မြန်မာ့ဒီမိုကရေစီနှင့်နိုင်ငံရေးမှတ်တမ်းများ added 2 new photos — with Aung Myin Thu.
ကျနော်လူမိုက် အပိုင်း (၁) မှ (၃)
———————————————
ဒုဗိုလ်မှုးကြီး အောင်မြင်သူ (ငြိမ်း)
BurmaDemocracy, 12 February 2017
(၁)
တစ်ခါတလေပြန်စဉ်စားကြည့်ရင်ကိုယ့်ကိုနှိပ်ကွပ်တာလဲမပြောနဲ့
ကိုယ်ကလဲမိုက်တယ်ပြောမလား
ရဲဘော်တွေ့အတွက်ကြည့်လွန်းတယ်ပြောရမလားမသိဘူး။
ရဲဘော်ကလဲ အိန့်နာခံတယ်ဆိုတာ
အရာရှိလုပ်သူဟာမဟုတ်တာမမှန်တာမလုပ်ဘူး
ရွာရောက်ရင်ကောင်မချောလေးတွေသူတို့နဲ့ပြိုင်မပိုးဘူး
တိုက်ပွဲမှာရွံ့ရွံ့ချွန်ချွန်သူတို့နဲ့အတူတိုက်တယ်
အဲအရာရှိမျိုးကိုသိပ်လေးစားတယ်။
ကရင်ပြည်နယ်မှာတုံးကပေါ့
တပ်ရင်းမှူးနယ်ထဲမှာ စခန်းကခွင့်ပြန်လာတဲ့ရန်သူတစ်ယောက်
ရောနေတယ်။
ဒါကိုကျနော့အမာခံဆီကသတင်းရတယ်။
ဒါနဲ့
တပ်ရင်းမှူးနယ်ဆိုတော့ အိုင်အိုဗိုလ်ခွန် (ယ္ခုဗိုလ်ချုပ်)ကိုလှမ်းပြော
တယ်။ညီးတို့နယ်မြေကို ကိုယ်ဒီဝင်မွှေမယ်။ညီဆွေ(ယ္ခုဗိုလ်ချုပ်)
စခန်းနဲ့နီးတယ်။တပ်တွေဒီည ကင်းပုန်းမထွက်ခိုင်းနဲ့ ဆိုပြီးလှမ်းပြော
တယ်။တပ်ရင်းမှူးကokပြတယ်ဆိုတာနဲ့
တစ်ညလုံးလှုပ်ရှားတယ်
ည ၁၂ နာရီမှာဖမ်းမိတယ်။
ညတွင်းခြင်းတပ်ရင်းမှူးရေပူစခန်းသွားအပ်တယ်။
ပြီးတော့ မနားဘူး
လူမသိအောင်ကိုယ့်နယ်ထဲပြန်ဝင်ရတယ်
ည နေ ၅ နာရီကနေစလိုက်တာ နောက်နေ့မနက် ၅ နာရီမှနဘူးနယ်
ထဲပြန်ရောက်တယ်။
ရောတာနဲ့တောထဲမှာပဲရဲဘော်တွေ နား အိပ်ခိုင်းပြီး
ညနေဘက်မှ နဘူးရွာပြန်ဝင်တယ်။
ကိုယ့်သတင်းပေးကလဲ
မိရင် အပြတ်ရှင်းတဲ့ စစ်ကြောင်းမှူးအကြောင်သိတော့
မိတယ်ဆိုတာနဲ့သူ့အန္တယ်မပြုတော့ဘူးဆိုပြီးအေးဆေးပဲ စစ်ကြောင်း
မှူးရှင်းလိုက်ပြီးဆိုပြီးသတင်းလွှင့်တယ်။
ဗိုလ်ခွန်တို့စစ်တာစခန်းနေရာသိရတယ်
အသာလေးနှပ်ထားလိုက်တယ်။
နှစ်ပတ်လောက်ကြာတော့ ကျနော်ရှိတဲ့နဘူးကို တပ်ရင်းမှူးစစ်ကြောင်းအစောကြီးထွက်လာတယ်။
ညနေရောတယ်။
သူကလဲဘာမှမပြောဘူး။နဘူးမှာညစာအတူစားတယ်။
တစ်ရင်းလုံးအရာရှိတွေစုံတော့ နဘူးရွာမှာကျနော်ဘဲပေါင်းခိုင်းပြီး
စုစားကြတယ်။
ထမင်းစားရင်းကျနော်ဖမ်းတေဲ့သူဆီက စခန်းနေရာသိရကြောင်း
တပ်ရင်းမှူးနယ်မြေထဲ ဒေါန တောင်ပေါ်မှာဖြစ်လို့လှည့်စားတဲ့
အနေနဲ့ ကျနော်ဆီလာတာဖြစ်ကြောင်း။ထမင်းစားပြီးတာနဲ့ညချီတက်မှုနဲ့
မနက်အာရုံမှာတိုက်ဖို့အကြောင်းပြောတယ်။
စားပြီးတာနဲ့ တစ်ရင်းလုံးတစ်ညလုံးမနားမနေချီတက်တယ်။
