“ ဆရာများတဲ့ မြန်မာပြည်”
======================
သူရိန်နတ်ဆိုး
ယခုဆို အင်္ဂလိပ်ကြီးတွေ ပျော်နေပြီ ဖြစ်သည်။ ယခင်ကတော့ မြန်မာပြည်ကို လက်လွတ်ဆုံးရှုံးခဲ့ရသည့်အတွ က် သူတို့မှာ အိပ်လို့မပျော် စားလို့ မ၀င် ကြိတ်မနိုင်ခဲ့မရဖြစ်ရနှင့် ။
ယခုတော့ သည်လို မဟုတ်။ “အမလေး……ဘုရားဘုရား ..။ ငါ့တို့လက်ထဲမှာတုန်းက
ဒီလိုသာဆို မလွယ်ပါလား ဟု ဘုရားတရသည့်အထိ လက်လွှတ်လိုက် ရတာကို ကံကောင်းတာဟု
မြင်ကုန်လေသည်။
( အဖြူကောင်ဖြစ်သော် လည်း အိုးမိုင်ဂေါ့ဒ် ဟု မသုံခြင်းမှာ ခင်ဗျားဗုဒ္ဓဘာသာ မဟုတ်လောဟု အပြောခံရမှာစိုး၍ဖြစ်သည်။ ဤကား စကားချပ်)
အင်္ဂလိပ်ကြီးတွေတင်မက။
ဂျပန်ကြီးလည်း ဒီအတိုင်း။ သူတို့လည်း မြန်မာပြည်မှာ နှစ်နှစ် သုံးနှစ်လောက် သိမ်းထားဖူးသဖြင့် “ အမလေး…….တော်ပါသေးရဲ့။ငါတို့ သိမ်းထားတုန်းကသာ ဒီခေတ်လိုဆို မလွယ်ဘူး” ဟု ။ သူတို့ ဘုရားတလည်း တချင်စရာ။မြန်မာပြည်က အပြောင်း လဲကြီး ပြောင်းလဲခဲ့ပြီ ဖြစ်သည်။
တိုးတက်မှုက အံမခန်း။ စာပေအရာ ကြည့်မလား…။ သိပ္ပံအရာကြည့်မလား…..။ ရူပဗေဒဘာသာကြည့်မလား…..။ ဒါမှ မဟုတ်။ အုပ်ချုပ်ရေး ပညာကြည့် မလား။ စစ်ရေးကြည့်မလား…….။
နိုင်ငံမှာ ဘာဖြစ်နေလည်း။ ပြောကြည့် အသေးစိတ် ခွဲခြမ်း စိတ်ဖြာ ဝေဖန်ပိုင်းခြား ပေးမည့်သူတွေ ရှိသည်။
နိုင်ငံရေး ဘောဂဗေဒလား….။
ဒီမှာ အကုန်ရှိသည်။ လူတစ်ယောက် ၀င်ငွေကနေ နိုင်ငံခေါင်းဆောင် ၀တ်စုံအထိ ချိန်ထိုး တွက်ပြမည့် ပညာရှင်တွေ အပုံအပင်။
ဘာသာရေးလား…..။ ဆရာတော် တရားတစ်ပုဒ် မှာ ဘာက ၀ိနည်းနဲ့ ညီမညီ သုတ္တန်နဲ့ ညီမညီ ဒပ်ကနဲ့သိသည်။
စစ်ရေးလား ………။ သူတို့ က အကုန်သိသည်။ ဘယ်နိုင်ငံကို တိုက်ဖို့ ဘာဝယ်ရမည် ဘယ်နိုင်ငံ မြေအောက်မှာ ဘာတွေ ရှိတယ်ဆိုတာက အထိ အကုန်သိသည်။ ဘယ်လိုဗျူဟာ သုံးရမည်။ ဘယ်လိုတိုက်ရမည်။ ဘယ်တောင်ကုန်း မှာ ဘယ်လိုက အစ ဒပ်ကနဲ့ သိသည်။
ပညာရေးလား….။
ဒီအချိန်မှာ ဒါမလုပ်သင့်ဘူး။ ဒါလုပ်သင့်သည်။ ဒပ်ကနဲ ဒပ်ကနဲ ကွက်တိ ထောက်ပြနိုင်သည်။
မြန်မာ့စီးပွားရေးလား….။ကာလ တိုအတွင်း တိုးတက် ဖို့ ဘာတွေရှောင် ဘာတွေဆောင် တခဏအတွင်း အကြံပေးနိုင်သည်။
