တရုတ်၇ဲ့ မြစ်ဆုံစီမံကိန်းဟာ လျှပ်စစ်ထုတ်ဖို့ဆိုတာထက် အများကြီးပိုတယ်
ရန်ကုန်နဲ့ မန္တလေး စီးပွားရေးအရ ကျပြီဆိုရင် မြန်မာတစ်နိုင်ငံလုံးကျပြီပဲ
မြစ်ဆုံလိုနေရာကို တရုတ်လက်ထဲ ထိုးအပ်ခဲ့တာဟာ တခြားသူတွေမဟုတ်ဘူး
( အမိဧရာဝတီကိုချစ်မြတ်နိုးသူ နိုင်ငံသားတိုင်း ဝေဖန်ဆန်းစစ်နိုင်ကြပါစေ )
ဧရာဝတီမြစ်ဆုံ ကိစ္စဆိုတာနဲ့ပတ်သက်လို့ ကျနော်မကြာခဏပြောခဲ့ဖူးပါတယ်။
ဧရာဝတီမြစ်ကြီးက မြန်မာနိုင်ငံရဲ့ စစ်ရေး၊ မဟာဗျူဟာရေးနဲ့ပတ်သက်ရင် အဓိက နေရာမှာပါတယ်။ ဘာကြောင့်လဲဆိုတော့
ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံကို အလည်တည့်တည့်ကနေ ကန့်လန့်ဖြတ်စီးဆင်းနေတာဖြစ်တဲ့အပြင် သူ့ရဲ့ ရေစီးကလဲအင်မတန်ငြင်သာတဲ့အတွက် ကုန်စည်ကူးသန်းဖို့ လွယ်ကူသလို စစ်ရေးအရ လိုအပ်လာရင်လဲ ရေကြောင်းကို အသုံးချဖို့ အဓိက လမ်းမကြီးသလို ဖြစ်နေတယ်။
ဒီတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့ကြီးတွေဘယ်မှာရှိလဲကြည့်ရင် အများစုဟာ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ပတ်ချာလည်မှာ ရှိကြတာကိုတွေ့ရလိမ့်မယ်။
မြစ်ဆုံ လာဆောက်လို့ တရုတ်က ရေကိုထိန်းထားရင်
(၁) စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့  မြန်မာနိုင်ငံ၊ ဆန်အထူးထွက်တဲ့မြစ်ဝကျွန်းေ ပါ် ဒေသကို တရုတ်လက်ထဲ ထိုးအပ်ထားပေးတာနဲ့အတူတူပဲ။
(၂) တရုတ်ဟာ မန္တလေးအထိ Hot Money တွေနဲံ့ စံနစ်တကျ ထိုးဖောက်ထားတယ်။ စီးပွားရေးအရ မြန်မာနိုင်ငံအစိုးရကို ရုပ်သေးအစိုးရအဆင့်ဖြစ်အောင်လုပ်ဖို့ဖြစ်တယ်။
မြစ်ဆုံကိစ္စလိုဟာပြီးရင် ရန်ကုန်ကိုပါ စီးပွားရေးအရ
ထိန်းချုပ်လို့ရနိုင်တယ်။ ရန်ကုန်နဲ့ မန္တလေး စီးပွားရေးအရ ကျပြီဆိုရင်
မြန်မာတစ်နိုင်ငံလုံးကျပြီပဲ။ နေပြည်တော်ဆိုတာ စစ်ဗိုလ်ချုပ်တွေကြောက်လို့ သွားပုန်းနေတဲ့နေရာ။ ဘာမှ အရေးမပါဘူး။ အဓိက သော့ချက်တွေဟာ ရန်ကုန်၊ မန္တလေးမှာရှိတယ်။
(၃) ဒါ့အပြင်
။ မြစ်ဆုံလို နေရာမျိုးမှာ လိုအပ်ချက်အရဆိုပြီး စက်ပစ္စည်း အကြီးစားတွေ အသယ်အပို့လုပ်တာဟာ မထူးဆန်းဘူးလို့ ထားနိုင်တယ။် ဒီစက်ပစ္စည်းတွေသယ်ပို့နေရင်း လက်နက်ကြီးတွေ သယ်ယူသိမ်းဆည်းထားတာမျိုးဟာ
