ချစ်သောသူ သေသော် အရမ်းမခံစားရအောင် ဘယ်လို လုပ်ကြမလဲ - အဘိုးအို၏ ဆုံးမစကား
--------------------
အဘိုး... အိုပြီ မြေးလေးတို့။ အိုပြီ ဆိုတော့... အဘိုးဘဝမှာ သိခဲ့ရတဲ့လူတွေ... ချစ်ခဲ့ရတဲ့လူတွေ တဖြုတ်ဖြုတ် သေ ကုန်ကြပြီးပြီပေါ့။ အိုလေလေ အဘိုး တစ်ယောက်ထဲ ရှင်ကျန်နေလေလေပေါ့...။ ဟုတ်လား။
အဘိုးအဘွား၊ အဖေအမေ၊ ဆရာ၊ ဆွေမျိုး တို့ သေဆုံး သွားကြပြီ။ ဘဝတစ်လျှောက်လုံး ပေါင်းလာခဲ့တဲ့ အပေါင်းအသင်းတွေ သေဆုံးခဲ့ပြီးပြီ။ အချစ်ဆုံး သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ငယ်သားတွေ၊ အိမ်နီးချင်းတွေ မရှိကြတော့ပါဘူး။ ချစ်ရတဲ့ မိန်းမလည်း သိပ်မကြာခင်က ဆုံးသွားခဲ့ပါပြီ။
"ကိုယ်ချစ်ရတဲ့လူ သေသွားတဲ့အခါ အရမ်းမခံစားရအောင် ဘယ်လို လုပ်သင့်သလဲ" လို့ လူတစ်ယောက်က အဘိုးကိုမေးမယ်ဆိုရင် အဘိုးပြောချင်ပေမယ့် မပြောရက်တဲ့ စကား တစ်ခွန်း ရှိပါတယ်။ "ရှောင်မရဘူး။ နောက်ဆို နေသား ကျသွားမှာပါ" လို့။
မပြောရက်ပါဘူးကွယ်။ မပြောချင်ပါဘူး။ ကိုယ်ကိုယ်တိုင်တောင် ချစ်ရတဲ့လူ တစ်ယောက်သေတိုင်း ရင်ဘတ်ထဲမှာ ဟောင်းလောင်း ဖြစ်ကျန်ခဲ့တာပါကွယ်။ အဘိုးဘဝကနေ ထွက်ခွာ သွားခဲ့သူတိုင်းကို "အော်... နောက်တော့လည်း မေ့မှာပေါ့" ဆိုတဲ့စိတ် တစ်ယောက် အပေါ်ကိုမှ မထားခဲ့ဖူးပါဘူး။
အားလုံးဟာ ဒဏ်ရာလေးတွေတော့ ချန်ခဲ့ကြပါတယ်။ ဒီဒဏ်ရာလေးတွေဟာ လွန်သွားသူနဲ့ ကိုယ်နဲ့ကြားမှာ ရှိတဲ့ မေတ္တာနဲ့ ဆက်ဆံရေးကို ဖော်ပြနေတယ်ကွယ့်။ ဒဏ်ရာလေးတွေ နက်လေလေ မေတ္တာ ကြီးမားလေလေပဲ။
ပြီးတော့ ဒဏ်ရာလေးတွေ ဆိုတာ ဘဝရဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တယ်ကွယ့်။ ဒဏ်ရာရှိသူတိုင်းဟာ ဘဝမှာ ချစ်ခဲ့ဖူးတယ်။ ကွဲခဲ့ဖူးတယ်။ သက်သာခဲ့ဖူးတယ်။ ဆက်လက်ရှင်သန်လာခဲ့ဖူးကြတယ် ။
ချစ်ရတဲ့သူ တစ်ယောက်ယောက် သေဆုံးတဲ့ အချိန် ဆိုတာ သင်္ဘောတစ်စင်းကို ဖျက်တဲ့ မုန်တိုင်းနဲ့ တူပါတယ်။ ပူဆွေးမှုဟာ ရေလှိုင်းဆန်ဆန် ကိုယ့်ဆီကို တစ်လုံးပြီး တစ်လုံး ရိုက်ခတ် လာတတ်ပါတယ်။