မနက်အာရုံမှာတောင်ခြေရောက်ပြီး နှင်းထုနဲ့အတူကျနော်ချီတက်
တိုက်ခိုက်တယ်။
စခန်းရ
အလောင်းလက်နက်ရတယ်
စခန်းအနီးလှိုထဲဆင်းရှင်းတော့ လက်နက်ဟောင်းတွေရပေါ့။
ညနေပြန်ဆင်းလာတယ်။
ကျနော်ရဲဘော်နှစ်ယောက်ကျဉ်ထိမှန်ဒဏ်ရာရတယ်။
တပ်ကြပ်ကြီးချစ်လွင်မိုင်းနင်းမိတယ်။
ညဘက် နဘူးပြန်မယ်။
ကျုံဒိုးကိုလူနာဆက်ပို့ဆိုတော့ တပ်ရင်းမှူးက ဗျူဟာသတင်းပို့ပြီး
စောင့်တယ်။
ဗျူဟာက
လက်ွှိနေရာမှာနေပြီး နက်ဖန်တောင်ပေါ်ဆက်ရှင်းခိုင်းတယ်။
ပျောက်ကြား ဆိုတဲ့ရန်သူဟာလစ်ပြီဆိုတာ ရင်းမှူးလဲသုံးသပ်ပေမဲ့
အမိန်အတိုင်းနောက်နေ့ဆက်ရှင်းရတယ်။
ညနေဘက်မှာမထူးဘူးဆိုတော့
နောက်နေ့မနက် ကျနော့်စစ်ကြောင်းကြ်ဥတောင်ကိုချီတက်ပါ
ရောက်ရင်သတင်းပို့ပါတဲ့။
ကျနော့်ရဲဘော်အတွက်စိုးရိမ်ပြီး
မနက်အစောကြီး လေး နာရီထွက်တယ်။
တပ်ရင်းမှူးစစ်ကြောင်းကျန်ခဲ့တယ်။
အစောကြီးထွက်တော့ ၆ နာရီ။ကြက်ဥတောင်ရောက်တယ်။
ကျနော်ဆက်သွယ်ရေးစက်ထောင်ပြီး
ကြက်ဥတောင်ရောက်ပြီးလို့ဗျူဟာကိုသတင်းပို့လိုက်တယ်။
ဗျူဟာက
ဆက်လုပ်ပါ'''
လို့အမိန့်ပေးတယ်။
ကျနော်ချက်ခြင်းစက်ဖြုတ်ပြီး နဘူးကိုအပြေးချီတက်တယ်။
ကျနော်ရဲဘော်တွေအတွက်စိုးရိမ်လို့ပါပဲ။
တစ်နေလုံးအပြင်ချီတက်တာ နဘူးကို ညနေ ၃း၃၀ လောက်ရောက်
တယ်။
ကျနော်နဲ့တစ်စုကျန်ခဲ့ပြီး ဗိုလ်မှူးဝင်အောင်(နယ်စပ်စည်ပင်ဒုညွန်ချုပ်)တပ်ခွဲကိုချက်ခြင်း
ကျုံဒိုးကိုလူနာပို့ မနားခိုင်းပဲလွှတ်လိုက်တယ်။
လေးနွှာီဗျူဟာနဲ့အဆက်သွယ်ရတယ်
ကျနော်စစ်ကြောင်းနဘူးရောက်ပြီး''
လို့သတင်းပို့လိုက်တာနဲ့
ဘယ်သူအမိန်နဲ့ နဘး သွားတာလဲ''လို့ဂျီတူးကမေးတယ်။
မနက် ၆ နာရီက ကြက်ဥတောင်ရောက်ပြီး လို့သတင်းပို့ချိန်မှာ
ဆက်လုပ်ပါပြောလို့ လူနာစိတ်ချရအောင် ချီတက်လာတာလို့
ပြောလိုက်တယ်။
ဂျီတူးက ဗျူးဟာမှူးနဲ့ပြောပါ ဆိုပြီးဗျူဟာမှူးကိုစက်ပေးလိုက်တယ်
ဗျူးဟာမှူးက
''မင်းကိုဘယ်သူက နဘူးသွားခိုင်းလို့သွားတာလဲ
ခိုင်ရင်ခိုင်းတဲ့အတိုင်းလုပ်''တဲ့
ကျနော်က
''မနက် ၆ နာရီက ကြက်ဥတောင်ရောက်ပြီးလို့ဗျူဟာကိုသတင်းပို့
ပါတယ်။ဗျူဟာကဆက်လုပ် ဆိုတော့ ကျနော်မှာလူနာပါလာတော့
ဆက်ပို့ခိုင်းတယ်မှတ်လို့ နဘူးကိုဆက်လာတာပါ''လို့ပြောလိုက်တယ်။
ဗျူဟာမှူက
''မလိုချင်ဘူးမင်းချက်ခြင်းပြန်''တဲ့
ကျနော်က
''ချက်ခြင်းပြန်လို့မဖြစ်ဘူး ကျနော့်လူနာကို ကျုံဒိုးဆေးရုံပို့ခိုင်းတဲ့
