နံရံလိုနေပါ။
သမီးလေးရေ
နံရံဆိုတာ ...
မာကျောတယ် အေးစက်တယ်..
ခံစားမှုမရှိဘူး မတုန့် ပြန်ဘူးနော် ...
ဒါပေမယ့်
အဲဒီနံရံကို ဝင်ဆောင့်တဲ့သူကတော့
ထိမိခိုက်မိရှိနိုင်တယ်၊
နဲရင် နဲနဲပဲ ထိတယ်
များရင် များများထိတယ်
နံရံက တန်ပြန်တာ မဟုတ်ဘူးနော်
ပြုလုပ်သူရဲ့ အတိုင်းသာ တန်ပြန်သွားတာ၊
အဲလိုပဲ လူလောကမှာ နေရင်
တစ်ဦးနဲ့တစ်ဦးအမြဲတမ်း ချစ်ခင်နေကြဖို့ ...
အမြဲတမ်း သင့်တင့်အဆင်ပြေနေကြဖို့ 
လူတိုင်း လူတိုင်း ဆန္ဒရှိကြတယ်။
ဒီဆန္ဒကို အချိ့ လည်း
အကောင်အထည် ဖော်နိုင်တယ်၊
အချို့ကတော့
အလဲလဲ အကွဲကွဲ ကျရှုံးကုန်ကြတယ် ...
Why ?
အောင်မြင်တဲ့သူတွေမှာ
ဘယ်လိုလျှို့ ဝှက်ချက်တွေ ရှိပြီး
ကျရှုံးတဲ့သူတွေမှာရော
ဘယ်လို အားနည်းချက်တွေ ရှိလို့ လဲ။
တကယ်တော့ သမီးရေ
လူမှုအသိုင်းအဝိုင်းမှာ
တစ်ဦးနဲ့တစ်ဦး အမျက်မရှိ
အမြဲတမ်း အဆင်ပြေဖို့ဆိုတာ
တကယ်တော့ စိတ်ကူးယဉ် သက်သက်ပါပဲ၊
ဘာဖြစ်လို့ လည်း ဆိုတော့
လောကီနယ်ပယ်မှာ
ပုထုဇဉ်တို့ ကိုင်စွဲရာသည်
လောဘ ဒေါသ မာန်မာန များက
အများဆုံး ဖြစ်နေလို့ပါပဲ။
ဒါကြောင့်
လူတွေအပေါ်မှာ နားလည်မှု
ခွင့်လွှတ်မှု စာနာမှု မေ့ပျောက်နိုင်မှုတွေကို
သမီးရဲ့ နှလုံးသွင်းမှုတိုင်းမှာ
ထည့်ထားဖို့ က အဓိက လိုရင်းဖြစ်ပါတယ်၊
ဒီလို ပြောလို့ 
မေမေက မတရားလိုက်တာ
သမီးက အမြဲတမ်း အရှုံးသမား
ဖြစ်နေရမှာလားလို့  သမီး မတေွးပါနဲ့၊
ခံစားမှုမရှိလေ သမီး စိတ်အေးချမ်းလေပါပဲ၊
ဒီလိုနေတတ်သွားရင်
သမီးဟာ အင်မတန်မှ တောင့်တင်း ခိုင်မာတဲ့
နံရံလိုလူဖြစ်သွားလိမ့်မယ်။
ကိုယ်ကောင်းတာဟာ ကိုယ်စံဖို့  ဖြစ်ပြီး
သူမကောင်းတာဟာ သူခံဖို့ သာ ဖြစ်တယ်။
နဲနဲလေးမှ အထိမခံ
ဆတ်ဆတ်ကျဲတဲ့သူဟာ
အပေါ်ယံသာ ခက်ထန်မာကြောသယောင် နဲ့
တကယ်တော့ ထိလွယ်ရှလွယ် လုံခြုံမှုမရှိတဲ့သူပါ၊
အဲလူလိုထဲမှာ သမီး မပါပါစေနဲ့
နံရံကြီးလို ဖြစ်သွားရင်
ဘယ်နေရာမှာပဲ ရှိရှိ သမီးလေး အဆင်ပြေဖို့
မေမေ ယုံပြီးသား။
ညီမ SuSu Mon ဆီမှကူးယူပါသည်။
Photo by Nyar Nyar
(Shwe Mya Kyar Phyu)
သမီးလေးရေ
နံရံဆိုတာ ...
