အချိန်နှင့်ပတ်သတ်၍အတွေးအမြ င်
•••••••••••••••••••••••••
အချိန်ကိုတန်ဖိုးမထားသူများ သည် အသက်ကို တန်ဖိုးမထားသူများဖြစ်သည်။ အချိန်ကိုအလ ကားဖြုန်းတီးပစ်သူများသည် အသက်ကို အလကားဖြုန်းတီးပစ်သူများသြာ ဖစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တိုကလေး များကို ပေါင်းစည်းထားသည်ကိုပင် အသက် ဟုခေါ်သောကြောင့်ပင်တည်း။
ဂျပန်ပြည်မှ အချမ်းသာဆုံးဆယ်ဦးစာရင်းဝင် သူကြွယ်လေးတစ်ယောက် စီးပွားရေးကိစ္စ တစ်ခုဖြင့်မြန်မာနိုင်ငံသို့  ရောက်လာသည်။
ထိုအခါ စာရေးဆရာချစ်စံဝင်းက မေးခွန်း တစ်ခုမေးလိုက်သည်။ မေးခွန်းက ကျွန်တော် တို့မြန်မာပြည်ဟာ သယံဇာတတွေလည်းအ လျှံပယ်ပေါကြွယ်ဝပါတယ်။ အခုနိုင်ငံတော် အစိုးရကလည်း စီးပွားရေးတွေဖွင့်ပြီးလွတ်
လပ်စွာပြည်တွင်းပြည်ပ ရောင်းဝယ်ဖောက် ကားခွင့်ကိုပေးနေပါပြီ။
ဒီအခြေအနေမျိုးနဲ့ ဆိုရင် မြန်မာပြည်ဟာနှစ်ဘယ်လောက် အကြာမှာ
ကြီးပွားချမ်းသာလာနိုင်ပါသလဲ။
ထိုအခါ ဂျပန်သူဋ္ဌေးလေးပြန်ဖြေသည်မှာ ဈေးကွက်စီးပွားရေးတွေဘယ်လောက်ဖွင့်ဖွင့် သယံဇာတတွေဘယ်လောက်ပေါပေါ၊ မြန်မာ လူငယ်တွေလက်ဖက်ရည်ဆိုင်တွေမှာထိုင်ပြီး အချိန်ဖြုန်းနေသရွေ့မြန်မြာ ပည်ဟာတော် တော်နဲ့ကြီးပွားလာမှာ မဟုတ်ပါဘူးတဲ့။
ကြီးပွားချမ်းသာလိုသူဟူသမျှ တို့သည်မည်သည့် နာရီမိနစ်စက္ကန့်မဆို ကုသိုလ် ပညာ ဥစ္စာဤ သုံးမျိုးတွင် တစ်မျိုးမျိုးကိုရအပ်၏။ ဤသုံးမျိုး တွင်တစ်မျိုးမျိုးမှမရလျှင် အချိန်ကိုအလွဲသုံး စားလုပ်သည်မည်တော့၏။ ဟုသတိပေးခဲ့၏။
အာနိုးဘင်းနက်အမည်ရှိ စာရေးဆရာကြီးတစ်ဦး က အချိန်နှင့်ပတ်သတ်၍
အချိန်ဟာကြွယ်ဝချမ်းသာမှုအတွ က်ဘယ်သူ့
ကိုမှ အထူးအခွင့်အရေးမပေးဘူး။ ပညာထူး ချွန်ဖို့အတွက်
အခွင့်ထူးခံလည်းမရှိဘူး။ ပညာတတ်ကိုလည်း ဘယ်သောအခါမှ တစ်နေ့တစ်နာရီဆုအဖြစ်
ပိုမပေးပါဘူး။ အပြစ်ဒဏ်ပေးတာလဲမရှိပါဘူး။ အတိုင်း
အဆမရှိအင်မတန်အဖိုးတန်တဲံ့ ဒီပစ္စည်း ကို သင်ဖြုန်းချင်တိုင်းဖြုန်းပ စ်လို့သင့်ကို ဆက်ပြီးမပေးဘူးလို့လည်းမရှိ ပါဘူး။
ဘယ်လိုတန်ခိုးရှင်ကမှ ဒီလူဟာအရှုး ဒါမှမဟုတ်လူလိမ်လူကောက်၊ အချိန်နှင့် မတန်ဘူး မရသင့်ဘူး၊ အချိန်ပေးတဲ့မီတာ ဖြတ်ပစ်မယ်လို့လဲ မဆိုနိုင်ဘူး။ ဘဏ်များ က အာမခံချက်ထက်သေချာခိုင်မာသေး တယ်။ တနင်္ဂနွေနေ့တွေမှာလည်းပေးမြဲ ပေးနေတာပဲ။ ရပ်မထားဘူး။ မထိခိုက်ဘူး။ တစ်ခုတော့ရှိတယ်။ ကြိုထုတ်လို့တော့မရ ဘူး။ ဒီတော့အကြွေးမတင်ဘူး။
ကျန်နေတဲ့အချိန်ပိုင်းကလေးကိုတော့ဖြုန်း ပစ်ချင်လဲဖြုန်းပစ်နိုင်တယ် ။
နက်ဖြန်ကို တော့ ဖြုန်းလို့မရဘူး။ သင့်အတွက်ကောင်း ကောင်းသိမ်းထားတယ်။
နောင်လာမည့် နာရီပိုင်းကိုလည်း ဖြုန်းပစ်လို့မရဘူးသင့် အတွက်သိမ်းထားတာပဲ။
