Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 8, 2016

ဘောင်တွေကို ကျော်တွေးကြည့်ပါ

ဘောင်တွေကို ကျော်တွေးကြည့်ပါ
*****************************
ပုံပြင် (၁)
သန်းကြွယ် သူဌေး တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင် ရွက်လှေကြီးနဲ့ အပန်းဖြေခရီး ထွက်လာတယ်။ ဆိပ်ကမ်း တစ်ခုရောက်တော့ လှေဝမ်းထဲ မှာ အေးအေး ဆေးဆေး အိပ်နေတဲ့ ငါးဖမ်း သမား တစ်ယောက်ကို သွားတွေ့တယ်။ သူဌေးက ငါးဖမ်းသမားကို လှမ်းမေးတယ်။ မင်း ဘာလို့ အိပ်နေတာလဲ။ ငါးဖမ်း မထွက်ဘူးလား တဲ့။ ငါးဖမ်းသမားက ပြန်ပြောတယ်။ ဒီနေ့အတွက် ငါးဖမ်းတာပြီး သွားပြီ။ လုံလောက်သွားပြီတဲ့။ ဒါနဲ့ သူဌေးက ထပ်ပြောတယ်။ အစောကြီး ရှိသေးတယ်။ မင်း ငါးဖမ်းထပ် ထွက်ရင် ငါးတွေ ထပ်မိမယ်။ အဲခါကျရင် ငါးဖမ်း ပိုက်သစ်တွေ ဝယ်နိုင်မယ်။ ထပ်ကြိုးစားတဲ့အခါ မင်းပိုလျှံ တဲ့ငွေတွေနဲ့ ငါးဖမ်းစက်လှေတွေ ထပ်ဝယ်နိုင်မယ်။ နောက်ဆုံး မင်း သူဌေးကြီး ဖြစ်သွားရင် အခုငါ့လို မျိုး အေးအေးဆေးဆေး အပန်းဖြေနိုင် မယ်လေကွာတဲ့။ ငါးဖမ်းသမားက ခွန်းတုံ့ပြန်တယ်။ အခုရော ငါ ဘာလုပ်နေတယ်လို့ မင်းထင်လို့လဲတဲ့။
သင်ခန်းစာ ။ နေတတ်ရင် ကျေနပ်စရာပါ။ အလုပ်ကြီးပဲ ဖိလုပ်မနေဘဲ အပန်းဖြေဖို့လည်း အချိန်ပေးပါ။
ဒီပုံပြင်ကို ဖတ်ကြည့်ပြီး ဘာတွေးမိလဲ။ ဪ ဟုတ်သားပဲ။ နေတတ်ရင် ကျေနပ်စရာပါလား။ အလုပ်ပဲ လုပ်နေတာထက် အပန်းဖြေဖို့လည်း အချိန်ပေးသင့်တာပေါ့။ အဲလိုတွေး လိုက်တာမှာပဲ ရပ်သွားရင်တော့ အများကြီး လိုနေသေးတယ်။ ကျွန်တော်တို့က ပုံပြင်ကို ဖတ်တယ်။ ပုံပြင်ကပေးလိုက်တဲ့ သင်ခန်းစာကို ပဲ တွေးတယ်။ ပိုပြီးရှင်းအောင်ပြောရရင် ပုံပြင်က ဘောင်တစ်ခု ချပေးလိုက်တဲ့အခါ အဲဒီဘောင်အတိုင်း လိုက်တွေးလိုက်တယ်။ လမ်းကြောင်းတစ်ခု ချပေးလိုက်ရင် အဲဒီလမ်းကြောင်းအတိုင်း လိုက်တွေးလိုက် တယ်။ လိုက်ခံစားလိုက် တယ်။ ဘောင်ကို ကျော်မတွေးတော့ဘူး။ ဖြန့်ကြက် မတွေးတော့ဘူး။ အဲတော့ ဘာဖြစ်လာလဲဆိုတော့ အလွယ်တကူ ယုံလွယ်တဲ့သူတွေ ဖြစ်လာတယ်။ အဲဒီအတွက် ဥပမာတွေ ကို ဖေ့စ်ဘွတ် လိုနေရာမျိုးမှာ ကြည့်ရင်ကိုပဲ သိသိသာသာ တွေ့ရလိမ့်မယ်။
“အိပ်ဆေးနဲ့ ဖမ်းခေါ်သွားတာ ရေချိုးကန်ထဲနိုးလာလို့ ကြည့်တော့မှ ကျောက်ကပ်တွေ အခိုးခံလိုက်ရတယ်” ဆိုတဲ့ ပို့စ်မျိုးကို သောင်းနဲ့ချီ Like လုပ်ပြီး ထောင်နဲ့ချီ Share လုပ်ကြတယ်။ ကွန်မင့်တွေမှာ မိန်းကလေးတွေ သတိထားရမှာ ပေါ့ဆိုတာမျိုးတွေ၊ တော်တော်ယုတ်မာ ပက်စက်ပါလား ဆိုတာမျိုးတွေ ထောင်နဲ့ချီတွေ့ရ မယ်။ ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းကို ဆန်းစစ်ဖို့ထက် ချပေးလိုက်တဲ့ ဘောင်အတိုင်း လမ်းကြောင်းအတိုင်း မှာ မျောသွားတယ်။ ဒါက ဥပမာအများကြီးထဲက ဥပမာတစ်ခုပါ။
