မရည်မွန်တဲ့ ဘဝ
-----------------
အရာရာဟာ ဒီလိုပဲ တန်ဖိုးမဲ့လိမ့်မလား။
ချစ်သူရဲ့ ကောင်းမွန်လှပတဲ့အရာကိုပဲ သင်လက်ခံဖို့လိုအပ်ပါတယ်။
သူရဲ့ မလှပတဲ့အရာတွေအတွက် သင်ဇီဇာကြောင်စရာမလိုပါဘူး။
သူ့ကိုယ်ပေါ်မှာ အသိဉာဏ်ပညာအလင်းတန်းကို သင်တွေ့မြင်ရတယ်။
ဒါပေမယ့် သူရဲ့မိုးပြိုမတတ်၊ ကမ္ဘာမြေကို ဂေါ်ဇီလာချဉ်းနင်းဝင်ရောက်လာ သံနဲ့တူတဲ့
သူ့ဟောက်သံကို သင်စိတ်ရှုပ်စရာမလိုပါဘူး။
သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို သင်နှစ်သက်သဘောကျတယ်။
ဒါပေမယ့် သူခြေသည်းညှပ်၊ နှာခေါင်းနိုက်တဲ့ပုံစံကို သင်နှစ်သက်သဘောကျစရာမလိုပါဘူး။
သူ့ရဲ့ရိုးသားမှုကို သင်နှစ်သက်တယ်။
ဒါပေမယ့် သူအိမ်သာတက်နေတဲ့ပုံစံကို သင်နှစ်သက်စရာမလိုပါဘူး။
သူ့ရဲ့အမြင်ကျယ်မှု၊ အသိကြွယ်မှုထဲမှာ သင်နစ်မျောတယ်။
ဒါပေမယ့် သူလျှောက်ပစ်ထားတဲ့ ဘီယာခွံတွေကို သင်သိမ်းစရာမလိုပါဘူး။
သူ့ရဲ့အလေးထားမှု၊ ကြင်နာယုယတတ်မှုကို သင်ချစ်မိတယ်။
ဒါပေမယ့် သူလေလည်တာကို သင်ချစ်စရာမလိုပါဘူး။
သူ့အနမ်းခံရတာကို သင်နှစ်သက်တယ်။
ဒါပေမယ့် မနက်ခင်းကသူ့အာပုပ်နံ့ကို သင်နှစ်သက်စရာမလိုပါဘူး။
သင့်ကိစ္စတွေ သူခွဲခြမ်းစိတ်ဖြာပေးတာကို သင်နှစ်သက်တယ်။
ဒါပေမယ့် လက်ညှိုးနဲ့ သူ့သွားကြားထိုးတာကို သင်နှစ်သက်စရာမလိုပါဘူး။
သူနဲ့ တောကြောင်းတောင်ကြောင်းပြော ရတာကို သင်နှစ်သက်တယ်။
ဒါပေမယ့် လက်နဲ့ သူအစာယူစားတာကို သင်စိတ်တိုစရာမလိုပါဘူး။
သူနဲ့အတူ ဆံဖြူသွားကျိုးထိ အတူနေရဖို့ သင်မျှော်လင့်တယ်။
ဒါပေမယ့် သူ အစာပလုပ်ပလောင်းစားတာကို သင်လက်မခံနိုင်ခဲ့ဘူး။
သူနဲ့ သေအတူရှင်မကွဲ သင်နေချင်တယ်။
ဒါပေမယ့် သူလက်သည်းညှပ်ဖို့ အမြဲမေ့တာကိုတော့ သင်သည်းမခံနိုင်ခဲ့ဘူး။
အချစ်က ကြော့ရှင်းရည်မွန်ပါတယ်။
ဒါပေမယ့် ဘဝမှာ မရည်မွန်တာတွေက အများကြီးပါ။
နှစ်ယောက်သား အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကို အလွယ်တကူကျော်လွှားနိုင်တယ်။
တာဝန်ဝတ္တရားတွေ ဘေးဖယ်ပြီး အတူလျှောက်လှမ်းနိုင်တယ်။
နှစ်ယောက်အတူနေပြီးချိန်ကျမှ ဘဝမှာအရေးမပါလှတဲ့အသေးအဖွဲ့ တွေ အများကြီးရှိတယ်ဆိုတာကို သင်တို့သတိထားမိကြတယ်။
အဲဒီအသေးအဖွဲ့လေးတွေဟာ စာဖွဲ့စရာမလိုလောက်ပေမယ့် လျစ်လျူရှုလို့လည်း မရနိုင်ဘူး။
အချစ်က ကြီးကျယ်တဲ့ကိစ္စဝိစ္စတွေမှာ ကျရှုံးရတာမဟုတ်ပါဘူး။
ဘဝထဲက စာမဖွဲ့လောက်တဲ့ ကိစ္စသေးသေးမွှားမွှားထဲမှာပဲ သေဆုံးရတာ။
-----
မူရင်းရေးသားသူက ဟောင်ကောင်စာရေးဆရာမ Amy Cheungဖြစ်ပါတယ်။ အချစ်နဲ့ပတ်သက်တဲ့ စကားပြေ၊ ဝတ္ထုတွေရေးသားရာမှာ အင်မတန်နာမည်ကြီးတဲ့ စာရေးဆရာမတစ်ဦးပါ။ သူ့စာတွေကို တတ်သိသလောက်ဘာသာပြန်ရင်း မိတ်ဆက်ပါတယ်။