အဖွဲ့ထွက်သွားပြီ။သူတို့ပြန်ရောက်မှသွားလို့ရမယ်''လို့ပြောလိုက်တယ်။ဗျူးဟာမှူးက
''မလိုချင်ဘူးမင်းအခုချက်ခြင်းပြန်''တဲ့
ကဲ
မောင်အောင်မြင်သူဘာပြောရမလဲ။ဘာပြောလိုက်လဲဆိုတော့
'''ဗျူဟာမှူးကြီး ကျနော့်ကိုချက်ခြင်းပြန်ဆိုရင်
ကျနော့်ရဲဘော်လူနာတွေပစ်ပြီးကျနော်မပြန်နိုင်ဘူး
ကျနော်နဲ့အတူတိုက်ပွဲမှာဒဏ်ရာရတဲ့ရဲဘော်ကိုပစ်ထားရင်။ကိနော်
နောက်တစ်ပွဲတိုက်လိုမရတော့ဘူး။ကျနော်စစ်ဗိုလ်မဟုတ်ဘူး။
စစ်ခေါါင်းဆောင်ပါ။အခုချက်ခြင်းပြန်ဆိုရင်ဗျူဟာမှူးကြီးကျနော့်ကို
အမိန့်တစ်ခုပေးပါ။ဒဏ်ရာရတဲ့ရဲဘော်ကိုသတ်ပစ်လိုက်လို့အမိန့်ပေးပါ။ကျနော်ကိုယ်တိုင်သတ်ပြီးပြန်သွားပါ့မယ်''
ဗျူဟာမှူးကြီးက
''မင်းဘာကောင်လဲ။ခုချက်ခြင်းပြုတ်သွားခြင်လား''
လို့ပြောပါတယ်။ကျနော်က
''ဟုတ်ကဲ့ပါ ဗျူးဟာမှူးကြီးအခုဖြုတ်ရင် ကျနော်အခုထွက်သွားပါ့
မယ်''
ကဲဖြစ်စဉ်လေးကတော့ဒါပါပဲ။
ကျနော်ဆရာကြီးချစ်လွင်မိုင်းကြောင်းခြေမှာဒဏ်ရာမရှိပဲညိုမဲသွား
ပါတယ်။ကျုံးဒိုးဆေးရုံညရောက် နောက်နေ့ဖါးအံစစ်ဆေးရုံရောက်
တာတောင် သွေးဆိပ်တက်ပြီးပေါင်းရင်းကဖြတ်လိုက်ရပါတယ်။
ဆေးရုံကလဲ နဲနဲနောက်ကျသွားရင်အသက်ပါသွားနိုင်တယ်တဲ့။
အဲ ဒီတုံးက တပ်ရင်းမှူးက
အခု ဗိုလ်ချုပ်ဝင်းစိန်ငြိမ်းပါ
နောက်ပိုင်းအခြေနေတော့ နက်ဖန် ဒီနေရာမှာဖြစ်ဖြစ် အပိုင်း ၂
ပဲဖြစ်ဖြစ်ဆက်ရေးပါ့မယ်။
ည ၁ နာရီ အိပ်ပြစေတော့
———————————
ကျနော်လူမိုက် ( ၂ )
————————
နည်းဗျူဟာမှူးက
''မင်းဘာကောင်လဲ။မင်းနဲ့ငါမပြောဘူး မင်းတပ်ရင်းမှူးနဲ့ပြောမယ်
တပ်ရင်းမှူး စက်ပေါ်မှာရှိလား''
လို့ပြောပါတယ်။
တပ်ရင်းမှူးနဲ့ကျနော်က တစ်နေရာဆီပါ
တပ်ရင်းမှူးက တိုက်ပွဲဖြစ်တဲ့နေရာမှာနေခဲ့ပါတယ်။
ဒါပေမဲ့ အချိန်တိုင်းစက်ဖွင့်ရတော့ စက်ပေါ်မှာစကားပြောတာပါ။
ကျနော်တို့တပ်က ခလရ ၈၁ တပ်မ ၄၄ ကွပ်ကဲမှုတပ်
နည်းဗျူးဟာက၃၃၃ ကတပ်မ ၃၃ ကဆိုတော့ စက်ခြင်းမတူဘူး
ဒါပေမဲ့ အများသုံးတဲ့ လှိုင်းနှုံးတူတဲ့ comond လှိုင်းနှုံး မှာပြော
နေတာပါ။
အဲဒီအချိန်မှာ အိုင်အို ဗိုလ်ခွန် က
''ဟုတ်ကဲ့ပါ ကျနော် သတင်းပို့လိုက်ပါ့မယ်''
လို့ပြောလိုက်ပါတယ်။ခနအကြာမှာတပ်ရင်းမှူးစက်ပေါ်တက်လာ
တယ်။တပ်ရင်းမှူးက DSA10/11 ကဗိုလ်မှူးဝင်းစိန်ပါ
တပ်ရင်းမှူးက
''ကိုအောင်မြင်သူ တပ်ရင်းလှိုင်းနှုံမှာသွားစောင့်နေပါ''
လို့ပြောပါတယ်။သဘော်ကတော့သူတို့လွတ်လွတ်လပ်လပ်
