သင် အဆိုးဆုံးထိ ရင်ဆိုင်နေရပြီလား
===================
တစ်ခါက ရွာတစ်ရွာမှာ အင်မတန်မှ စားလို့ကောင်းသော
သရက်ပင်ကြီးတစ်ပင်ရှိတယ်။
ထိုသရက်ပင်ကြီးဟာ ရွာလယ်ခေါင်မှာရှိတယ်။
ရွာအစွန် တောစပ်တစ်နေရာမှာတော့ မျောက်တစ်အုပ်ရှိတယ်။
တစ်နေ့မှာတော့ ထိုသရက်သီးများအကြောင်းကြို ကားပြီး
မျောက်တွေဟာ အလွန်တရာမှ ခူးယူစားသောက်ချင်
နေကြတယ်။
မည်သို့ ခူးယူရမည်နည်း။ မသိ။
သူတို့ သွားရောက် ခူးစားကြရင်လည်း
ရွာသားများက သူတို့ကိုပြန်ပြီး ဖမ်းယူသတ်ဖြတ်ကြမည်။
ထိုအခါ မျောက်တစ်ကောင်က မျောက်မင်းကြီးကို
ပြောလိုက်တယ်။
ကျွန်တော်တို့ ထိုသရက်သီးများကို စားသောက်ချင်တယ်
မျောက်မင်းကြီးကလည်း
" မင်းတို့ တစ်ခြားအသီးကိုစားကြပါ အဲ့ဒီ့သရက်ပင်က ရွာလယ်မှာရှိတယ် ငါတို့သွားခူးရင် လူတွေနဲ့တွေ့လိမ့်မည်
လူတွေဟာ သိပ်ကိုရက်စက်ကြတယ် ငါတို့ကို သတ်ဖြတ်မှာသေချာတယ် မသွားပါနှင့်" ဟုပြောလေသည်။
" ဒါဆို ကျွန်တော်တို့ လူတွေအိပ်မောကျနေတဲ့အချိန်မှာ
ခိုးယူရင် ရနိုင်တယ်" လို့ မျောက်တစ်ကောင်ထပြီး
အကြံပြုလိုက်သောအခါ ထိုအကြံကို မျောက်များအားလုံး ထောက်ခံကြ၍ မျောက်မင်းကြီးမှာ ခွင့်ပြုလိုက်ရသည်။
ညအချိန် လူတွေအိပ်မောကျနေသည့်အချိန် မှာ
ကြံစည်ထားသည့်အတိုင်း သရက်ပင်ကြီးပေါ်ကိုတက်ပြီး
အလွန်တရာမှ အရသာရှိတဲ့ သရက်သီးတွေကို ခူးစားကြတယ်။
သိပ်မကြာခင်မှာပဲ လူတစ်ယောက်ဟာ
အပေါ့ပါးစွန့်ရန် အိမ်ပြင်သို့ထွတ်အလာ
သစ်ပင်ပေါ်က မျောက်များကို မြင်တွေ့ပြီး
ရွာသူရွာသားများနှိုးကာ သစ်ပင်အား ၀ိုင်း၍
မျောက်များကို သတ်ဖြတ်ဖို့ စောင့်နေကြတယ်။
ထိုအချိန်မှာတော့ မျောက်တွေအားလုံး သရက်သီးများကို ဆက်မစားရဲ။
ငါတို့သေရတော့မည်ဟုသာ စိတ်က ကြီးစိုးနေလေတယ်။
သူတို့အားလုံး အသက်ခံရတော့မည် သေချာသည်။
တစ်ခြားပြေးစရာနေရာမရှိ။
အောက်မှာလည်း သူတွေက တုက်ကိုယ်စီဖြင့်
ဝိုင်းအုံနေကြသည်။
မျောက်မင်းကြီးနားကို အားလုံးကပ်ပြီး
သနားစရာမျက်နှာကလေးဖြင့်
အစီရီရှိနေကြသည်။
ကျွန်တော်တို့ အားလုံးမကြာခင်သေရတော့မည်
