အိန္ဒိယ ဘာမထီလက်သီးမှသည် တွဲလုံးအတွေးများ
++++++++++++++++++++++++++ +++++++++
ရေးသူ - မောင်နိုးဝေ
"အမေရိကန်က ဆန်ရှင် လုပ်တာကို သိပ်ဝမ်းသာ မနေကြနဲ့။ (မြန်မာ နိုင်ငံကို) တရုတ် ရင်ခွင်ထဲ တွန်းပို့သလိုဖြစ်သွားမယ်" ဆိုသည့်စကားကို ရဲရဲဝံ့ဝံ့ သတိပေး ပြောပြခဲ့သူမှာ ဆရာကြီးမောင် စူးစမ်းဖြစ်သည်။ အမေရိကန် တို့သည် မကြာသေး မီနှစ်ပိုင်းက စီးပွားရေး ပိတ်ဆို့သည့် မူဝါဒမှားမှန်ကို ပြန်လည် သုံးသပ်ကာ မှားသည်ဟု အဖြေရခဲ့ ကြသည်။ ထိုအချိန် တရုတ် ရင်ခွင်ထဲတွင် မြန်မာသည် မလူးသာ မလွန့်သာ ဖြစ်နေခဲ့ချေသည်။ သင်ခန်းစာ ယူစရာဖစ်ခဲ့ရသည်။ သင်ခန်းစာ အမှန်တကယ် ယူခဲ့ကြပါသည်လော။
'ဈေးကွက် စီးပွားရေးမှာ တောင်သူတွေက ကြိုက်တာ စိုက်ပါစေ၊ နိုင်ငံခြား ၀ယ်လက်တွေနဲ့ ချိတ် ဆက်ရောင်း ၀ယ်ကြပါစေ။ အစိုးရက ၀င်မစွက်ဖက်ဘူး။ အဲဒါကို အဆင်ပြေ ရုံလေး လောက် ထိန်းညှိပေးလိုက်ရုံပဲ။ အဲဒါ ဈေးကွက် စီးပွားရေး သဘော'။ 'အဲဒီလိုသာ ပစ်ထား လိုက်ရင် တောင်သူတွေ ဘ၀ကို ပွဲစားတွေ ရင်ခွင်ထဲထိုး ထည့်လိုက်သလို မဖြစ်ပေ ဘူး လား' ဟု အတွေးဝင် လာမိသည်။ မိမိသာ လယ်ဆယ်ဧက ပိုင်သည့် မြန်မာပြည် တက္ကသိုလ် မှ သာမန်ဘွဲ့ရ တစ်ယောက် ဖြစ်လျှင်ဆိုသည့် အစားဝင် ခံစားမှုဖြစ်လာ မိသည်။
လိုသလား၊ ပိုသလား
----------------------
စစ်ကိုသာ အခြေပြုတိုက် လာခဲ့ရသည့်အခါ တော်လှန်ရေးပြီး၊ လွတ်လပ်ရေးရပြီးလျှင် စစ်ကိုဦး ဆောင်ခဲ့သူများ၊ တော်လှန်ရေး ခေါင်းဆောင်များက တိုင်းပြည်စီးပွားရေးကို အုပ်ချုပ်စီမံသောအခါ နစ်သထက်နစ်ခဲ့ရသည့် အတွေ့အကြုံ ရခဲ့ပြီးဖြစ်သည်။ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးတို့သည် လုပ်ငန်း အမျိုး အစားမတူညီသည်ကို သိခဲ့ကြ ပြီးဖြစ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လက်နက်နှင့်တိုက်သည့် စစ်မက်လျော့ပါး သွားချိန် တွင် နိုင်ငံအကျိုးစီးပွား အတွက် ဈေးကွက် စီးပွားရေးသည် မသိသာ မထင်ရှားသည့် စစ် တလင်းပြင် ဖြစ်လာခဲ့သည်။ ထိုစစ်တလင်းပြင် တွင် နိုင်အောင်တိုက်ဖို့မဆိုထား နှင့်
ဧရိယာ ပင် တိတိပပ မသိဖြစ်ကုန်ကြသည်။ စစ်ဆိုသည်မှာ အောင်င်သူ၏ စကားသည်သာ
အရာ ထင်ရိုး ဖြစ်သည်။ စီးပွားရေး ဆိုသည်မှာလည်း အောင်မြင်ခဲ့သူတို့၏
နည်းနာသီအိုရီ များက သာလျှင် မင်းမူကြစမြဲဖြစ်သည်။ နည်းသစ်ထွင်ရန်
ဆိုသည်မှာလည်း နည်းဟောင်းများကို စုံစေ့အောင် လေ့လာခဲ့ပြီးမှသာ
ဖြစ်နိုင်သည်။ အလေ့အလာမရှိ လုပ်နေပါမူ တိုင်ပတ်မြဲ ပတ်နေကြပေ လိမ့်မည်။
ထိုစစ်ပွဲတွင် ဗီယက်နမ်၏ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းသည်
ထိုင်းနိုင်ငံကို ဖြတ်ကျော် တက်လာနေသည်။ လိုချင်သည့် အရာကိုပေးပြီး
မိမိပန်းတိုင်သို့ အရောက် လျှောက်လှမ်း ရခြင်းသည်။ ဈေးကွက် စီးပွားရေး
စစ်မျက်နှာ၏ သဘော သဘာဝ ပင် ဖြစ်သည်။ ထို့ကြောင့် အခြားနိုင်ငံမှ မည်သည့်
ကုန်ပစ္စည်း လိုအပ်နေသည်။ မည်သည့် ကုန်ပစ္စည်းများ ပိုလျှံနေသည်ကို
လေ့လာနိုင်မှသာ သေနာပတိအရည် အချင်းနှင့် ပြည့်စုံပေ လိမ့်မည်။
