Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 16, 2017

လူမွဲတွေအကြောင်းသိကောင်းစရာ ..!

#လူမွဲတွေအကြောင်းသိကောင်းစရာ ..!
+++++++++++++++++++++%

အခုဖော်ပြပေးမှာကတော့ ဘဝမှာတိုးတက်အောင်မြင်မှု ရရှိအောင်ချမ်းသာပြည့်စုံအောင်မလုပ်နိုင်ခဲ့တဲ့သူတွေရဲ့ အမူအကျင့်၊စိတ်နေသဘောထားနဲ့လုပ်ဆောင်ချက်တွေ ပဲဖြစ်ပါတယ်။

ဒီအချက်တွေကိုသိရှိပြင်ဆင်ပြီးကြိုးစားလုပ်ဆောင်မယ် ဆိုရင် တိုးတက်အောင်မြင်ကြီးပွားတဲ့ဘဝကိုရရှိ ပိုင်ဆိုင် နိုင်မှာအသေအချာပဲဖြစ်ပါတယ်။ ဘယ်လိုအချက်တွေ က လူမွဲတစ်ယောက် အဖြစ် တွန်းပို့နေသလဲဆိုတာကို လေ့လာကြည့်ရအောင်

(၁) စကားများခြင်း
လူတွေမှာပါးစပ်တစ်ပေါက်နဲ့နားနှစ်ဖက်ပါ ပါတယ်။ ဆိုလိုတဲ့သဘောကတော့ များများ နားထောင်ပြီး နည်းနည်းပြောရမယ်ဆိုတာပါပဲ။သိစရာ မှတ်စရာ လေ့လာစရာတွေကို လေ့လာဆည်းပူးသင်ယူမှု မလုပ် ဘဲ ကိုယ်သိသလောက်ကို အဟုတ်ထင်ပြီး စကား များနေတတ်တဲ့သူတွေဟာ လူမွဲဖြစ်မယ့် လမ်းစပေါ် ရောက်နေတဲ့သူတွေ ဖြစ်ပါတယ်။ လူပြောမသန် လူသန်မပြော ဆိုတာလေးကိုလည်း နားလည်လက်ခံ ထားရပါမယ်…

(၂) ပျင်းရိခြင်း
ထကြွနိုးကြားခြင်း၊ဇွဲလုံ့လဝီရိယရှိခြင်းတွေမရှိဘူးဆိုရင် တော့ဘယ်လုပ်ငန်းမှာမှတိုးတက်အောင်မြင်ဖို့မရှိပါဘူး။ ကိုယ်စိုက်ပျိုးတဲ့အရာကိုကိုယ်ပြန်လည် ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။ဘယ်အရာမှ သူ့အလိုလို ရလာတာမရှိတဲ့ အတွက်ကြိုးစားလုပ်ကိုင်ဖို့လိုပါတယ်။အချိန်နဲ့အမျှ
ကြိုးစားနေမှသာသင့်အိပ်မက်တွေကိုအကောင် အထည်ဖော်နိုင်ပါလိမ့်မယ်။ပျင်းရိခြင်း ခြောက်ပါးကင်းဖို့ အမြဲ သတိပြုအားထုတ် သင့်ပါတယ်…

(၃) စုဆောင်းမှု ရင်းနှီးမှုမရှိခြင်း
တစ်ချို့လူတွေကအဝတ်အစားအသုံးအဆောင်တွေ ဝယ်ဖို့ငွေရှာပါလိမ့်မယ်။ဒါပေမဲ့စာအုပ်တစ်အုပ် ဝယ်ဖို့ ဒါမှမဟုတ်သူတို့ရဲ့အနာဂတ်အတွက်ရင်းနှီး မြှုပ်နှံ့ဖို့ အတွက်တော့ငွေမလုံလောက်ဘူးလို့ ဆိုကြပါလိမ့်မယ်။ ဒီလိုလူတွေကလည်းလူမွဲဖြစ်မယ့် လမ်းကြောင်းပေါ် လျှောက်နေတဲ့သူတွေဖြစ်ပါတယ်။ရလာတဲ့ပိုက်ဆံကိုသုံးမယ်…ပြီးရင်အကြွေးထပ်ယူမယ်။အဲ့လိုနဲ့ မလောက်မငဖြစ်လာပါမယ်…လူ့လောကကြီးမှာရှင်သန် ရပ်တည်တဲ့အခါမှာ ရရစားစားဘဝမျိုးကလွတ်အောင် စီမံနိုင်ဖို့အရေးကြီးပါတယ်

