Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 13, 2016

တစ်နိုင်ငံလုံးအမှတ်အများဆုံးရ မထက်ယမင်းအောင်နှင့်တွေ့ဆုံခြင်း

Ref: 7daydaily.com

တစ်နိုင်ငံလုံးအမှတ်အများဆုံးရ မထက်ယမင်းအောင်နှင့်တွေ့ဆုံခြင်း
____________________
‘‘တစ်နိုင်ငံလုံး ပထမရရမယ်လို့ စိတ်ထဲမှာ မရှိခဲ့ပါဘူး။ လုံးဝလည်း မမျှော်လင့်ခဲ့ဘူး။ အကောင်းဆုံးကြိုးစားခဲ့တာပါ’’

တစ်နိုင်ငံလုံးအမှတ်အများဆုံးရ မထက်ယမင်းအောင်နှင့်တွေ့ဆုံခြင်း

မထက်ယမင်းအောင်ကို ဘက်စုံပညာထူးချွန် (လူရည်ချွန်)ဆုနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲ တွင် ရမှတ်ပေါင်း ၅၆၂ မှတ်ဖြင့် အထက(၂)ဗဟန်းမှ မထက်ယမင်းအောင်က တစ်နိုင်ငံလုံး၌ ပထမရရှိခဲ့သည်။ ယခုနှစ် တက္က သိုလ်ဝင်စာမေးပွဲကို ဗဟန်းစာစစ်ဌာနတွင် ဆဗဟ-၄၃၅ ဖြင့် သိပ္ပံဘာသာတွဲကို ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။ မထက်ယမင်း အောင်တွင် မွေးချင်းနှစ်ဦးသာရှိ ပြီး မောင်ဖြစ်သူသည် ယခုနှစ်၌ တက္ကသိုလ်ဝင်တန်း တက်ရောက် နေသူဖြစ်သည်။

အခုလိုအောင်မြင်မှုတွေ ရရှိလာ အောင် ဘယ်လိုကြိုးစားခဲ့လဲ။

နှစ်စကတည်းကစပြီး စာ တွေပုံမှန်ကျက်ခဲ့တယ်။ မြန်မာစာ ရော၊ အင်္ဂလိပ်စာရော ဂုဏ်ထူး မှတ်တွေရအောင် အက်ဆေး၊ စာစီစာကုံးတို့ကို အချိန်ပေးပြီး ဖတ် ဖြစ်တယ်။ အက်ဆေးဆိုရင် တစ် ပတ်တစ်ပုဒ်ရေးတယ်။ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒတွက်စာတွေ ဆိုရင် အမှားနည်းသထက်နည်း အောင် လုပ်တယ်။ ဓာတုဗေဒ Equation တွေဆိုရင် ခဏခဏ ချရေးဖြစ်တယ်။ ကျက်စာ Defi-nition တွေဆိုရင် ချရေးဖြစ်တယ်။အမှတ်ပေးစည်းမျဉ်းတွေနဲ့ ညီ အောင်လို့ ဆရာတွေက သင်ပြ ပေးတယ်။ ဇီဝဗေဒဆိုရင်လည်း ခဏခဏ ပြန်ရေးဖြစ်တယ်။ ပုံ တွေလည်းပြန်ပြန်ဆွဲဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်း စာတွေကို ဘယ်အချိန်ကစပြီး လေ့လာခဲ့လဲ။

ကျောင်းမဖွင့်ခင် မတ်လက စပြီး လေ့လာဖြစ်ပါတယ်။

ဘာသာရပ်အလိုက် လေ့လာတဲ့ အခါမှာ တစ်ဘာသာချင်းအချိန် သတ်မှတ်ပြီး လေ့လာတာမျိုးရှိ လား။ ဘယ်လိုကျက်မှတ်ခဲ့လဲ။