ကမ္ဘာ့လူဦးရေ အတောင့်တင်းဆုံး အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ညပ်လျက်တည် ရှိနေသော မြန်မာနိုင်ငံသည် ထိုအခွင့်အရေးကို သုံးတတ်လျှင် ဆေးဖြစ်ပြီး၊ မသုံးတတ်လျှင် ဘေး ဖြစ် ချေလိမ့်မည်။ အကျိုးရှိအောင် အသုံးချရန်မှာ ထိုနိုင်ငံကြီး နှစ်နိုင်ငံ၏ ပိုလျှံသော ထုတ်ကုန် များ မြန်မာနိုင်ငံတွင်လည်း ပေါများနမှဖြစ်မည်။ ထိုနိုင်ငံနှစ်နိုင်ငံမှ လိုအပ်နေသော ကုန် ပစ္စည်းကို မြန်မာနိုင်ငံမှ ထုတ်လုပ် တင်ပို့ရောင်း ချနိုင်ရပေမည်။ စိုက်ပျိုးရေးကို အခြေခံမည့် မြန်မာ့စီးပွားရေးသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ မည်သည့် သီးနှံများ လိုအပ်၍ မည်သည့် သီးနှံများ တင်ပို့ရန် ပိုလျှံနေသည်ကို အတိအကျ သိရပေလိမ့်မည်။
အိန္ဒိယ ဂျုံ လို၊ မလို
-----------------------
အိန္ဒိယသည် ရုရှား၊ ယူကရိန်းနှင့် ပြင်သစ်နိုင်ငံ များမှ ယခုမတ်လ ကုန်မှ စတင်၍ ဂျုံများ ၀ယ်ယူ တင်သွင်းရတော့ မည်ဖြစ်သည်။ ပင်လယ်နက်ဒေသနှင့် ဥရောပက ပိတ်ပင် ထား သည့် အင်း ဆက်ပိုးမွှားထိန်းချုပ် ရန်သုံးသည့် မီသိုင်းဘရိုမိုက် ဓာတ်ငွေ့ကိုလည်း တင်ပို့ မည့်သူများနှင့် တွေ့ဆုံဆွေးနွေး လျက်ရှိသည်။ မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းမှတင် တင် သွင်းခံမည်ဟုဆိုသည်။ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်း တွင်လည်း ဂျုံတန်ချိန်ငါး သန်းကို ၀ယ်ယူ ခဲ့ရပါသေးသည်။ ဆယ်စုနှစ်အတွင်း အများဆုံး ၀ယ်ယူခဲ့ရသည့် ပမာဏဖြစ်သည်။ နှစ်နှစ် ဆက်တိုက် မိုးခေါင်ခဲ့ခြင်းကြောင့် သီးနှံရှားပါးမှုနှင့် ကြုံတွေ့လိုက်ခြင်းကြောင့် ယခုပမာဏ အထိ ၀ယ်ယူတင်သွင်းလိုက် ရခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်က ဂျုံတန်ချိန်စုစုပေါင်းတန်ချိန် ၉၂.၂၉ သန်းဝယ်ခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာလည်း တန်ချိန်ပေါင်း ၉၆.၆၄ သန်း ၀ယ်ယူရနိုင် သည်ဟု အိန္ဒိယလယ်ယာ ၀န်ကြီးဌာနက ကြေညာထားသည်။
အိန္ဒိယ ပဲ လို၊ မလို
--------------------
ကုလားပဲ၊ ပဲစင်းငုံနှင့် ပဲမျိုးစုံများကို တန်ချိန်ရှစ်သန်းမှ ၈.၅ သန်းအထိ တိုးထွက်အောင် လုပ်ဆောင်သွားမည့် လျာထားချက်ကိုလည်း ကြေငြာထားသည်။ ယခုအခါတွင်မူ တန်ချိန် ငါးသန်းမျှသာ ထွက်ရှိသည်။ နယူးဒေလီအစိုးရသည် မိုဇမ်ဘီကျူ့ (Mozambique) နိုင်ငံမှ သာလျှင် ကောက်ပဲသီးနှံများ ၀ယ်ယူ တင်သွင်းနေခဲ့ရပြီး မြန်မာပြည်မှလည်း ၀ယ်ယူတင် သွင်းနိုင်ရန် မျှော်လင့်လျက်ရှိသည်။ ကောက်ပဲသီးနှံ လိုအပ်ချက်သည် တစ်နှစ်လျှင် စုစုပေါင်း တန်ချိန် ၂၂ သန်းကျော် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတွင်း စုစုပေါင်းထွက် သည့် တန်ချိန်မှာမူ ၁၅၆.၄၇ သန်းမျှသာ ရှိသည် ဖြစ်၍ တန်ချိန် ၅.၆သန်းခန့် ပြည်ပမှဝယ်ယူ တင်သွင်းခဲ့ရသည်။ ၂၀၂၀ တွင် ပြည်ပမှ မ၀ယ်ယူရရေးကို ၀န်ကြီးချုပ်မိုဒီက စီမံကိန်းချ ထားသည်။
