Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 19, 2017

အရက်ကောင်းကြောင်း ပြောကြရအောင်

 
 
အရက်ကောင်းကြောင်း ပြောကြရအောင်

==================
==================

အရက်သောက်တာ မကောင်းဘူးဆိုတာကိုတော့ ကျန်းမာရေး ရှုထောင့်ပေါင်းစုံကနေ အခိုင်အမာ ဝိုင်းပြောဖို့ သေချာပါတယ်။ အရက်သောက်တာ ကောင်းတာလေးတွေလည်း ရှိပါတယ်ဆိုတာ ပြောဖို့ကတော့ သတ္တိအတော်မွေးရ ပါလိမ့်မယ်။

အရက်သောက်တာ ကောင်းတာတွေလည်း ရှိတယ်ဆိုတာနဲ့ပဲ ရေအိုးထဲကရေတွေ သွန်ချပြီး ဘီယာနဲ့ အစားထိုးလိုက်ကြဖို့ မဟုတ်တာ ကြိုတင်အသိပေးပါရစေ။

အရက်ရဲ့စိတ်အချရဆုံး ပမာဏက တနေ့မှာ အမျိုးသမီးအတွက် ဝိုင်တခွက် (၅ အောင် စ)၊ ဘီယာတဘူး(၁၂ အောင်စ)နဲ့ အရက်ပြင်း ၁ ပက်ခွဲ (၁.၅ အောင်စ) လောက်သာဖြစ်ပြီး အမျိုးသားအတွက် အဲဒီ ၂ဆမျှ သာ ဖြစ်တယ်လို့ သိထားဖို့နဲ့ ပမာဏပိုလာလေ ကောင်းဖို့ထက် အန္တရာယ်များလေ ဆိုတာကို အရင် လက်ခံထားရပါမယ်။ အရက်ကောင်းတာလေးတွေ ပြောကြပါစို့။

နှလုံးအတွက်

ပုံမှန် ကျန်းမာနေသူအတွက် အရက်သင့်တင့်ရုံ သောက်သုံးရင် နှလုံး ရုတ်တရက် ရပ်ဆိုင်းတဲ့ heart attack ၊ လေဖြတ်တာနဲ့ သွေးလွှတ်ကြောတွေ ထူကျဉ်းလာတာမျိုးဖြစ်ဖို့ ၂၅ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ ဖြစ်နိုင်ခြေ လျော့ကျတယ် လို့ ဆိုပါတယ်။ နည်းနည်း သောက်သုံးရင် ကောင်းတဲ့ ကိုလက်စထရော HDL ပမာဏလည်း များစေပါတယ်။ အလွန်အကျွံ သောက်ရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုလာမယ်ဆိုတာ သိစေချင်ပါတယ်။

ပိုမိုတက်ကြွ

တော်ရုံ သောက်သုံးသူတွေအဖို့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာလို တက်ကြွမှုတွေမှာ မသောက်သူထက် သာတယ်လို့ ဆိုပါတယ်။ ဒါက ကျန်းမာရေးအတွက် အထောက်အကူပါ။ ဒါပေမယ့် ကိုယ်လက် လှုပ်ရှားမှု များများလုပ်ရင်း များများသောက် တဲ့ဆီ ပြောင်းသွားတာမျိုးကတော့ မကောင်ဘူးပေါ့။

ဆီးကျောက်ကာကွယ်

ပုံမှန် အနည်းအကျဉ်း သောက်နေသူတွေမှာ ဆီးကျောက်တည်တာ ဖြစ်နိုင်ခြေ လျော့ကျတာက ဘီယာသောက်ရင် ၄၁ ရာခိုင်နှုန်း အထိရှိပြီး ဝိုင်သောက်ရင် ၃၃ ရာခိုင်နှုန်းလောက်တောင် ရှိပါသတဲ့။ ကဖင်းဓာတ်ပါတဲ့ကော်ဖီ၊ လက်ဖက်ရည်တွေလိုပဲ အရက်က ဆီးရွှင်စေတာလည်း ပါတာပေါ့။

အဲဒီလို ဆီးရွှင်တာက အနယ်လေးတွေ ဆေးကြောပြီး ကျောက်မဖြစ်အောင် ကာကွယ်တဲ့သဘောပါ။ အရမ်းသောက်သူတွေ မှာတော့ ရေဓာတ် ခန်းခြောက်တဲ့အထိဖြစ်ပြီး ဆီးကျောက်တည်ဖို့ အခွင့်အလမ်းပိုများတာကိုတော့ သဘောပေါက်ရပါလိမ့် မယ်။

လိင်ကိစ္စ

စိတ်ဖိစီးမှုတွေများနေတဲ့ ကြင်ဖော်တွေအတွက် ချစ်ရည်လူးကြရာမှာ အရက်က ပြေလျှော့ပေးတဲ့အကျိုးရှိတယ်လို့ဆိုပါ တယ်။ သုတေသနတခုအရ ဝိုင်နီတခွက်၊ နှစ်ခွက်လောက် သောက်ထားတဲ့ အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒနဲ့ ကျေနပ်မှု ပိုရတယ်လို့ ဆိုကြပါတယ်။ အရက်က ကျားဟော်မုန်း testosterone ပမာဏမြင့်စေတာကြောင့်လို့လည်း ယူဆ ကြပါတယ်။ အမျိုးသားတွေမှာတော့ အရက်ပမာဏများသွားရင် လိင်စိတ် လျော့နည်းသွားတတ်တာတော့ သတိပြုစရာပါ။

ဦးနှောက်ပိုင်းဆိုင်ရာ

တပတ်မှာ ၂ ကြိမ် ၃ ကြိမ်လောက် သောက်သုံးသူတွေအဖို့ အသက်ကြီးလာရင် သတိမေ့လျော့တဲ့ Alzheimer ရောဂါ ဖြစ် နိုင်ခြေ နည်းသွားတာ တွေ့ရပါသတဲ့။ အထူးသဖြင့် ဝိုင်ကို ဦးနှောက်ကျန်းမာရေး အစားအသောက်စာရင်းမှာ ထည့်သွင်း ထားပါတယ်။
ဆီးချို

ညစာစားချိန်မှာ ဝိုင်တခွက်လောက် သောက်လေ့ရှိသူတွေအဖို့ ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ခြေ လျော့စေတယ်လို့ ဆိုပါတယ်။ ဘာကြောင့်ဆိုတာ တိတိကျကျ ပြောဖို့ လေ့လာနေဆဲ ဖြစ်ပေမယ့် တခွက်နှစ်ခွက် သောက်သုံးတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာ တွေ့ရတယ်လို့ ဆိုကြပါတယ်။

အရက်သောက်တာ မဆိုးလှဘူးဆိုတာ ဒီအချက်တွေက ပြနေပေမယ့် တကယ်တမ်း အရက်သောက်တာ ကောင်းတယ်လို့ ပြောရလောက်အောင် သောက်သုံးရမယ့် ပမာဏကတော့ နိဒါန်းတုန်းက ပြောခဲ့သလောက်ကိုသာ ဆိုလိုကြောင်း အလေးအနက် သတိထပ်ပေးလိုက်ပါတယ်။

Ref; Web MD

Topics: ကျန်းမာရေး

ဒေါက်တာ သက်ဦး
ဧရာဝတီ

===========

The Irrawaddy - Burmese Edition

https://burma.irrawaddy.com/lifestyle/health/2016/12/18/127501.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။