ခင်ပွန်းကောင်းဆိုတာ
===========
ချီကာဂို နိုင်ငံရှိ the University of Illinois တက္ကသိုလ်မှ စိတ်ပညာပါရဂူတစ်ဦးဖြစ်သူ ဒေါက်တာ Sheela Raja ရဲ့ အကြံပြုချက်လေးများ...
ဒေါက်တာ့ဆီ စိတ်ပိုင်းဆိုင်ရာ ဖြေသိမ့်မှုအတွက် လာရောက် ဆွေးနွေးတိုင်ပင်ကြတဲ့ အိမ် ထောင်ရှင် အမျိုးသမီးအများစုကို လေ့လာကြည့်တဲ့အခါ၊
ခင်ပွန်းဖြစ်သူရဲ့လစ်လှူရှု ခံကြရ သူများဖြစ်ကြပါတယ်တဲ့။ အိမ်ထောင်ရှင်မတွေက အိမ်မှုကိစ္စ ဗာဟီရများ၊ သားသမီး တာဝန်များ၊ ဆွေမျိုးကိစ္စများအပြင် ဝင်ငွေနဲ့ထွက်ငွေ မျှတအောင် စီမံခန့်ခွဲရတာတွေကြောင့် စိတ်ဖိစီးမှု များပြားကြရပါတယ်။ (မောင်တထမ်း မယ်တရွက်ဆိုသလို အပြင်အလုပ် ထွက် လုပ်ရသူ ဇနီးသည်များမှာတော့ ပိုမို ဝန်ပိစေပြန်ပါတယ်)
အဲဒီအချိန်မှာ ခင်ပွန်းသည်ရဲ့ အမှတ်မထင် ပြောလိုက်တဲ့ စကားတခွန်းဟာ ဇနီးသည်ကို စိတ်ဒဏ်ရာဖြစ်သွားနိုင်စေ သလို၊ ခင်ပွန်းရဲ့စကားတခွန်းကြောင့် တနေကုန် စိတ်ပင်ပန်းတာတွေ ပြေပျောက်ပြီး အစွမ်းထက်တဲ့ ဗီတာမင်အားဆေး တဖုံ သောက်လိုက်ရသလို အားပြည့်လန်းဆန်း လာစေနိုင်ပါတယ်။
ဒေါက်တာရဲ့လေ့လာ စမ်းစစ်ချက်များအရ၊ ခင်ပွန်းသည်ရဲ့ အရေးတယူ ကျေးဇူးတင် စကားလေး တခွန်းက ဇနီးဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာစေပြီး တော့ ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်စေကာ စိတ်ကျရောဂါနဲ့ ခေါင်းတခြမ်းကိုက်ရောဂါ တွေပါ သိသိသာသာ လျော့ပါးသွားစေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ခင်ပွန်းကောင်းဆိုတာ၂-ယောက် ထည်း
ရှိနေချိန်မှာ မိမိ ဇနီးကို မကြာခဏ ဆိုသလို“ မင်း ကတော့ ဒို့မိသားစုအတွက်
မရှိမဖြစ်ပဲကွာ၊ မင်းရှိလို့သာပေါ့၊ မင်းလည်း တော်တော် ပင်ပန်းနေပြီနော်
”စတဲ့ စကားလေး တခွန်းဖြင့် ကျေးဇူးတင်စကား ပြောပေးဖို့
နှုတ်မနှေးကြပါနဲ့လို့ ဒေါက်တာက အကြံပြုထားပါတယ်။ ဒီလို ဂရုစိုက်
စကားလေးတွေကြောင့် ဇနီးသည်အတွက်သာမက၊ ခင်ပွန်းဖြစ်သူအတွက်ပါ
အိမ်ထောင်ရေးသုခဖြစ်စေမှာပါ တဲ့။
ခင်ပွန်းကောင်းဆိုတာ….