သေချာပေါက်နိးပါး ဖြစ်နိုင်တယ်။ အကယ်၍ အနာဂတ် စွမ်းအင်စစ်ပွဲမှာ အမေရိကန်
ခြိမ်းခြောက်မှု ပိုမိုမြင့်တက်လာ၇င် တ၇ုတ်လက်နက်ကြီးတွေကို
ဧရာဝတီမြစ်ကြောင်းကနေ အချိန်တိုအတွင်း သယ်ယူပို့ဆောင်လို့၇နိုင်တယ်။
(၄) တရုတ်ဟာ အမေရိကန်လိုနိုင်ငံနဲ့ မတော်လို့ စစ်ဖြစ်ရရင်တောင် မြန်မာ့မြေပေါ်မှာ ပဲ အဖြစ်ခံမယ်ဆိုတဲ့ အနေအထားဖြစ်တယ်။
မြစ်ဆုံလိုနေရာကို တရုတ်လက်ထဲ ထိုးအပ်ခဲ့တာဟာ တခြားသူတွေမဟုတ်ဘူး။ စစ်အစိုးရနဲ့ အဖွဲဝင်တွေဖြစ်တယ်။ ဒီကိစ္စကို နောက်လူတွေဟာ မနည်းရှင်းရတော့မယ်။ ဒီလို ရှင်းရမယ့် ကိစ္စတွေလဲ ဘယ်လောက်ထပ်လုပ်ထားမှန်းမသိ သေးဘူး။ လတ်တလော သိသာတာက မတိုင်းမတာဘဲ သစ်တွေခုတ်ပြီး အကုန်ရောင်းစားလို့ လူတွေအကုန် ဒုက္ခရောက်နေတဲ့ကိစ္စပဲဖြစ်တယ်။
တရုတ်ဟာ ဒါတွေလုပ်နေလို့မကောင်းတာလားဆိုတော့ အဲ့သလို မဟုတ်ဘူး။ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒက ယုတ်မာနေတာကြောင့်ဖြစ်တယ်။ ဒါကို ခွဲခွဲခြားခြားနားလည်ရမယ်။ ယုတ်မာတဲ့နိုင်ငံခြားရေးမူဝါဒနဲ့ လက်နက်အားကိုး ဓနအားကိုး ညစ်ပတ်မှုတွေကို ကော်ျလွှားနိုင်ဖိုံ့ အင်မတန် ထက်မြက်ပါးနပ်တဲ့အစိုးရကဦး ဆောင်ပြီ့း  ပြည်သူတွေ စည်းလုံးရင်ဖြစ်နိုင်တယ်။
အခု ဇာတ်ရှုပ်ပေါင်းစုံလုပ်ပြီးကျန်နေခဲ့တဲ့တိုင်းပြည်မှာ အကုန်လိုက်ရှင်းရမှာဖြစ်တယ် ။
ဒီလို ဇာတ်ရှုပ်တွေကို လိုအပ်လို့ ရှုပ်ခဲ့၇တာပါဆိုပြီး လိုက်ဖာထေးနေတဲ့
လော်ဘီတွေကို လှည့်ကြည့်ဖို့မလိုအပ်ဘူး။ သူတို့က နေဟာ အနောက်ကထွက်ပါတယ်လို့
ပြောခိုင်းရင်တောင် မျက်စိမှိတ်ပြောမယ့်သူတွေဖြ စ်တယ်။
မြစ်ဆုံလိုကိစ္စ၊ နီကယ်စက်ရုံတွေလို စီမံကိန်းတွေကနေ လှိမ့်ဝင်လာမယ့် တရုတ်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဒင်းကြမ်းဖြစ်တယ်။ ဒါတွေခံစားရမယ့်အထဲ စောက်တလွဲလုပ်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမိးမြေးမြစ်တွေလဲပါဦးမှာပဲ။ ဦးနှောက်မရှိရင်တော့နားလည် မှာမဟုတ်ဘူး။
မြစ်ဆုံကို တရုတ်လက်ထဲ ပါလို့မရဘူး။ကျန်တဲ့ ယဉ်ကျေးမှုတွေဘာတွေ အသာထား။ ကိုယ့်အိမ်ဂရံကို သူခိုးလက်ထဲ ထည့်ထားလို့မရသလိုမျိုးပဲ။ နည်းအမျိုးမျိုးနဲ့ပဲ ကြိုးစားရမယ်။
credit
ရန်ကုန်နဲ့ မန္တလေး စီးပွားရေးအရ ကျပြီဆိုရင် မြန်မာတစ်နိုင်ငံလုံးကျပြီပ
