ဝင်ငွေ အများကြီးရှိပြီးတော့ ပိုက်ဆံ မစုမိဘူး ဖြစ်နေတဲ့ လူတွေ
အတွက် ပိုက်ဆံကို ဘယ်လို စနစ်တကျ စုဆောင်းရမလဲဆိုတာကို Brand You က ပြောပြပေးချင်ပါတယ်။
1. ကိုယ့်ရဲ့ နေ့စဉ် အသုံးစရိတ်ကို မှတ်သားတတ်တဲ့ အကျင့်လေး
ပြုလုပ်ထားပါ။စာအုပ်တစ်အုပ် ထဲမှာ
ဖြစ်စေ၊ကိုယ့်ရဲ့ ဖုန်းထဲက Note ထဲမှာ ဖြစ်စေ မှတ်သားထားပါ။ပြီးရင် တစ်ပတ်
တစ်ခါလောက် ကိုယ့်ရဲ့ အသုံးစရိတ်ကို ပြန်လည်ကြည့်ရှု့ပြီး ဘာတွေကို
အပိုသုံးထားတယ် ဆိုတာကို ပြန်လည် စီစစ်ပေးပါ။ဒီလို ပြုလုပ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့အသုံးစရိတ်ကို မလိုအပ်တာတွေအတွက်
လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။
2. ကိုယ့်ရဲ့ တစ်လစာ အသုံးစရိတ်ကို ကြိုတင် သတ်မှတ်ထားပါ။
ဒီလို ကြိုတင် သတ်မှတ်တဲ့ နေရာမှာလည်း ကိုယ့်ရဲ့ ဝင်ငွေနဲ့ ချိန်ပြီး သုံးတတ်ဖို့ လိုအပ်ပါတယ်။ကိုယ့်ရဲ့ ဝင်ငွေက တစ်လကို ၃ သိန်းပဲရှိပြီး ကိုယ်က ၅ သိန်းလောက် သုံးလို့မရပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်ဝင်ငွေရဲ့ ၄၀% ကိုသာ အသုံးပြုတာပါပဲ။
3. ငွေစုနိုင်ဖို့အတွက် Plan ကြိုတင်ဆွဲထားပါ။ဒီလမှာ Shopping ထွက်မယ့် ပိုက်ဆံကို Shopping မထွက်ဘဲ စုမယ့် ပိုက်ဆံ အဖြစ် ပြောင်းလိုက်တဲ့ အကျင့်မျိုးလေးတွေကို လုပ်ထားပါ။ဒါက ကိုယ့်ကို ပိုက်ဆံများများ စုနိုင်ဖို့အတွက် အကူအညီ ပေးပါလိမ့်မယ်။
4. ပိုက်ဆံကုန်စေမယ့် ကိစ္စတစ်ခုရှိလာပြီဆို 24 Hour Rule ကို ကျင့်သုံးပါ။24 Hour Rule ဆိုတာကတော့ ကိုယ်က တစ်ခုခု
ဝယ်ချင်တယ်ဆိုပါစို့၊ ချက်ခြင်း မဝယ်ဘဲ 24 Hour စောင့်ပြီးမှ ဝယ်ပါ။မဝယ်ခင်မှာ သေချာစဉ်းစားပါ၊ ဒါက ကိုယ့်အတွက် လိုအပ်လို့လား၊ရှိပြီးသား ပစ္စည်းနဲ့ တူတူပဲလား၊ အစရှိသဖြင့်ပါ၊
မလိုအပ်ဘူးလို့ ထင်ရင်တော့ မဝယ်ပါနဲ့၊ ဒီနည်းလမ်းလေးက ကိုယ့်ကို ပိုက်ဆံ အတော်အကုန်အကျ သက်သာစေမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။
5. ပိုက်ဆံစုတော့မယ်လို့ ဆုံးဖြတ်ပြီးသွားရင် ကိုယ့်မှာ ပိုက်ဆံ
စုတဲ့ ရည်ရွယ်ချက် ရှိပါစေ၊ ရေရှည် အတွက်လား၊ရေတို
အတွက်လားဆိုတာ အရေးကြီးပါတယ်။ကိုယ့်မှာ ရည်ရွယ်ချက် ရှိမှ ပိုက်ဆံစုတဲ့အခါမှာ တကယ် စုဖြစ်သလို ပိုပြီးတော့ စုဖြစ်မှာ
