Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 12, 2017

Host life နဲ့ ကျွန်တော် (3).....

 Myotint Myo Tint added 5 new photos — feeling alive in Tokyo - Japan 東京.
Host life နဲ့ ကျွန်တော် (3).....
အဲ့ဒီအချိန်တုန်းက hostအလုပ်ကိုလက်ခံပြီးသည့် တိုင်အောင်မိတ်ဆက်ပေးတဲ့ grantor ကို ပိုက်ဆံဘယ်လောက်ရမယ် ဘာလုပ်ရမယ် ဆိုတာကို မမေးမိခဲ့ဘူး....၊သူကကောင်းစေချင်လို့ လုပ်ပေးတာဆိုတော့ ကိုယ်ကကြိုးစားလုပ်ရုံပဲရှိတယ်လို့ စိတ်ထဲမှာရှိနေခဲ့တယ် ကျန်တာကဘာဆိုဘာမှမသိခဲ့ဘူး။
ဒီလို အဖြစ်တွေက ကျွန်တော့်ဘဝမှာခဏခဏကြုံကြိုက်ခဲ့တယ်။

တကယ်ဆိုရင် စာဖတ်သူကသိချင်တာက host ဆိုတဲ့ လူတယောက်ကတလတလ ရတဲ့ ပိုက်ဆံက သိန်းထောင်ကျော်ရပြီးလုပ်ရတဲ့ အလုပ်နဲ့ပိုက်ဆံဆိုတာ ကိုပိုလို့ သိချင်တယ်ဆိုတာ နားလည်ပါတယ်......
တိုကျိုမှာတော့ hostအလုပ်နဲ့နာမည်ကြီးတာက ရှင်ဂျုးကုက kabukicho နဲ့ ginza ဖြစ်ပါတယ်။ဒီလိုအလုပ်မျိုးတွေကို ဦးစီးလုပ်ကိုင်တာကလည်း ယာကူဇာတွေပါ။host လုပ်တဲ့ ယောင်္ကျားလေး တော်တော်များများက အရွယ်ကောင်းတဲ့ အသက်၂၀လောက်တွေကများပါတယ်။
တချို့က ဒီလိုထင်ကြတယ် host club ဆိုတာ အသက်ကြီးတဲ့ အဖွားကြီးတွေက လူငယ်လေးတွေနဲ့တွေ့ချင်လို့လာ ကြတဲ့နေရာလို့။ဒီလိုထင်ရင်မှားသွားပါမယ်။ငယ်ရွယ်ပြီးပိုက်ဆံရှိတဲ့ တက္ကသိုလ်ကျောင်းသူက အစလာတဲ့နေရာဖြစ်တယ်။
သူ့တို့ရဲ့စကားအရပြောရရင်......
"မိန်းမဆိုတာက အထီးကျန်တာကိုမခံနိုင်ဆုံး " သတ္တဝါတမျိုးဖြစ်တယ်......
နောက်တခုက ဒီအလုပ်မျိုးလုပ်နေတဲ့အမျိုးသား တွေဟာ မိန်းမဆီက ခြူစားညာစားလိမ်စားနေတဲ့ သူလို့ ထင်နေမိရင် အများကြီးမှားသွားပြီ။မိန်းမတွေကိုယ်တိုင်က အချစ်ဆိုတာပေးဆပ်ခြင်းလို့ခံယူပြီး သူတို့ကြိုက်တဲ့ host အတွက်host club ဆိုတဲ့ဆိုင်ကိုလာပြီးသောင်း ပေါင်းများစွာကိုသုံးပြီး ကိုယ့်စိတ်ကိုဖြေသိမ့် ကြတာဖြစ်တယ်....
တချို့အလုပ်တွေက ကိုယ်ကိုယ်တိုင်လုပ်နေတဲ့ အချိန်မှာမပြောရဲပေမဲ့ အဲဒီအလုပ်ကိုနားပြီးနှစ်ကြာတဲ့အခါမျိုး အချိန်တွေကြာလာတဲ့ အခါမျိုးမှ ပြောရဲတဲ့ အလုပ်တွေရှိတယ်။ဥပမာဗျာ spy လိုမျိုးအသက်အန္တရာယ်ရှိတဲ့ အလုပ်တချို့ပေါ့.....
