Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 12, 2017

အချိန်ဆွဲတတ်တဲ့အကျင့်ကို ကျော်လွှားလိုပါသလား?

 
 
အချိန်ဆွဲတတ်တဲ့အကျင့်ကို ကျော်လွှားလိုပါသလား?

နေ့ရွှေ့ညရွှေ့ မလုပ်ဘဲ action တွေဆက်တိုက်ယူနိုင်ဖို့ အရင်ဆုံးလုပ်ရမှာက

🚩 မိမိကိုယ်ကို အရင်သိအောင်လုပ်ပါ

သင်လုပ်စရာရှိတဲ့ အလုပ်နဲ့ သင်နဲ့ကြားမှာ အဓိကခံနေတဲ့ ကြားခံနယ်တစ်ခုက သင့်နေ့စဉ်အလေ့အထတွေပဲဖြစ်ပါတယ်။ သင်အရိုးဆွဲနေတဲ့ နေ့စဉ်အလုပ်တွေထဲက သင့်အတွက် အကျိုးမရှိတဲ့ အရာတွေကို စပြီးတော့ မြင်အောင်ကြည့်ပါ။ လုပ်ဖို့ရှိတဲ့အရာတွေကို လုပ်နိုင်ဖို့အတွက် တားဆီးနေတဲ့ အလေ့အကျင့်တွေကို အရင်ဖျက်ပါ။ အဲ့ဒီအခါမှာ သင်မှာအချိန်တွေအများကြီးရှိတယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒါကနဦးအဆင့်ပါ။


🚩 သင့်ကို စိတ်ခွန်အားပေးတတ်တဲ့လူတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေပါ

မိတ်ဆွေသူငယ်ချင်းထဲက ဖြစ်စေ၊ မိသားစုထဲကဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ထဲကဖြစ်စေ သူတို့နဲ့ ၂မိနစလောက်စကားပြောလိုက်တာနဲ့ စိတ်ဓာတ်တက်ကြွစေတဲ့ လူတွေကို ရှာပါ။ ပတ်ဝန်းကျင်ကောင်းဆိုတာ အလုပ်ပြီးမြောက်ဖို့အတွက် အလွန်အရေးကြီးပါတယ်။


🚩 သင်လုပ်မဲ့ အရာတွေကိုအနည်းငယ် အသိပေးလိုက်ပါ

လူတွေကို သင်သင်လုပ်ဖို့ရှိတဲ့ အရာတွေကို အနည်းငယ် အသိပေးထားလိုက်ပါ။ မိတ်ဆွေ၊သူငယ်ချင်းတွေအပြင် ၀ါသနာပါရင် လူမှုကွန်ယက်ပေါ်မှာတောင် တင်နိုင်ပါသေးတယ်။ ဒါဟာ ပတ်ဝန်းကျင်ကို သင့်အနေနဲ့ ကတိတစ်ခုပေးလိုက်သလိုဖြစ်ပြီး သင့်မသိစိတ်က မောင်းနှင်ပေးပါလိမ့်မယ်။ ရှိသမျှအသေးစိတ် အကုန်ဖွင့်ချရမယ်လို့ မဆိုလိုပါ။


🚩 လုပ်အားသွက်စေတဲ့ ပတ်ဝန်းကျင်နေရာတစ်ခု ဖန်တီးပါ။

အလုပ်ခန်း(မိမိအလုပ်လုပ်မဲ့ နေရာ) ဟာ လူတွေ၊ဖုန်းတွေ၊ တီဗီတွေ ထမင်းစားခန်းတွေ အစရှိတာတွေနဲ့ ဆက်စပ်နေတဲ့နေရာမျိုးမှာ မဖြစ်ပါစေနဲ့။ဖြစ်နိုင်ရင် နားအေးပြီး သီးသန့်ဆန်တဲ့ နေရာတွေက သင့်ကိုအလုပ်ပိုပြီးစေပါလိမ့်မယ်။


🚩 တကယ့်အချိန်ဆိုတာ “အခု” ပါ

ပြီးပြည့်စုံမှုဆိုတာ မရှိသလို ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။ ခက်ခဲလေးလံတဲ့အလုပ်တစ်ခုကို လုပ်ဖို့အချိန်ကောင်းဆိုတာ မရှိပါဘူး။ သင်အခု ခက်ခဲတာကိုလုပ်ရင်လုပ်၊ မလုပ်ရင် ပိုပြီးခက်ခဲတာကို တချိန်မှာပြန်လုပ်ရပါလိမ့်မယ်။