ပဲမျိုးစုံဆီနှင့် ပတ်သက်လျှင်လည်း ၂၀၁၆ ခုနှစ်မှာ နှစ်ဆမက တင်ပို့နိုင်ခဲ့သည်။ မျိုးဗီဇ မပြုပြင်ရသေးသာ ပဲကုန်စည်များကို ပြင်သစ်မှ လိုအပ်ချက်ကြောင့် ဖြစ်သည်။၂၀၁၅ ခုနှစ် တွင် ၈၄,၂၁၈ တန်တင်ပို့နိုင်ခဲ့ သော်လည်း၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလစာရင်းအရ ၁၉၄,၃၀၉ တန်ထိ တင်ပို့နိုင်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် ပြင်သစ်ကို ၁,၉၅၆ တန်သာ တင်ပို့နိုင်ခဲ့ သော် လည်း ၂၀၁၇ ခုနှစ်တွင် ၁၀၆,၇၀၈ တန်ထိ တင်ပို့နိုင်ခဲ့ပြီး ၁၀၃,၆၅၀ တန်မှာ ပဲကုန်စည်နှင့် ၃,၀၅၈ တန်မှာ အသားမှုန့်နှင့် ဆက်စပ်သော အချိုမှုန့် အမျိုးမျိုးတို့ ဖြစ်သည်။ ပဲပိစပ်ကို ၂၀၁၅ ခုနှစ်တွင် ဂျပန်သို့ ၆,၅၀၀ တန် တင်ပို့ခဲ့ရပြီး ၂၀၁၇ ခုနှစ်တွင် ၅၀,၆၃၂ တန်ထိ တင်ပို့နိုင်ခဲ့သည်။
အိန္ဒိယ ကောက်ပဲသီးနှံ ၀ယ်ရောင်းစီမံကိန်း
-------------------------- --------------------
ပါဒရက်ပြည် နယ်သည် လာမည့်သုံးနှစ်အတွင်း ကောက်ပဲသီးနှံ အထွက်နှုန်းကို ၆၀ ရာခိုင် နှုန်း မြင့်တက်အာင် ကြိုးပမ်းပြီး ၀န်ကြီးချုပ် မိုဒီ၏ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေး စီမံကိန်း ကို ကူညီသွားမည်ဟု ဆိုထားသည်။ ကနေဒါ၊ သြစတြေးလျ၊ အီသီယိုးပီးယား နှင့် အခြားနိုင်ငံများမှ ကောက်ပဲသီးနှံ တင်သွင်း ၀ယ်ယူနေရခြင်းကြာင့် တစ်နှစ်လျှင် ဒေါ်လာ ၂.၆၅ သန်းခန့် တိုင်းပြည်မှ အပိုကုန်ကျနေ ရသည်ဟု တွက်ပြထား ပါသေးသည်။
ဤအချက် အလက်များကို လေ့လာပြီးလျှင် မည်သည့်ကောက်ပဲ သီးနှံကို နိုင်ငံခြားပို့ ကုန်စည်ဖြစ်အာင် စိုက်ရမည်ကို တောင်သူတစ်ယောက် အနေဖြင့် သဘောပေါက်ပေ လိမ့်မည်။ သို့သော် မြန်မာနိုင်ငံမှ သာမန်တောင်သူ လယ်သမား တစ်ယောက် အနေဖြင့် ဤမျှထိ သိနိုင်ပါမည်လော။ မသိခဲ့၍လည်း တရုတ်ပြည် ၀ယ်လက်ကို မှီတည်ကာ ပြောင်း များ စိုက်ခဲ့ကြသည်။ တရုတ်ပေါ်လစီ အပြောင်းအလဲသည် နိုင်ငံတွင်း ပြောင်းဖူလုံရေး အစိုးရမှ အကူ အညီပေးသည့် မူဝါဒကို မသိခဲ့ကြ၍ မြန်မာ့ပြောင်း စိုက်သူများ သွက်သွက် ခါအောင် ရှုံးခဲ့ကြရသည်။ တရုတ်နိုင်ငံက အိန္ဒိယမှ ဘာမထီဆန် တင်သွင်း ခွင့်ပြုလိုက် သည်မှာ တရုတ် လယ်ယာမြေတွင် စပါးစိုက်ပျိုး၍ မရနိုင်၍ မဟုတ်နိုင်ပေ။ ဈေးကွက်က ပိုသည်ကို မစိုက်၊ ဈေးကွက်က လိုသည်ကိုသာ စိုက်သည်ဆိုသည့် ဒဿနထက် ဈေးကွက် တွင် ဈေးနှုန်းချိုသည်ကို မစိုက် (၀ယ်မည်)၊ ဈေးကွက်တွင် ဈေးနှုန်းမြင့်၍ အမြတ်များသည် ကိုသာ စိုက်သည်ဆိုသည့် ဒဿနအဆင့်ထိ ရောက်ရှိနေ၍ဖြစ်သည်။ အိန္ဒိယကို လေ့လာခဲ့ သည့် နည်းအတိုင်း တရုတ်နိုင်ငံကိုလည်း လေ့လာသင့်သည်။ အချက်အလက် ပိုမိုပြည့်စုံပြီး လက်တွေ့ဖြစ်နိုင် အကျိုးများမည့် အချက်များကို အစိုးရပိုင်းမှ တာဝန်ယူ လေ့လာမှသာ ဖြစ်နိုင်မည်ထင်သည်။ အခြားအရှေ့ အာရှနိုင်ငံများနှင့် တင်ပို့ရန် လမ်းကြောင်းလွယ်ကူ သောနိုင်ငံများ ကိုလည်း လေ့လာသင့်ပါသေးသည်။
ဈေးကွက် စီးပွားရေးစနစ် သားကောင် မဖြစ်စေရန် အိန္ဒိယ ဒီမိုအစိုးရ၏ တာဝန်ယူမှုများ