အခုကျမှပြောရဲတယ်......
လို့ ဂျပန်t.v မှာ host ရဲ့ဘဝကိုပြောပြတဲ့သူကတော့ Tostuka takashiဖြစ်ပါတယ်။တချိန်တုန်းက host အလုပ်တင်မကဘူး ဂျပန်tv အစီအစဉ်မှာရော radio မှာပါ ပါဝင်သရုပ်ဆောင် ရလောက်အောင်နာမည်ကြီးခဲ့တဲ့ သူ ဖြစ်တယ်။ ကျွန်တော်ပြောတဲ့ host အလုပ်မှာ အမြင့်ဆုံး တလကို မြန်မာငွေ ကျပ်သိန်းပေါင်း၁၂၀၀ ကျော် ကိုရခဲ့သူဖြစ်တယ်။
ရှင်ဂျုးကုက kabukichoမှာရှိတဲ့ host club မှာ ၁၂နှစ်ကြာ number one ဆိုတဲ့နေရာကိုယူခဲ့တဲ့သူ လည်း ဖြစ်တယ်။
စာဖတ်သူအနေနဲ့ host အလုပ်မှာ number one ဆိုတာက အရမ်းအရေးပါပြီး အခက်အခဲဆုံးဆိုတာကို သိထားစေချင်တယ်။
ငယ်ငယ်ရွယ်ရွယ် အသက်၂၀ကျော် ရုပ်ချောချောတွေက အယောက်၃၀~၄၀ကျော်ရှိနေတဲ့ အထဲက နံပါတ်တစ် ဖြစ်ဖို့အတွက်က သူများနဲ့မတူတဲ့ အရည်အချင်းတွေရှိမှဖြစ်နိုင်တယ်။လွယ်တယ်တော့မထင်နဲ့ တလတလကို no.1 ဖြစ်ဖို့ ကိုယ့်ကိုနှစ်သက်တဲ့ customer မိန်းကလေးက ယန်းသောင်း ၂~၃ထောင် အထက် လာသုံးပေးနိုင်မှ ဖြစ်မယ်။
ရှင်းရှင်းပြောရရင်တော့ host ဆိုတဲ့အလုပ်ကို လုပ်နေတိုင်းလည်းဝင်ငွေက တလကို ယန်းသိန်းပေါင်းထောင်ချီအောင် ရနိုင်တာ မဟုတ်ဘူး။ပုံမှန် စားသောက်ဆိုင်အလုပ်သမားလို တနာရီယန်း၁၂၀၀ ကျော်လောက်ပဲရဖို့ရှိတယ်။
ဥပမာပြောရရင် tennis သမားတယောက်နဲ့ အတူတူပါပဲ။ကမ္ဘာကျော်နံပါတ်၁ ဖြစ်တဲ့သူရဲ့ ဝင်ငွေက အရမ်းမြင့်ပေမယ့်အောက်ဆုံး အဆင့်ရောက်သွားရင်တော့ ရတာထက်ထွက်ငွေက ပိုများပါတယ်။ဒါနဲ့တူတဲ့ host တော်တော်များများက မအောင်မြင်ခင် အချိန်မှာ ၁၀~၁၅ယောက် အဆောင်တခုထဲမှာစုပြီးနေကြတယ်။ဟင်းစာဖို့လည်း အလှည့်နဲ့ ချက်ကြရတယ်။ဘယ်ကိစ္စမဆိုလွယ်လွယ်လေးနဲ့တော့ မရပါဘူး...