သင်္ဘောတစ်စင်း ပျက်ချိန်မှာ ကိုယ်ဟာ ရေမွန်း နေလိမ့်မယ်။ သင်္ဘော ကိုယ်ထည် အပိုင်းအစတွေဟာ ကိုယ့်ဘေးမှာ တစ်စစီ ပြန့်ကြဲလို့ နေလိမ့်မယ်။
တစ်စစီ တစ်စစီဟာ အရင်က လှပပြီး မောင်းနှင်နေတဲ့ သင်္ဘောတစ်စင်းကို ဖော်ကျူးနေလိမ့်မယ်။ ဒါပေမယ့် အခု မရှိတော့ဘူးပေါ့...။
ကိုယ့် အနေနဲ့ လုပ်နိုင်တာ တစ်ခုက ရေထဲမှာ အလိုက်အထိုက် မျောနေရုံပဲ ရှိပါတယ်။ ဒီလို မျောနေတဲ့အချိန်မှာ သင်္ဘောပျက်က ကျိုးထွက်လာတဲ့ သစ်တစ်စ ဖြစ်ဖြစ် ပျဉ်တစ်ချပ်ဖြစ်ဖြစ်ကို ဖက်တွယ်ထားကောင်း ထားမိလိမ့်မယ်။
ဒါဟာ အတိတ်က ပုံရိပ်တစ်ခုခု ဖြစ်နိုင်သလို ဓာတ်ပုံတစ်ခုခုလည်း ဖြစ်နိုင်တယ်လေ။ ဒီတော့ ဖက်ရင်း မျောနေလိုက်ပါ။ ကုန်နေတဲ့ အားတွေ အတွက် မျောနေလိုက်ပါ။
အစပိုင်းမှာတော့ ဝုန်းဒိုင်းကြဲနေတဲ့ မုန်တိုင်းဒဏ်ကြောင့် လှိုင်း တစ်လုံး တစ်လုံးဟာ ပေ တစ်ရာလောက် မြင့်ကောင်း မြင့်မယ်။ ကိုယ့်ကို မညှာမတာ ဝါးမြိုဖို့ ကြိုးစားလိမ့်မယ်။ ဆယ်စက္ကန့်ခြား တစ်လုံးစီ တစ်လုံးစီ လှိမ့်ဝင်လာကောင်း ဝင်လာလိမ့်မယ်။ အရှုံးမပေးပါနဲ့။
သိပ်မကြာခင် ရက်တွေမှာတော့ ပေတစ်ရာမြင့်တဲ့ လှိုင်းတွေဟာ တစ်လုံးနဲ့တစ်လုံးကြား ကွာဟ လာပါလိမ့်မယ်။ ဒါပေမယ့်လည်း မြင့်တာက မြင့်ဆဲမို့လို့ သူတို့ လာတဲ့အခါမှာ ကိုယ့်ကို မုန်တိုင်း ကာလတုန်းကလိုပဲ ဝါးမြို သွားပါ လိမ့် ဦးမယ်။ မွန်းကျပ်နေ ပါလိမ့်ဦးမယ်။
ဘယ်အချိန်မှာ ဒီပူဆွေးမှု ရေလှိုင်းဟာ ပွင့်ကျလာမလဲဆိုတာ ကိုယ်မသိနိုင်ပါဘူး။ တူတူနားထောင်ခဲ့ဖူးတဲ့ သီချင်း တစ်ပုဒ် ဖြစ်ချင် ဖြစ်မယ်။ တူတူလျှောက်လည်ခဲ့ဖူးတဲ့ နေရာလေးတွေ ဖြစ်ချင် ဖြစ်မယ်။
လမ်းဆုံလမ်းခွ နေရာတစ်ခုကနေ ကော်ဖီတစ်ခွက်ရဲ့ ရနံ့ ကလေးအထိ ညင်ညင်သာသာနဲ့ ကိုယ့်ဆီကို ပွင့်ကျလာနိုင်ပါတယ်။ ပွင့်ကျလာတာနဲ့ ကိုယ် ပြန်လည် တည်ဆောက် ထားတဲ့ ပျော်ရွှင်မှု အသေးစားလေးတွေရယ် တည်ငြိမ် နေတဲ့ စိတ်ကလေး ရယ်ကို ရိုက်ချိုး ဖျက်ဆီး သွားဦးမှာပါပဲ။