ပြီးခဲ့သည့် ရာသီတွင် ငါးရာတန်နှင့် တစ်ထောင်တန် ရူပီးများကို ငွေမည်းကြေငြာပစ်ခဲ့ခြင်း၊ မိုးခေါင် ခဲ့ခြင်းတို့ကြောင့် အိန္ဒိယလယ်သမားများ အထိနာခဲ့ရသည်။ ၎င်းင်းပြဿနာ ကိုဖြေ ရှင်းရန် လယ်သမား တစ်ဦးလျှင် သီးနှံချေးငွေအပါအ၀င် စုစုပေါင်း တစ်ပတ်လျှင် ရူပီး ငါး သိန်း ဘဏ်မှ ထုတ်ယူခွင့်ပြု လိုက်သည်ဟု စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုဈေး ကွက်ဖော် ဆောင်ရေး ကော်မတီ(Agricultural Produce Marketing Committee-APMC) က ပြောကြား ခဲ့သည်။ ဤငွေပမာဏသည် မြေသြဇာ၊ မျိုးစေ့နှင့် အခြားလိုအပ်သည် များကို ၀ယ်ရန် လုံလောက်သည်ဟု စီးပွားရေးရာ အတွင်းရေးမှူး ရှပ်ကတီကန်တဒက် (Shaktikanta Das) က တွက်ချက် ပြောပြသွားခဲ့သည်။ ထို့ပြင် အိန္ဒိယလယ် သမားများ အတွက် အနည်းဆုံးသီးနှံ ပေါက်ဈေး (Minimum Support Price-MSP) ကို အိန္ဒိယ အစိုးရက ပုံသေဈေးနှုန်း သတ်မှတ်ပေးထားသည်။ ရိတ်သိမ်းရာသီချိန်တွင် ကောက်ပဲ သီးနှံဈေး အလွန်အမင်း ကျဆင်းသွားမည့် အန္တရာယ်ကို တောင်သူလယ် သမားများအတွက် အကာ ကွယ်ပေး ထားခြင်းဖြစ်သည်။ ထိုကြောင့် လယ်သမားများသည် မစိုက်မီကာလ ကပင် ကြိုတင်တွက်ချက် စိုက်ပျိုးနိုင်ကြသည်။
အနောက်ဘင်ဂေါ (West Bengal) ဒေသ အစိုးရသည် အာဆင်းနစ် အက်ဆစ် ၈၁ ရာခိုင်နှုန်း ကျော်ရှိသည့် စိုက်ပျိုးမြေအတွက် လယ်သမားများ စိုက်ပျိုးနိုင်ရန် မူခတိုရှီ (Muktoshri) ဆိုသည့် စပါးမျိုး စိတ်သစ်ကို ဆန်စပါးသုတေသနဌာနမှ တီထွင်ဖန် တီး ပေးနိုင်ခဲ့သည်။ စိုက်ပျိုးပြီး ရက်ပေါင်း ၁၂၅ နှင့် ၁၃၀ အတွင်း ရိတ်သိမ်းနိုင်သည့် စပါးမျိုး စိတ်ဖြစ်သည်။ ထို့ပြင် အခြားမျိုးစိတ်သစ်ဖြစ်သည့် ဂိုစပါး ၁ (Gosaba I) နှင့် ချင်းဆုရာနိုနာ ၂ (Chinsurah Nona-II) ကိုဆားငန်ရေ၀င်အရပ်ဒေသများတွင်
စိုက်ပျိုးနိုင်ရန် ချင်းဆုရာနှင့် ဘန်ကရာ (Chinsurah and Bankura)
ဆန်စပါး သုတေသနဌာနများမှ သုတေသနပြု တီထွင် ဖန်တီးထားသည်များလည်း
ရှိပါသေးသည်။ ရက်ပေါင်း ၁၁၅ ရက် နှင့်ရိတ် သိမ်းနိုင် သည့် အာဂျစ် (Ajit)
စပါးမျိုးစိတ်ဖြင့်လည်း လက်ရှိ စိုက်ပျိုးနေသည့် စပါးမျိုးများကို အစားထိုး
စိုက်ပျိုး လျက်ရှိသည်။ အိန္ဒိယကုမ္ပဏီ ၁၄ ခုကို တရုတ်နိုင်ငံမှ ဘာမထီဆန်
တင်ပို့ခွင့်ပြု သည့် သဘောတူစာချုပ် လက်မှတ်ရေး ထိုးပြီးခဲ့ချေပြီ။
အိန္ဒိယနိုင်ငံကို ဆန်တင်ပို့ချင်၍ မဖြစ်နိုင်တော့ပေ။ ဗီယက်နမ်နှင့်
ထိုင်းနိုင်ငံတို့သို့လည်း ဆန်တင်ပို့ ရန်မဖြစ်နိုင်ဟု ခန့်မှန်း မိသည်။
ထို့အတူ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ချင်ပါလျှင်လည်း အိန္ဒိယဆန်နှင့် အရည်
အသွေးပိုင်း သာမက ဈေးနှုန်းပိုင်းလည်း ယှဉ်ပြိုင်နိုင်မှဖြစ်ပေလိမ့်မည်။
ခရစ်ရှ်နာနာဂါ (Krishnanagar) ဒေသ အစိုးရ၏ ဂုန်လျှော်သုတေသန ဌာနမှလည်း
ဂိုရမ်ဂါ (Gouranga) အမည်ရှိ ဂုန်လျှော်မျိုးစေ့ကို သုတေသနအသီးအပွင့်အဖြစ်
မြင်တွေ့ခဲ့ရချေပြီ။ ၎င်းင်းဂုန် လျှော်မျိုးစိတ် သစ်သည် တစ်ဟက်တာလျှင်
ဂုန်လျှော် ၂,၃၀၀ ကီလိုဂရမ်ထွက်သည်။ လက်ရှိ စိုက်ပျိုးနေသည့်
ဂုန်လျှော်မျိုးထက် ၁၀ ရာခိုင်နှုန်းပိုထွက်သည့် မျိုးစိတ်သစ်ဖြစ် သည်။
