုတာတွေကို မေ့ထားပါ။ အိပ်ချင်တယ်၊ စောသေးတယ်၊ ပင်ပန်းတယ်၊ နားလိုက်တော့မယ်၊ နောက်နေ့မှ လုပ်မယ်၊ ဒီနေ့အတွက် ဘာမှမလေ့လာတော့ဘူး စသဖြင့် ဒီလိုစကားမျိုး တွေကို ကိုယ့်ရဲ့ ဦးနှောက်မှတ်ဥာဏ်ထဲ ၀င်မလာအောင် အပြီးတိုင်ဖြတ်ထားပါ။ ဒါတွေဟာသင့်အတွက် ဗိုင်းရပ်စ်တွေပါ။
လူတွေထဲက သာမာန်လူတစ်ယောက်ထက်ပိုအောင
Credit..Myanmar Advertising Directory
......................
......................
လေးစားစွာဖြင့် MYO MIN OO
ကနက်သီရိ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။