ဒါပေမယ့်... လှိုင်း တစ်လုံးနဲ့ တစ်လုံး ကြားမှာ ကိုယ်ဟာ ရှင်သန်ဖြစ်လာတယ်။ ကိုယ့်အတွက် ရာသီဥတုဟာ ပုံမှန်ပြန် ဖြစ်လာပါတယ်။
အဲဒီနောက်မှာ လှိုင်းတွေဟာ ကာလ ကြာလာတာနဲ့အမျှ ပိုမို ဝေးကွာလာတာကို တွေ့လာပါလိမ့်မယ်။ အဲဒီနောက်ကျမှ လှိုင်းတွေဟာ ပေတစ်ရာကနေ ပေရှစ်ဆယ်၊ ပေရှစ်ဆယ်ကနေ ငါးဆယ်၊ နောက်ဆုံး တစ်ရပ်စာ လှိုင်းပြေပြေ လေးတွေ ဖြစ်လာတဲ့အထိ ညင်သာ လာပါလိမ့် ဦးမယ်။
သူတို့လာနေတာကို ကြိုမြင်လာရလိမ့်မယ်။ နှစ်ပတ်လည်လေးတွေ၊ မွေးနေ့လေးတွေ၊ အထင်ကရ ရက်စွဲလေးတွေမှာ တခုတ်တရနဲ့ လှိုင်းကို ကြိုတင် စောင့်ဆိုင်း တတ်လာတယ်။ ခံစားချက်ကနေ စာနာမှုတွေ ပေါက်ဖွားလာမယ်။
လှိုင်းအလွန်မှာ ဘယ်လောက်ပဲ စိုရွှဲနေပစေ ကိုယ်ဟာ ရှေ့ကို ပိုမိုရင့်ကျက်တဲ့ လူသားအဖြစ် တရွေ့ရွေ့ ရှေ့ကို ဆက်ရပါလိမ့်ဦးမယ်။
ဒါ့ကြောင့် မှတ်ထားကွယ့်။ လှိုင်းလေးတွေဟာ ပျောက်သွားရိုး ထုံးစံ မရှိပါဘူး။ ဘယ်သူမှလည်း မလိုချင်ကြပါဘူး။ ဒါပေမယ့် ကိုယ့်အတွက် သင်ယူစရာတွေ တပွေ့နဲ့ ကိုယ့်ဆီကို လာတဲ့လှိုင်းတွေ ချည်းပါပဲ။
#kyawnge
--------------------
အဘိုး... အိုပြီ မြေးလေးတို့။ အိုပြီ ဆိုတော့... အဘိုးဘဝမှာ သိခဲ့ရတဲ့လူတွေ... ချစ်ခဲ့ရတဲ့လူတွေ တဖြုတ်ဖြုတ် သေ ကုန်ကြပြီးပြီပေါ့။ အိုလေလေ အဘိုး တစ်ယောက်ထဲ ရှင်ကျန်နေလေလေပေါ့...။ ဟုတ်လား။
အဘိုးအဘွား၊ အဖေအမေ၊ ဆရာ၊ ဆွေမျိုး တို့ သေဆုံး သွားကြပြီ။ ဘဝတစ်လျှောက်လုံး ပေါင်းလာခဲ့တဲ့ အပေါင်းအသင်းတွေ သေဆုံးခဲ့ပြီးပြီ။ အချစ်ဆုံး သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ငယ်သားတွေ၊ အိမ်နီးချင်းတွေ မရှိကြတော့ပါဘူး။ ချစ်ရတဲ့ မိန်းမလည်း သိပ်မကြာခင်က ဆုံးသွားခဲ့ပါပြီ။
"ကိုယ်ချစ်ရတဲ့လူ သေသွားတဲ့အခါ အရမ်းမခံစားရအောင် ဘယ်လို လုပ်သင့်သလဲ" လို့ လူတစ်ယောက်က အဘိုးကိုမေးမယ်ဆိုရင် အဘိုးပြောချင်ပေမယ့် မပြောရက်တဲ့ စကား တစ်ခွန်း ရှိပါတယ်။ "ရှောင်မရဘူး။ နောက်ဆို နေသား ကျသွားမှာပါ" လို့။