မာကျောတယ် အေးစက်တယ်..
ခံစားမှုမရှိဘူး မတုန့် ပြန်ဘူးနော် ...
ဒါပေမယ့်
အဲဒီနံရံကို ဝင်ဆောင့်တဲ့သူကတော့
ထိမိခိုက်မိရှိနိုင်တယ်၊
နဲရင် နဲနဲပဲ ထိတယ်
များရင် များများထိတယ်
နံရံက တန်ပြန်တာ မဟုတ်ဘူးနော်
ပြုလုပ်သူရဲ့ အတိုင်းသာ တန်ပြန်သွားတာ၊
အဲလိုပဲ လူလောကမှာ နေရင်
တစ်ဦးနဲ့တစ်ဦးအမြဲတမ်း
အမြဲတမ်း သင့်တင့်အဆင်ပြေနေကြဖိ
လူတိုင်း လူတိုင်း ဆန္ဒရှိကြတယ်။
ဒီဆန္ဒကို အချိ့ လည်း
အကောင်အထည် ဖော်နိုင်တယ်၊
အချို့ကတော့
အလဲလဲ အကွဲကွဲ ကျရှုံးကုန်ကြတယ် ...
Why ?
အောင်မြင်တဲ့သူတွေမှာ
ဘယ်လိုလျှို့ ဝှက်ချက်တွေ ရှိပြီး
ကျရှုံးတဲ့သူတွေမှာရော
ဘယ်လို အားနည်းချက်တွေ ရှိလို့ လဲ။
တကယ်တော့ သမီးရေ
လူမှုအသိုင်းအဝိုင်းမှာ
တစ်ဦးနဲ့တစ်ဦး အမျက်မရှိ
အမြဲတမ်း အဆင်ပြေဖို့ဆိုတာ
တကယ်တော့ စိတ်ကူးယဉ် သက်သက်ပါပဲ၊
ဘာဖြစ်လို့ လည်း ဆိုတော့
လောကီနယ်ပယ်မှာ
ပုထုဇဉ်တို့ ကိုင်စွဲရာသည်
လောဘ ဒေါသ မာန်မာန များက
အများဆုံး ဖြစ်နေလို့ပါပဲ။
ဒါကြောင့်
လူတွေအပေါ်မှာ နားလည်မှု
ခွင့်လွှတ်မှု စာနာမှု မေ့ပျောက်နိုင်မှုတွေကို
သမီးရဲ့ နှလုံးသွင်းမှုတိုင်းမှာ
ထည့်ထားဖို့ က အဓိက လိုရင်းဖြစ်ပါတယ်၊
ဒီလို ပြောလို့ 
မေမေက မတရားလိုက်တာ
သမီးက အမြဲတမ်း အရှုံးသမား
ဖြစ်နေရမှာလားလို့  သမီး မတေွးပါနဲ့၊
ခံစားမှုမရှိလေ သမီး စိတ်အေးချမ်းလေပါပဲ၊
ဒီလိုနေတတ်သွားရင်
သမီးဟာ အင်မတန်မှ တောင့်တင်း ခိုင်မာတဲ့
နံရံလိုလူဖြစ်သွားလိမ့်မယ
ကိုယ်ကောင်းတာဟာ ကိုယ်စံဖို့  ဖြစ်ပြီး
သူမကောင်းတာဟာ သူခံဖို့ သာ ဖြစ်တယ်။
နဲနဲလေးမှ အထိမခံ
ဆတ်ဆတ်ကျဲတဲ့သူဟာ
အပေါ်ယံသာ ခက်ထန်မာကြောသယောင် နဲ့
တကယ်တော့ ထိလွယ်ရှလွယ် လုံခြုံမှုမရှိတဲ့သူပါ၊
အဲလူလိုထဲမှာ သမီး မပါပါစေနဲ့
နံရံကြီးလို ဖြစ်သွားရင်
ဘယ်နေရာမှာပဲ ရှိရှိ သမီးလေး အဆင်ပြေဖို့
မေမေ ယုံပြီးသား။
ညီမ SuSu Mon ဆီမှကူးယူပါသည်။
Photo by Nyar Nyar
(Shwe Mya Kyar Phyu)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။