"ကိုယ့်စိတ်ကို အကောင်းဆုံး နေရာချပါ”
************************** ****
ကိုယ့်အနား ဘယ်သူမှ မရှိတော့တဲ့အခါ
ဘယ်သူ့ကိုမှ အပြစ်တင်မနေပါနဲ့တော့။
အဲ့ဒါက မင်းရဲ့ ကံကြမ္မာပဲ
အကောင်းဆုံး ရုန်းထပါ။
ကိုယ့် ဘဝမှာ ကျရှုံးမှုတွေ တွေ့ကြုံရတဲ့အခါ
လောကကြီးကို အပြစ်တင်မနေပါနဲ့။
ကိုယ်အသုံးမကျလို့ ကျရှုံးရတာဆိုပြီး
လုပ်ဆောင်ခဲ့သမျှကို အကောင်းဆုံး
ပြင်ဆင်သုံးသပ်၍ အသစ်ကပြန်စပါ။
ကိုယ့်စေတနာတွေ စော်ကားခံရတိုင်း
ပေါက်ကွဲခံစားမနေပါနဲ့။
စေတနာဆိုတာ ကိုယ်ကကျေကျေနပ်နပ်
ပေးချင်လို့ ပေးခဲ့တာဖြစ်ပြီး လက်ခံသူရဲ့
တန်ဖိုးထားခြင်းမထားခြင်းက
သူ့ကိစ္စဖြစ်၍ ကိုယ့်ဘက်က
စေတနာဆက်ထားသင့်ရင်
ဆက်ထားတာက ကိုယ့်ရဲ့
သဘောထားပြည့်ဝမှုကို
ယဉ်ကျေးစွာ ပြသနိုင်လိုက်ခြင်းပါပဲ။
ကိုယ်ကိုင်စွဲထားတဲ့ အမှန်တရားပေတံကို
ပတ်ဝန်းကျင် ဖိအားကြောင့်
လွှင့်မပစ်လိုက်ပါနဲ့။
ကိုယ့်ပေတံ မှန်တယ် မမှန်ဘူးဆိုတာ
အချိန်ကာလတစ်ခုရောက်ရင်
အဆုံးအဖြတ်ပေးသွားမှာဖြစ် ပြီး
ကိုယ်ချင်းစာတရားအပြည့်နဲ့ ခရီးဆက်ပါ။
ကိုယ့်ယုံကြည်မှုကို နင်းခြေခံရတိုင်း
လူတိုင်းအပေါ် သံသယမထားလိုက်ပါနဲ့။
လက်တောင်အတိုအရှည်မညီသလို
ယုံကြည်လို့ရတဲ့ လူတွေလည်း
ဤလောကကြီးမှာ ရှိနေပါတယ်။
ယုံကြည်မှုနဲ့ မထိုက်တန်တော့တဲ့သူတွေကို
လုပ်စရာ တစ်နည်းပဲရှိတယ်။
ချစ်ခြင်းမုန်းခြင်း ကင်းစွာဖြင့်
ဥပေက္ခာပြုလိုက်ပါ။
လူ့ဘဝဆိုတာ ကြိုဖတ်ခွင့်မရတဲ့
စာအုပ်တစ်အုပ်လိုပါပဲ။
ကိုယ့်အတွက် ရေးထားတာသိသိကြီးနဲ့
ရောက်တဲ့စာမျက်နှာတိုင်းမှာ ကြုံသလို
ဖြေရှင်းရင်းဖြင့် ဘဝကို အကောင်းဆုံး
မယိုင်လဲအောင် တည်ဆောက်ကာ
ကိုယ့်စိတ်ကို ငြိမ်းအေးအောင်
ကိုယ်ကိုယ်တိုင်ပဲ နေရာချတတ်ရပါလိမ့်မယ်။
လေးစားစွာဖြင့်
ဇင်းနစ် မကွေး(7.11.2017)
Photo
Aye Thaung.
**************************
ကိုယ့်အနား ဘယ်သူမှ မရှိတော့တဲ့အခါ
ဘယ်သူ့ကိုမှ အပြစ်တင်မနေပါနဲ့တော့။
အဲ့ဒါက မင်းရဲ့ ကံကြမ္မာပဲ
အကောင်းဆုံး ရုန်းထပါ။
ကိုယ့် ဘဝမှာ ကျရှုံးမှုတွေ တွေ့ကြုံရတဲ့အခါ
လောကကြီးကို အပြစ်တင်မနေပါနဲ့။
ကိုယ်အသုံးမကျလို့ ကျရှုံးရတာဆိုပြီး
လုပ်ဆောင်ခဲ့သမျှကို အကောင်းဆုံး
ပြင်ဆင်သုံးသပ်၍ အသစ်ကပြန်စပါ။
ကိုယ့်စေတနာတွေ စော်ကားခံရတိုင်း
ပေါက်ကွဲခံစားမနေပါနဲ့။
စေတနာဆိုတာ ကိုယ်ကကျေကျေနပ်နပ်
ပေးချင်လို့ ပေးခဲ့တာဖြစ်ပြီး လက်ခံသူရဲ့
တန်ဖိုးထားခြင်းမထားခြင်
သူ့ကိစ္စဖြစ်၍ ကိုယ့်ဘက်က
စေတနာဆက်ထားသင့်ရင်
ဆက်ထားတာက ကိုယ့်ရဲ့
သဘောထားပြည့်ဝမှုကို
ယဉ်ကျေးစွာ ပြသနိုင်လိုက်ခြင်းပါပဲ။
ကိုယ်ကိုင်စွဲထားတဲ့ အမှန်တရားပေတံကို
ပတ်ဝန်းကျင် ဖိအားကြောင့်
လွှင့်မပစ်လိုက်ပါနဲ့။
ကိုယ့်ပေတံ မှန်တယ် မမှန်ဘူးဆိုတာ
အချိန်ကာလတစ်ခုရောက်ရင်
အဆုံးအဖြတ်ပေးသွားမှာဖြစ်
ကိုယ်ချင်းစာတရားအပြည့်န
ကိုယ့်ယုံကြည်မှုကို နင်းခြေခံရတိုင်း
လူတိုင်းအပေါ် သံသယမထားလိုက်ပါနဲ့။
လက်တောင်အတိုအရှည်မညီသလ
ယုံကြည်လို့ရတဲ့ လူတွေလည်း
ဤလောကကြီးမှာ ရှိနေပါတယ်။
ယုံကြည်မှုနဲ့ မထိုက်တန်တော့တဲ့သူတွေက
လုပ်စရာ တစ်နည်းပဲရှိတယ်။
ချစ်ခြင်းမုန်းခြင်း ကင်းစွာဖြင့်
ဥပေက္ခာပြုလိုက်ပါ။
လူ့ဘဝဆိုတာ ကြိုဖတ်ခွင့်မရတဲ့
စာအုပ်တစ်အုပ်လိုပါပဲ။
ကိုယ့်အတွက် ရေးထားတာသိသိကြီးနဲ့
ရောက်တဲ့စာမျက်နှာတိုင်
ဖြေရှင်းရင်းဖြင့် ဘဝကို အကောင်းဆုံး
မယိုင်လဲအောင် တည်ဆောက်ကာ
ကိုယ့်စိတ်ကို ငြိမ်းအေးအောင်
ကိုယ်ကိုယ်တိုင်ပဲ နေရာချတတ်ရပါလိမ့်မယ်။
လေးစားစွာဖြင့်
ဇင်းနစ် မကွေး(7.11.2017)
Photo
Aye Thaung.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။