ပြောမယ်။ဗျူဟာမှူးလဲ ပြောခြင်တာပြော ကျနော့်လဲဝင်မပြောနဲ့
ဆိုတဲ့သဘောပါပဲ။တပ်ရင်းမှူးက
''ဟုတ်ကဲ့ပါ ဗျူဟာမှူးကြီး ကျနော် ဝစ ပါ။အမိန်ရှိပါ''
လို့ပြောလိုက်တာနဲ့
''ဒီကောင်ဘာကောင်လဲ။
ခိုင်းရင်ခိုင်းတဲ့အတိုင်းမလုပ်ဘူး
ခင်ဗျားနေရာကိုအခုချက်ခြင်းပြန်ခေါ်''
ဆိုပြီးအမိန့်ပေးလိုက်ပါတယ်
တပ်ရင်းမှူးက ဟုတ်ကဲ့ပါကျနော်ဆုံးမပါမယ်။ဗျူဟာကညွန်ကြား
တာကိုသဘောပေါက်လွဲသွားလို့ပါ။ကိုအောင်မြင်သူဟာ ခိုင်းစရာ
မလိုပဲ တာဝန်ကျေးသူပါ။ခုဖြစ်စဉ်ကလဲ သူရဲဘော်တွေအတွက်
စိတ်ထိခိုက်ပြီးစေတနာအမှားဖြစ်ပါလိမ့်မယ်။ကျနော်တောင်းပန်ပါ
တယ်။ကျနော်ဆုံမပါ့မယ် ကျနော်ဆက်လက်ဆောင်ရွက်ပါ့မယ်
ဆိုပြီးတင်ပြလိုက်တယ်။ကျနော်လဲစက်ပေါ်မှာကြားနေပါတယ်။
ဗျူဟာမှူးနဲ့ပြောပြီးတာနဲ့ စက်သမားခြင်း ကီးနဲ့ရိုက်ပြီး ကိုယ်ပိုင်
လှိုင်းနှုံးကိုချိန်းလိုက်တယ်။လှိုင်းနှူံးပေါ်ရောက်တာနဲ့တပ်ရင်းမှူးက
''ကိုအောင်မြင်သူ ကြားတဲ့အတိုင်းပဲ နက်ဖန်မနက် အရောက်ပြန်
ခဲ့ပါ'' လို့အမန့်ပေးပါတယ်
''ဟုတ်ကဲ့ပါ တပ်ရင်းမှူး ကျနော် ဆောင်ရွက်ပါ့မယ်'
လိုပြောလိုက်ပါတယ်။
တပ်ရင်းမှူးဟာအလွန်သဘောထားပြည့်ဝ တည်င်ြမ်သူပါ
ဗျူဟာမှူးရဲ့ မင်းအခုချက်ခြင်းပြန်သွား နဲ့
တပ်ရင်းမှူးရဲ့ မနက်အရောက်ပြန်ခဲ့ ဆိုတဲ့အမိန့်နှစ်ခုကွာပါတယ်။
ကျနော်တပ်ရင်းမှူးနဲ့စက်ပေါ်မှာစကားပြောပြီးတာနဲ့ နဘူးရွာပြင်ထွက်ပြီး ၂လက်မ စိန်ပြောင်း သုံးချက်ပစ်ပါတယ်။
လက်နက်ကြီးသံကြားတာနဲ့ ကျုံဒိုး ကိုလူနာပို့ချီတက်နေတဲ့ ဗိုလ်မှူး
ဝင်းအောင် ရပ်ပြီးစက်ဖွင့်ပါတယ်။ကျနော်က
အခြေအနေပြောပြလိုက်ပြီး ကျုံဒိုး ရောက်ရင် အရင်မှာလိုက်သလို
ညမအိပ်တော့ပဲချက်ခြင်းပြန်ခဲ့ဖို့။လူနာဆေးရုံမှာထားခဲ့တာကို
တပ်မ ၄၄ ဖါးအံ ကိုသတင်းပို့ဖို့ ကျနော်အချိန်ပြည့်စက်ဖွင့်ထားမယ် ကျုံဒိုးရောက်တာနဲ့စက်ဖွင့်ဖို့ပြောလိုက်ပါတယ်။
ကျနော် ညအိပ်မရဘူး စက်နားစောင့်နေရတယ်
ည ၉ နာရီလေက်မှာ
''အဘလေး ကျနော်တို့ရောက်ပြီ တပ်ကိုတော့ အဝင်ဝမှာပဲ
ထမင်းချက်စားခိုင်းထားတယ်။ကျနော်အခုသွားပြီး ဆေးရုံ တပ်/ရဲ
စခန်း အမြန်ဆုံးဆောင်ရွက်ပြီးပြန်ခဲ့ပါ့မယ်''
လို့သတင်းပို့ပါတယ်။
ည ၁၂ နာရီလောက်မှာတော့ ဗိုလ်မှူးဝင်းအောင် ကျုံဒိုးက ပြန်ထွက်
လာတော့မယ် လို့သတင်းပို့ပါတယ်။ကျနော်က
''ကိုဝင်းအောင် ဖြေးဖြေး သာဂရုစိုက်ပြီးပြန်လာပါ။ကျနော်ခုညပဲ