နံပါတ်(၁ ဖြစ်ခဲတဲ့ Tostuka takashiက သူရဲ့တနေ့ လုပ်စဉ်လုပ်နည်းကိုပြောပြပါတယ်။
" တနေ့ထမင်း၃နပ် နဲ့ ရေ၃ခါချိုးရတာက နေတိုင်းလိုလိုဖြစ်ခဲ့ ပါတယ်တဲ့..., "
ဒီနေရာမှာနားလည်ရခက်သွားမှာဖြစ်လို့ ရှင်းပြပါရစေ ထမင်း၃နပ် စားရတယ်ဆိုတာက မတူညီတဲ့မိန်းကလေးနဲ့ အလုပ်အချိန်အပြင်မှာ ထမင်းအတူတူ စားဖို့ခေါ်လို့သွားစားရတာပါ။ရေ၃ခါချိုးရတယ်ဆိုတာကလည်း မိန်းကလေးဖက်က မြှူဆွယ်လို့ ဟိုတယ်သွားရင်းနဲ့ ရေချိုးရတာကို အဓိပ္ပါယ်ဖွင့်ပါတယ်။
တရက်မှာ အမျိုးသမီးတယောက်ရဲ့အိမ်ကိုသွားရင်းလမ်းမှာကားကပျက်လို့ နောက်ကျပြီးမှ ရောက်သွားပါတယ်။ဒီအကြောင်းကိုရှင်းပြတော့ အမျိုးသမီးက စုပ်နေတဲ့ကားများ လွှင့်ပစ်လိုက်ဖို့ပြောတာခံရပါတယ်။နောက်ရက်ကျတော့ဆိုင်ကို ရောက်လာပြီး ကားအသစ်တစီးရဲ့သော့ကို ခုံပေါ်တင်ပြီး ပေးသွားပါတယ်။အဲဒီလောကမှာ သိပ်တော့အထူးအဆန်းမဟုတ်ပါဘူး တခါတလေ တိုက်ခန်းပေးတာမျိုးတွေလည်းရှိတတ်ပါတယ်။
host club လို့ပြောရင် champange tour ကိုတော့ မေ့ထားလို့မရပါဘူး။ရှန်ပိန်ခွက်တွေကို မျှော်စင်ပုံစံလုပ်ထားပါတယ်။club ကိုလာတဲ့ အမျိုးသမီးက ကိုယ်ကြိုက်တဲ့ host အတွက် နံပါတ်(၁ ဖြစ်ရအောင် champange ကို ယန်း သောင်း၁၀၀နီးပါးဆိုင်ကဝယ်ယူပြီး၊အပေါ်ကနေ ခွက်ထဲ သွန်တာပါ။အခုခေတ်မှာတော့ champange တင်မကဘူး brandy လည်းလုပ်ပါတယ်။brandy တပုလင်းကို သောင်း၂၇၀၀ ယန်းပေးပြီး ကိုယ်ကြိုက်တဲ့ host အတွက်လုပ်ပေးတာတောင်ရှိတယ်လို့ပြောရင် ယုံမယ်မထင်ပါဘူး။ပေးတဲ့ပိုက်ဆံကလည်း ငွေသားသက်သက် ယူလာတာပါ။ဒီအချိန်မှာ ဂျပန်tv ကရိုက်နေတာနဲ့ကြုံလို့ ထုတ်ပေးတဲ့အချိန်ကပုံကို အောက်မှာ တင်ပေးထားပါတယ်။
ရှင်ဂျုကု kabukicho က New Aiiမှာ ၁၂နှစ်ကျော် နံပါတ် one ဖြစ်ခဲ့တဲ့ Tostuka takashiက သူရဲ့ ကိုယ်ပိုင် host club ကိုဖွင့်ခဲ့ပါတယ်။ဆိုင်ဖွင့်ပြီး သိပ်မကြာခင်မှာပဲ သူရဲ့ကိုယ်ပိုင်ကားယန်းသောင်းတထောင် ကျော်တန်တဲ့ကားရဲ့အမိုးက ဖျက်ဆီးခံလိုက်ရပါတယ်။ဆိုင်ကိုလည်း သေနပ်နဲ့၅ချက်အပစ်ခံလိုက်ရပါတယ်။host club တွေကို ကိုင်ထားတဲ့ယာကူဇာတွေက လူတယောက်ကို လွယ်လွယ်နဲ့ ကိုယ်ပိုင်host club ကို မလုပ်စေချင်ကြပါဘူး။သူကလည်း လွယ်လွယ်နဲ့ အရှုံးမပေးသူဆိုတော့ ဆိုင်ရဲ့ ပြူတင်းပေါက်တွေမှာ သံပြားကာပြီး လုပ်ခဲ့တယ်လို့ အခုအချိန်ကျမှ ရီရီမောမောနဲ့ပြောနိုင်ပါတယ်...