နိုင်းနိုင်းစနေ (June. 7. 2016)
-----------------
အရာရာဟာ ဒီလိုပဲ တန်ဖိုးမဲ့လိမ့်မလား။
ချစ်သူရဲ့ ကောင်းမွန်လှပတဲ့အရာကိုပဲ သင်လက်ခံဖို့လိုအပ်ပါတယ်။
သူရဲ့ မလှပတဲ့အရာတွေအတွက် သင်ဇီဇာကြောင်စရာမလိုပါဘူး။
သူ့ကိုယ်ပေါ်မှာ အသိဉာဏ်ပညာအလင်းတန်းကို သင်တွေ့မြင်ရတယ်။
ဒါပေမယ့် သူရဲ့မိုးပြိုမတတ်၊ ကမ္ဘာမြေကို ဂေါ်ဇီလာချဉ်းနင်းဝင်ရောက်လာ
သူ့ဟောက်သံကို သင်စိတ်ရှုပ်စရာမလိုပါဘူး။
သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို သင်နှစ်သက်သဘောကျတယ်။
ဒါပေမယ့် သူခြေသည်းညှပ်၊ နှာခေါင်းနိုက်တဲ့ပုံစံကို သင်နှစ်သက်သဘောကျစရာမလိုပါဘ
သူ့ရဲ့ရိုးသားမှုကို သင်နှစ်သက်တယ်။
ဒါပေမယ့် သူအိမ်သာတက်နေတဲ့ပုံစံကို သင်နှစ်သက်စရာမလိုပါဘူး။
သူ့ရဲ့အမြင်ကျယ်မှု၊ အသိကြွယ်မှုထဲမှာ သင်နစ်မျောတယ်။
ဒါပေမယ့် သူလျှောက်ပစ်ထားတဲ့ ဘီယာခွံတွေကို သင်သိမ်းစရာမလိုပါဘူး။
သူ့ရဲ့အလေးထားမှု၊ ကြင်နာယုယတတ်မှုကို သင်ချစ်မိတယ်။
ဒါပေမယ့် သူလေလည်တာကို သင်ချစ်စရာမလိုပါဘူး။
သူ့အနမ်းခံရတာကို သင်နှစ်သက်တယ်။
ဒါပေမယ့် မနက်ခင်းကသူ့အာပုပ်နံ့ကို သင်နှစ်သက်စရာမလိုပါဘူး။
သင့်ကိစ္စတွေ သူခွဲခြမ်းစိတ်ဖြာပေးတာကို သင်နှစ်သက်တယ်။
ဒါပေမယ့် လက်ညှိုးနဲ့ သူ့သွားကြားထိုးတာကို သင်နှစ်သက်စရာမလိုပါဘူး။
သူနဲ့ တောကြောင်းတောင်ကြောင်းပြော
ဒါပေမယ့် လက်နဲ့ သူအစာယူစားတာကို သင်စိတ်တိုစရာမလိုပါဘူး။
သူနဲ့အတူ ဆံဖြူသွားကျိုးထိ အတူနေရဖို့ သင်မျှော်လင့်တယ်။
ဒါပေမယ့် သူ အစာပလုပ်ပလောင်းစားတာကို သင်လက်မခံနိုင်ခဲ့ဘူး။
သူနဲ့ သေအတူရှင်မကွဲ သင်နေချင်တယ်။
ဒါပေမယ့် သူလက်သည်းညှပ်ဖို့ အမြဲမေ့တာကိုတော့ သင်သည်းမခံနိုင်ခဲ့ဘူး။
အချစ်က ကြော့ရှင်းရည်မွန်ပါတယ်။
ဒါပေမယ့် ဘဝမှာ မရည်မွန်တာတွေက အများကြီးပါ။
နှစ်ယောက်သား အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကို အလွယ်တကူကျော်လွှားနိုင်တယ်။
တာဝန်ဝတ္တရားတွေ ဘေးဖယ်ပြီး အတူလျှောက်လှမ်းနိုင်တယ်။
နှစ်ယောက်အတူနေပြီးချိန်ကျမ
အဲဒီအသေးအဖွဲ့လေးတွေဟာ စာဖွဲ့စရာမလိုလောက်ပေမယ့် လျစ်လျူရှုလို့လည်း မရနိုင်ဘူး။
အချစ်က ကြီးကျယ်တဲ့ကိစ္စဝိစ္စတွေမှာ ကျရှုံးရတာမဟုတ်ပါဘူး။
ဘဝထဲက စာမဖွဲ့လောက်တဲ့ ကိစ္စသေးသေးမွှားမွှားထဲမှာပဲ သေဆုံးရတာ။
-----
မူရင်းရေးသားသူက ဟောင်ကောင်စာရေးဆရာမ Amy Cheungဖြစ်ပါတယ်။ အချစ်နဲ့ပတ်သက်တဲ့ စကားပြေ၊ ဝတ္ထုတွေရေးသားရာမှာ အင်မတန်နာမည်ကြီးတဲ့ စာရေးဆရာမတစ်ဦးပါ။ သူ့စာတွေကို တတ်သိသလောက်ဘာသာပြန်ရင်း မိတ်ဆက်ပါတယ်။
နိုင်းနိုင်းစနေ (June. 7. 2016)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။