တစ်ဘာသာချင်း အချိန်ဇ ယားမဆွဲထားဘူး။ အားနည်းတဲ့ ဘာသာတွေကို ဖိလုပ်ပြီးတော့ အားသာတဲ့၊ ကိုယ်အမှတ်များများ ရနိုင်တဲ့ ဘာသာမျိုးဆိုရင် အမှတ် များသထက်များအောင် လေ့လာ ခဲ့တယ်။

တက္ကသိုလ်ဝင်တန်း ဘာသာရပ် တွေမှာ ညီမအနေနဲ့ ဘယ်ဘာသာ က အားနည်းပြီးတော့ ဘယ်ဘာ သာက အားသာတယ်လို့ထင်လဲ။

အားနည်းတာက တွက်စာ တွေကို အားနည်းတယ်။ ကျက်စာတွေဆိုရင် ပိုအားသာပါတယ်။ မြန်မာ၊ အင်္ဂလိပ်နဲ့ ဇီဝဗေဒကို ပို အားသာတယ်လို့ထင်တယ်။

ကျောင်းစာတွေအပြင် တခြား ဘာတွေ ဝါသနာပါတာရှိလဲ။

စာဖတ်တာ ဝါသနာပါပါ တယ်။ ရသစာပေတွေကို အဖတ် များတယ်။ ခင်နှင်းယု၊ ဂျာနယ် ကျော် မမလေး၊ မင်းလူ၊ တက္က သိုလ် ဘုန်းနိုင်တွေကို ဖတ်ဖြစ် တယ်။

ငယ်ငယ်ကတည်းကနေ အခုထိ ဘယ်လိုဆုတွေ ရရှိခဲ့လဲ။

နှစ်တိုင်းတော့ ဆုမရပါဘူး။ သူငယ်တန်းတုန်းက အတန်းတွင်း ဒုတိယဆု၊ တတိယတန်းမှာ တစ် ကျောင်းလုံး ဒသမ၊ အတန်းထဲမှာ ဒုတိယ၊ စတုတ္ထတန်းမှာ အတန်း တွင်း ဒုတိယ၊ ဆဋ္ဌမတန်းမှာ တစ် ကျောင်းလုံး ဒုတိယ၊ သတ္တမတန်း မှာ တစ်ကျောင်းလုံး ပထမ၊ အဋ္ဌမတန်းမှာ တစ်ကျောင်းလုံး ပဉ္စမ၊ နဝမတန်းမှာ တစ်ကျောင်းလုံး ပထမရပြီး လူရည်ချွန်ဖြစ်ခဲ့တယ်။ တက္ကသိုလ်ဝင်တန်းမှာ တစ်နိုင်ငံ လုံး ပထမရပြီးတော့ လူရည်ချွန် နှစ်ထပ်ကွမ်းဖြစ်ခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်း ရောက်တဲ့အ ခါမှာ တစ်နိုင်ငံလုံး ပထမရအောင်ရည်မှန်းချက်ထားပြီး လေ့လာ ကျက်မှတ်ခဲ့တာမျိုးလား၊ ဘယ်လို ရည်မှန်းချက်ထားပြီး ကြိုးစားခဲ့ လဲ။

ကျောင်းဂုဏ်ကို ဆောင်ချင် ပါတယ်။ တစ်နိုင်ငံလုံး ပထမရရ မယ်လို့ စိတ်ထဲမှာ မရှိခဲ့ပါဘူး။ လုံးဝလည်း မမျှော်လင့်ခဲ့ဘူး။ အ ကောင်းဆုံး ကြိုးစားခဲ့တာပါ။

စာမေးပွဲ ဖြေဆိုနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ ရှိလား၊ မိဘတွေ ကကော ဘယ်လိုပံ့ပိုးပေးခဲ့လဲ။