ဒါနဲ့ ကျွန်တော်ရဲ့ host အကြောင်းလည်းရေးပါရစေ။ဘာဆိုဘာမှမသိတဲ့ ကျွန်တော်က စားသောက်ဆိုင်တခုက waiter အလုပ်လို့ပဲထင်ခဲ့ပါတယ်။ကျွန်တော့်အလုပ်က koenjiဆိုတဲ့နေရာမှာရှိပါတယ်။ဆိုင်ကထုတ်ပေးတဲ့ပြောင်ပြောင် အဝတ်တွေကိုဝတ်ပြီး ညနေ၇နာရီလောက်မှ အလုပ်စဆင်းရပြီး မနက်၅နာရီလောက်မှ ပြီးပါတယ်။
မှိန်လွန်းတဲ့မီးရောင်တွေရယ် ဆေးလိပ်နံ့ နဲ့ အရက်နံ့ တထောင်းထောင်းထနေတဲ့ ဒီပါတ်ဝန်းကျင်ကိုမနှစ်ခြိုက်လှပါဘူး။ရောက်လာတဲ့ဧည့်သည်အမျိုးသမီးတွေအတွက် အရက်ထည့်ပေးရသလို သူတို့နဲ့လည်းမသောက်လို့မရတဲ့အလုပ်ဖြစ်ပြန်တော့ တကယ်ကိုစိတ်မပါလှပါဘူး။
host club ထဲဝင်လုပ်ခါစဖြစ်လို့ ဆေးလိပ်ပြာခွက် ဖန်ခွက်ဆေးကကျွန်တော်ကလုပ်ရတယ်ဆိုပေမဲ့ စားသောက်ဆိုင်လို ထမင်းဟင်းပန်းကန်က သိပ်မရှိတော့ ခဏလေးနဲ့ပြီးသွားပါတယ်။
စကားမရတဲ့ ကျွန်တော်က မိန်းမဧည့်သည်တွေကို ဧည့်ခံရတာထက် အနောက်ဘက်မှာ အလုပ်လုပ်နေရတာကို သဘောကျတယ်...။တကယ်ဆိုရင် နွေးနွေးထွေထွေမှာနေနေရတဲ့ အခန်းထဲမှာထက် လေတွေတိုပြီးအရမ်းအေးနေတဲ့အချိန်မှာ အလေးအပင်တွေ မပြီးလုပ် ရတဲ့ ဆောက်လုပ်ရေးအလုပ်ကို ပြန်လုပ်ချင်နေမိတယ်.....