• နံနက်အိမ်ယာထတဲ့အခါ “ မင်းနေကောင်းလား၊ ကျန်းမာရေးဂရုစိုက်နော် ” စိုးရိမ်စကား ပြောပေးတတ်သူ။
• နံက်စာစားတဲ့အခါ “ ကော်ဖီ ၁-ခွက် ကို ၂-ယောက် အတူတူ သောက်ကြရအောင်ကွာ” မျှဝေခံစားတတ်သူ။
• နံက်စာ ပြင်ဆင် (သို့မဟုတ်) စားသောက်ပြီးတဲ့အခါ ပန်းကန် ခွက်ယောက် ကူသယ်/ ကူသိမ်းပေးတတ်သူ။
• ထမင်းစားတဲ့အခါ “လက်ရာကတော့ ရှယ်လ်ပဲ…ယောက်ျားအကြိုက် သိတဲ့မိန်းမ.. ငယ်ငယ်တုန်းက စားခဲ့တဲ့ မေမေ့လက်ရာ အတိုင်းပဲ” ချီးမွမ်းမြှောက်ပင့် ပြောတတ်သူ။
• အလုပ်သွားခါနီးတိုင်း အိမ်နောက်ဖေးမှာ အလုပ်ရှုပ်နေတတ်တဲ့ ချစ်ဇနီးကို မတွေ့တွေ့ အောင်ရှာပြီး... “မေကြီးရေ.. အလုပ် သွားပြီကွာ” လို့ အရေးတယူ နှုတ်ဆက်တတ်သူ၊ (လူလစ်ရင် အနမ်းဖြင့် နှုတ်ဆက်တတ်သူ)
• နေ့လည်ဘက် ထမင်းစားချိန် (သို့မဟုတ်)အားလပ်ချိန်မှာ ဖုန်း(သို့မဟုတ်) ဖုန်းမတ် ဆေ့ခ်ျဖြင့်- “မိန်းမရေ.. ဘာတွေ လုပ်နေတုန်းကွာ ဒီမှာ ညောင်းနေလို့ ဇက်ကြောလေး လာဆွဲပေးပါဦး” အရွှန်းဖောက်တတ်သူ။
• အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက် စားစရာလေး ဖြစ်ဖြစ် ဝယ် လာတတ်သူ။
• ညစာစားပြီး “ မင်းနာပါကွာ…ကိုယ်ပန်းကန်တွေ ဆေးလိုက်မယ်လေ” (တကယ် မဆေးဖြစ်ပေမယ့် ဆေးတော့မယ်ဟန် လုပ်ပြလိုက်ပါဦး)
• ကလေးတွေ အိမ်စာလုပ်ပြီး/မပြီး စာကူ စစ်ပေးတတ်သူ။ အလုပ်မှာ ဘယ်လောက် ပင်ပန်းပင်ပန်း ကလေးကို ညအိပ်ယာဝင် ပုံပြင် ပြောပြတတ်သူ။
• မိမိအလုပ်နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူကို ကောင်း၏/ဆိုး၏/ပျော်၏/ စိတ်ညစ်၏… ရင်ဖွင့်ပြောပြတတ်သူ။
• ဇနီးသည်ကို စိတ်ဝင်စားမှု ရှိသူ/ နွေးနွေးထွေးထွေးပွေ့ဖက်တတ်သူ (လင့်ဝတ္တရားကျေသူ)
• ဆွေမျိုးများနဲ့ အပေါင်းသင်း မိတ်ဆွေတွေရှေ့ မှာ ဇနီးသည်ကို ဖေးဖေးမမ ဂရုစိုက် ပြတတ်သူ။
• သားသမီးတွေရှေ့မှာ“မင်းတို့ မေမေက ကျေးဇူးရှိတယ်နော်၊ မေမေ့စကား နားထောင်၊ မေမေ့ကို စိတ်ညစ်အောင် မလုပ်ရဘူး”လို့ မကြာခဏ ပြောပေးတတ်သူ။
• ဇနီးသည် အလုပ်ရှုပ်နေတဲ့အခါ ကလေးတွေကို အဖော်ပြုပေးတတ်သူ။
• အလုပ်ပိတ်ရက်တွေမှာ အခါအားလျော်စွာ မိသားစုကို သီးသန့် အချိန်ပေးပြီး အပြင်ထွက် လည်ပတ်ပေးတတ်သူ။ အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝများကို ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
စေတနာများစွာဖြင့်……
ပေါက်ပေါက်(promise pauk)
#သုတဇုန်
===========
ချီကာဂို နိုင်ငံရှိ the University of Illinois တက္ကသိုလ်မှ စိတ်ပညာပါရဂူတစ်ဦးဖြစ်သူ ဒေါက်တာ Sheela Raja ရဲ့ အကြံပြုချက်လေးများ...
ဒေါက်တာ့ဆီ စိတ်ပိုင်းဆိုင်ရာ ဖြေသိမ့်မှုအတွက် လာရောက် ဆွေးနွေးတိုင်ပင်ကြတဲ့ အိမ် ထောင်ရှင် အမျိုးသမီးအများစုကို လေ့လာကြည့်တဲ့အခါ၊
ခင်ပွန်းဖြစ်သူရဲ့လစ်လှူရှု ခံကြရ သူများဖြစ်ကြပါတယ်တဲ့။ အိမ်ထောင်ရှင်မတွေက အိမ်မှုကိစ္စ ဗာဟီရများ၊ သားသမီး တာဝန်များ၊ ဆွေမျိုးကိစ္စများအပြင် ဝင်ငွေနဲ့ထွက်ငွေ မျှတအောင် စီမံခန့်ခွဲရတာတွေကြောင့် စိတ်ဖိစီးမှု များပြားကြရပါတယ်။ (မောင်တထမ်း မယ်တရွက်ဆိုသလို အပြင်အလုပ် ထွက် လုပ်ရသူ ဇနီးသည်များမှာတော့ ပိုမို ဝန်ပိစေပြန်ပါတယ်)
အဲဒီအချိန်မှာ ခင်ပွန်းသည်ရဲ့ အမှတ်မထင် ပြောလိုက်တဲ့ စကားတခွန်းဟာ ဇနီးသည်ကို စိတ်ဒဏ်ရာဖြစ်သွားနိုင်စေ သလို၊ ခင်ပွန်းရဲ့စကားတခွန်းကြောင
ဒေါက်တာရဲ့လေ့လာ စမ်းစစ်ချက်များအရ၊ ခင်ပွန်းသည်ရဲ့ အရေးတယူ ကျေးဇူးတင် စကားလေး တခွန်းက ဇနီးဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာစေပြီး တော့ ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်စေကာ စိတ်ကျရောဂါနဲ့ ခေါင်းတခြမ်းကိုက်ရောဂါ တွေပါ သိသိသာသာ လျော့ပါးသွားစေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ခင်ပွန်းကောင်းဆိုတာ၂-ယောက်
ခင်ပွန်းကောင်းဆိုတာ….