🚩 အကောင်းမြင်ပါ

တွန့်ဆုတ်ခြင်း၊ အချိန်ဆွဲခြင်း၊နေ့ရွှေ့ညရွှေ့ လုပ်ခြင်းရဲ့ အရင်းအမြစ်က အပျက်သဘောဆောင်တဲ့စိတ်ဓာတ်က စပါတယ်။ အကောင်းမြင်စိတ်သာရှိနေရင် တစ်ခုလုပ်ရမှာ မကြောက်တော့ပါဘူး။ ဒါကြောင့် ချက်ချင်းထလုပ်ပါ။

🚩 လိုက်ရောညီထွေမှုရှိပါစေ

အစီအစဉ်ချပြီး လုပ်တတ်တဲ့အကျင်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အသေးစိတ်ဖြစ်ပြီး တင်းကျပ်တဲ့ အစီအစဉ်မျိုးချထားရင်တော့ နေ့ရွှေညရွှေ့ဖြစ်နေအုံးမှာပါပဲ။ ဒါကြောင့်အစီအစဉ်ကို အမြန်ချပါ။ လိုအပ်ရင် လိုက်ရောညီထွေမှုရှိနေပါစေ။


🚩 အခုပဲထလုပ်ပါ

နာမည်ကြီးကုန်ပစ္စည်းတံဆိပ်တစ်ခုရဲ့ ဆောင်ပုဒ်တစ်ခုကို သိကြမှာပါ။ Just Do It ဆိုတာပါ။ အခုပဲ ချက်ချင်းထလုပ်ဖို့ မိမိကိုယ်ကို အဲ့ဒီ စကားလုံးလေးနဲ့ စတင်မောင်းနှင်ပါ။ လုပ်သာလုပ်လိုက်စမ်းပါ။ အနဲဆုံးအတွေ့အကြုံတစ်ခုတော့ ရသွားမှာ အာမခံပါတယ်။


🚩 ဆုပေးဒဏ်ပေးလုပ်ပေးပါ။

အလုပ်တစ်ခုခုပြီးမြောက်သွားတိုင်း မိမိကိုယ်ကို အသိအမှတ်ပြု ဆုချပါ။ ဥပမာအားဖြင့် မိမိအတွက် ခက်ခဲလေးလံတဲ့ အလုပ်တစ်ခုကို လုပ်ပြီးသွားပြီဆိုလျှင် မှန်ရှေ့မှာ မိမိကိုယ်ကိုတော်ကြောင်း ချီးမွမ်းပါ။ ဒါမှမဟုတ် မိမိကြိုက်တဲ့ မုန့်တစ်ခုစားခြင်း၊ နှစ်သက်တဲ့ သီချင်းတစ်ပုဒ်နားထောင်ခြင်းတို့ကို လုပ်ပေးပါ။ ဒါဟာ အလုပ်ပြီးမြောက်ခြင်းရဲ့ အရသာကို သင့်ရဲ့မသိစိတ်ထဲကို ထည့်ပေးနေတာပါ။
အပြန်အလှန်အားဖြင့် လုပ်ရမဲ့ အလုပ်ကို မလုပ်ဘဲ အချိန်ဆွဲခဲ့ရင်လည်း မိမိကိုယ်ဒဏ်ပေးပါ။ ကိုယ့်ကိုယ်ကို ရိုက်နှက်ဆုံးမတာမျိုးကိုမဆိုလိုပါ။ ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိပြီး မိမိလုပ်ရမှာ ပျင်းတဲ့အရာမျိုးကိုဆိုလိုပါတယ်။

ဒီအလေ့အကျင့်လေးတွေကနေစပြီး သင်အချိန်ဆွဲနေတဲ့ အလုပ်တွေကို အခုပဲစလုပ်လိုက်ပါ။ အံ့သြဖွယ်ရာ ရလဒ်ကိုတွေ ရလာပါလိမ့်မယ်။

“ မသေခင်မှာ စိတ်ကူးအိပ်မက်တွေအကောင်အထည်ပေါ်ဖို့ လူသားတိုင်း ထိုက်တန်ပါတယ်”

ဒါကြောင့် အချိန်ဆွဲမနေဘဲ မိမိရဲ့ စိတ်ကူးအိပ်မက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ။

လေးစားစွာဖြင့်
ပြေခိုင်

Asia's Top Success Coach
1st NLP Trainer and Executive Director of John Maxwell Team
Master Trainer at Myanmar Excellence Institute

#EmpoweringLivesEveryDay
#EmpoweringLeadersEveryDay
#MEI

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။