ဖြစ်ပါတယ်။
အပေါ်မှာ ပြောပြသွားတဲ့ နည်းလမ်းလေးတွေ အပြင် မိတ်ဆွေတို့ရဲ့
အတွေ့အကြုံလေးတွေကိုလဲ Comment မှာ မျှဝေပေးခဲ့ပါအုံး
အတွက် ပိုက်ဆံကို ဘယ်လို စနစ်တကျ စုဆောင်းရမလဲဆိုတာကို Brand You က ပြောပြပေးချင်ပါတယ်။
1. ကိုယ့်ရဲ့ နေ့စဉ် အသုံးစရိတ်ကို မှတ်သားတတ်တဲ့ အကျင့်လေး
ပြုလုပ်ထားပါ။စာအုပ်တစ်အုပ်
လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။
2. ကိုယ့်ရဲ့ တစ်လစာ အသုံးစရိတ်ကို ကြိုတင် သတ်မှတ်ထားပါ။
ဒီလို ကြိုတင် သတ်မှတ်တဲ့ နေရာမှာလည်း ကိုယ့်ရဲ့ ဝင်ငွေနဲ့ ချိန်ပြီး သုံးတတ်ဖို့ လိုအပ်ပါတယ်။ကိုယ့်ရဲ့ ဝင်ငွေက တစ်လကို ၃ သိန်းပဲရှိပြီး ကိုယ်က ၅ သိန်းလောက် သုံးလို့မရပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်ဝင်ငွေရဲ့ ၄၀% ကိုသာ အသုံးပြုတာပါပဲ။
3. ငွေစုနိုင်ဖို့အတွက် Plan ကြိုတင်ဆွဲထားပါ။ဒီလမှာ Shopping ထွက်မယ့် ပိုက်ဆံကို Shopping မထွက်ဘဲ စုမယ့် ပိုက်ဆံ အဖြစ် ပြောင်းလိုက်တဲ့ အကျင့်မျိုးလေးတွေကို လုပ်ထားပါ။ဒါက ကိုယ့်ကို ပိုက်ဆံများများ စုနိုင်ဖို့အတွက် အကူအညီ ပေးပါလိမ့်မယ်။
4. ပိုက်ဆံကုန်စေမယ့် ကိစ္စတစ်ခုရှိလာပြီဆို 24 Hour Rule ကို ကျင့်သုံးပါ။24 Hour Rule ဆိုတာကတော့ ကိုယ်က တစ်ခုခု
ဝယ်ချင်တယ်ဆိုပါစို့၊ ချက်ခြင်း မဝယ်ဘဲ 24 Hour စောင့်ပြီးမှ ဝယ်ပါ။မဝယ်ခင်မှာ သေချာစဉ်းစားပါ၊ ဒါက ကိုယ့်အတွက် လိုအပ်လို့လား၊ရှိပြီးသား ပစ္စည်းနဲ့ တူတူပဲလား၊ အစရှိသဖြင့်ပါ၊
မလိုအပ်ဘူးလို့ ထင်ရင်တော့ မဝယ်ပါနဲ့၊ ဒီနည်းလမ်းလေးက ကိုယ့်ကို ပိုက်ဆံ အတော်အကုန်အကျ သက်သာစေမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။
5. ပိုက်ဆံစုတော့မယ်လို့ ဆုံးဖြတ်ပြီးသွားရင် ကိုယ့်မှာ ပိုက်ဆံ
စုတဲ့ ရည်ရွယ်ချက် ရှိပါစေ၊ ရေရှည် အတွက်လား၊ရေတို
အတွက်လားဆိုတာ အရေးကြီးပါတယ်။ကိုယ့်မှာ ရည်ရွယ်ချက် ရှိမှ ပိုက်ဆံစုတဲ့အခါမှာ တကယ် စုဖြစ်သလို ပိုပြီးတော့ စုဖြစ်မှာ
ဖြစ်ပါတယ်။
အပေါ်မှာ ပြောပြသွားတဲ့ နည်းလမ်းလေးတွေ အပြင် မိတ်ဆွေတို့ရဲ့
အတွေ့အကြုံလေးတွေကိုလဲ Comment မှာ မျှဝေပေးခဲ့ပါအုံး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။