နေ့စဉ်အချိန်ရှိနေတဲ့ ၂၄နာရီဟာ သင်နေရတဲ့ အချိန်ပဲ၊ ဒီအထဲက ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ငွေကြေး၊ စိတ်ကျေနပ်မှု၊ လေးစားခံရမှုနဲ့ မပျောက်ပျက်နိုင်တဲ့ လည်ပတ်မှုအတွက် သင် လုံးပန်းနေရတာပဲဟု ပြောခဲ့၏။
လူတစ်ယောက်တစ်သက်တာနေရချိန် အတွင်း အလုပ်လုပ်ချိန်ထက် တစ်ခြားအချိန်များက ပိုများနေကြောင်းကို ဆရာကြီးပီမိုးနင်းက အောက်ပါအတိုင်းတွက်ချက်ပြခဲ့ သည်။ ဤတွက်ချက်မှုကား အသက်(၆၀)နှစ်နှင့် လေးလခန့်နေရမည့် လူတစ်ယောက်ကို တွက်ချက်ပေးခြင်းပင်ဖြစ်သည် ။
အိပ်ချိန် = ၂၀ နှစ်
စားသောက်ချိန် = ၃ နှစ်
စားသောက်ရန်စောင့်ရချိန် = ၉ လ
အပျော်အပါးချိန် = ၇နှစ် ၆ လ
လမ်းလျှောက်ချိန် ကစားချိန် = ၆နှစ် ၇လ
အ၀တ်အစားလဲချိန် = ၂ နှစ် ၆ လ
အလကားနေချိန် = ၂ နှစ် ၆ လ
အလုပ်လုပ်ချိန် = ၁၇ နှစ် ၅ လ။
ဖော်ပြပါတွက်ချက်မှုကို လေ့လာကြည့်လျှင် လူတစ်ယောက်မကြီးပွားခြင်း၏အ ဓိက အကြောင်းမှာ အလုပ်မလုပ်မှုကြောင့်ဟူ သည်မှာ ထင်ရှား၏။
Aung Ko Latt
ရာမညမြေ
•••••••••••••••••••••••••
အချိန်ကိုတန်ဖိုးမထားသူများ
ဂျပန်ပြည်မှ အချမ်းသာဆုံးဆယ်ဦးစာရင်းဝင
ထိုအခါ စာရေးဆရာချစ်စံဝင်းက မေးခွန်း တစ်ခုမေးလိုက်သည်။ မေးခွန်းက ကျွန်တော် တို့မြန်မာပြည်ဟာ သယံဇာတတွေလည်းအ လျှံပယ်ပေါကြွယ်ဝပါတယ်။ အခုနိုင်ငံတော် အစိုးရကလည်း စီးပွားရေးတွေဖွင့်ပြီးလွတ်
ထိုအခါ ဂျပန်သူဋ္ဌေးလေးပြန်ဖြေသည်မှာ
ကြီးပွားချမ်းသာလိုသူဟူသမျှ
အာနိုးဘင်းနက်အမည်ရှိ စာရေးဆရာကြီးတစ်ဦး က အချိန်နှင့်ပတ်သတ်၍
အချိန်ဟာကြွယ်ဝချမ်းသာမှုအတွ
ဘယ်လိုတန်ခိုးရှင်ကမှ ဒီလူဟာအရှုး ဒါမှမဟုတ်လူလိမ်လူကောက်၊ အချိန်နှင့် မတန်ဘူး မရသင့်ဘူး၊ အချိန်ပေးတဲ့မီတာ ဖြတ်ပစ်မယ်လို့လဲ မဆိုနိုင်ဘူး။ ဘဏ်များ က အာမခံချက်ထက်သေချာခိုင်မာသေ
ကျန်နေတဲ့အချိန်ပိုင်းကလေးက
နေ့စဉ်အချိန်ရှိနေတဲ့ ၂၄နာရီဟာ သင်နေရတဲ့ အချိန်ပဲ၊ ဒီအထဲက ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ငွေကြေး၊ စိတ်ကျေနပ်မှု၊ လေးစားခံရမှုနဲ့ မပျောက်ပျက်နိုင်တဲ့ လည်ပတ်မှုအတွက် သင် လုံးပန်းနေရတာပဲဟု ပြောခဲ့၏။
လူတစ်ယောက်တစ်သက်တာနေရချိန်
အိပ်ချိန် = ၂၀ နှစ်
စားသောက်ချိန် = ၃ နှစ်
စားသောက်ရန်စောင့်ရချိန် = ၉ လ
အပျော်အပါးချိန် = ၇နှစ် ၆ လ
လမ်းလျှောက်ချိန် ကစားချိန် = ၆နှစ် ၇လ
အ၀တ်အစားလဲချိန် = ၂ နှစ် ၆ လ
အလကားနေချိန် = ၂ နှစ် ၆ လ
အလုပ်လုပ်ချိန် = ၁၇ နှစ် ၅ လ။
ဖော်ပြပါတွက်ချက်မှုကို လေ့လာကြည့်လျှင် လူတစ်ယောက်မကြီးပွားခြင်း၏အ
Aung Ko Latt
ရာမညမြေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။