တပ်ရင်းမှူးဆီပြန်သွားမယ်။နဘူးရောက်ရင် ခနနားပြီးဆက်လိုက်ခဲ့
ပါ ကျနော်ခရီးသွားနေတော့ ပြောစရာရှိရင် ဗိုလ်ခွန် စက်ကို ဝင်ပြော
ပါ သူအမြဲ ၃၅ (standby)လုပ်ထားပါတယ်'''
စက်သမားအခြင်းခြင်းကတော့ ကီးလေးခေါက်ပြီး ကျုံဒိုးရောက်ရင်
နှပ်ပြီးခေါက်ဆွဲလေးတီးမယ်လို့စိတ်ကူးထားတာ လို့ငြီးပါတယ်။
ကျနော်အပြောမခံချင်တာနဲ့ ည တစ်နာရီမှာ နဘူးကနေ တိုက်ပွဲဖြစ်တဲ့ နေရာကိုပြန် ချီတက်ခဲ့ပါတယ် မနက် ၁၀ နာရီကျော်
လောက်ပြန်ရောက်ပါတယ်။တပ်ရင်းမှူးက ကျနော်စစ်ကြောင်းကို
သူဆီမှာပဲ နားခိုင်ပါတယ်။
ကျနော် မှူးဝင်းအောင်တပ်ခွဲ အခြေအနေ ဗိုလ်ခွန့် ကိုမေးပြီး
ဒေါန တောင်ခြေက သစ်မြစ်ကိုခေါင်းအုံးပြီး နားလိုက်တာ
အိပ်ပျော်သွားပါတယ်။
မှူးဝင်းအောင်တပ်ခွဲပြန်ရောက်တာ
ဗျူဟာမှူးရဲ့ဒေါသ ကြောင်း ဒေါန တောင်ပေါ် ထမင်းငတ်တာ
ပြန်ဆင်းခိုင်ပြီး စစ်ကြောင်းတခုလုံး နေ့ည မအိပ်ရအောင်မောင်း
တော့ ရဲဘော်တွေကအစ အမောင်းခံရပြီဆိုတာသိလာတယ်။
ကျနော်ကလဲ မမှတ်ဘူး ဂျီတူး မှူးတင်ဝင်း(ထင်တယ်) စက်ပေါ်
ကနေ''မင်းတို့ ငါ့စစ်ကြောင်းကိုနွားလိုမောင်းနေတာသိတယ်။မင်း
တို့ခိုင်းတဲ့အတိုင်းငါသွားတယ် လုပ်တယ်။ငါ့ရဲဘော်တော့နွားလို
အသေမခံနိုင်ဘူး''လို့ပြောလိုက်တယ်။ကျနော်ညာမယ်ထင်ပြီးသူ
တို့သွားခိုင်းတဲ့နေရာမှာ ရှိတဲ့တပ်နဲ့တွေ့ခိုင်းတယ် တွေ့တဲ့လူရဲ့
နာမည် နံပတ် သတင်းပို့ရတယ်။
နဲနဲကြာလာတော့
သူခိုင်းတာကတစ်နေရာ
ကျနော် ရန်သူသတင်းရတာကတစ်နေရာ
မနေတတ်တဲ့ကျနော် တပ်ရင်းမှူးဆီတင်ပြလိုက်တယ်
ဗျူဟာက ည၆နာရီ ချီတက်ခိုင်တယ်။မနက် ၆ နာရီမှရောက်မဲ့နေရာ
ကို ပြီးတော့ရောက်မှ သတင်းပို့ ဆိုတဲ့ ညှင်းပမ်းနည်းပါ
တပ်ရင်းမှူးက ဘာလုပ်ချင်လဲ မေးတယ်
ကျနော်ကသွားတိုက်မယ်
တပ်ရင်းမှူးဆီကတပ်နဲ့ ဘယ်နေရာ ဘယ်နေရာ ထောက်ပေးပါ
ဒီကောင်တွေင်အားများတယ် လို့ပြောပြီး ရန်သူ့သတင်းရတဲ့နေရာ
(ရန်သူ့သတင်းကလဲ သေချာတယ် သူက အင်အား ၃၀၀ လောက်
ရှိတော့ လူမိုက်ကြီးအောင်မြင်သူ ကိုစာရေးပြီးချိန်းတာဖြစ်ပါတယ်)
ကိုလမ်းကြောင်းပြောင်းပြီးချီတက်ပါတယ်။ညဘက်ကြီးပေါ့
ည ၂ နာရီလောက်မမြင်မကန်း တိုက်ပွဲဖြစ်ပါတယ်
တော်ပါသေးရဲ့ ကိုယ်ကအထိအခိုက်မရှိရ လိုက်လို့
ည ၃ နာရီလောက်ပြီးတော့ အခြေအနေ ရင်းမှူးဆီတင်ပြ
နားခြင်လို့ဗျူဟာကိုသတင်းမပို့နဲ့အုံးဆိုပြောပြီး တိုက်ပွဲဖြစ်တဲ့နေရာ
မှာပဲ ဖြစ်သလိုနားလိုက်တယ်
