#မြွေကိုက်ခံရလျှင်သတိပြုရန်
*********************
မနေ့ ညနေက
မြွေဟောက်ကိုက်လို့
လူနာတစ်ယောက်လာတယ်။
မြွေကိုရိုက်သတ်ပြီး
လယ်ထဲမှာ ထားခဲ့တယ်။
ရောက်တော့ အဆိပ်တက်တဲ့
လက္ခဏာမရှိသေးဘူး။
မြွေကဘယ်လိုပုံစံလဲဆိုတော့
သေချာမပြောနိုင်ဘူး။
မြွေဟောက်ဆိုတော့
အဆိပ်တက်တဲ့ လက္ခဏာပြတဲ့
အထိစောင့်လို့လည်း မဖြစ်တော့
မြွေဆိပ်ဖြေဆေး(polyvalent)
၎ လုံးထိုးတယ်။ ဆေးထိုးနေရင်း ...
အသက်ရှူ ကျပ်တယ်၊
မောတယ်၊
မျက်နှာကြီးလေးလာတယ်ဖြစ်ရော ။
ဆေးမတည့်လို့လား၊
အဆိပ်ပဲပြန့်လို့လား
ခွဲခြားရတော်တော် ခက်တယ်။
ဒါနဲ့မြွေပြန်ယူခိုင်းတော့
၁နာရီခွဲလောက်ကြာတယ်။
ပြန်ရောက်လာတော့ မြွေဟောက်မှ
အစစ်ပဲဗျာ။ ဒါနဲ့ စိတ်မချလို့ မြွေဆိပ်
ဖြေဆေး ၄ လုံးထပ်ထိုးပြီး လိုအပ်ရင်
လိုအပ်တာကို ချက်ချင်းလုပ်ပေးနိုင်မယ့်
ကျောင်းကုန်းဆေးရုံကို ကိုယ့်ကားနဲ့ကိုယ်
ကိုယ်တိုင်မောင်းပြီး ပို့ပေးခဲ့ရတယ်။
ပြောချင်တာက
လူနာသည် ဆေးရုံ အချိန်မှီ လာတယ်။
ဒါကြောင့် အသက်ကို ကယ်လိုက်နိုင်တယ်။
မှားတာက မြွေလည်းရရဲ့သားနဲ့
ထားခဲ့တာ တော်တော်ဆိုးတယ်။
လာကတည်းကသာ မြွေပါလာရင်
မြွေဆိပ်ဖြေဆေးကို ၈ လုံးလောက်
တစ်ခါတည်း ရဲရဲတင်းတင်းထိုးရဲတယ်။
ပြီးရင်ဘာမှလည်း စိတ်ပူစရာမလိုဘူး။
ဘယ်မှလည်းလွှဲစရာ မလိုဘူး။
ခုတော့ မလိုအပ်ပဲ အလုပ်ရှုပ်သွားတာပေါ့။
ခုအချိန်က စပါးရိတ်တဲ့အချိန်
မြွေပေါတဲ့အချိန် မြွေကိုက်ခံရတဲ့
လူနာအများဆုံး လာတဲ့အချိန်
အားလုံး အလုပ်လုပ်ရင် သတိရှိကြပါ။
မတော်တဆ အကိုက်ခံရရင်လည်း
မပေါ့ဆပဲ ဆေးရုံ ချက်ချင်းလာပါ။
မြွေရရင်လည်း တခါတည်း ယူလာပါ။
ဆေးမြီးတိုနဲ့ မကုပါနဲ့။
ဟိုလူ ဒီလူပြောတဲ့ ...