(၄) စာမဖတ်ခြင်း
ခေါင်းဆောင်တွေဟာစာဖတ်သမားတွေဖြစ်တယ်လို့ ဆိုကြပါတယ်။ချမ်းသာကြွယ်ဝမှုနဲ့သက်ဆိုင်တဲ့အရာ အားလုံးဟာ စာအုပ်တွေထဲမှာပါရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝအတွက် အထောက်အကူဖြစ်မယ့် စာအုပ်တွေကိုရှာဖတ်ဖို့လိုပါတယ်။လူမွဲတွေကို
ကြည့်ရင်စာဖတ်တာကိုဝါသနာလုံးဝမပါသူတွေ
ဖြစ်တာများပါတယ်။စည်းစိမ်ချမ်းသာကိုရှာဖွေနိုင်ဖို့ အလွယ်တကူ အထိရောက်ဆုံးနည်းလမ်းတွေကို စာအုပ်တွေကနေ သူတို့ဘယ်တော့မှ မဖော်ထုတ်နိုင်ကြပါဘူး…

(၅) စည်းကမ်းမရှိခြင်း
သင့်မှာတစ်လောကလုံးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေ ရှိနေတယ်ဆိုရင်တောင် သင့်ရည်မှန်းချက် အောင်မြင် ထမြောက်မယ်လို့အတိအကျ မဆိုနိုင်သေးပါဘူး။ အောင်မြင်ဖို့အတွက်နည်းလမ်းကတော့စီမံချက်ချမှတ်ဖို့နဲ့ အဲ့ဒီစီမံချက်အတိုင်းအကောင်အထည်ဖော် ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ဒီလိုလုပ်ဆောင်နိုင်ဖို့ အတွက်ကသင့်ကိုယ်သင့်စည်းမျဉ်းစည်းကမ်းသတ်မှတ် ထားဖို့လိုပါတယ်။လူမွဲတွေမအောင်မမြင်ဖြစ်ရခြင်း အကြောင်းကတော့စည်းကမ်းချက်တွေချမှတ်ထားခြင်းမရှိတာရယ်။အဲ့ဒီစည်းကမ်းအတိုင်းလိုက်မလုပ်နိုင်တာ တွေကအဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။
စည်းကမ်းရှိမှတိုးတက်မည်ဆိုတာ…တကယ်မှန်တဲ့ စကားဖြစ်ပါတယ်။စည်းမျဉ်းစည်းကမ်းနဲ့ အောင်မြင်မှု ဆိုတာ အပြန်အလှန်အမှီသဟဲပြုနေကြပါတယ်…

(၆) စွဲမြဲထက်သန်မှုမရှိခြင်း
အလုပ်တစ်ခုခုကိုအောင်မြင်ဖို့ဆိုရင် စွဲစွဲမြဲမြဲထက်ထက် သန်သန်လုပ်ကိုင်ဖို့လိုပါတယ်…မိုက်ကယ်ဂျော်ဒန်က ဘတ်စကတ်ဘောကိုစွဲစွဲမြဲမြဲ ကစားပါတယ်။ အူစိန်ဘော့ ကမြန်မြန်ပြေးနိုင်အောင်အမြဲလေ့ကျင့် ပါတယ်။ ဝါရင်းဘတ်ဖန့်ကငွေများများရှာနိုင်အောင် အမြဲထက်သန်ကြံဆနေပါတယ်။ ထက်သန်တဲ့စိတ် နဲ့စွဲစွဲမြဲမြဲလုပ်ဆောင်တတ်တဲ့ဇွဲမရှိရင်သင်ဘာမှ
ဖြစ်မလာနိုင်ပါဘူး။အခုရေတွင်းတူး အခုရေကြည် သောက်ချင်လို့မရပါဘူး…ဇွဲ လုံ့လဝီရိယနဲ့ကြိုးစားမှု ကိုစိုက်ထုတ်မှသာ တိုးတက်ကြီးပွားပါလိမ့်မယ်…

(၇) လူပေါင်းမှားခြင်း
လူတစ်ချို့မတိုးတက်မကြီးပွားရခြင်းအကြောင်းရင်း တစ်ချက်ကတော့သူတို့ဟာလူမွဲတွေဆီက အကြံ ဥာဏ်တွေကိုယူတတ်လို့ပါပဲ။သင်နဲ့ခင်မင်တာ လေးငါး လလောက်မှမကြာသေးတဲ့သူတွေဆီက ဘာလို့ အကြံ ယူမှာလဲ။အလကားသက်သက် ရရှိတဲ့အကြံဥာဏ်တွေ အပေါ်ဘာလို့ပုံအပ်ယုံကြည်ရမှာလဲ။ ဆရာတင်မှားတဲ့ ပြဿနာက အကန်းကို အကန်းကတွဲခေါ်နေသလိုပါပဲ။ သင့်အနေနဲ့ အကြံ ဥာဏ်တစ်ခုခုလိုချင်တယ်ဆိုရင် သင် ရောက်ချင်တဲ့ ပန်းတိုင်ကိုတကယ်ရောက်နေတဲ့ သူတွေ သင်ဖြစ်ချင်သလိုတကယ်ဖြစ်နေတဲ့ သူတွေဆီကသာ ရယူရပါမယ်…

