Nursery Rhymes သင်ပုန်းကြီး
က ကညစ် ပေမှာခြစ်
ခ ခရာ အသံသာ
ဂ ဂဏန်း ရေမှာဖမ်း
င ငရုပ်စိမ်း စိပ်ရှိန်းရှိန်း
စ စပါး တို့အားထား
ဆ ဆရာ ရိုသေပါ
ဇ ဇရပ်မှာ တည်းခိုပါ
ည ညအခါ လသာသာ
တ တလင်းဝယ် စပါးနယ်
ထ ထမနဲ တပို့တွဲ
ဒ ဒရယ်လေး ဘေးမဲ့ပေး
ဓ ဓနိပင် အသုံးဝင်
န နယုန်လေရူးသုန်
ပ ပလောင် ဒို့ညီနောင်
ဖ ဖယုံပေါ တို့ယာတော
ဗ ဗလ အင်အားပြ
ဘ ဘယက် ရွှေဒေါင်းခွက်
မ မမ အဖေါ်ရ
ယ ယမင်း ပပဝင်း
ရ ရထား စီးလို့သွား
လ လမင်း ထိန်ထိန်လင်း
ဝ ဝလေး ဝိုင်းဝိုင်းရေး
သ သမင် အပြေးလျင်
အ အလံ အောင်ပွဲခံ
ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ က ကန်စွန်းပင် ရေမှာရွှင်လို့ သင်ခဲ့ရတယ်။ က ကညစ် ပေမှာခြစ်လာတယ်။ ကညစ်ကို သိပ်မသိခဲ့ပါ။ နောက်မှာ က ကလေးငယ် ချစ်စဖွယ် ဖြစ်လာတယ်။ အဲတာကိုအကြိုက်ဆုံးပါ။ အခုခေတ်မှာ (ကလေး) ကို (ခလေး) လို့မှားရေးနေကြလို့ဖြစ်ပါတ ယ်။
ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ ခ ခရမ်းသီး ဓါးနဲ့လှီးနဲ့ စ စပယ်ဖြူ မွှေးကြူကြူ။ နောက်မှာ ခ ခရာ အသံသာ နဲ့ စ စပါး တို့အားထား၊ အ အလံ အောင်ပွဲခံ၊ ဖြစ်လာတာက ဆိုရှယ်လစ်ခေတ်ဖြစ်တော့ ခရာမှုတ်အမိန့်ပေးစနစ်ကို ဦးစားပေးတာလို့ ထင်မိတယ်။ ခုခေတ်မှာ ဘောလုံးပွဲဒိုင်လူကြီးခရာကိုသာ စိတ်ဝင်စားကြတော့ပါတယ်။
ခါးရမ်းသီးလို့ တချို့ကယူဆတယ်။ ပုဂံခေတ်နောက်ဆုံးမင်း နရသီဟပတေ့ဟာ အစားအသောက်ကြူးယုံသာမက အိပ်ယာထတာနဲ့ အနားမှာရှိတာတခုခုနဲ့ မထင်ရင် ကောက်ပေါက်သတဲ့။ အဲတာနဲ့ အမတ်တွေက သူ့နားမှာ ခရမ်းသီး တောင်းနဲ့ ထားပေးတော့ ခရမ်းသီးစာထိမှန်ခံရတဲ့အပျိုတော်တွေ ခါးရမ်းသွားလို့ ခါးရမ်းသီးဖြစ်လာတယ်ဆိုပြီး ပါးစပ်ရာဇဝင် ရှိတယ်။ မဖြစ်နိုင်လို့ ထင်ပါတယ်။ အဲတော့ ခ ခရမ်းသီး ဓါးနဲ့လှီးပဲကောင်းတယ်။
စ စပါး တို့အားထား၊ ပ ပလောင် ဒို့ညီနောင်၊ ဖ ဖယုံပေါ တို့ရာတောမှာ (တို့) နဲ့ (ဒို့) နှစ်မျိုးဖြစ်နေတယ်။
ဘ ဘယက် ရွှေဒေါင်းခွက်၊ အခုခေတ်မှာ ဘယက်ကို သိပ်မသိကြတော့ပါ။
ယ ယမင်း ပပဝင်းမှာ ပုံက ရုပ်သေးဖြစ်နေတယ်။ ယမင်းဆိုတာ လှပသောမိန်းမငယ်ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၎-၆-၂ဝ၁၆