လူငယ်တွေ စာရိတ္တကောင်းဖို့ လား……။ ၁၈+ပိုစ့်တွေအောက်မှာ ဟာဟား ဟီးဟီးပြောရင်း ပေါ့ပေါ့ပါးပါး ပြောနိုင်သည်။ ဆရာအောင်သင်းတို့ ဆရာ ဦးသုခတို့ ဒါတွေဖတ်ပြီး ပြာဆင်းသွားမည်။ ဒါတွေ ငါတို့မသိလိုက် ပါလား ဆိုပြီးတောင် အသေမဖြောင့် ဖြစ်သွားနိုင်သည်။ သူတို့လောက် တော်၊ သူတို့လောက် စာရိတ္တ ခြောက်ပစ်ကင်း သဲလဲစင်သူ၊ သူတို့လောက် ဘက်စုံတော် သူကား ဤဘဒ္ဒကမ္ဘာတွင် နောင်ပေါ်တော့မည့်မဟုတ်။
ဒီဘက်ခေတ်မှာ ဖေစ့်ဘွတ်ပေါ်တွင် ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး တတ်သိပညာရှင်တွေ ဖြစ်လာကြသည်။ သူတို့ဘယ်လောက် တော်သလဲဆိုတာကြည့်။
ကန်တော်ကြီးဟိုတယ်မီးလောင်သ ည်။
အာဏာပိုင်တွေတောင် ဘာကြောင့် လောင်မှန်းမသိသေး။ သူတို့က တန်းသိသည်။ ၀ါယာရှောပ့်။ ကဲ..ဟုတ်ပြီလား။
နောက်တစ်ခုကြည့်…..။
ဘယ်လောက်သြဇာအာဏာ ရှိလည်းကြည့်။
အောင်လအန်ဆန် နှင့် ကပ္ပလီ အသေအကြေ ချတဲ့ပွဲမှာ ချုပ်ကွက်နှင့်
အောင်လအန်ဆန်က ပထမအချီမှာ နိုင်သွားသည်။ ဒီတွင် သူတို့ တန်းက နဲ့ ပြောသည်။ လုပ်ပွဲကြီးတဲ့…။
အောင်လဆန် လေးခမျာ ကပ္ပလီနဲ့ အသေအကြေ ချပြီး မနားရသေး။ လုပ်ပွဲ မဟုတ်ပါဘူးဆိုတာ ကို ပွဲစီစဉ်သူက ရှင်းရနှင့်။ ဒါကြောင့် ပြော တာ ဒီလူတွေက အရာရာမှာ ကျွမ်းကျင်သည်။ လက်ဝှေ့ဆိုလည်း လက်ဝှေ့၊ မာရှယ်အတ်လည်း မာရှယ်အတ် ၊ရိုးရာလက်ဝှေ့ဆိုလည်း ရိုးရာလက်ဝှေ့။
သူတို့ မလုပ်ဘူးတဲ့ အလုပ်ရှိမည်တောင် မထင်….။
အခြောက်တွေလို နောက်ပေါက်တောင် ရှိမည်မထင်။ ဒီတော့ သူတို့လို အရာရာတတ်သိ ကျွမ်းကျင်သူတွေ ပေါများနေတာကို ကြည့်ပြီး အင်္ဂလိပ်ကြီးတွေ ၊ဂျပန်ကြီးတွေ ဘုရားတနေခြင်းဖြစ်သည်။
“တော်ပါသေးရဲ့…။ငါ့တို့သိမ်းထားတုန်းကဒီလိုလူတွေမရှိလို့…..”ဒီလူတွေ
က သိုင်းလောက စကားအရဆိုလျှင် ဘာအသီး၊ ဘာအရည်သောက် လိုက်မှန်း မသိဘဲနှင့်
ကလစ်တစ်ချက်အနှိပ်၊ အန်းတား တစ်ချက်အခေါက် မှာ ကော်ပီတူဖြင့် ဘာသာရေး၊
လူမှုရေး၊ ပညာရေး၊ စစ်ရေး၊ နိုင်ငံရေး၊ကို “ထုံးလိုခြေ ရေလိုနှောက် “
အလိုလို တတ်ကျွမ်းကြ သူများဖြစ်သည်။
ဆိုရလျှင် သူတို့ အဆင့်က ခေတ်ပန်း ဂိုဏ်းချုပ်(၀ါ) သူတောင်းစား ဂိုဏ်းချုပ် အဆင့်ကြီး တွေပင်ဖြစ်သည်။
