Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 16, 2016

ကျွန်တော်တို့ ဘာ့ကြောင့် မအောင်မြင်ကြသေးတာလည်း???

ကျွန်တော်တို့ ဘာ့ကြောင့် မအောင်မြင်ကြသေးတာလည်း???
=========================================

အောင်မြင်တယ်ဆိုတာကို အဘိဓာန်မှာရှာကြည့်တော့
"ရည်မှန်းချက်များ ပြီးမြောက်ခြင်း" လို့ ဆိုပါတယ်။

ဒီနေရာမှာ အောင်မြင်တယ်ဆိုတာကို
ကျွန်တော်အနေနဲ့ အဓိပ္ပာယ် ပိုပြီးလေးနက်သွားအောင်..

**ကိုယ့်ရဲ့ရည်မှန်ချက်များ အချိန်မီ ပြီးမြောက်သွားခြင်း လို့ ဆိုပါရစေ...**

+++++++++++++++++++++++++++++++++++++
ခင်ဗျားတို့ ကို ကျွန်တော် လေ့ကျင့်ခန်းတစ်ခုပေးမယ်...

ကိုယ်တကယ် ဖြစ်ချင်တဲ့ ရည်မှန်းချက်နှစ်ခုလောက်ကို
စာရွက်တစ်ရွက်ပေါ်မှာ
စကားလုံးကြီးကြီးနဲ့ ရှင်းလင်းပီသစွာ
ချရေးကြည့်ပါ။

ဥပမာ...ကျွန်တော်ရေးထားတာတစ်ခု နမူနာပေးမယ်။

၁) ငါ ဟာဝိုင်ယီကျွန်းသွားလည်ချင်တယ်...
၂) ငါ သန်းကြွယ်သူဌေး ဖြစ်ချင်တယ်...

ဒါပဲ ဆိုရင်တော့ ရည်မှန်းချက်တွေလို့ မခေါ်ပါဘူး။
အိပ်မက် သက်သက်တွေပဲလို့ ပြောလိုက်ပါရစေ။

ဥပမာ မိတ်ဆွေက အထည်ချုပ်လုပ်ငန်း လုပ်တယ်ဆိုပါစို့ ။
ကျွန်တော်က ရှပ်အင်္ကျီနဲ့ စတိုင်ဘောင်းဘီ တစ်ထည်စီကို ချုပ်ဖို့  အော်ဒါမှာမယ်ဗျာ။

ဒါဆိုရင် မိတ်ဆွေက ပထမဆုံး ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာ"အတိုင်း" ကိုယူရမယ်။
ကျွန်တော် ကြိုက်နှစ်သက်တဲ့ ပုံစံကို မေးရမယ်။
ဒါတွေကို အတိအကျ မှတ်တမ်းလုပ်ရမယ်။
ပြီးရင် ကျသင့်ငွေကို ဘောင်ချာဖြတ်ပြီး ကျွန်တော့်ကို ပေးမယ်။
စပေါ်တင်ဖို့ လိုရင် ဘယ်လောက်လိုကြောင်း၊
ကြိုတင်ပြီး ဘယ်လောက်ပေးထားဆိုလည်း ပေးထားရမှာပေါ့။
နောက်ဆုံးမှာတော့ ဘယ်နေ့ နောက်ဆုံးထားပြီး လုပ်ပေးမယ်ဆိုတဲ့ ရက်ချိန်းပေးမယ်။

အဲ့ဒီလို ပန်းတိုင်အတိအကျသတ်မှတ်ပြီး လုပ်ငန်းလုပ်ရပါတယ်။
+++++++++++++++++++++++++++++++++++++++++++

ကျွန်တော်တို့ ဘ၀မှာပြန်ပြီးသုံးသပ်ကြည့်ရင်.....