Photo from Umyintthan Tun
က ကညစ် ပေမှာခြစ်
ခ ခရာ အသံသာ
ဂ ဂဏန်း ရေမှာဖမ်း
င ငရုပ်စိမ်း စိပ်ရှိန်းရှိန်း
စ စပါး တို့အားထား
ဆ ဆရာ ရိုသေပါ
ဇ ဇရပ်မှာ တည်းခိုပါ
ည ညအခါ လသာသာ
တ တလင်းဝယ် စပါးနယ်
ထ ထမနဲ တပို့တွဲ
ဒ ဒရယ်လေး ဘေးမဲ့ပေး
ဓ ဓနိပင် အသုံးဝင်
န နယုန်လေရူးသုန်
ပ ပလောင် ဒို့ညီနောင်
ဖ ဖယုံပေါ တို့ယာတော
ဗ ဗလ အင်အားပြ
ဘ ဘယက် ရွှေဒေါင်းခွက်
မ မမ အဖေါ်ရ
ယ ယမင်း ပပဝင်း
ရ ရထား စီးလို့သွား
လ လမင်း ထိန်ထိန်လင်း
ဝ ဝလေး ဝိုင်းဝိုင်းရေး
သ သမင် အပြေးလျင်
အ အလံ အောင်ပွဲခံ
ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ က ကန်စွန်းပင် ရေမှာရွှင်လို့ သင်ခဲ့ရတယ်။ က ကညစ် ပေမှာခြစ်လာတယ်။ ကညစ်ကို သိပ်မသိခဲ့ပါ။ နောက်မှာ က ကလေးငယ် ချစ်စဖွယ် ဖြစ်လာတယ်။ အဲတာကိုအကြိုက်ဆုံးပါ။ အခုခေတ်မှာ (ကလေး) ကို (ခလေး) လို့မှားရေးနေကြလို့ဖြစ်ပါတ
ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ ခ ခရမ်းသီး ဓါးနဲ့လှီးနဲ့ စ စပယ်ဖြူ မွှေးကြူကြူ။ နောက်မှာ ခ ခရာ အသံသာ နဲ့ စ စပါး တို့အားထား၊ အ အလံ အောင်ပွဲခံ၊ ဖြစ်လာတာက ဆိုရှယ်လစ်ခေတ်ဖြစ်တော့ ခရာမှုတ်အမိန့်ပေးစနစ်ကို ဦးစားပေးတာလို့ ထင်မိတယ်။ ခုခေတ်မှာ ဘောလုံးပွဲဒိုင်လူကြီးခရာကိ
ခါးရမ်းသီးလို့ တချို့ကယူဆတယ်။ ပုဂံခေတ်နောက်ဆုံးမင်း နရသီဟပတေ့ဟာ အစားအသောက်ကြူးယုံသာမက အိပ်ယာထတာနဲ့ အနားမှာရှိတာတခုခုနဲ့ မထင်ရင် ကောက်ပေါက်သတဲ့။ အဲတာနဲ့ အမတ်တွေက သူ့နားမှာ ခရမ်းသီး တောင်းနဲ့ ထားပေးတော့ ခရမ်းသီးစာထိမှန်ခံရတဲ့အပျိ
စ စပါး တို့အားထား၊ ပ ပလောင် ဒို့ညီနောင်၊ ဖ ဖယုံပေါ တို့ရာတောမှာ (တို့) နဲ့ (ဒို့) နှစ်မျိုးဖြစ်နေတယ်။
ဘ ဘယက် ရွှေဒေါင်းခွက်၊ အခုခေတ်မှာ ဘယက်ကို သိပ်မသိကြတော့ပါ။
ယ ယမင်း ပပဝင်းမှာ ပုံက ရုပ်သေးဖြစ်နေတယ်။ ယမင်းဆိုတာ လှပသောမိန်းမငယ်ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၎-၆-၂ဝ၁၆
Photo from Umyintthan Tun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။