ဟိုက အိတ်၁၂ လုံး၊ အိတ် ၁၆ လုံး လွယ်ပြီး ခွေးရိုက်တုတ်နှင့် ဂိုဏ်းချုပ်အရာ မြောက် သည်။
ဒီက ဖေစ့်ဘွတ် အကောင့်ပုန်း ၁၂ ခု ၁၆ ခု နှင့် ဆရာကြီးအရာမြောက်သည်။
ဒါဘဲ ကွာသည်။
သိုင်းလောကမှာ တွေ့တာနှင့် ချကြ နှက်ကြ။ သတ်ကြ ဖျက်ကြ။
ဖေစ့်ဘွတ်ပေါ်မှာ ကတမျိုး။ အကြောင်းတစ်ခု ပေါ်တာနှင့် ကိုက်ကြ…ခဲကြ။
အဲလေ…တိုက်ကြ.. တွယ်ကြနှင့် ….။
သူတို့အားလုံးမှာ တူတာတော့ ရှိသည်။အဲ့ဒါက တွေးရ ခေါ်ရလွန်းသဖြင့် ဘာမှ ဖြစ်မြောက်အောင် မလုပ်တတ်ကြတော့တာ။
သို့သော် သူများလုပ်တာကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်တာတော့ ဆရာတစ်ဆူ သဖွယ် ကျွမ်းကျင်ကြသည်။
ထို့ကြောင့်လည်း သူတို့ခေတ်မှာ ……… သက်ကြီးဝါကြီး ဆရာတော်ကြီး များမှာ ငါးပါးသီလမြဲကြောင်း ဗုဒ္ဒဘာသာဝင် စစ်စစ်ဖြစ်ကြောင်း ထောက်ခံစာ ယူပြရမလိုလို။
နိုင်ငံခေါင်းဆောင်များလည်း ဘယ်သွားသွား၊ ဘာလုပ်လုပ် သူတို့ အပြော လွတ်ရန် အသိပေးပြီးမှ အခွင့်ရမှ လုပ်ရမလိုလို။
ရှေးပညာရှင်များလည်း ရေးခဲ့သမျှ ကျမ်းတွေကို ဘယ်လိုတွေးပြီး ဘယ်လို အတွက် ရေးခဲ့တယ်ဆိုတာ သေရွာကနေ ထလာပြီး ပြန်ပြောပေးရမလိုလို။
စစ်ရေး ခေါင်းဆောင်တွေလည်း ဘာလုပ်လုပ် သူတို့ အကြံပေးတာကို ယူပြီးမှ လုပ်ရမလိုလို။
စီးပွားရေးပညာရှင်တွေလည်း သူတို့ ဆီက အကြံဉာဏ်မဖြစ်ဖြစ်အောင် ယူပြီးမှ စီမံကိန်းတွေ ဆွဲရမလိုလို။ဆန္ဒပြသူတွေ လည်း သူတို့ ဘာပြရင် ကောင်းမလည်း ဆိုတာ မေးပြီးမှ ပြရမလိုလို။
သတ်သေသူတွေ ရာဇ၀တ်မှုကျူးလွန်သူတွေ၊ကျူး လွန်ခံရသူတွေလည်း
မကျူးလွန်ခင် ဘယ်အချိန်၊ ဘယ်ကာလမှာ ဘယ်လိုပုံစံ နဲ့ ကျူးလွန်ရင် ကျင့်ဝတ်
နဲ့ ညီတယ် မညီတယ်ဆိုတာ အကြံလာတောင်းရမလိုလို။
တစ်ခုတော့ ရှိသည်။ဒီလူတွေက ပညာရှင်ပီသသည်။
ဘယ်တော့မှ ရုပ်ထွက်မပြ။ရုပ်ဆိုးလို့တော့မဟုတ်။တချို့ဆို
ကိုရီးယား မင်းသား ပုံလှလှလေး တွေတင်တာ ၊၃၆၀ နဲ့ ရိုက်ပြီး ပုံတွေတင်ထားတာ
ရှိသည်။ဒါပေမယ့် သူတို့ ရုပ်ကိုတော့ လုံးဝမပြ။
ဘာကြောင့် ဆို သူတို့ရုပ်ကိုမြင်ရင် စာကိုမဖတ်ကြတော့မှာစိုးလို့ ဖြစ်သည်။
အဆိုပါ ပညာရှင်တွေမှာ ဖေ့စ်ဘွတ်ပေါ်တွင်သာ သူတို့ပညာရပ်ကို အများကောင်း ကျိုးအတွက် ပညာဒါနအဖြစ် အများပြည်သူ သိစေရန် ဖော်ပြ