ငယ်ငယ်က စာမေးပွဲဆိုတဲ့ ရက်တွေ အတိအကျသတ်မှတ်ပြီး
စာမေးပွဲတွေတစ်ခုပြီးတစ်ခုဖြေခဲ့ရင်း ကျောင်းပြီးအောင်တက်ခဲ့ကြတယ်။

ဒါပေမယ့် မိခင် ကျောင်းတော်ကြီးကိုကျောခိုင်းလို့ 
ဘ၀ဆိုတဲ့ ကျောင်းတော်ကြီးလည်း ရောက်ရော
တစ်ယောက်နဲ့ တစ်ယောက်ဟာ မတူကြတော့ဘူး။

ကျောင်းတုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်ပြီး အတန်းထဲမှာ
ထိပ်တန်းအမှတ်ရနေတဲ့သူကလည်း စီးပွားရေး ချွတ်ခြုံကျလို့ 
တက်စီမောင်းချင်မောင်းနေမယ်

အတန်းထဲ ဘိတ်ချီးပဲ ရတဲ့သူဟာလည်း ကုမ္ပဏီ ပိုင်ရှင်
သူဌေးမင်းကြီးဖြစ်ချင်ဖြစ်နေလိမ့်မယ်။

ဟိုလိုလို ဒီလိုလို လူမျိုးတွေလည်း ကျောင်းပြီးလို့ ဘ၀မှာ
လောကဓံအဆိုးတွေကြုံပြီး
သာသနာ့ ဘောင်ကို အပြီးဝင်လို့ တရားဟော ဓမ္မကထိက အကျော်အမော်တွေ ဖြစ်ချင်ဖြစ်နေမယ်။

တစ်ချို့ လည်း အိမ်ထောင်ရေး အရှုပ်အထွေးဖြစ်တဲ့သူဖြစ်..
အရက်သမား၊ ဆေးသမားဖြစ်တဲ့သူလည်းဖြစ်နေမှာပေါ့ဗျာ။

ဒါတွေဟာ မတော်တဆ ဘ၀ပေးကုသိုလ်ကံကြောင့်ဆိုပြီး
ကံတရားကို ခင်ဗျား လက်ညှိုးထိုးပြီး အပျင်းကမ္ဘာလေးထဲမှာပဲ နေတော့မှာလား??

ဒါဆိုရင်တော့ အောက်ကစာတွေကို ဆက်ဖတ်ဖို့ လုံးဝမလိုတော့ဘူးလို့ ပြောပါရစေ။
အပျင်းကမ္ဘာထဲက နေရုန်းထွက်ချင်သူတွေကတော့ အောက်ကစာတွေကို ဆက်ဖတ်နိုင်ပါပြီ။
++++++++++++++++++++++++++++++++++++++++++++++++++
********************************************************************************

တကယ်တော့ စာသင်ခန်းဆိုတဲ့ ကျောင်းတော်ကြီးကို ကျောခိုင်းလိုက်တဲ့
နောက်မှသာ ကျွန်တော်တို့ ဘ၀ အမှန်စကြရတာပါ။

ခုနကကျွန်ေတာ်ချရေးထားတဲ့ နှစ်ခုကို ပြန်ကြည့်ရအောင်ပါ။

၁) ငါ ဟာဝိုင်ယီကျွန်းသွားလည်ချင်တယ်...
၂) ငါ သန်းကြွယ်သူဌေး ဖြစ်ချင်တယ်...

Deadline လို့ ခေါ်တဲ့ ဖြစ်မယ့် အချိန်နေရာ အတိအကျမရှိတဲ့ အတွက် ဒီအဆိုနှစ်ရပ်စလုံးဟာ တကယ်တော့ အိပ်မက်တွေပဲဖြစ်တယ်။

လူအတော်များများဟာ အဲ့ဒီ အိပ်မက်ကမ္ဘာထဲမှာပဲနေပြီး မရုန်းထွက်ကြတော့ပဲ တစ်သက်လုံးပျော်ပျော်ပဲနေသွားကြတယ်။
အကောင်အထည် မဖော်ဖြစ်ဘူးပေါ့ဗျာ။

အိပ်မက်မက်တယ် အိပ်မက်တယ်...