• နံနက်အိမ်ယာထတဲ့အခါ “ မင်းနေကောင်းလား၊ ကျန်းမာရေးဂရုစိုက်နော် ” စိုးရိမ်စကား ပြောပေးတတ်သူ။
• နံက်စာစားတဲ့အခါ “ ကော်ဖီ ၁-ခွက် ကို ၂-ယောက် အတူတူ သောက်ကြရအောင်ကွာ” မျှဝေခံစားတတ်သူ။
• နံက်စာ ပြင်ဆင် (သို့မဟုတ်) စားသောက်ပြီးတဲ့အခါ ပန်းကန် ခွက်ယောက် ကူသယ်/ ကူသိမ်းပေးတတ်သူ။
• ထမင်းစားတဲ့အခါ “လက်ရာကတော့ ရှယ်လ်ပဲ…ယောက်ျားအကြိုက် သိတဲ့မိန်းမ.. ငယ်ငယ်တုန်းက စားခဲ့တဲ့ မေမေ့လက်ရာ အတိုင်းပဲ” ချီးမွမ်းမြှောက်ပင့် ပြောတတ်သူ။
• အလုပ်သွားခါနီးတိုင်း အိမ်နောက်ဖေးမှာ အလုပ်ရှုပ်နေတတ်တဲ့ ချစ်ဇနီးကို မတွေ့တွေ့ အောင်ရှာပြီး... “မေကြီးရေ.. အလုပ် သွားပြီကွာ” လို့ အရေးတယူ နှုတ်ဆက်တတ်သူ၊ (လူလစ်ရင် အနမ်းဖြင့် နှုတ်ဆက်တတ်သူ)
• နေ့လည်ဘက် ထမင်းစားချိန် (သို့မဟုတ်)အားလပ်ချိန်မှာ ဖုန်း(သို့မဟုတ်) ဖုန်းမတ် ဆေ့ခ်ျဖြင့်- “မိန်းမရေ.. ဘာတွေ လုပ်နေတုန်းကွာ ဒီမှာ ညောင်းနေလို့ ဇက်ကြောလေး လာဆွဲပေးပါဦး” အရွှန်းဖောက်တတ်သူ။
• အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက် စားစရာလေး ဖြစ်ဖြစ် ဝယ် လာတတ်သူ။
• ညစာစားပြီး “ မင်းနာပါကွာ…ကိုယ်ပန်းကန်တေ
• ကလေးတွေ အိမ်စာလုပ်ပြီး/မပြီး စာကူ စစ်ပေးတတ်သူ။ အလုပ်မှာ ဘယ်လောက် ပင်ပန်းပင်ပန်း ကလေးကို ညအိပ်ယာဝင် ပုံပြင် ပြောပြတတ်သူ။
• မိမိအလုပ်နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူကို ကောင်း၏/ဆိုး၏/ပျော်၏/
• ဇနီးသည်ကို စိတ်ဝင်စားမှု ရှိသူ/
• ဆွေမျိုးများနဲ့ အပေါင်းသင်း မိတ်ဆွေတွေရှေ့ မှာ ဇနီးသည်ကို ဖေးဖေးမမ ဂရုစိုက် ပြတတ်သူ။
• သားသမီးတွေရှေ့မှာ“မင်းတို့
• ဇနီးသည် အလုပ်ရှုပ်နေတဲ့အခါ ကလေးတွေကို အဖော်ပြုပေးတတ်သူ။
• အလုပ်ပိတ်ရက်တွေမှာ အခါအားလျော်စွာ မိသားစုကို သီးသန့် အချိန်ပေးပြီး အပြင်ထွက် လည်ပတ်ပေးတတ်သူ။ အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝများကို ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
စေတနာများစွာဖြင့်……
ပေါက်ပေါက်(promise pauk)
#သုတဇုန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။