ဟူသော ကိုယ်စီအတွေးများနဲ့ မျောက်မင်းကြီးကို
ကြည့်နေခြင်းပါ။
ထိုအချိန်မှာ လူတစ်ယောက် ပြေးလာပြီး
" မီး.....မီးးလောင်နေပြီ" ဟု အော်ဟစ်ကာရောက်လာသည်။
အသံနှင့်အတူ မလှမ်းမကမ်းဆီမှ မီးညွန့်များကို
လှမ်းမြင်လိုက်ရသည်။
ဆွမ်းထချက်ရင်း နမော်နမဲ့ ဖြစ်ကာ အိမ်ကို မီးကူးသွားသည်ဟုဆိုကြသည်။
မီးတောက်များ ကြီးလာသည်။
မျောက်တွေကို သက်ရန် ၀ိုင်းထားသော
လူတွေဟာလည်း မီးဆီကို အာရုံရောက်ပြီး
ပြေးကုန်ကြသည်။
လူတွေ မီးလောင်ရာပြေးတော့မှ
မျောက်မင်းကြီး ဦးဆောင်ပြီး
သစ်ပင်ပေါ်မှာ ဆင်းကာ အသက်ဘေးမှ
ကင်းလွတ်သွားကြသည်။
တစ်ခါတစ်လေ လုံးဝ ထင်မှတ်မထားတဲ့အရာတွေက
ကူညီမှုတွေ ရတတ်ပါတယ်။
အဆုံးထိ စိတ်ဓာတ်ကျနေစေဦး
ဘ၀ကို အဆုံးမသတ်လိုက်ပါနဲ့။
ထွတ်ပေါက်မရှိတော့ဘူးဆိုပြီးလည်း
ကိုယ့်ကိုကိုယ် အရှုံးမပေးလိုက်ပါနဲ့။
ရေနစ်နေတဲ့လူတောင် သုံးကြိမ်တိတိ ကြိုးစားခွင့်ပေးသေးတာပဲ။
အသက်ရှင်နေသရွေ့ ကြိုးစားခွင့်ရှိပါသေးတယ်။
လေးစားစွာဖြင့်
#သျှီတမာမြေ
===================
တစ်ခါက ရွာတစ်ရွာမှာ အင်မတန်မှ စားလို့ကောင်းသော
သရက်ပင်ကြီးတစ်ပင်ရှိတယ်။
ထိုသရက်ပင်ကြီးဟာ ရွာလယ်ခေါင်မှာရှိတယ်။
ရွာအစွန် တောစပ်တစ်နေရာမှာတော့ မျောက်တစ်အုပ်ရှိတယ်။
တစ်နေ့မှာတော့ ထိုသရက်သီးများအကြောင်းကြို
မျောက်တွေဟာ အလွန်တရာမှ ခူးယူစားသောက်ချင်
နေကြတယ်။
မည်သို့ ခူးယူရမည်နည်း။ မသိ။
သူတို့ သွားရောက် ခူးစားကြရင်လည်း
ရွာသားများက သူတို့ကိုပြန်ပြီး ဖမ်းယူသတ်ဖြတ်ကြမည်။
ထိုအခါ မျောက်တစ်ကောင်က မျောက်မင်းကြီးကို
ပြောလိုက်တယ်။
ကျွန်တော်တို့ ထိုသရက်သီးများကို စားသောက်ချင်တယ်
မျောက်မင်းကြီးကလည်း
" မင်းတို့ တစ်ခြားအသီးကိုစားကြပါ အဲ့ဒီ့သရက်ပင်က ရွာလယ်မှာရှိတယ် ငါတို့သွားခူးရင် လူတွေနဲ့တွေ့လိမ့်မည်
လူတွေဟာ သိပ်ကိုရက်စက်ကြတယ် ငါတို့ကို သတ်ဖြတ်မှာသေချာတယ် မသွားပါနှင့်" ဟုပြောလေသည်။
" ဒါဆို ကျွန်တော်တို့ လူတွေအိပ်မောကျနေတဲ့အချိန်မ
ခိုးယူရင် ရနိုင်တယ်" လို့ မျောက်တစ်ကောင်ထပြီး
