ရိုးသားမှုကိုရှာဖွေခြင်း
***************
တစ်ခါက လူကြီးတစ်ယောက် ဟာ
အလုပ်ကနေ ပင်စင်ယူပြီးနောက် အားလပ်သွားတာနဲ့ တောင်ပေါ်မြို့ကို
ခရီးသွားဖို့ ပြင်ဆင်ခဲ့ပါတယ်။
တစ်ကိုယ်တော် ခရီးမို့ ခရီးဆောင်အိတ်
ခပ်သေးသေးတလုံး သာ သယ်ဆောင်ရင်း
မီးရထားစီး ခရီးထွက်ခဲ့ပါတယ်။
အအေးဒဏ် အပူဒဏ် သက်သာစေဖို့
သူ့ရဲ့ သမီး လက်ဆောင်ဝယ်ပေးလိုက်တဲ့
ဦးထုပ်အသစ်လေးဆောင်းရင့်း့
ဖြစ်ချင်တော့ ရထားပြတင်းပေါက်ကနေ
အပြင်ဖက် ခေါင်းထုတ်ကြည့်မိတဲ့ အခိုက်
လေအရှိန်ကြောင့် ဦးထုပ်သစ်လေး
ရထားအပြင်ဖက် လွင့်ပါသွားခဲ့ပါတယ်။
ဦးထုပ်လွင့်ပါသွား တာ သိလိုက်မိချိန်
ထို ပင်စင်စား လူကြီးဟာသူ့ရဲ့ခရီးဆောင်
အိတ်လေးပါ ပြတင်းပေါက်က လွင့်ပစ် လိုက်ပါတော့တယ်။
သူ့ရဲ့ အပြုအမူကို ရထားတွဲပေါ်က ပါလာသူတွေက အံ့အားသင့်သူကသင့်
ဂေါက်ကြောင်နေသူလား လို့ တွေးသူကတွေး
နားမလည်နိုင်သူတွေလည်း ရှိနေတော့
သူကို ဘာကြောင့် လွင့်ပစ် လည်း မေးမြန်းကြပါတယ်။ ဒီတော့ ပင်စင်စားကြီး
က ဘာပြန်ပြောလည်း ဆိုတော့။
" ကျနော့် ဦးထုပ်လေးက ကျနော့်သမီး
လက်ဆောင်အဖြစ် ဝယ်ပေးလိုက်တဲ့ ဦးထုပ်လေး ဖြစ်လို့ ကျနော်နှမျောစိတ် ဖြစ်မိတာပေါ့ ဗျာ "
" ဒါပေမယ့့် အဲ့ဒီ ဦးထုပ်လေးမှာ ကျနော့်နာမည် မပါဘူးဗျ့ အခု လွင့်ပစ်လိုက်တဲ့ ခရီးဆောင်အိတ်လေး
မှာက အမည်ရော လိပ်စာပါ ပါတယ်လေ "
" ကျနော့် ဦးထုပ်လေး ကောက်ရသူသာ
ဆက်ရှာရင်း အဝတ်အိတ်လေးကို ပါ
ရှာတွေ့မယ်ဆိုတာ အမည်ရော လိပ်စာပါ
ပါလို့ ပြန်လည်ပေးပို့ လို့ရအောင်လို့ တစ်တွဲတည်း ပစ်ချပေးလိုက်တာပါ။ "
------------------
ထို ပင်စားကြီးကတော့ အမှန်တစ်ကယ်
ရိုးသားမှု ကို ရှာဖွေလိုက်ပါခြင်းပါပဲ။
သူမှာ ယုံကြည်ချက်ရှိနေလို့
အမည်ပါလိပ်စာပါ ခရီးဆောင်အိတ်လေး
ကိုပါ အဖေါ်ထည့်ပြီး ပေးလိုက်ပါပြီ။
သူ့ ဦးထုပ်တွေ့သူကလည်း သူ့အိတ်ကိုဆက်တွေ့သူ ဖြစ်ချင်ဖြစ်မယ်
အိတ်ချည်းပဲ တွေ့သူ လည်းရှိချင်ရှိမယ်
ပင်စင်စားကြီး ထင်ထားသလို ပြန်ပို့ပေးသူဖြစ်ချင်မှ လည်းဖြစ်မယ်။
ဘယ်သူမှ ဘာမှမတွေ့ ပဲ လမ်းဘေး
တစ်နေရာ ဆက်ရှိချင်ရှိနိုင်တယ်
မဟုတ်ပါလား။
တစ်ကယ်တော့လည်း လူ့ဘဝမှာ
ရိုးသားမှုဆိုတာ ရှားပါးပြီးအဖိုးတန်တဲ့
အရာတစ်ခုဖြစ်သလို ရိုးသားသူကို ရှာဖွေရတာကလည်း ခက်ခဲလှပါတယ်။
မိမိကိုယ်တိုင်လည်း ရိုးသားပါသည်ဟု ဆိုလည်းအခြေအနေ တစ်ရပ်နဲ့
ဆုံမိတဲ့အခိုက် ရိုးသားမှုရှိပါ့မလားလို့ ရိုးရိုးသားသားတွေးမိပါတယ်။
ရိုးသားမှုရှိသော လူတိုင်းအတွက်
လေးစားစွာ ချီးကျုးဂုဏ်ပြုပါသည်။
#kazaw
မှ တ် စု ကြ မ်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။