မပြောရက်ပါဘူးကွယ်။ မပြောချင်ပါဘူး။ ကိုယ်ကိုယ်တိုင်တောင် ချစ်ရတဲ့လူ တစ်ယောက်သေတိုင်း ရင်ဘတ်ထဲမှာ ဟောင်းလောင်း ဖြစ်ကျန်ခဲ့တာပါကွယ်။ အဘိုးဘဝကနေ ထွက်ခွာ သွားခဲ့သူတိုင်းကို "အော်... နောက်တော့လည်း မေ့မှာပေါ့" ဆိုတဲ့စိတ် တစ်ယောက် အပေါ်ကိုမှ မထားခဲ့ဖူးပါဘူး။
အားလုံးဟာ ဒဏ်ရာလေးတွေတော့ ချန်ခဲ့ကြပါတယ်။ ဒီဒဏ်ရာလေးတွေဟာ လွန်သွားသူနဲ့ ကိုယ်နဲ့ကြားမှာ ရှိတဲ့ မေတ္တာနဲ့ ဆက်ဆံရေးကို ဖော်ပြနေတယ်ကွယ့်။ ဒဏ်ရာလေးတွေ နက်လေလေ မေတ္တာ ကြီးမားလေလေပဲ။
ပြီးတော့ ဒဏ်ရာလေးတွေ ဆိုတာ ဘဝရဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တယ်ကွယ့်။ ဒဏ်ရာရှိသူတိုင်းဟာ ဘဝမှာ ချစ်ခဲ့ဖူးတယ်။ ကွဲခဲ့ဖူးတယ်။ သက်သာခဲ့ဖူးတယ်။ ဆက်လက်ရှင်သန်လာခဲ့ဖူးကြတယ်
ချစ်ရတဲ့သူ တစ်ယောက်ယောက် သေဆုံးတဲ့ အချိန် ဆိုတာ သင်္ဘောတစ်စင်းကို ဖျက်တဲ့ မုန်တိုင်းနဲ့ တူပါတယ်။ ပူဆွေးမှုဟာ ရေလှိုင်းဆန်ဆန် ကိုယ့်ဆီကို တစ်လုံးပြီး တစ်လုံး ရိုက်ခတ် လာတတ်ပါတယ်။
သင်္ဘောတစ်စင်း ပျက်ချိန်မှာ ကိုယ်ဟာ ရေမွန်း နေလိမ့်မယ်။ သင်္ဘော ကိုယ်ထည် အပိုင်းအစတွေဟာ ကိုယ့်ဘေးမှာ တစ်စစီ ပြန့်ကြဲလို့ နေလိမ့်မယ်။
တစ်စစီ တစ်စစီဟာ အရင်က လှပပြီး မောင်းနှင်နေတဲ့ သင်္ဘောတစ်စင်းကို ဖော်ကျူးနေလိမ့်မယ်။ ဒါပေမယ့် အခု မရှိတော့ဘူးပေါ့...။
ကိုယ့် အနေနဲ့ လုပ်နိုင်တာ တစ်ခုက ရေထဲမှာ အလိုက်အထိုက် မျောနေရုံပဲ ရှိပါတယ်။ ဒီလို မျောနေတဲ့အချိန်မှာ သင်္ဘောပျက်က ကျိုးထွက်လာတဲ့ သစ်တစ်စ ဖြစ်ဖြစ် ပျဉ်တစ်ချပ်ဖြစ်ဖြစ်ကို ဖက်တွယ်ထားကောင်း ထားမိလိမ့်မယ်။
ဒါဟာ အတိတ်က ပုံရိပ်တစ်ခုခု ဖြစ်နိုင်သလို ဓာတ်ပုံတစ်ခုခုလည်း ဖြစ်နိုင်တယ်လေ။ ဒီတော့ ဖက်ရင်း မျောနေလိုက်ပါ။ ကုန်နေတဲ့ အားတွေ အတွက် မျောနေလိုက်ပါ။
အစပိုင်းမှာတော့ ဝုန်းဒိုင်းကြဲနေတဲ့ မုန်တိုင်းဒဏ်ကြောင့် လှိုင်း တစ်လုံး တစ်လုံးဟာ ပေ တစ်ရာလောက် မြင့်ကောင်း မြင့်မယ်။ ကိုယ့်ကို မညှာမတာ ဝါးမြိုဖို့ ကြိုးစားလိမ့်မယ်။ ဆယ်စက္ကန့်ခြား တစ်လုံးစီ တစ်လုံးစီ လှိမ့်ဝင်လာကောင်း ဝင်လာလိမ့်မယ်။ အရှုံးမပေးပါနဲ့။
