၁။
ယခု သင် အိပ်ပျော်သွား ပါက အိပ်မက် ကောင်းကောင်း တစ်ခုမက်နိုင်သည်။ ယခု
သင် စာဖတ် နေပါက အိပ်မက် ကောင်းကောင်း တစ်ခုကို အကောင်အထည် ဖော်နိုင်မည်။
၂။ ကျွန်ုပ် အကယ်၍သာ မနေ့ကထဲက ပျက်စီး ရင့်ရော်စ ပြုနေသော သီးနှံတို့ကို ယနေ့ မရိတ် သိမ်း နိုင်ခဲ့ လျှင် မနက်ဖြန်ကျမှ နောင်တ ရနေလဲ အပိုသာ ဖြစ်ပေတော့မည်။
၃။ စိတ်သည် တကယ်တမ်းဆိုလျှင်တော့ အလုပ် လုပ်ခြင်း လှုပ်ရှားမှု ထက် ပို၍ နောက်ကျပါသည်။ ထို့ကြောင့် စိတ်ကူးယဉ်မှုကို လျှော့ချပါ။
၎။ ယနေ့ ကိစ္စသည် မနက်ဖြန်သို့ သင့် အလိုကျ မပြောင်းရွှေ့တတ်။
၅။ စာသင်ချိန်တွင် ပေါ်ပေါက်သော စိတ်ဖိစီးမှုသည် တစ်ခဏတာသာ။ စာမသင်ခဲ့၍ ပေါ်ပေါက် လာမည့် စိတ်ဖိစီးမှုကတော့ တစ်ဘဝစာ။
၆။ အချိန် မပေးနိုင်ပဲ သင်ယူခဲ့သော စာပေ ဟူသမျှ သည် ကျိုးကြောင်း ဆက်စပ်မှု မရှိသော အပို မှတ်ဥာဏ် ပင်ဖြစ်သည်။
၇။ ပျော်ရွှင်မှုသည် သင့်ဘဝ အတွက် အရေးကြီး သော ရာထူး တို့ကို မစီစဉ်နိုင်။ အောင်နိုင်မှုသည် သာလျှင် ထို ထိုင်ခုံကို စီစဉ်နိုင်သည်။
၈။ သေချာသည်ကတော့ သင်ယူမှု တစ်လျှောက် သည် သင့်ဘဝ မဟုတ်ပေ။ သင့်ဘဝ တစ်လျှောက် တွင်သာ သင်ယူမှုရှိရမည်။
၉။ မရှောင်လွှဲ နိုင်သော နာကျင်မှုအား ကောင်းစွာ ခံယူတတ်ပါစေ။
၁၀။ သူတစ်ပါးထက် စောလျင်စွာ စာဖတ်ခြင်းဖြင့် သင့်ကိုယ်သင် စာတတ် နေပါစေ။ စာတတ်မှ အောင်မြင်မှု အရသာ ကောင်းကောင်းကြီး စားသုံးနိုင်မည်။
၁၁။ မည်သူမှ မွေးကထဲက စာမတတ်။ သင်ယူ ချင်စိတ် နှင့် ပဲ့ပြင်မွန်းမံခြင်း ကြောင့်သာ စာတတ် လာကြသည်။
၁၂။ အချိန် သည် ယခုသင် စာဖတ်နေစဉ် တွင်ပင် ကျော်လွန်သွားခဲ့ပြီ။
၁၃။ သင်ယခု အိပ်မောကျ၍ ယခု ခံတွင်းမှ သွားရည်များ စီးကျလာမည်။ သင်ယခု အိပ်မော ကျ၍ မနက်ဖြန် မျက်ဝန်းမှ မျက်ရည်များ စီးကျလာတော့မည်။
၁၄။ ခွေး တစ်ကောင် ကစားချိန် အတိုင်း သင့် စာဖတ်ချိန် သတ်မှတ်ပါ။
၁၅။ သင် ယနေ့ လမ်းမလျှောက် ပါက မနက်ဖြန် ပြေးနေရမည်။
၁၆။ ကျေးဇူး သိတတ်သူ တစ်ယောက်သည် နောင်အခါ အမြင်မှန်သည့် လူတစ်ယောက် ဖြစ်လာ မည် ဖြစ်သည်။
၁၇။ သင့် ဘဝ သင်ကြား ခဲ့သည်တို့သည် သင့် လစာ၏ ပေတံတို့ပင် ဖြစ်သည်။
၁၈။ ဒီကနေ့ သည် ဘယ်တော့မှ နှစ်ကြိမ်ထပ် မလာတတ်။
၁၉။ သင်ယခု စာတစ်ရွက် ဖတ်ပြီး နားချိန်တွင် သင့် ပြိုင်ဘက် စာရွက် နောက်တစ်ရွက် လှန်နေပြီ။
၂၀။ မခက်မခဲပဲ ဘာမှမရတတ်။
Credit-U Lin Theik Nyunt

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။