ကလေးများရဲ့ တုံ့ပြန်မူ
+++++++++++++
အပြစ်တင်ခံရတဲ့ ကလေးဟာ သူများကို အပြစ်တင်တတ်သွားသလို
ရန်လိုခံရတဲ့ ကလေးဟာ သူများကို ဆန့်ကျင်တတ်သွားတယ်။
အလှောင်ပြောင်ခံရတဲ့ကလေးဟာ အရှက်ကြီးသွားတတ်သလို
အရှက်ခွဲ ခံရတဲ့ ကလေးဟာ လူတောတိုးဖို့ ကြောက်ရွံသွားတယ်။
နားလည်မူ၊ သဘောထားကြီးမူ နဲ့ ဆက်ဆံခံရတဲ့ ကလေးဟာ သူများကို သီးခံတတ်သွားသလို
အားပေးအားမြောက်ခံရတဲ့ ကလေးဟာ ကိုယ့်ကိုကို ယုံကြည်မူ ရှိသွားတယ်။
ချီးကျူးခံရတဲ့ ကလေးဟာ ကိုယ့်ကိုကို တန်ဖိုးထားတတ်သွားသလို
မျှမျှတတ ဆက်ဆံခံရတဲ့ ကလေးဟာ အမှန်တရားကို မြတ်နိုးသွားတတ်တယ်။
အကာအကွယ်နဲ့ အချစ်ခံရတဲ့ ကလေးဟာ သူများကို ယုံကြည်တတ်သွားတတ်သလို
အသိအမှတ်ပြုခံရတဲ့ ကလေးဟာ ကြိုးစားတိုးတက်ချင်စိတ် ကိန်းအောင်းသွားတတ်တယ်။
Ref: Wechat

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။