အခြားကောက်ပဲ သီးနှံနှင့် အခြားသုတေသနရလဒ်များ အိန္ဒိယတွင်ရှိပါလိမ့်ဦးမည် ။ ဤသည်မှာ ချိန်ဆနိုင်ရန်အတွက် မြင်သာသည့် အချက်မျှသာဖြစ်သည်။
ဈေးကွက်စီးပွားရေး စနစ်ထဲက တောင်သူလယ်သမား၊ အစိုးရနှင့် ပွဲစား မလုံလောက် သည့်ချေးငွေကို ၀ယ်လက်နည်းသည့် ကောက်ပဲသီးနှံ စိုက်ပျိုးရေးအတွက် ထုတ်ချေးပေး နေပါက ချေးပေးရသလောက် နှစ်ဖက်အကျိုးမရှိဖြစ်နိုင် သည်။
ချေးပေးရသည့် အကျိုးကျေး ဇူးဖြစ် စေသည့်ကာလအထိ ထုတ်ချေးပေးထားနိုင်
ရန်လည်းလိုသည်။ ကောက်ပဲ သီးနှံ အနိမ့်ဆုံးဈေးနှုန်းကို အစိုးရမှ တာဝန်ယူ
သတ်မှတ်၍ သွင်းလာလျှင်လည်း လက်ခံ ၀ယ်ပေး နိုင်ရန် ပြင်ဆင်သင့်သည်။
ထိုသို့သတ်မှတ် ၀ယ်ယူနိုင်ရန်မှာလည်း အစိုးရ လက်ဝယ် အောင်း နေသည့်
ကောက်ပဲသီးနှံ မဖြစ်စေရန် အစိုးရကိုယ်တိုင် နိုင်ငံခြား ဈေးကွက် ရှာရ မည်။
အရည်အသွေး စံချိန် သတ်မှတ်၍ စံချိန်မီ အရည်အသွေး ရရှိစေရန် မျိုးနှင့်နည်း
ပညာကိုပါ တောင်သူလယ်သမားများကိုပေးနိုင်ရမည်။
ဆည်မြောင်းဌာန ဘတ်ဂျက် မထိရောက်သည့်ကိစ္စကို ထိန်းချုပ်သည့် အရေးထက်
တောင်သူလယ်သမားများ ဆည်ရေ မပြတ်ရရှိရေးကို ဦးစားပေးလုပ်ဆောင် ပေးသင့်သည်။
ဖြေရှင်းလျက်ရှိသည့် အသိမ်းခံ လယ်မြေ အရေးထက် လက်ရှိတောင်သူ လယ်သမားများ
လုပ်ကိုင်နိုင်သည့် လယ်မြေတွင် မည်သည့် ကောက်ပံသီးနှံစိုက်လျှင် ဈေးနှုန်း၊
နည်းပညာ၊ ရေနှင့် အရင်းအနှီး တာဝန်ယူ ပေးနိုင်ရေးကို အလေးပေးသင့်သည်။
အစိုးရထံသို့ ကောက်ပဲ သီးနှံရောင်းကာ အစိုးရထံမှ ဆန်ဝယ်၊ ရွှေဆိုင်တွင်
အထည်လုပ်၊ ဈေးကြီးမှ အ၀တ်အစားနှင့် အသုံးဆောင်ပစ္စည်းများ ၀ယ်ကာ၊
ငွေပိုက်ကာ ပျော်ပျော်ကြီး ပြန်ခဲ့ကြလေသည်ဆိုသည့် မြေကြီးမှ ရွှေသီးသည့်
ခေတ် ရှိခဲ့သည်ဟု ကြားခဲ့ဖူးသည်။ လိုအပ်သည့် နိုင်ငံခြား ၀ယ်လက်ရှိမည့်
ကောက်ပဲ သီးနှံ၊ အရည်အသွေး၊ အနိမ့် ဆုံးဈေးနှုန်း၊ ဆည်ရေ၊ နည်းပညာနှင့်
အရင်းအနှီးအရှိန် ရလာ လျှင် လက်လွှတ်၍ရသော စိုက်ပျိုးရေးကိုအခြေခံသည့်
ဈေးကွက်စီးပွား ရေးစနစ် မုချဖြစ်ပေ လိမ့်မည်။ ထိုသို့ တာဝန်မယူတတ်၊
တာဝန်မယူင်၊ တာဝန်ယူရမှန်းမသိပါဘဲ လွှတ်ထား လိုက်ချေက ပွဲစားလူလည်
များရင်ခွင်ထဲသို့ အ၀ယ်နည်းသည့် ကောက်ပဲသီးနှံများပိုက်ကာ
တောင်သူလယ်သမားများ မျက်လုံးလေး ကလယ်ကလယ်နှင့် ပြုသမျှ နုနေရချေဦးတော့
မည်မှာ မလွဲပါချေ။
#MyanmarB2BManagementMagaz ine
++++++++++++++++++++++++++
ရေးသူ - မောင်နိုးဝေ
"အမေရိကန်က ဆန်ရှင် လုပ်တာကို သိပ်ဝမ်းသာ မနေကြနဲ့။ (မြန်မာ နိုင်ငံကို) တရုတ် ရင်ခွင်ထဲ တွန်းပို့သလိုဖြစ်သွားမယ်" ဆိုသည့်စကားကို ရဲရဲဝံ့ဝံ့ သတိပေး ပြောပြခဲ့သူမှာ ဆရာကြီးမောင် စူးစမ်းဖြစ်သည်။ အမေရိကန် တို့သည် မကြာသေး မီနှစ်ပိုင်းက စီးပွားရေး ပိတ်ဆို့သည့် မူဝါဒမှားမှန်ကို ပြန်လည် သုံးသပ်ကာ မှားသည်ဟု အဖြေရခဲ့ ကြသည်။ ထိုအချိန် တရုတ် ရင်ခွင်ထဲတွင် မြန်မာသည် မလူးသာ မလွန့်သာ ဖြစ်နေခဲ့ချေသည်။ သင်ခန်းစာ ယူစရာဖစ်ခဲ့ရသည်။ သင်ခန်းစာ အမှန်တကယ် ယူခဲ့ကြပါသည်လော။