စိတ်ကူးယဉ်တယ်။ ဒါနဲ့ ပဲ သေသွားကြတယ်...

ဒါဟာဘာကြောင့်လည်းဆိုရင် ဖြစ်ရမယ့် နေ့ စွဲကို အတိအကျမသတ်မှတ်လို့ ဖြစ်တယ်။

ကိုယ်ဖြစ်ချင်တဲ့ရက်ကို အဲ့သလို မသတ်မှတ်တော့ ကိုယ်ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မမြင်တော့ဘူး။

အမြင် မရှင်းတဲ့ အတွက် အတွေးတွေဟာေ၀၀ါးနေတာဖြစ်တယ်

အတွေးတွေဟာ မရေရာလို့ ပြုလုပ်ဆောင်ရွက်ချက်ဟာလည်း မလိုက်လာတော့ဘူး။ အလွဲလွဲအချော်ချော်တွေ ဖြစ်သွားကြတာပဲ။

ဒီအဆိုနှစ်ရပ်ကို ဒီလိုလေးပြောင်းကြည့်ရအောင်

(၁) ၂၀၁၇ သြဂုတ်လ၂၁ရက်မှာ ဟာဝိုင်ယီကျွန်းကိုငါရောက်အောင်သွားမယ်။ ငါ့မိဘနှစ်ပါးကို ခေါ်ပြီးသွားမယ်။
(၂) အသက်၄၀မှာ ငါဟာ သန်းကြွယ်ချမ်းသာလာရမယ်။
ဝင်ငွေ ငါးခုလောက်ရှိပြီး အနည်းဆုံး ကန်ဒေါ်လာငါးသန်းပိုင်ဆိုင်တဲ့လုပ်ငန်းရှင်ဖြစ်ရမယ်။

ကယ်ခုနကပြောခဲ့တာနဲ့ ဘယ်လိုမှ မတူတော့ဘူး ..
လုံးဝပြောင်းသွားပြီ...
ချရေးလိုက်တာနဲ့ တိကျတဲ့ ပုံရိပ်တွေဟာ
ရှင်းရှင်းလင်းလင်းဖြစ်သွားတာတွေ့ ရမယ်။
လုပ်ချင်ကိုင်ချင်စိတ်တွေ ဆူပွက်လာမယ်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက
မိတ်ဆွေတို့ ရဲ့ အနှစ်နှစ်အလလ မှိုတက်နေပြီး အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ အိပ်မက်တွေကို ချရေးပါ။
စာလုံးကြီးကြီးနဲ့ ရှင်းလင်းအောင်ရေးပါ။
ကန့် သတ်ရက်အတိအကျသတ်မှတ်ပါ။ပြီးရင် ...
ကိုယ်မြင်နိုင်မယ့် နေရာမှာထားလို့ 
တစ်ခုပြီးတစ်ခု စတင် အကောင်အထည်ဖော်ပါ။

အဲ့သလို အတိအကျ ကိုယ်ဘာလုပ်ရမယ်သိတဲ့သူဟာ
ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါနဲ့ နှိုင်းယှဉ်စရာလို့ လည်းမမြင်တော့ဘူး။
ငါသည်သာ ငါ့ရဲ့ အကောင်းဆုံးပြိုင်ဖက်ဖြစ်တယ်ဆိုတာ နားလည်လာမယ်။
မနာလို ၀န်တိုမှုတွေလည်း ကင်းသွားတယ်။
နေရတဲ့ ဘ၀ဟာပိုပြီး လေးနက်လာမယ်။ အဓိပ္ပာယ်ပြည့်ဝလာမယ်။

အောင်မြင်ပျော်ရွှင်သောဘ၀တစ်ခုကို တည်ဆောက်နိုင်ပါစေ။

ကာလဒေသ၏ တိုက်စားခြင်းကင်းသော မေတ္တာအနန္တဖြင့်
Credit-Thein Htet Soe

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။