ကံဆိုးတဲ့နေ့တစ်နေ့အဖြစ်သတ် မှတ်ထားတဲ့ Friday 13th အကြောင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သောကြာနေ့နဲ့ ၁၃ ရက်နေ့ တစ်ထပ်တည်းကျရောက်လျှင် ကံဆိုးမှုတွေဖြစ်တတ်တယ်လို့ စတင်ယူဆလာကြတာ ၁၉ ရာစုလောက်ကလို့ ဆိုကြပါတယ်။
ဒီအယူသီးမှုဟာ ၁၉ ရာစုက အီတလီတေးရေးဆရာ Gioachino Rossini ဟာ ၁၃ရက် သောကြာနေ့မှာ သေဆုံးခဲ့တာကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအယူသီးမှုကို ဆက်လက်တည်တံ့စေတာကတော့ အမေရိကန်စီးပွားရေးသမား Thomas Lawson ၁၃ရက်နေ့ သောကြာနေ့မှာ သေဆုံးခဲ့ခြင်းပဲဖြစ်ပါတယ်။
.
ထို့ပြင် တစ်ချို့ကတော့ ယေရှုဘုရားသခင်ဟာ ၁၃ ရက်နေ့ သောကြာနေ့မှာ ကားစင်တင်၍ အဆုံးစီရင်ခြင်းခံခဲ့ရပြီး ကားစင်မတင်မီမှာ ဧည့်သည် ၁၃ ယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း အယူရှိကြပါတယ်။ ၁၃ရက် သောကြာနေ့နဲ့ ဆက်စပ်တဲ့ နောက်ထပ်တိုက်ဆိုင်မှုတစ်ခုက တော့ ၁၃၀၇ ခုနှစ်မှာ ပြစ်သစ်ဘုရင်ဟာ ရာနဲ့ချီတဲ့ Knights Templar တွေဆို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။
.
ထိုသို့သော အကြောင်းအရာတွေ ပေါင်းစည်းပြီး Friday 13th ဟာ ကံဆိုးမှုတွေ ကျရောက်တဲ့နေ့တစ်နေ့အဖြစ် အယူသီးခဲ့ကြတာပဲဖြစ်ပါတယ်။
.
Friday 13th နေ့ကို ကြောက်ရွံ့တဲ့ရောဂါကို friggatriskaidekaphobia or paraskevidekatriaphobia လို့ခေါ်ဆိုတယ်လို့ သိရပါတယ်။ ယခုအချိန်ထိ ၁၃ရက် သောကြာနေ့ကို ကြောက်လန့်တဲ့သူတွေဟာ
သန်းပေါင်းများစွာရှိနေကြပါ တယ်။ အထူးသဖြင့် လေကြောင်းလိုင်းတွေနဲ့ပတ်သတ်ရင် ပိုဆိုးပါတယ်။ ၁၃ ရက်နေ့ သောကြာနေ့မှာ လေယာဉ်မတော်တဆဖြစ်ရပ်တွေ အများအပြားဖြစ်ပွားခဲ့လို့ပဲဖြစ်ပါတယ်။
.
၁၃ ရက်နေ့ သောကြာနေ့ကို ကြောက်ရွံ့ကြသလို ၁၃ ဂဏာန်းကို ကြောက်ရွံကြတာလည်း အတော်များပါတယ်။ တစ်ချို့ဟော်တယ်တွေ၊ ဆေးရုံတွေမှာ ၁၃ ထပ်တို့၊ အခန်းနံပါတ် ၁၃ တို့ကို မထားပဲ ကျော်ထားပါတယ်။ တစ်ချို့လေဆိပ်တွေမှာ ဂိတ်နံပါတ် ၁၃ ကို မထားရှိကြသလို တစ်ချို့ဒေသတွေမှာညစာစားပွဲ မှာ လူ၁၃ယောက်ဖြစ်နေရင် ကံဆိုးတယ်လို့ယူဆတဲ့အထိ ၁၃ ဂဏာန်းရဲ့လွှမ်းမိုးမှုက ကြီးမားပါတယ်။
.
၁၃ ရက်နေ့နဲ့ သောကြာနေ့ တစ်ထပ်တည်းကျရောက်တဲ့ လတိုင်းရဲ့အစဟာ တနင်္ဂနွေဖြစ်ပါတယ်။
.
၁၃ ရက်နေ့ သောကြာနေ့ကို ကံဆိုးမှုတဲ့နေ့လို့ အယူရှိတာက တစ်ကမ္ဘာလုံးမှာတော့မဟုတ်ပါဘူး။အီတလီမှာဆိုရင်တော့ Friday 13th ကိုကံကောင်းတဲ့နေ့လို့တောင် ယူဆထားပြီး သူတို့ယူဆထားတဲ့ ကံဆိုးတဲ့နေ့ဟာ
Friday 17th ဖြစ်ပါတယ်။ ထို့ပြင် စပိန်ဘာသာစကားပြောတဲ့နိုင်ငံတွေနဲ့ ဂရိနိုင်ငံမှာတော့ ၁၃ရက်နေ့ အင်္ဂါနေ့ဟာ ကံဆိုးတဲ့နေ့တစ်နေ့လို့ အယူရှိပါတယ်။
.