အကြံပြုလိုက်သောအခါ ထိုအကြံကို မျောက်များအားလုံး ထောက်ခံကြ၍ မျောက်မင်းကြီးမှာ ခွင့်ပြုလိုက်ရသည်။
ညအချိန် လူတွေအိပ်မောကျနေသည့်အချိန်
ကြံစည်ထားသည့်အတိုင်း သရက်ပင်ကြီးပေါ်ကိုတက်ပြီး
အလွန်တရာမှ အရသာရှိတဲ့ သရက်သီးတွေကို ခူးစားကြတယ်။
သိပ်မကြာခင်မှာပဲ လူတစ်ယောက်ဟာ
အပေါ့ပါးစွန့်ရန် အိမ်ပြင်သို့ထွတ်အလာ
သစ်ပင်ပေါ်က မျောက်များကို မြင်တွေ့ပြီး
ရွာသူရွာသားများနှိုးကာ သစ်ပင်အား ၀ိုင်း၍
မျောက်များကို သတ်ဖြတ်ဖို့ စောင့်နေကြတယ်။
ထိုအချိန်မှာတော့ မျောက်တွေအားလုံး သရက်သီးများကို ဆက်မစားရဲ။
ငါတို့သေရတော့မည်ဟုသာ စိတ်က ကြီးစိုးနေလေတယ်။
သူတို့အားလုံး အသက်ခံရတော့မည် သေချာသည်။
တစ်ခြားပြေးစရာနေရာမရှိ။
အောက်မှာလည်း သူတွေက တုက်ကိုယ်စီဖြင့်
ဝိုင်းအုံနေကြသည်။
မျောက်မင်းကြီးနားကို အားလုံးကပ်ပြီး
သနားစရာမျက်နှာကလေးဖြင့်
အစီရီရှိနေကြသည်။
ကျွန်တော်တို့ အားလုံးမကြာခင်သေရတော့မည်
ဟူသော ကိုယ်စီအတွေးများနဲ့ မျောက်မင်းကြီးကို
ကြည့်နေခြင်းပါ။
ထိုအချိန်မှာ လူတစ်ယောက် ပြေးလာပြီး
" မီး.....မီးးလောင်နေပြီ" ဟု အော်ဟစ်ကာရောက်လာသည်။
အသံနှင့်အတူ မလှမ်းမကမ်းဆီမှ မီးညွန့်များကို
လှမ်းမြင်လိုက်ရသည်။
ဆွမ်းထချက်ရင်း နမော်နမဲ့ ဖြစ်ကာ အိမ်ကို မီးကူးသွားသည်ဟုဆိုကြသည်။
မီးတောက်များ ကြီးလာသည်။
မျောက်တွေကို သက်ရန် ၀ိုင်းထားသော
လူတွေဟာလည်း မီးဆီကို အာရုံရောက်ပြီး
ပြေးကုန်ကြသည်။
လူတွေ မီးလောင်ရာပြေးတော့မှ
မျောက်မင်းကြီး ဦးဆောင်ပြီး
သစ်ပင်ပေါ်မှာ ဆင်းကာ အသက်ဘေးမှ
ကင်းလွတ်သွားကြသည်။
တစ်ခါတစ်လေ လုံးဝ ထင်မှတ်မထားတဲ့အရာတွေက
ကူညီမှုတွေ ရတတ်ပါတယ်။
အဆုံးထိ စိတ်ဓာတ်ကျနေစေဦး
ဘ၀ကို အဆုံးမသတ်လိုက်ပါနဲ့။
ထွတ်ပေါက်မရှိတော့ဘူးဆိုပြီ
ကိုယ့်ကိုကိုယ် အရှုံးမပေးလိုက်ပါနဲ့။
ရေနစ်နေတဲ့လူတောင် သုံးကြိမ်တိတိ ကြိုးစားခွင့်ပေးသေးတာပဲ။
အသက်ရှင်နေသရွေ့ ကြိုးစားခွင့်ရှိပါသေးတယ်။
လေးစားစွာဖြင့်
#သျှီတမာမြေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။