မနက် ၈ နာရီစက်ထဖွင့်ခိုင်းပြီှးဗျူဟာကိုသတင်းပို့လိုက်တယ်
ဘာလို့စက်မဖွင့်တာလဲတဲ့
တိုက်ပွဲဖြစ်နေလို့ နေရာရွှေ့မယ်ပဲပြောပြီးစက်ပြန်ပိတ်လိုက်တယ်
ကျနော်ရဲဘော်တွေထမင်းချက် စားခိုင်းလိုက်ပြီး ၉ နာရီစက်ပြန်
ဖွင့်တယ်။
တိုက်ပွဲဖြစ်တယ် မိမိထိခိုက်မှုမရှိ တစ်လက် ရတယ်ဆိုပြီး
ရတာလျှော့ပြလိုက်တယ်။
အခုချက်ခြင်း ရန်သူဆုတ်တဲ့နောက်ထပ်ချပ်လိုက်ပါ ဆိုပြီး
ညွန်ကြားပါတယ်။
အဲဒီအချိန်မှာကယ်တင်ရှင်ပေါ်လာတယ်
တပ်မ ဂျီတူ စက်ပေါ်တက်လာတယ်
ကိုယ်ရဲအောင်ပါ ဦးအောင်မြင်သူကိုဘာမှဆက်မခိုင်းပါနဲ့
သူကြိုက်တာလုပ်ပါစေ။အဘလှကလဲသူ့ကိုဂွင်အပိုင်ပေးထားတယ်
တပ်မကလဲဝင်မခိုင်ဘူး။အခုကိုယ်ပြောတာ ဗျူဟာမှူးကိုတင်ပြလိုက်
ပါ။တပ်မမှူးပြောခိုင်းတာဖြစ်ပါတယ်''
''ဦးအောင်လုပ်စရာရှိတာ လုပ်သင့်တာဆက်လုပ်ပါလို့တပ်မမှူး
ညွန်ကြားပါတယ်''
ဂျီတူး ပြောပီးတာနဲ့ စက်ပိတ်ပီး ကျနော် နဘူးစခန်းပြန်ဝင်ပြီး
ရဲဘော်တွေအနားပေးရပါတယ်။
ကျနော့် ရဲဘော်အတွက် ပြန်လဲတင်ပြမှု မတတ်တာပဲ ဆိုဆို
ကျနော်မိုက်ခဲ့ပါတယ်
မိုက်လို့လဲ ခံခဲ့ရပါတယ်။
————————
အပိုင်း ၃
————
ထူးထူးခြားခြားကြုံခဲ့ရတာလေးပါ။
၁၉၈၆ ခုနှစ်မှာ စီစီဝမ် တာပန် တိုက်ပွဲတွေပြင်ထန်နေချိန်ပါ
လားရှိုးတိုင်းမှူး တပ်မမှူးတွေ စစ်ဆင်ရေးနဲ့ အလုပ်များနေချိန်
တပ်မမှူး မှူးကြီးမောင်သင့် နဲ့ တပ်မ ၉၉ ဗျူဟာမှူး
မှူကြီးလွန်းမောင် မှူးကြီးလှမြင်ဆွေ တို့ရဲ့ဗျူဟာတွေ တိုက်ပွဲဝင်
နေရပါတယ်။
ကျနော်တို့ဗျူဟာမှူးနဲ့ကျနော်တိုအဖွဲ့တွေက ကွမ်းလုံဒေသ မှာပါ။
တစ်ရက်တော့
ဈေးနေ့မြို့မှာတွေ့တဲ့ ရဲအရာရှိတစ်ယောက်က
ကွမ်းလုံ တံတားကနေ ကုန်ကားကြီးတွေနဲ့မှောင်ခိုပစ္စည်းတွေဖြတ်
နေတာပြောပါတယ်။
ကျနော်က ဒါရဲကိစ္စပဲ ရဲလုပ်ပေါ့လိုပြောလိုက်တယ်
ရဲအရာရှိက ရဲလုပ်၍မရကြောင်း ဗျူဟာရဲ့ထောက်ခံစာနဲ့ သွားနေတာဖြစ်ကြောင်းပြောပါတယ်။
ရုံးကစာရေးတွေလုပ်တယ်မှတ်လို့မေးလိုက်တော့
စာရေးတွေက ဗိုလ်ကြီးသန်းစိုး(မှူးကြီးငြိမ်း)လက်နှိပ်စက်ရိုက်ခိုင်းပြီး
သူလက်မှတ်ထိုးပေးတာလို့ပြောပါတယ်။
ကျနော်က ဂျီတူး ဆိုတော့ ဂျီသရီး ကိုခေါ်မေးတာပေါ့
ဂျီးသရီး (အလုပ်သင်၃ ဗကသန်းစိုး)ကလဲသူ့ကိုဗျူဟာမှူးခိုင်းတာပါ လို့ပြောတယ်။
ကျနော် ဂျီးသရီးနှစ်ယောက်နဲ့အတူ ဗျူဟာမှူးကို မြို့ထဲကကြားတဲ့သတင်းပြောလိုက်ပါတယ်။
ဗျူဟာမှူးကတော့ ခပ်ပြတ်ပြတ်ပဲ