သော်လည်း ပြင်ပဘ၀တွင်မှု ကြောင်လက်သည်း ၀ှက်သကဲ့သို့ လူတန်း စား အရပ်ရပ်ထဲတွင် ပညာကို သိုသိပ်ရင်းဇာတ်မြုပ်နေကြသည်။
အချို့က ဆိုက်ကားသမား။
အချို့က လူလိမ်။တချို့က ကြာကူလီ။
အချို့က ဘေးထိုင်ဘုပြော။
တချို့က ပြည့်တန်ဆာ။
တချို့က သူခိုး။
တချို့က တိုက်ခွေး။
တချို့က သီလကြောင်။
တချို့က လက်ပါးစေ။
တချို့က စေသည့်ကျွန်၊ထွန်သည့်နွား.. ။
တချို့က ရာဇ၀တ်သား…….အဖြစ်နှင့် …။
ဤသို့ ရုပ်ဖျက်ကာ ဖေစ်ဘွတ် (ဘွတ်)ပေါ်မှ ဆရာ့ဆရာကြီးများနေထိုင်ကြ
လေသည်။
မြန်မာပြည်ကား ဆရာကြီးတွေများ၍ ဂုဏ်ယူရမည် ဖြစ်သည်။
ကောင်းလေစွ…..ကောင်းလေစွ….။
opinion leaders
======================
သူရိန်နတ်ဆိုး
ယခုဆို အင်္ဂလိပ်ကြီးတွေ ပျော်နေပြီ ဖြစ်သည်။ ယခင်ကတော့ မြန်မာပြည်ကို လက်လွတ်ဆုံးရှုံးခဲ့ရသည့်အတွ
( အဖြူကောင်ဖြစ်သော် လည်း အိုးမိုင်ဂေါ့ဒ် ဟု မသုံခြင်းမှာ ခင်ဗျားဗုဒ္ဓဘာသာ မဟုတ်လောဟု အပြောခံရမှာစိုး၍ဖြစ်သည်။ ဤကား စကားချပ်)
အင်္ဂလိပ်ကြီးတွေတင်မက။
ဂျပန်ကြီးလည်း ဒီအတိုင်း။ သူတို့လည်း မြန်မာပြည်မှာ နှစ်နှစ် သုံးနှစ်လောက် သိမ်းထားဖူးသဖြင့် “ အမလေး…….တော်ပါသေးရဲ့။ငါတို
တိုးတက်မှုက အံမခန်း။ စာပေအရာ ကြည့်မလား…။ သိပ္ပံအရာကြည့်မလား…..။ ရူပဗေဒဘာသာကြည့်မလား…..။ ဒါမှ မဟုတ်။ အုပ်ချုပ်ရေး ပညာကြည့် မလား။ စစ်ရေးကြည့်မလား…….။
နိုင်ငံမှာ ဘာဖြစ်နေလည်း။ ပြောကြည့် အသေးစိတ် ခွဲခြမ်း စိတ်ဖြာ ဝေဖန်ပိုင်းခြား ပေးမည့်သူတွေ ရှိသည်။
နိုင်ငံရေး ဘောဂဗေဒလား….။
ဒီမှာ အကုန်ရှိသည်။ လူတစ်ယောက် ၀င်ငွေကနေ နိုင်ငံခေါင်းဆောင် ၀တ်စုံအထိ ချိန်ထိုး တွက်ပြမည့် ပညာရှင်တွေ အပုံအပင်။
ဘာသာရေးလား…..။ ဆရာတော် တရားတစ်ပုဒ် မှာ ဘာက ၀ိနည်းနဲ့ ညီမညီ သုတ္တန်နဲ့ ညီမညီ ဒပ်ကနဲ့သိသည်။
စစ်ရေးလား ………။ သူတို့ က အကုန်သိသည်။ ဘယ်နိုင်ငံကို တိုက်ဖို့ ဘာဝယ်ရမည် ဘယ်နိုင်ငံ မြေအောက်မှာ ဘာတွေ ရှိတယ်ဆိုတာက အထိ အကုန်သိသည်။ ဘယ်လိုဗျူဟာ သုံးရမည်။ ဘယ်လိုတိုက်ရမည်။ ဘယ်တောင်ကုန်း မှာ ဘယ်လိုက အစ ဒပ်ကနဲ့ သိသည်။
ပညာရေးလား….။
ဒီအချိန်မှာ ဒါမလုပ်သင့်ဘူး။ ဒါလုပ်သင့်သည်။ ဒပ်ကနဲ ဒပ်ကနဲ ကွက်တိ ထောက်ပြနိုင်သည်။