သုတေသနပြုလုပ်ချက်တွေအရတော့
၁၃ရက် သောကြာနေ့တိုင်းမှာ ကံဆိုးမှုတွေဖြစ်စေတယ်လို့ ပြောဆိုလို့ရတဲ့
သက်သေအထောက်အထားတွေ အလွန်နည်းတယ်လို့ဆိုပါတယ်။ လေ့လာချက်တွေအရ ၁၃ ရက်နေ့
သောကြာနေ့မှာ ဖြစ်ခဲ့တဲ့ မတော်တဆဖြစ်ရပ်တွေ၊ သဘာဝဘေးအန္တရယ် စတဲ့
ကံဆိုးမိုးမှောင်ကျမှုတွေဟာတ ခြားနေ့ထက် ထူးထူးခြားခြားများမနေဘူးလို့ဆိုပါတယ်။
_________
လင်းထက်မော် (Focus Youth)
Ref : TimeAndDate
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သောကြာနေ့နဲ့ ၁၃ ရက်နေ့ တစ်ထပ်တည်းကျရောက်လျှင် ကံဆိုးမှုတွေဖြစ်တတ်တယ်လို့ စတင်ယူဆလာကြတာ ၁၉ ရာစုလောက်ကလို့ ဆိုကြပါတယ်။
ဒီအယူသီးမှုဟာ ၁၉ ရာစုက အီတလီတေးရေးဆရာ Gioachino Rossini ဟာ ၁၃ရက် သောကြာနေ့မှာ သေဆုံးခဲ့တာကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအယူသီးမှုကို ဆက်လက်တည်တံ့စေတာကတော့ အမေရိကန်စီးပွားရေးသမား Thomas Lawson ၁၃ရက်နေ့ သောကြာနေ့မှာ သေဆုံးခဲ့ခြင်းပဲဖြစ်ပါတယ်။
.
ထို့ပြင် တစ်ချို့ကတော့ ယေရှုဘုရားသခင်ဟာ ၁၃ ရက်နေ့ သောကြာနေ့မှာ ကားစင်တင်၍ အဆုံးစီရင်ခြင်းခံခဲ့ရပြီး ကားစင်မတင်မီမှာ ဧည့်သည် ၁၃ ယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း အယူရှိကြပါတယ်။ ၁၃ရက် သောကြာနေ့နဲ့ ဆက်စပ်တဲ့ နောက်ထပ်တိုက်ဆိုင်မှုတစ်ခုက
.
ထိုသို့သော အကြောင်းအရာတွေ ပေါင်းစည်းပြီး Friday 13th ဟာ ကံဆိုးမှုတွေ ကျရောက်တဲ့နေ့တစ်နေ့အဖြစ် အယူသီးခဲ့ကြတာပဲဖြစ်ပါတယ်။
.
Friday 13th နေ့ကို ကြောက်ရွံ့တဲ့ရောဂါကို friggatriskaidekaphobia or paraskevidekatriaphobia လို့ခေါ်ဆိုတယ်လို့ သိရပါတယ်။ ယခုအချိန်ထိ ၁၃ရက် သောကြာနေ့ကို ကြောက်လန့်တဲ့သူတွေဟာ
သန်းပေါင်းများစွာရှိနေကြပါ
.
၁၃ ရက်နေ့ သောကြာနေ့ကို ကြောက်ရွံ့ကြသလို ၁၃ ဂဏာန်းကို ကြောက်ရွံကြတာလည်း အတော်များပါတယ်။ တစ်ချို့ဟော်တယ်တွေ၊ ဆေးရုံတွေမှာ ၁၃ ထပ်တို့၊ အခန်းနံပါတ် ၁၃ တို့ကို မထားပဲ ကျော်ထားပါတယ်။ တစ်ချို့လေဆိပ်တွေမှာ ဂိတ်နံပါတ် ၁၃ ကို မထားရှိကြသလို တစ်ချို့ဒေသတွေမှာညစာစားပွဲ
.
၁၃ ရက်နေ့နဲ့ သောကြာနေ့ တစ်ထပ်တည်းကျရောက်တဲ့ လတိုင်းရဲ့အစဟာ တနင်္ဂနွေဖြစ်ပါတယ်။
.
၁၃ ရက်နေ့ သောကြာနေ့ကို ကံဆိုးမှုတဲ့နေ့လို့ အယူရှိတာက တစ်ကမ္ဘာလုံးမှာတော့မဟုတ်ပါဘ
Friday 17th ဖြစ်ပါတယ်။ ထို့ပြင် စပိန်ဘာသာစကားပြောတဲ့နိုင်င
.
သုတေသနပြုလုပ်ချက်တွေအရတော့
_________
လင်းထက်မော် (Focus Youth)
Ref : TimeAndDate
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။