မင်းအလုပ်မင်းလုပ် မင်းတို့ဘာသတင်းရဖူးလဲ ငါ့က ကိုးကန့်က
အမာခံတစ်ယောက်မွေးထားလို့ သတင်းအတွက် ပေးတာလို့ပြော
ပါတယ်။
ကျနော်တို့ ဗျူဟာက Monday မနက်တိုင်း တပ်ရင်းမှူးရော ပါတီ
ကောင်စီ အဖွဲတွေရော Brieffing ရှိပါတယ်။
တစ်နေ့တော့ Brief အပြီးမှာ ကောင်စီက လူကြီးက
ရှောက်ဝှေး ဆိုတဲ့တရုတ်မတစ်ယောက် ဗျူဟာက လက်မှတ်နဲ့
ဖယောင်းတင်တဲ့ ငါးတန်ကားကြီး သုံးစီး တံတားဖြတ်သွားတဲ့
အကြောင်းပြောပါတယ်။
ဖြတ်ပုံကလဲ ကားခေါင်းခန်းမှာရှောက်ဝှေးထိုင် ဂိတ်ကရဲ လက်မှတ်ပြ
ရှောက်ဝှေးပြန်လာ နောက်တစီးပေါ်ထိုင်ပြီးဖြတ်တဲ့
ရဲက တပ်ရင်းမှူးသတင်းပို့တောလတပ်ရင်းမှူးက ဗျူဟာကိုသူ
မပြောရဲဘူး ပေါ့
ဒါနဲ့ကျနော် တပ်ရင်းမှူး မှူးကြီးစိုမြင့်ကို ဗျူဟာမှူးဝင်သတင်းပို့ဖို့
ပြောတောဘသူတပ်နာမှာစိုးလို့ ပြောရဲဘူး တဲ့။
လူမိုက်ငှားမရတော့ အောင်မြင်သူ လူမိုက်လုပ်ပြီး
ဂျီးသရီးတွေခေါ်တော့ ကိုသန်းစိုက အရင်တစ်ခါလဲပြောပီးဘီ
သူရေးလက်စလေးရှိလို့ဆိုပြီးပြောတာနဲ့
ကျနော်နဲ့ ဗက အောင်ကျော်ငြိမ်း(အလုပ်သင် ၅ ယ္ခုမှူးကြီးငြိမ်း)
နဲ့သွားပြောတော့ ဗျူဟာမှူးကအော်ထုတ်လိုက်တယ်။
ကျနော်ရုံးခန်းထဲပြန်လာတော့ ဗျူဟာမှူးနောက်ကလိုက်လာတယ်
ရုံးခန်းထဲစာရေးတွေရှေ့မှာ
ဂျီတူးလာအုံးဆိုပြီးခေါ်တယ်
ကျနော်အနားရောက်တော့ လက်ဝါးပြပြီး
မင်းပါးရိုက်ခံရမယ်
ကျနော်လဲသူရိုက်ရင်ခံဖို့အသင့်သတိဆွဲပေးထားလိုက်တယ်
သူရုံးခန်းထဲကပြန်ထွက်သွားတယ်။။
ပါးစပ်က ပွစိပွစိနဲ့။
ဒါနဲ့ရုံးကစာရေးတွေက
ဗိုလ်မှူးသွားမပြောနဲ့ မနေ့က သူတို့ သံလွင်ကိုကြည့်ပြီး အပြင်မှာ
ထိုင် အရက်သောက်နေတာလာဆဲလို့ ဝင်ပြေးရတယ်
ညနေဘက်ဆို ရှောက်ဝှေး ကလှေလေးနဲ့ကူးလာပြီး မနက်အစောကြီးထပြန်တယ် လိုပြောပါတယ်။
နှစ်ပါတ်လောက်ကြာတော့ ကျနော်ညနေဘက် ကချင် ၃ အရာရှိ
ွှိပ်သာသွားတယ် တရုတ်လိုလိုချာတိတ် နဲ့သူ့လူနှစ်ယောက်စကား
ပြောနေတာတွေ့တယ်။
ကျနော်က အရပ်သားတွေ ဘာလာလုပ်ပါလိမ့်ပေါ့
ပြီးတော့မှ ကျနော့်ကိုလာပြီး သူတို့အကြောင်းဘယ်သူမှမဟ ဖို့
တပ်ရင်းမှူးရော အရရှိ အားလုံးအသိပေထားပါလိုပြောတယ်။
ကျနော်ပြန်လာရင်းလမ်းမှာကချင် ၃ ကအရာရှိကိုမေးတော့
ဦးနေဝင်းလွှတ်တဲ့အထူး ထလရ အုပ်စုတဲ့။
ဗိုလ်မှူးလဲသတိထားနေပါ ဗျူဟာရုံးလူအဝင်အထွက်
ဗျူဟာမှူးအိမ် လူအဝင်အထွက်ကအစ စောင့်ကြည့်နေပုံရတယ်
ဘာကိစ္စလဲတော့မသိဘူးတဲ့။