'ဈေးကွက် စီးပွားရေးမှာ တောင်သူတွေက ကြိုက်တာ စိုက်ပါစေ၊ နိုင်ငံခြား ၀ယ်လက်တွေနဲ့ ချိတ် ဆက်ရောင်း ၀ယ်ကြပါစေ။ အစိုးရက ၀င်မစွက်ဖက်ဘူး။ အဲဒါကို အဆင်ပြေ ရုံလေး လောက် ထိန်းညှိပေးလိုက်ရုံပဲ။ အဲဒါ ဈေးကွက် စီးပွားရေး သဘော'။ 'အဲဒီလိုသာ ပစ်ထား လိုက်ရင် တောင်သူတွေ ဘ၀ကို ပွဲစားတွေ ရင်ခွင်ထဲထိုး ထည့်လိုက်သလို မဖြစ်ပေ ဘူး လား' ဟု အတွေးဝင် လာမိသည်။ မိမိသာ လယ်ဆယ်ဧက ပိုင်သည့် မြန်မာပြည် တက္ကသိုလ် မှ သာမန်ဘွဲ့ရ တစ်ယောက် ဖြစ်လျှင်ဆိုသည့် အစားဝင် ခံစားမှုဖြစ်လာ မိသည်။
လိုသလား၊ ပိုသလား
----------------------
စစ်ကိုသာ အခြေပြုတိုက် လာခဲ့ရသည့်အခါ တော်လှန်ရေးပြီး၊ လွတ်လပ်ရေးရပြီးလျှင် စစ်ကိုဦး ဆောင်ခဲ့သူများ၊ တော်လှန်ရေး ခေါင်းဆောင်များက တိုင်းပြည်စီးပွားရေးကို အုပ်ချုပ်စီမံသောအခါ နစ်သထက်နစ်ခဲ့ရသည့် အတွေ့အကြုံ ရခဲ့ပြီးဖြစ်သည်။ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးတို့သည် လုပ်ငန်း အမျိုး အစားမတူညီသည်ကို သိခဲ့ကြ ပြီးဖြစ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လက်နက်နှင့်တိုက်သည့် စစ်မက်လျော့ပါး သွားချိန် တွင် နိုင်ငံအကျိုးစီးပွား အတွက် ဈေးကွက် စီးပွားရေးသည် မသိသာ မထင်ရှားသည့် စစ် တလင်းပြင် ဖြစ်လာခဲ့သည်။ ထိုစစ်တလင်းပြင် တွင် နိုင်အောင်တိုက်ဖို့မဆိုထား
ကမ္ဘာ့လူဦးရေ အတောင့်တင်းဆုံး အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ညပ်လျက်တည် ရှိနေသော မြန်မာနိုင်ငံသည် ထိုအခွင့်အရေးကို သုံးတတ်လျှင် ဆေးဖြစ်ပြီး၊ မသုံးတတ်လျှင် ဘေး ဖြစ် ချေလိမ့်မည်။ အကျိုးရှိအောင် အသုံးချရန်မှာ ထိုနိုင်ငံကြီး နှစ်နိုင်ငံ၏ ပိုလျှံသော ထုတ်ကုန် များ မြန်မာနိုင်ငံတွင်လည်း ပေါများနမှဖြစ်မည်။ ထိုနိုင်ငံနှစ်နိုင်ငံမှ လိုအပ်နေသော ကုန် ပစ္စည်းကို မြန်မာနိုင်ငံမှ ထုတ်လုပ် တင်ပို့ရောင်း ချနိုင်ရပေမည်။ စိုက်ပျိုးရေးကို အခြေခံမည့် မြန်မာ့စီးပွားရေးသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ မည်သည့် သီးနှံများ လိုအပ်၍ မည်သည့် သီးနှံများ တင်ပို့ရန် ပိုလျှံနေသည်ကို အတိအကျ သိရပေလိမ့်မည်။
အိန္ဒိယ ဂျုံ လို၊ မလို
-----------------------
အိန္ဒိယသည် ရုရှား၊ ယူကရိန်းနှင့် ပြင်သစ်နိုင်ငံ များမှ ယခုမတ်လ ကုန်မှ စတင်၍ ဂျုံများ ၀ယ်ယူ တင်သွင်းရတော့ မည်ဖြစ်သည်။ ပင်လယ်နက်ဒေသနှင့် ဥရောပက ပိတ်ပင် ထား သည့် အင်း ဆက်ပိုးမွှားထိန်းချုပ် ရန်သုံးသည့် မီသိုင်းဘရိုမိုက် ဓာတ်ငွေ့ကိုလည်း တင်ပို့ မည့်သူများနှင့် တွေ့ဆုံဆွေးနွေး လျက်ရှိသည်။ မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းမှတင် တင် သွင်းခံမည်ဟုဆိုသည်။ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်း တွင်လည်း ဂျုံတန်ချိန်ငါး သန်းကို ၀ယ်ယူ ခဲ့ရပါသေးသည်။ ဆယ်စုနှစ်အတွင်း အများဆုံး ၀ယ်ယူခဲ့ရသည့် ပမာဏဖြစ်သည်။ နှစ်နှစ် ဆက်တိုက် မိုးခေါင်ခဲ့ခြင်းကြောင့် သီးနှံရှားပါးမှုနှင့် ကြုံတွေ့လိုက်ခြင်းကြောင့် ယခုပမာဏ အထိ ၀ယ်ယူတင်သွင်းလိုက် ရခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်က ဂျုံတန်ချိန်စုစုပေါင်းတန်ခ
