✔ ငါးမန်းတစ်ကောင်နဲ့ ယုံကြည်မှု ✔
တခါက အဏ္ဏ၀ါဗေဒ ပညာရှင်တစ်ယောက်ဟာ ကြီးမားတဲ့ရေကန်ကြီးတစ်ခုမှာ ငါးမန်းတစ်ကောင်ကိုထည့်ထာြး ပီး လက်တွေစမ်းသပ်မှုတစ်ခုပြုလု ပ်ခဲ့ပါတယ်။
ပြီးတော့ ငါးသေးသေးလေးတွေကို ကန်ထဲကိုလွှတ်လိုက်ပါတယ်။
အားလုံးသိတဲ့အတိုင်းပဲ ငါးမန်းဟာသူ့သဘာဝအတိုင်း
ငါးတွေကိုလိုက်စားပါတော့တယ် ။
နောက်စမ်းသပ်မှုတစ်ခုအနေနဲ့ ရေကန်ကို ခိုင်ခန့်တဲ့ မှန်အကြည်တစ်ချပ်နဲ့ နှစ်ပိုင်းကန့်လိုက်ပါတယ်။ ထို့နောက် ငါစားတွေကို တစ်ကန့်ထားပြီး ငါးမန်းကိုတကန့်ထားလိုက်ပါတ ယ်။
ငါးမန်းဟာထုံးစံအတိုင်း ငါးစာမြင်တာနဲ့ ငါးအသေးတွေဆီ သွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ငါးမန်းဟာ မှန်နဲ့တိုက်ပြီး နောက်ပြန်ကန်သွားပါတော့တယ်။ အကြိမ်အနည်းငယ်ထပ်ကြိုးစားေ ပမဲ့လည်း အကြိမ်တိုင်း နောက်ကိုသာပြန်ကန်နေတဲ့အတွက် တစ်နာရီလောက်အကြာမှာတော့ ငါးမန်းဟာ အရှုံးပေးလိုက်ပါတော့တယ် အဲဒီ စမ်းသပ်ချက်ကို တစ်ပတ်လောက်လုပ်လိုက်တဲ့အခါ မှာတော့ ငါးမန်းဟာ မှန်ကိုဝင်တိုက်ရတာနာကျင်လာ တဲ့အတွက် စိတ်အားထက်သန်မှုမရှိတော့သလို ငါးစာကိုလုံးဝမစားရဲတော့တဲ့ အထိ ဖြစ်သွားပါတယ်။
နောက်ဆုံးစမ်းသပ်ချက်အနေနဲ့
အဏ္ဏ၀ါဗေဒပညာရှင်ဟာ မှန်ကိုဖယ်လိုက်ပြီး ငါးစာတွေထပ်ကျွေးနေပေမဲ့ ငါးမန်းဟာ
ငါးသေးတွေနောက်ကို ထပ်မလိုက်တော့ပါဘူ။ ငါးစာတွေနဲ့ ဒီငါးမန်းနဲ့ကြားမှာ
တိုးလို့မပေါက်နိုင်တဲ့ အတားအဆီတစ်ခုရှိနေတယ်ဆိုတဲ့ အသိကို ငါးမန်းရဲ့ မသိစိတ်ထဲအထိ ယုံကြည်အောင်လုပ်လိုက်ခြင်း ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ ဘ၀မှာလည်း ဒီငါးမန်းလို အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့  ကျရှုံးမှုတွေ၊ငြင်းပယ်ခံရမှုတွေ အကြိမ်ကြိမ်ကြုံရခဲ့တဲ့အခါမှာ မဖြစ်နိုင်လောက်ပါဘူး ကျွန်တော်တို့ယုံကြည်မိကြပါ လိမ့်မယ်။
ဒါဟာ Limiting Belief လို့ခေါ်တဲ့ ကိုယ်ရည်ပင်ကိုယ်စွမ်းအင်တွေကို ကန့်သတ်ခံလိုက်ရတာဖြစ်ပါတယ် ။ ဒါကြောင့် ဘ၀မှာ တစ်ခုခုစွန့်စားလုပ်ကိုင်ဖို့ မ၀ံ့မရဲဖြစ်နေတဲ့ အခါမှာ ရေကန်ထဲမှာ အစာငတ်ခံပြီးတော့ ငါးစာတွေမစားရဲတော့တဲ့ ငါးမန်းတစ်ကောင်ကို သတိရလိုက်ပါ။
လေးစားစွာဖြင့်
ပြေခိုင်
Asia's Top Success Coach
1st NLP Trainer and Executive Director of John Maxwell Team
Master Trainer at Myanmar Excellence Institute
#EmpoweringLivesEveryDay
#EmpoweringLeadersEveryDay
#MEI
တခါက အဏ္ဏ၀ါဗေဒ ပညာရှင်တစ်ယောက်ဟာ ကြီးမားတဲ့ရေကန်ကြီးတစ်ခုမှ
နောက်စမ်းသပ်မှုတစ်ခုအနေနဲ့
ငါးမန်းဟာထုံးစံအတိုင်း ငါးစာမြင်တာနဲ့ ငါးအသေးတွေဆီ သွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ငါးမန်းဟာ မှန်နဲ့တိုက်ပြီး နောက်ပြန်ကန်သွားပါတော့တယ်။
နောက်ဆုံးစမ်းသပ်ချက်အနေနဲ့
ကျွန်တော်တို့ ဘ၀မှာလည်း ဒီငါးမန်းလို အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ
ဒါဟာ Limiting Belief လို့ခေါ်တဲ့ ကိုယ်ရည်ပင်ကိုယ်စွမ်းအင်တေ
လေးစားစွာဖြင့်
ပြေခိုင်
Asia's Top Success Coach
1st NLP Trainer and Executive Director of John Maxwell Team
Master Trainer at Myanmar Excellence Institute
#EmpoweringLivesEveryDay
#EmpoweringLeadersEveryDay
#MEI
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။