ကျနော်လဲနှုတ်ပိတ် ညနေဆို အမြောက်တပ်က သူငယ်ချင်း
လူပျိုကြီးနေလင်းဆီပဲမှန်မှန်သွားအရက်ပဲသောက်နေလိုက်တယ်။
ကျနော်တို့ဗျူဟာ လေးလကျော်လောက်နေပြီးပြန်ရတယ်
လားရှိုးရောက်တာနဲ့
ဗျူဟာမှူးကသီးသန့် တစ်အိမ်
ကျနော်နဲ့ ဂျီသရီး နှစ်ယောက်က သီးသန်းတစ်အိမ်နေပြီး
ဘယ်မှ မသွားပါနဲ့လို့ပြောထားတယ်
အိမ်အပြန် လက်ဆောင်တောင်မြို့ထဲထွက်မဝယ်ရဘူး
ညနေစာ စားပြီးတော့ တပ်မမှူး ဗိုလ်ချုပ်မောင်သင့်က
ကျနော်တို့ အရာရှိ သုံးယောက်ကိုခေါ်တယ်။
တပ်မမှူးတွေ့စရာရှိလို့အပြင်မထွက်ခိုင်းတာပဲလိုထင်ပြီးသွား
တွေ့တယ်။
ရောက်တာနဲ့ တပ်မမှူးကဆူတာပဲ
မင်းတိုစီးကမ်းမရှိဘူး
မဟုတ်တာတွေညှိလုပ်နေကြတယ်
ဒီဘက်မှာစစ်ဆင်ရေးနဲ့လူကြီးတွေအလုပ်ရှုပ်နေချိန်မှာ
မင်းတိုဗျူဟာကအရာရှိတွေ ကမြင်းနေတယ် စသဖြင့်ပေါ့
ဗိုလ်မှူးအောင်မြင်သူ မင်းကလူကြီးဖြစ်ပြီးမထိမ်းဘူး
ကျနော်တို့ဘာမှမလုပ်ပါဘူးဆိုတော့
မင်းက ဂျီတူးပဲ မင်းလူကြီးလုပ်တာ မပြောတဲ့မင်းလဲတာဝန်ရှိတယ်။
တပ်မမှူးကြီးခင်ဗျား
တပ်မမှူးကြီးပြောသလိုမဟုတ်ပါဘူး
ကျနော်တစ်ကြိမ်မကဘူး နှစ်ကြိမ်တောင်ပြောပါတယ်
ဗျူဟာမှူးက ကျနော်ကိုပါးရိုက်မယ်တောင်လုပ်တာအရာရှိတွေရော
ရုံးထဲကစာရေးတွေပါသိပါတယိလို့ပြောလိုက်တယ်။
ထပ်မေးလို့ ထပ်ပြောလိုက်တယ်
ဂျီသရီးနှစ်ယောက်ကလဲ ဝင်ပြောပြကြတယ်
ပြန်လာတော့ သုံးယောက်စလုံးမျက်နှာငယ်လေးတွေနဲ့ပေါ့
ည ၁၀ နာရီလောက်မှာ
တပ်မဂျီူးတူးက ဗျူဟာကို
ကိုအောင်မြင်သူဦးစီးပြီး နက်ဖန်မနက် မိထ္ထီလာခေါ်သွားပါ
လမ်းမှာ ဘာပြသနာမှမဖြစ်ပါစေနဲ့ ဆိုတဲ့အမိန့်ပေးပါတယ်။
ကျနော်တို့ မိထ္ထီလာကိုည ၁၀ နာရီလောက်ပြန်ရောက်ပါတယ်
အိမ်ရောက်တာနဲ့ မိန်းမက
ရှင်တို့ဘာမှမဖြစ်ဖူးလားတဲ့။
ဘာဖြစ်ရမှာလဲမေးလိုက်တော့
နေလယ်က ရှင့်တပည့်ဗကသန်အေးမိန်မရန်ကုန်ကအပြန်
အိမ်ဝင်လာတယ်။ရှင်တိုဗျူဟာကအရာရှိတွေ မဟုတ်တာတွေ
လုပ်လို့လားရှိုးရောက်ရင်ဖမ်းချုပ်မယ်ဆိုတဲ့သတင်းရန်ကုန်က
ကြားလာတယ်ဆိုပြီး တငိုငို တရီရီ နဲ့လာပြောသွားလို့ တဲ့။
သြော်
မောင်အောင်မြင်သူ မောင်အောင်မြင်သူ
အထက်လူကြီး မဟုတ်တာလုပ် ရင်လဲ ရဲရဲရတင်းတင်း ပြောရဲလို့
လွတ်မြောက်ခဲ့ဘူးပါတယ်။
ဗျူဟာမှူးဘယ်သူဆိုမမေးပါနဲ့။
အနားပေးလိုက်ပါတယ်။
- အောင်မြင်သူ
U Aung Myin Thu's Facebook မှကူးယူဖော်ပြပါသည်။#BurmaDemocracy

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။