(၈) စံပြပုဂ္ဂိုလ်မရှိခြင်း
စံပြပုဂ္ဂိုလ်ဆိုတာကလက်ရှိသင်ကြိုးစားနေတဲ့ နယ်ပယ်မှာမြင့်မားတဲ့အခြေအနေတစ်ရပ်ရပ်ကို ပိုင်ဆိုင်ရောက်ရှိ နေတဲ့သူမျိုးဖြစ်ပါတယ်။ သင့်ရဲ့စံပြပုဂ္ဂိုလ်ကို သင့်ရဲ့ အကောင်းဆုံးပုံစံရရှိ အောင် သင်ကြားပြသနေသူအဖြစ် လက်ခံယူဆ ထားရပါမယ်။ဥပမာ သင်ကသူဌေး ဖြစ်ချင်တယ် ဆိုရင် သူဌေးတစ်ယောက်ကိုစံပြပုဂ္ဂိုလ် အဖြစ် ထားရပါမယ်။ဝင်ငွေသိန်းဂဏန်းလောက်ပဲရှိတဲ့ သူတစ်ယောက်ဟာ သင့်ကို သန်းကြွယ်သူဌေး တစ်ယောက်ဖြစ်သွား အောင် နည်းလမ်းပြပေးနိုင်
ဖို့ မသေချာပါဘူး။လူမွဲတွေဟာ သူတို့ကိုယ်သူတို့ အဟုတ်ထင်ပြီးအရာရာကိုယ်တိုင်လုပ်ချင် ကိုယ်တိုင်လေ့လာသင်ယူချင်နေ တတ်ကြပါတယ်။ တကယ့်တကယ်သိတတ်တဲ့ သူတွေဆီဆည်းပူး သင်ယူမယ်ဆိုရင်အချိန်ကုန်လူပန်းအများကြီး သက်သာနိုင်ပါတယ်။ လွယ်တာကို ခက်အောင် မလုပ်မိဖို့ သတိပြုရပါမယ်…

(၉) ဆင်ခြေဆင်လက်များခြင်း
မအောင်မြင်တဲ့သူတွေဟာ ဆင်ခြေပြီး ဆင်ခြေပေးနေ တတ်ကြပါတယ်…လူမွဲတွေဟာ သူတို့မချမ်းသာရခြင်း အကြောင်းကိုသောင်းပြောင်းထွေလာပြောပြပါလိမ့်မယ်။အလုပ်အကိုင်ဘာလို့မကောင်းတာလဲ။ဒါမှမဟုတ် သူတို့ဘဝမှာဘာကြောင့်အောင်မြင်မှုမရသလဲ ဆိုတာတွေကိုပေါ့…အဖေကအရက်စွဲနေလို့…အမေက ကျန်းမာရေးမကောင်းလို့…မိသားစုက ဆင်းရဲလို့… ကျောင်းဆက်မတက်နိုင်လို့…ကံကြမ္မာကမျက်နှာသာ မပေးလို့စသဖြင့်ပေါ့။ဘယ်လိုပဲဆင်ခြေပေးပေးလူမွဲတွေ မွဲမြဲမွဲနေရတဲ့အကြောင်းရင်းကတော့သူတို့ဒီထက်ပို မလုပ်နိုင်တော့ဘူးလို့ လက်ခံယုံကြည်သွားတာ ကြောင့်ပဲ ဖြစ်ပါတယ်…

(၁၀) ကြီးပွားလိုစိတ်မရှိခြင်း
လူမွဲတော်တော်များများမှာ လူမွဲစိတ်ဓာတ်ဆိုတာ ရှိပါတယ်…အဲ့ဒီလို ခံယူချက်မှားပြီဆိုရင်တော့ ဘုရား တောင်ကယ်နိုင်မှာမဟုတ်ပါဘူး။ အရေးကြီးဆုံးအချက် က သင်ဘာတွေကိုစဉ်းစားလဲဆိုတာပါပဲ…သင့်စဉ်းစားပုံ က သင့်လုပ်ဆောင်ချက်ကိုဆုံးဖြတ်ပါတယ်။ သင့်လုပ်ဆောင်ချက်ကမှန်နေဖို့ အပြုသဘောဆောင် နေဖို့အရေးကြီးပါတယ်။အတွေးမှားရင်အကျင့်မှားမယ်။ အကျင့်မှားရင် အလုပ်လည်းမှားပါလိမ့်မယ်။ဒါကြောင့် တိုးတက်ကြီးပွားဖို့ဆိုရာမှာ မှန်ကန်တဲ့အတွေးအမြင်ရှိဖို့ လိုပါတယ်။ လူတွေဟာသူတို့တွေးထင်ယူဆတဲ့အတိုင်း ဖြစ်လာကြတာပါပဲ…

မေတ္တာဖြင့်

AungKoLatt

ရာမညမြေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။