အိန္ဒိယ ပဲ လို၊ မလို
--------------------
ကုလားပဲ၊ ပဲစင်းငုံနှင့် ပဲမျိုးစုံများကို တန်ချိန်ရှစ်သန်းမှ ၈.၅ သန်းအထိ တိုးထွက်အောင် လုပ်ဆောင်သွားမည့် လျာထားချက်ကိုလည်း ကြေငြာထားသည်။ ယခုအခါတွင်မူ တန်ချိန် ငါးသန်းမျှသာ ထွက်ရှိသည်။ နယူးဒေလီအစိုးရသည် မိုဇမ်ဘီကျူ့ (Mozambique) နိုင်ငံမှ သာလျှင် ကောက်ပဲသီးနှံများ ၀ယ်ယူ တင်သွင်းနေခဲ့ရပြီး မြန်မာပြည်မှလည်း ၀ယ်ယူတင် သွင်းနိုင်ရန် မျှော်လင့်လျက်ရှိသည်။ ကောက်ပဲသီးနှံ လိုအပ်ချက်သည် တစ်နှစ်လျှင် စုစုပေါင်း တန်ချိန် ၂၂ သန်းကျော် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတွင်း စုစုပေါင်းထွက် သည့် တန်ချိန်မှာမူ ၁၅၆.၄၇ သန်းမျှသာ ရှိသည် ဖြစ်၍ တန်ချိန် ၅.၆သန်းခန့် ပြည်ပမှဝယ်ယူ တင်သွင်းခဲ့ရသည်။ ၂၀၂၀ တွင် ပြည်ပမှ မ၀ယ်ယူရရေးကို ၀န်ကြီးချုပ်မိုဒီက စီမံကိန်းချ ထားသည်။
ပဲမျိုးစုံဆီနှင့် ပတ်သက်လျှင်လည်း ၂၀၁၆ ခုနှစ်မှာ နှစ်ဆမက တင်ပို့နိုင်ခဲ့သည်။ မျိုးဗီဇ မပြုပြင်ရသေးသာ ပဲကုန်စည်များကို ပြင်သစ်မှ လိုအပ်ချက်ကြောင့် ဖြစ်သည်။၂၀၁၅ ခုနှစ် တွင် ၈၄,၂၁၈ တန်တင်ပို့နိုင်ခဲ့ သော်လည်း၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလစာရင်းအရ ၁၉၄,၃၀၉ တန်ထိ တင်ပို့နိုင်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် ပြင်သစ်ကို ၁,၉၅၆ တန်သာ တင်ပို့နိုင်ခဲ့ သော် လည်း ၂၀၁၇ ခုနှစ်တွင် ၁၀၆,၇၀၈ တန်ထိ တင်ပို့နိုင်ခဲ့ပြီး ၁၀၃,၆၅၀ တန်မှာ ပဲကုန်စည်နှင့် ၃,၀၅၈ တန်မှာ အသားမှုန့်နှင့် ဆက်စပ်သော အချိုမှုန့် အမျိုးမျိုးတို့ ဖြစ်သည်။ ပဲပိစပ်ကို ၂၀၁၅ ခုနှစ်တွင် ဂျပန်သို့ ၆,၅၀၀ တန် တင်ပို့ခဲ့ရပြီး ၂၀၁၇ ခုနှစ်တွင် ၅၀,၆၃၂ တန်ထိ တင်ပို့နိုင်ခဲ့သည်။
အိန္ဒိယ ကောက်ပဲသီးနှံ ၀ယ်ရောင်းစီမံကိန်း
--------------------------
ပါဒရက်ပြည် နယ်သည် လာမည့်သုံးနှစ်အတွင်း ကောက်ပဲသီးနှံ အထွက်နှုန်းကို ၆၀ ရာခိုင် နှုန်း မြင့်တက်အာင် ကြိုးပမ်းပြီး ၀န်ကြီးချုပ် မိုဒီ၏ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေး စီမံကိန်း ကို ကူညီသွားမည်ဟု ဆိုထားသည်။ ကနေဒါ၊ သြစတြေးလျ၊ အီသီယိုးပီးယား နှင့် အခြားနိုင်ငံများမှ ကောက်ပဲသီးနှံ တင်သွင်း ၀ယ်ယူနေရခြင်းကြာင့် တစ်နှစ်လျှင် ဒေါ်လာ ၂.၆၅ သန်းခန့် တိုင်းပြည်မှ အပိုကုန်ကျနေ ရသည်ဟု တွက်ပြထား ပါသေးသည်။
ဤအချက် အလက်များကို လေ့လာပြီးလျှင် မည်သည့်ကောက်ပဲ သီးနှံကို နိုင်ငံခြားပို့ ကုန်စည်ဖြစ်အာင် စိုက်ရမည်ကို တောင်သူတစ်ယောက် အနေဖြင့် သဘောပေါက်ပေ လိမ့်မည်။ သို့သော် မြန်မာနိုင်ငံမှ သာမန်တောင်သူ လယ်သမား တစ်ယောက် အနေဖြင့် ဤမျှထိ သိနိုင်ပါမည်လော။ မသိခဲ့၍လည်း တရုတ်ပြည် ၀ယ်လက်ကို မှီတည်ကာ ပြောင်း များ စိုက်ခဲ့ကြသည်။ တရုတ်ပေါ်လစီ အပြောင်းအလဲသည် နိုင်ငံတွင်း ပြောင်းဖူလုံရေး အစိုးရမှ အကူ အညီပေးသည့် မူဝါဒကို မသိခဲ့ကြ၍ မြန်မာ့ပြောင်း စိုက်သူများ သွက်သွက် ခါအောင် ရှုံးခဲ့ကြရသည်။ တရုတ်နိုင်ငံက အိန္ဒိယမှ ဘာမထီဆန် တင်သွင်း ခွင့်ပြုလိုက် သည်မှာ တရုတ် လယ်ယာမြေတွင် စပါးစိုက်ပျိုး၍ မရနိုင်၍ မဟုတ်နိုင်ပေ။ ဈေးကွက်က ပိုသည်ကို မစိုက်၊ ဈေးကွက်က လိုသည်ကိုသာ စိုက်သည်ဆိုသည့် ဒဿနထက် ဈေးကွက် တွင် ဈေးနှုန်းချိုသည်ကို မစိုက် (၀ယ်မည်)၊ ဈေးကွက်တွင် ဈေးနှုန်းမြင့်၍ အမြတ်များသည် ကိုသာ စိုက်သည်ဆိုသည့် ဒဿနအဆင့်ထိ ရောက်ရှိနေ၍ဖြစ်သည်။ အိန္ဒိယကို လေ့လာခဲ့ သည့် နည်းအတိုင်း တရုတ်နိုင်ငံကိုလည်း လေ့လာသင့်သည်။ အချက်အလက် ပိုမိုပြည့်စုံပြီး လက်တွေ့ဖြစ်နိုင် အကျိုးများမည့် အချက်များကို အစိုးရပိုင်းမှ တာဝန်ယူ လေ့လာမှသာ ဖြစ်နိုင်မည်ထင်သည်။ အခြားအရှေ့ အာရှနိုင်ငံများနှင့် တင်ပို့ရန် လမ်းကြောင်းလွယ်ကူ သောနိုင်ငံများ ကိုလည်း လေ့လာသင့်ပါသေးသည်။
ဈေးကွက် စီးပွားရေးစနစ် သားကောင် မဖြစ်စေရန် အိန္ဒိယ ဒီမိုအစိုးရ၏ တာဝန်ယူမှုများ
ပြီးခဲ့သည့် ရာသီတွင် ငါးရာတန်နှင့် တစ်ထောင်တန် ရူပီးများကို ငွေမည်းကြေငြာပစ်ခဲ့ခြင်း၊ မိုးခေါင် ခဲ့ခြင်းတို့ကြောင့် အိန္ဒိယလယ်သမားများ အထိနာခဲ့ရသည်။ ၎င်းင်းပြဿနာ ကိုဖြေ ရှင်းရန် လယ်သမား တစ်ဦးလျှင် သီးနှံချေးငွေအပါအ၀င် စုစုပေါင်း တစ်ပတ်လျှင် ရူပီး ငါး သိန်း ဘဏ်မှ ထုတ်ယူခွင့်ပြု လိုက်သည်ဟု စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုဈေး ကွက်ဖော် ဆောင်ရေး ကော်မတီ(Agricultural Produce Marketing Committee-APMC) က ပြောကြား ခဲ့သည်။ ဤငွေပမာဏသည် မြေသြဇာ၊ မျိုးစေ့နှင့် အခြားလိုအပ်သည် များကို ၀ယ်ရန် လုံလောက်သည်ဟု စီးပွားရေးရာ အတွင်းရေးမှူး ရှပ်ကတီကန်တဒက် (Shaktikanta Das) က တွက်ချက် ပြောပြသွားခဲ့သည်။ ထို့ပြင် အိန္ဒိယလယ် သမားများ အတွက် အနည်းဆုံးသီးနှံ ပေါက်ဈေး (Minimum Support Price-MSP) ကို အိန္ဒိယ အစိုးရက ပုံသေဈေးနှုန်း သတ်မှတ်ပေးထားသည်။ ရိတ်သိမ်းရာသီချိန်တွင် ကောက်ပဲ သီးနှံဈေး အလွန်အမင်း ကျဆင်းသွားမည့် အန္တရာယ်ကို တောင်သူလယ် သမားများအတွက် အကာ ကွယ်ပေး ထားခြင်းဖြစ်သည်။ ထိုကြောင့် လယ်သမားများသည် မစိုက်မီကာလ ကပင် ကြိုတင်တွက်ချက် စိုက်ပျိုးနိုင်ကြသည်။
အနောက်ဘင်ဂေါ (West Bengal) ဒေသ အစိုးရသည် အာဆင်းနစ် အက်ဆစ် ၈၁ ရာခိုင်နှုန်း ကျော်ရှိသည့် စိုက်ပျိုးမြေအတွက် လယ်သမားများ စိုက်ပျိုးနိုင်ရန် မူခတိုရှီ (Muktoshri) ဆိုသည့် စပါးမျိုး စိတ်သစ်ကို ဆန်စပါးသုတေသနဌာနမှ တီထွင်ဖန် တီး ပေးနိုင်ခဲ့သည်။ စိုက်ပျိုးပြီး ရက်ပေါင်း ၁၂၅ နှင့် ၁၃၀ အတွင်း ရိတ်သိမ်းနိုင်သည့် စပါးမျိုး စိတ်ဖြစ်သည်။ ထို့ပြင် အခြားမျိုးစိတ်သစ်ဖြစ်သည့် ဂိုစပါး ၁ (Gosaba I) နှင့် ချင်းဆုရာနိုနာ ၂ (Chinsurah Nona-II) ကိုဆားငန်ရေ၀င်အရပ်ဒေသများတ
ဈေးကွက်စီးပွားရေး စနစ်ထဲက တောင်သူလယ်သမား၊ အစိုးရနှင့် ပွဲစား မလုံလောက် သည့်ချေးငွေကို ၀ယ်လက်နည်းသည့် ကောက်ပဲသီးနှံ စိုက်ပျိုးရေးအတွက် ထုတ်ချေးပေး နေပါက ချေးပေးရသလောက် နှစ်ဖက်အကျိုးမရှိဖြစ်နိုင်
#MyanmarB2BManagementMagaz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။