စာမေးပွဲဖြေခါနီး စာအရမ်း များတဲ့ အချိန်မှာ ကိုယ်လုပ်မှ လုပ်နိုင်ပါ့မလားဆိုပြီးတော့ စိတ်ဖိစီး မှုတွေ ရှိခဲ့တယ်။ တဖြည်းဖြည်းနီး တဲ့အချိန်မှာ စာတွေက တဖြည်း ဖြည်း ကျေလာတော့ စိတ်ဖိစီးမှု လည်း လျော့သွားပြီး ဖြေတဲ့အချိန် မှာ စိတ်အေးလက်အေး ဖြေနိုင်ခဲ့ တယ်။ မိဘတွေက ငွေရေးကြေး ရေးရော၊ ကိုယ်တိုင်ရော ပံ့ပိုးပေး တယ်။ မေမေတို့ဆိုရင် စာတွေကို အသေအချာ ကူစစ်ပေးတယ်။ ရှင်းပြတယ်။

အရင်တုန်းက အသက်မွေးဝမ်း ကျောင်းဆိုရင် ဆေးတို့၊ အင်ဂျင် နီယာတို့ ရွေးကြတယ်။ အခုလို ပြောင်းလဲတိုးတက်လာတဲ့အချိန် မှာ ဘယ်လိုင်းကို ရွေးချယ်မယ်လို့ စဉ်းစားထားလဲ။

ဆရာဝန်လုပ်ဖို့ကို ငယ်ငယ် ကတည်းက ဆုံးဖြတ်ခဲ့တာပါ။ ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့ ဆရာဝန်ပဲ လုပ်သွားမှာ။

အခုခေတ်မှာ ဖုန်းတွေ၊ အင်တာ နက်တွေ ပေါ်လာတဲ့အတွက် စာ ဘက်ကို အားလျော့သွားတာမျိုး ဖြစ်လာတယ်။ လာမယ့် တက္က သိုလ်ဝင်တန်းတက်မယ့် ကျောင်း သူ၊ ကျောင်းသားတွေအတွက် ဒါ တွေကို ဘယ်လိုရှောင်သင့်တယ် လို့ အကြံပေးချင်လဲ။

သမီးအမြင်က ဆယ်တန်းမှာဆိုရင် အင်တာနက်သုံးတာမျိုးဆိုရင် ဖြတ်ထားသင့်တယ်။ သမီးဆိုရင် ဆယ်တန်းပြီးမှ ဖေ့စ်ဘွတ်ခ်ကို စသုံးတယ်။ အဲဒီလိုတွေ အာရုံများနေရင် စာဘက်မှာ စူးစိုက်မှုလျော့နည်းနိုင်တယ်။

လာမယ့်နှစ်မှာ တက္ကသိုလ်ဝင် တန်းဖြေမယ့် ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဘယ် လိုအကြံပေးစကားပြောချင်လဲ။

တက္ကသိုလ်ဝင်တန်းက ဘဝ အတွက် အရမ်းအရေးပါပါတယ်။ ကံ၊ ဉာဏ်၊ ဝီရိယသုံးပါးစလုံး ဆုံမှ ဖြစ်နိုင်တာပါ။ ကံကောင်း အောင်ဆိုရင် ဘာသာရေးလည်း လုပ်၊ ဆရာ၊ ဆရာမတွေကိုလည်း ရိုရိုသေသေ ဆက်ဆံပါ။ မပြစ် မှားမိစေပါနဲ့၊ ဝီရိယလည်း အစွမ်း ကုန်စိုက်ထုတ်ပါ။ အစွမ်းကုန်ကြိုးစားပါ။ ဆရာ၊ ဆရာမတွေရဲ့သင် ကြားမှုတွေကို အကုန်လုံးလိုက်နာ ပြီး လုပ်ပါလို့ ပြောချင်ပါတယ်။
……

Ref: 7daydaily.com
http://www.7daydaily.com/story/67392
__________________
တင်သမျှဖတ်ရှုဖို့  Page ကို Like နှိပ်ထား
ပေးပါနော် Post ကိုအခြားသူငယ်ချင်းများ
ဖတ်နိုင်မြင်တွေ့နိုင်စေရန် Like and Share
လုပ်နိုင်ပါတယ်
ဖတ်ရှုအားပေးခြင်းအတွက်ကျေးဇူးပါ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။