သိပ်မကြာခင် ရက်တွေမှာတော့ ပေတစ်ရာမြင့်တဲ့ လှိုင်းတွေဟာ တစ်လုံးနဲ့တစ်လုံးကြား ကွာဟ လာပါလိမ့်မယ်။ ဒါပေမယ့်လည်း မြင့်တာက မြင့်ဆဲမို့လို့ သူတို့ လာတဲ့အခါမှာ ကိုယ့်ကို မုန်တိုင်း ကာလတုန်းကလိုပဲ ဝါးမြို သွားပါ လိမ့် ဦးမယ်။ မွန်းကျပ်နေ ပါလိမ့်ဦးမယ်။
ဘယ်အချိန်မှာ ဒီပူဆွေးမှု ရေလှိုင်းဟာ ပွင့်ကျလာမလဲဆိုတာ ကိုယ်မသိနိုင်ပါဘူး။ တူတူနားထောင်ခဲ့ဖူးတဲ့ သီချင်း တစ်ပုဒ် ဖြစ်ချင် ဖြစ်မယ်။ တူတူလျှောက်လည်ခဲ့ဖူးတဲ့ နေရာလေးတွေ ဖြစ်ချင် ဖြစ်မယ်။
လမ်းဆုံလမ်းခွ နေရာတစ်ခုကနေ ကော်ဖီတစ်ခွက်ရဲ့ ရနံ့ ကလေးအထိ ညင်ညင်သာသာနဲ့ ကိုယ့်ဆီကို ပွင့်ကျလာနိုင်ပါတယ်။ ပွင့်ကျလာတာနဲ့ ကိုယ် ပြန်လည် တည်ဆောက် ထားတဲ့ ပျော်ရွှင်မှု အသေးစားလေးတွေရယ် တည်ငြိမ် နေတဲ့ စိတ်ကလေး ရယ်ကို ရိုက်ချိုး ဖျက်ဆီး သွားဦးမှာပါပဲ။
ဒါပေမယ့်... လှိုင်း တစ်လုံးနဲ့ တစ်လုံး ကြားမှာ ကိုယ်ဟာ ရှင်သန်ဖြစ်လာတယ်။ ကိုယ့်အတွက် ရာသီဥတုဟာ ပုံမှန်ပြန် ဖြစ်လာပါတယ်။
အဲဒီနောက်မှာ လှိုင်းတွေဟာ ကာလ ကြာလာတာနဲ့အမျှ ပိုမို ဝေးကွာလာတာကို တွေ့လာပါလိမ့်မယ်။ အဲဒီနောက်ကျမှ လှိုင်းတွေဟာ ပေတစ်ရာကနေ ပေရှစ်ဆယ်၊ ပေရှစ်ဆယ်ကနေ ငါးဆယ်၊ နောက်ဆုံး တစ်ရပ်စာ လှိုင်းပြေပြေ လေးတွေ ဖြစ်လာတဲ့အထိ ညင်သာ လာပါလိမ့် ဦးမယ်။
သူတို့လာနေတာကို ကြိုမြင်လာရလိမ့်မယ်။ နှစ်ပတ်လည်လေးတွေ၊ မွေးနေ့လေးတွေ၊ အထင်ကရ ရက်စွဲလေးတွေမှာ တခုတ်တရနဲ့ လှိုင်းကို ကြိုတင် စောင့်ဆိုင်း တတ်လာတယ်။ ခံစားချက်ကနေ စာနာမှုတွေ ပေါက်ဖွားလာမယ်။
လှိုင်းအလွန်မှာ ဘယ်လောက်ပဲ စိုရွှဲနေပစေ ကိုယ်ဟာ ရှေ့ကို ပိုမိုရင့်ကျက်တဲ့ လူသားအဖြစ် တရွေ့ရွေ့ ရှေ့ကို ဆက်ရပါလိမ့်ဦးမယ်။
ဒါ့ကြောင့် မှတ်ထားကွယ့်။ လှိုင်းလေးတွေဟာ ပျောက်သွားရိုး ထုံးစံ မရှိပါဘူး။ ဘယ်သူမှလည်း မလိုချင်ကြပါဘူး။ ဒါပေမယ့် ကိုယ့်အတွက် သင်ယူစရာတွေ တပွေ့နဲ့ ကိုယ့်ဆီကို လာတဲ့လှိုင်းတွေ ချည်းပါပဲ။
#kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။