မြစ်ဆုံလိုနေရာကို တရုတ်လက်ထဲ ထိုးအပ်ခဲ့တာဟာ တခြားသူတွေမဟုတ်ဘူး
( အမိဧရာဝတီကိုချစ်မြတ်နိုးသူ နိုင်ငံသားတိုင်း ဝေဖန်ဆန်းစစ်နိုင်ကြပါစေ )
ဧရာဝတီမြစ်ဆုံ ကိစ္စဆိုတာနဲ့ပတ်သက်လို့ ကျနော်မကြာခဏပြောခဲ့ဖူးပါတယ
ဧရာဝတီမြစ်ကြီးက မြန်မာနိုင်ငံရဲ့ စစ်ရေး၊ မဟာဗျူဟာရေးနဲ့ပတ်သက်ရင် အဓိက နေရာမှာပါတယ်။ ဘာကြောင့်လဲဆိုတော့
ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံကို အလည်တည့်တည့်ကနေ ကန့်လန့်ဖြတ်စီးဆင်းနေတာဖြစ
ဒီတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့ကြီးတွေဘယ်မ
မြစ်ဆုံ လာဆောက်လို့ တရုတ်က ရေကိုထိန်းထားရင်
(၁) စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ
(၂) တရုတ်ဟာ မန္တလေးအထိ Hot Money တွေနဲံ့ စံနစ်တကျ ထိုးဖောက်ထားတယ်။ စီးပွားရေးအရ မြန်မာနိုင်ငံအစိုးရကို ရုပ်သေးအစိုးရအဆင့်ဖြစ်အောင
(၃) ဒါ့အပြင်
။ မြစ်ဆုံလို နေရာမျိုးမှာ လိုအပ်ချက်အရဆိုပြီး စက်ပစ္စည်း အကြီးစားတွေ အသယ်အပို့လုပ်တာဟာ မထူးဆန်းဘူးလို့ ထားနိုင်တယ။် ဒီစက်ပစ္စည်းတွေသယ်ပို့နေရင်
(၄) တရုတ်ဟာ အမေရိကန်လိုနိုင်ငံနဲ့ မတော်လို့ စစ်ဖြစ်ရရင်တောင် မြန်မာ့မြေပေါ်မှာ ပဲ အဖြစ်ခံမယ်ဆိုတဲ့ အနေအထားဖြစ်တယ်။
မြစ်ဆုံလိုနေရာကို တရုတ်လက်ထဲ ထိုးအပ်ခဲ့တာဟာ တခြားသူတွေမဟုတ်ဘူး။ စစ်အစိုးရနဲ့ အဖွဲဝင်တွေဖြစ်တယ်။ ဒီကိစ္စကို နောက်လူတွေဟာ မနည်းရှင်းရတော့မယ်။ ဒီလို ရှင်းရမယ့် ကိစ္စတွေလဲ ဘယ်လောက်ထပ်လုပ်ထားမှန်းမသိ
တရုတ်ဟာ ဒါတွေလုပ်နေလို့မကောင်းတာလာ
အခု ဇာတ်ရှုပ်ပေါင်းစုံလုပ်ပြီးက
မြစ်ဆုံလိုကိစ္စ၊ နီကယ်စက်ရုံတွေလို စီမံကိန်းတွေကနေ လှိမ့်ဝင်လာမယ့် တရုတ်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဒင်းကြမ်းဖြစ်တယ်။ ဒါတွေခံစားရမယ့်အထဲ စောက်တလွဲလုပ်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမိးမြေးမြစ်တွေလဲပါဦးမ
မြစ်ဆုံကို တရုတ်လက်ထဲ ပါလို့မရဘူး။ကျန်တဲ့ ယဉ်ကျေးမှုတွေဘာတွေ အသာထား။ ကိုယ့်အိမ်ဂရံကို သူခိုးလက်ထဲ ထည့်ထားလို့မရသလိုမျိုးပဲ။ နည်းအမျိုးမျိုးနဲ့ပဲ ကြိုးစားရမယ်။
credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။