မြန်မာ့စီးပွားရေးလား….။ကာလ
လူငယ်တွေ စာရိတ္တကောင်းဖို့ လား……။ ၁၈+ပိုစ့်တွေအောက်မှာ ဟာဟား ဟီးဟီးပြောရင်း ပေါ့ပေါ့ပါးပါး ပြောနိုင်သည်။ ဆရာအောင်သင်းတို့ ဆရာ ဦးသုခတို့ ဒါတွေဖတ်ပြီး ပြာဆင်းသွားမည်။ ဒါတွေ ငါတို့မသိလိုက် ပါလား ဆိုပြီးတောင် အသေမဖြောင့် ဖြစ်သွားနိုင်သည်။ သူတို့လောက် တော်၊ သူတို့လောက် စာရိတ္တ ခြောက်ပစ်ကင်း သဲလဲစင်သူ၊ သူတို့လောက် ဘက်စုံတော် သူကား ဤဘဒ္ဒကမ္ဘာတွင် နောင်ပေါ်တော့မည့်မဟုတ်။
ဒီဘက်ခေတ်မှာ ဖေစ့်ဘွတ်ပေါ်တွင် ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး တတ်သိပညာရှင်တွေ ဖြစ်လာကြသည်။ သူတို့ဘယ်လောက် တော်သလဲဆိုတာကြည့်။
ကန်တော်ကြီးဟိုတယ်မီးလောင်သ
အာဏာပိုင်တွေတောင် ဘာကြောင့် လောင်မှန်းမသိသေး။ သူတို့က တန်းသိသည်။ ၀ါယာရှောပ့်။ ကဲ..ဟုတ်ပြီလား။
နောက်တစ်ခုကြည့်…..။
ဘယ်လောက်သြဇာအာဏာ ရှိလည်းကြည့်။
အောင်လအန်ဆန် နှင့် ကပ္ပလီ အသေအကြေ ချတဲ့ပွဲမှာ ချုပ်ကွက်နှင့်
အောင်လအန်ဆန်က ပထမအချီမှာ နိုင်သွားသည်။ ဒီတွင် သူတို့ တန်းက နဲ့ ပြောသည်။ လုပ်ပွဲကြီးတဲ့…။
အောင်လဆန် လေးခမျာ ကပ္ပလီနဲ့ အသေအကြေ ချပြီး မနားရသေး။ လုပ်ပွဲ မဟုတ်ပါဘူးဆိုတာ ကို ပွဲစီစဉ်သူက ရှင်းရနှင့်။ ဒါကြောင့် ပြော တာ ဒီလူတွေက အရာရာမှာ ကျွမ်းကျင်သည်။ လက်ဝှေ့ဆိုလည်း လက်ဝှေ့၊ မာရှယ်အတ်လည်း မာရှယ်အတ် ၊ရိုးရာလက်ဝှေ့ဆိုလည်း ရိုးရာလက်ဝှေ့။
သူတို့ မလုပ်ဘူးတဲ့ အလုပ်ရှိမည်တောင် မထင်….။
အခြောက်တွေလို နောက်ပေါက်တောင် ရှိမည်မထင်။ ဒီတော့ သူတို့လို အရာရာတတ်သိ ကျွမ်းကျင်သူတွေ ပေါများနေတာကို ကြည့်ပြီး အင်္ဂလိပ်ကြီးတွေ ၊ဂျပန်ကြီးတွေ ဘုရားတနေခြင်းဖြစ်သည်။
“တော်ပါသေးရဲ့…။ငါ့တို့သိမ်
ဆိုရလျှင် သူတို့ အဆင့်က ခေတ်ပန်း ဂိုဏ်းချုပ်(၀ါ) သူတောင်းစား ဂိုဏ်းချုပ် အဆင့်ကြီး တွေပင်ဖြစ်သည်။
ဟိုက အိတ်၁၂ လုံး၊ အိတ် ၁၆ လုံး လွယ်ပြီး ခွေးရိုက်တုတ်နှင့် ဂိုဏ်းချုပ်အရာ မြောက် သည်။
ဒီက ဖေစ့်ဘွတ် အကောင့်ပုန်း ၁၂ ခု ၁၆ ခု နှင့် ဆရာကြီးအရာမြောက်သည်။
ဒါဘဲ ကွာသည်။
သိုင်းလောကမှာ တွေ့တာနှင့် ချကြ နှက်ကြ။ သတ်ကြ ဖျက်ကြ။