__________________________ ________
#မဟုတ်မဟပ်တွေကိုနားမယောင်ပါနဲ့။
__________________________ ________
ကြားဖူးနားဝရှိတဲ့ မဟုတ်မဟပ်
အကြံတွေလည်း မပေးကြပါနဲ့။
ဆေးရုံ အမြန်သွားဖို့ တိုက်တွန်းပေးကြပါ။
ဆေးရုံတိုင်းမှာလည်း မြွေဆိပ်ဖြေဆေး
အလုံအလောက် အဆင်သင့်ရှိနေအောင်
စီမံ ဆောင်ရွက်ထားပါတယ်။
#zyl
*********************
မနေ့ ညနေက
မြွေဟောက်ကိုက်လို့
လူနာတစ်ယောက်လာတယ်။
မြွေကိုရိုက်သတ်ပြီး
လယ်ထဲမှာ ထားခဲ့တယ်။
ရောက်တော့ အဆိပ်တက်တဲ့
လက္ခဏာမရှိသေးဘူး။
မြွေကဘယ်လိုပုံစံလဲဆိုတော့
သေချာမပြောနိုင်ဘူး။
မြွေဟောက်ဆိုတော့
အဆိပ်တက်တဲ့ လက္ခဏာပြတဲ့
အထိစောင့်လို့လည်း မဖြစ်တော့
မြွေဆိပ်ဖြေဆေး(polyvalent)
၎ လုံးထိုးတယ်။ ဆေးထိုးနေရင်း ...
အသက်ရှူ ကျပ်တယ်၊
မောတယ်၊
မျက်နှာကြီးလေးလာတယ်ဖြစ်ရော
ဆေးမတည့်လို့လား၊
အဆိပ်ပဲပြန့်လို့လား
ခွဲခြားရတော်တော် ခက်တယ်။
ဒါနဲ့မြွေပြန်ယူခိုင်းတော့
၁နာရီခွဲလောက်ကြာတယ်။
ပြန်ရောက်လာတော့ မြွေဟောက်မှ
အစစ်ပဲဗျာ။ ဒါနဲ့ စိတ်မချလို့ မြွေဆိပ်
ဖြေဆေး ၄ လုံးထပ်ထိုးပြီး လိုအပ်ရင်
လိုအပ်တာကို ချက်ချင်းလုပ်ပေးနိုင်မယ့်
ကျောင်းကုန်းဆေးရုံကို ကိုယ့်ကားနဲ့ကိုယ်
ကိုယ်တိုင်မောင်းပြီး ပို့ပေးခဲ့ရတယ်။
ပြောချင်တာက
လူနာသည် ဆေးရုံ အချိန်မှီ လာတယ်။
ဒါကြောင့် အသက်ကို ကယ်လိုက်နိုင်တယ်။
မှားတာက မြွေလည်းရရဲ့သားနဲ့
ထားခဲ့တာ တော်တော်ဆိုးတယ်။
လာကတည်းကသာ မြွေပါလာရင်
မြွေဆိပ်ဖြေဆေးကို ၈ လုံးလောက်
တစ်ခါတည်း ရဲရဲတင်းတင်းထိုးရဲတယ်။
ပြီးရင်ဘာမှလည်း စိတ်ပူစရာမလိုဘူး။
ဘယ်မှလည်းလွှဲစရာ မလိုဘူး။
ခုတော့ မလိုအပ်ပဲ အလုပ်ရှုပ်သွားတာပေါ့။
ခုအချိန်က စပါးရိတ်တဲ့အချိန်
မြွေပေါတဲ့အချိန် မြွေကိုက်ခံရတဲ့
လူနာအများဆုံး လာတဲ့အချိန်
အားလုံး အလုပ်လုပ်ရင် သတိရှိကြပါ။
မတော်တဆ အကိုက်ခံရရင်လည်း
မပေါ့ဆပဲ ဆေးရုံ ချက်ချင်းလာပါ။
မြွေရရင်လည်း တခါတည်း ယူလာပါ။
ဆေးမြီးတိုနဲ့ မကုပါနဲ့။
ဟိုလူ ဒီလူပြောတဲ့ ...
__________________________
#မဟုတ်မဟပ်တွေကိုနားမယောင်ပ
__________________________
ကြားဖူးနားဝရှိတဲ့ မဟုတ်မဟပ်
အကြံတွေလည်း မပေးကြပါနဲ့။
ဆေးရုံ အမြန်သွားဖို့ တိုက်တွန်းပေးကြပါ။
ဆေးရုံတိုင်းမှာလည်း မြွေဆိပ်ဖြေဆေး
အလုံအလောက် အဆင်သင့်ရှိနေအောင်
စီမံ ဆောင်ရွက်ထားပါတယ်။
#zyl
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။