ဒီလိုစိတ်ကူးတွေရှိနေတဲ့ အချိန်မှာ ဆိုင်ခေါင်းကရောက်လာပြီး ။
" အပြင်ထွက်ပြီးဧည့်ခံ ဒီအလုပ်တွေ ငါ့လုပ်လို့ ရတယ် "လို့အပြောခံရတယ်။မတတ်နိုင်ဘူးလေ သူတို့ထိုင်ခိုင်းတဲ့နေရာမှာထိုင်ပြီး တဘက်ကပြောတာတွေကိုနားထောင်မသောက်ချင်တဲ့အရက်ကို သောက်ရင်း တရက်ကုန်ရပြန်ရော.....။တချို့ဧည့်သည်တွေက ပိုက်ဆံကိုအိပ်ထဲကနေ အကြိမ်ကြိမ်ထုတ်ပြီး ကျွန်တော်ကိုပေးတယ်။ထောင်တန်တွေရောသောင်းတန်တွေရော စုံလို့ပဲ...။ကျွန်တော်ဘာလုပ်ရမှန်းမသိဘူး၊ဧည့်သည်ကို ပြန်ပေးတယ်။ပြန်ပေးတော့ တဘက်ကလည်း နည်းတယ်ထင်လို့ပိုပေးတယ်။ဒီလိုဖြစ်နေတော့ ကျွန်တော်နေရာကို တခြားhost က လာပြောင်းသွားတယ်။အဲ့တော့မှ စိတ်အေးရတယ် ဘာလုပ်ရမှန်း မသိဘူးလေ...။
လူဆိုတာက " ဘယ်အလုပ်မဆို ၃ရက်လောက်ကျရင်"နေသားကျလာပါတယ်လို့ ပြောတဲ့သူက တချိန်က သူဋ္ဌေးဖြစ်ခဲ့တဲ့ သူက လမ်းဘေးမှာ homeless ဖြစ်တဲ့ အခါပြောပြတာကြားဖူးတယ်။ကျွန်တော်လည်း ၂ပါတ်လောက်လုပ်တော့ အသားကျလာတယ်။ ဒီနေ့လည်းအလုပ်လုပ်ဖို့ အလုပ်ကအဝတ်လဲခန်းကိုရောက် နေတယ်။
ဒီနေ့ဆိုင်ခေါင်းဖြစ်သူက ကျွန်တော်ကိုအတင်းနှင်းထုတ်နေတယ်။ကျွန်တော်ဘာပြောမှန်းမသိဘူး။နောက်ဆုံးတော့ မန်နေဂျာရှိတဲ့ရုံခန်းအထိခေါ်သွားတယ်။မန်နေဂျာက အင်္ဂလိပ်dictionary ကိုကိုင်ပြီးတနေရာကိုထောက်ပြ တယ်။အလုပ်ဖြုတ်လိုက်ပြီးလို့ ရေးထားတာ တွေရတယ်။
အော် ဒါ့ကြောင့်ကို မနေ့ညက အလုပ်ပြန်တော့ အမြဲတမ်းစကားအများကြီးမပြောတဲ့ဆိုင်ခေါင်းက စကားတွေအများကြီးပြောတဲ့ အပြင် လည်းပင်းကို ဖြတ်တဲ့ပုံစံနဲ့ လက်ဟန် နဲ့ပြတာကိုး။ဂျပန်မှာတော့ ဆက်အလုပ်မခန့်တော့ဘူး လို့ပြောတာဖြစ်တယ်။
ဒါကိုမသိနားမလည်တဲ့ ကျွန်တော်က အလုပ်ပြုတ်တာမသိပဲ နောက်ရက်မှာလည်း အလုပ်သွားဆင်းခဲ့တယ်.....
ဒီအဖြစ်ကိုအခုစဉ်းစားမိတော့ ရီချင်တယ်.....
အဲဒီတုန်းကစကားမရလို့ အလုပ်ဖြုတ်ခံလိုက်ရတာက ကိုယ်အတွက်ပိုကောင်းတယ်လို့ အခုအချိန်မှာ စဉ်းစားမိတယ်။ဘာဖြစ်လိုလဲဆိုတော့ အခုအချိန်မှာပုံမှန်လူတယောက်ရဲ့ ကြိုးစားရင် ရတဲ့ငွေ ခံစားချက်၊ ကြိုးစားချင်စိတ်နဲ့ ငွေတွေအတွက် မပြောင်းလဲတဲ့ အသည်းနှလုံးကို ကိုင်ထားနိုင်လို့ပါ.....
( p.s တကယ်လို့များ အဲဒီတုန်းက ကျွန်တော်က စကားတွေပြောတတ်ပြီး နေရာတွေရခဲ့ရင် အခုချိန်မှာရေးနေတဲ့ စာတွေကလည်း တခြားဆီဖြစ်နေမှာ သေချာပါတယ်။သတ္တဝါတိုင်းက နေမြေအပေါ် ပြောင်းလဲတတ်တာကိုး။ဒီလို စာမျိုးတွေလည်းရေးနေမယ်မထင်ပါဘူး။ထမင်း၃နပ်နဲ့ရေ၃ခါချိုးတာက ပိုက်ဆံပိုရတာကိုး....ဟားဟား။ )
Myo Tint.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။