ဖေစ့်ဘွတ်ပေါ်မှာ ကတမျိုး။ အကြောင်းတစ်ခု ပေါ်တာနှင့် ကိုက်ကြ…ခဲကြ။
အဲလေ…တိုက်ကြ.. တွယ်ကြနှင့် ….။
သူတို့အားလုံးမှာ တူတာတော့ ရှိသည်။အဲ့ဒါက တွေးရ ခေါ်ရလွန်းသဖြင့် ဘာမှ ဖြစ်မြောက်အောင် မလုပ်တတ်ကြတော့တာ။
သို့သော် သူများလုပ်တာကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်တာတော့ ဆရာတစ်ဆူ သဖွယ် ကျွမ်းကျင်ကြသည်။
ထို့ကြောင့်လည်း သူတို့ခေတ်မှာ ……… သက်ကြီးဝါကြီး ဆရာတော်ကြီး များမှာ ငါးပါးသီလမြဲကြောင်း ဗုဒ္ဒဘာသာဝင် စစ်စစ်ဖြစ်ကြောင်း ထောက်ခံစာ ယူပြရမလိုလို။
နိုင်ငံခေါင်းဆောင်များလည်း
ရှေးပညာရှင်များလည်း ရေးခဲ့သမျှ ကျမ်းတွေကို ဘယ်လိုတွေးပြီး ဘယ်လို အတွက် ရေးခဲ့တယ်ဆိုတာ သေရွာကနေ ထလာပြီး ပြန်ပြောပေးရမလိုလို။
စစ်ရေး ခေါင်းဆောင်တွေလည်း ဘာလုပ်လုပ် သူတို့ အကြံပေးတာကို ယူပြီးမှ လုပ်ရမလိုလို။
စီးပွားရေးပညာရှင်တွေလည်း သူတို့ ဆီက အကြံဉာဏ်မဖြစ်ဖြစ်အောင် ယူပြီးမှ စီမံကိန်းတွေ ဆွဲရမလိုလို။ဆန္ဒပြသူတွေ လည်း သူတို့ ဘာပြရင် ကောင်းမလည်း ဆိုတာ မေးပြီးမှ ပြရမလိုလို။
သတ်သေသူတွေ ရာဇ၀တ်မှုကျူးလွန်သူတွေ၊ကျူး
တစ်ခုတော့ ရှိသည်။ဒီလူတွေက ပညာရှင်ပီသသည်။
ဘယ်တော့မှ ရုပ်ထွက်မပြ။ရုပ်ဆိုးလို့တေ
ဘာကြောင့် ဆို သူတို့ရုပ်ကိုမြင်ရင် စာကိုမဖတ်ကြတော့မှာစိုးလို့
အဆိုပါ ပညာရှင်တွေမှာ ဖေ့စ်ဘွတ်ပေါ်တွင်သာ သူတို့ပညာရပ်ကို အများကောင်း ကျိုးအတွက် ပညာဒါနအဖြစ် အများပြည်သူ သိစေရန် ဖော်ပြ
သော်လည်း ပြင်ပဘ၀တွင်မှု ကြောင်လက်သည်း ၀ှက်သကဲ့သို့ လူတန်း စား အရပ်ရပ်ထဲတွင် ပညာကို သိုသိပ်ရင်းဇာတ်မြုပ်နေကြသည
အချို့က ဆိုက်ကားသမား။
အချို့က လူလိမ်။တချို့က ကြာကူလီ။
အချို့က ဘေးထိုင်ဘုပြော။
တချို့က ပြည့်တန်ဆာ။
တချို့က သူခိုး။
တချို့က တိုက်ခွေး။
တချို့က သီလကြောင်။
တချို့က လက်ပါးစေ။
တချို့က စေသည့်ကျွန်၊ထွန်သည့်နွား..
တချို့က ရာဇ၀တ်သား…….အဖြစ်နှင့် …။
ဤသို့ ရုပ်ဖျက်ကာ ဖေစ်ဘွတ် (ဘွတ်)ပေါ်မှ ဆရာ့ဆရာကြီးများနေထိုင်ကြ
လေသည်။
မြန်မာပြည်ကား ဆရာကြီးတွေများ၍ ဂုဏ်ယူရမည် ဖြစ်သည်။
ကောင်းလေစွ…..ကောင်းလေစွ….။
opinion leaders
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။