အဲဒါ ကျွန်တော်တို့ရဲ့ အကြီးဆုံးအားနည်း ချက်ပဲ။ တကယ်တမ်းမှာ ဖြစ်သင့်တာက ကျွန်တော်တို့ကို ကန့်သတ်ထား တဲ့ဘောင်ကို ကျော်တွေးရ မှာ။ ပေးထားတာထက် ပိုအောင်ဆန်းစစ်ကြည့်ရမှာ။ အဲလိုမှ မတွေးဘူးဆိုရင် လူညွန့်တုံးလာလိမ့်မယ်။ အလွယ်တကူ ပုံသွင်းရ လွယ်တဲ့သူတွေ ဖြစ်လာလိမ့်မယ်။ ကိုယ်ပိုင် အတွေးအခေါ်တွေ ပျောက်ဆုံး လာလိမ့် မယ်။ ကျွန်တော်တို့ဆီမှာ ပညာရေးစနစ်က ၁ဝဝ ဖိုး သင်ပေးပြီး ၅ဝ ဖိုး လောက်ပြန်မေးတယ်။ သူများနိုင်ငံ မှာ ၅ဝ ဖိုးပဲသင်ပေးပြီး ၁ဝဝ ဖိုး ပြန်မေး တယ်။ ခြားနားချက်က ကျွန်တော်တို့က ဘောင်ထဲမှာ အသားကျ လာတယ်။ ပေးသလောက်နဲ့ ရောင့်ရဲ လာတယ်။ သူများတွေက ဘောင်ကိုကျော်ပြီး တွေးတတ်လာတယ်။ ကိုယ့်အားကိုယ်ကိုး တတ်လာတယ်။ ရှာဖွေစူးစမ်းတတ်လာတယ်။ ဦးနှောက်ဟာ စဉ်းစားဖို့ ပေးထားတာပါ။ သူများ ဘာပြောပြောဘာရေးရေး ဟုတ်တာပေါ့၊ မှန်တာပေါ့ဆိုပြီး ယုံလွယ် လက်ခံတတ်အောင် ပေးထား တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာ ဆိုရင်လည်း ဗုဒ္ဓက ကိုယ့်ဘာသာ ချင့်ချိန်တတ်အောင် ကာလာမသုတ် ကို ဟောခဲ့တယ်။ ဒါပေမဲ့ ဟိုနေရာ မှာ နဂါးပေါ်နေတယ်ဆိုလည်း ယုံတာပဲ။ ဒီနေရာမှာ သိုက်စောင့်တွေ ရှိတယ်ဆိုလည်း ယုံလိုက်တာ ပဲ။ ဘောင်ကိုကျော် မတွေးချင်ဘူး။ ယုံလွယ်တာ ဘာဖြစ်လဲဆိုတော့ “အ” လာ “န” လာတာပေါ့။
ပုံပြင် (၂)
ခုန ပုံပြင်ထဲက ငါးဖမ်းသမား အပြင်းအထန် နေမကောင်းဖြစ်တယ်။ ငါးဖမ်း မထွက်နိုင်တော့ ပိုက်ဆံမရှိဘူး။ သူက တစ်နေ့စာ တစ်နေ့ပဲရှာပြီး အပန်းဖြေနေတော့ စုမိဆောင်းမိလည်း မရှိဘူး။ သူ့သားသမီးတွေက လည်း ငယ်သေးတော့ မရှာဖွေနိုင်သေးဘူး။ ဆေးလည်းမကုနိုင်၊ စားဝတ်နေရေးလည်း အရမ်းခက် ခဲနေတော့ အိပ်ရာထဲမှာပဲ ဝေဒနာ ခံစားနေရတယ်။ အဲဒီအချိန် ငါးဖမ်းသမားကိုမြင်တော့ သူဌေးက ပြော တယ်။ မင်း အားလပ်ချိန်မှာ အပန်းပဲဖြေမနေဘဲ အလုပ်ကြိုးစားပြီး စုဆောင်း ခဲ့ရမှာတဲ့။
သင်ခန်းစာ ။ အချိန်ရှိခိုက် လုံ့လမစိုက်ထားရင် မကြိုးစားထားရင် တစ်ချိန်မှာ အကြီးအကျယ်ခံစားရမယ်။
ပထမပုံပြင်နဲ့ ဒုတိယပုံပြင်က အကြီးအကျယ် ကွာခြားသွားပြီ။ ပေးတဲ့သင်ခန်းစာခြင်း ပြောင်းပြန်ဖြစ်သွားပြီ။ ပထမပုံပြင်ဘောင်လေးနဲ့ပဲကြည့်ရင် အနားယူဖို့ ပြောတယ်။ ဒုတိယ ပုံပြင်ဘောင်နဲ့ကျတော့ အချိန်ရှိတဲ့ အချိန် အလုပ်လုပ်ရမယ်တဲ့။ ဆိုလိုချင်တာက ပုံပြင်တွေ၊ အကြောင်းအရာတွေက ပေးချင်တဲ့ အရာထက် အဖြစ်အပျက်တွေမှာ ချပေးထားတဲ့ လမ်းကြောင်းတွေထက် ကိုယ့်ဘက်က ပိုတွေးစေချင်တာပါ။ ရေခဲတုံး ရဲ့ မြင်နေရတဲ့ ထိပ်ပိုင်းကိုပဲကြည့်ရင် ထိပ်ပိုင်းကိုပဲ မြင်ရမယ်။ ရေထဲမှာ နစ်နေတဲ့ ရေခဲတုံး အစိတ် အပိုင်းတွေ ရှိနေသေး ပါလားဆိုတာ တွေးမြင်တတ်ရင် ဖြစ်ရပ်တစ်ခုလုံးကို ပုံရိပ်ဖော်နိုင်ပါလိမ့်မယ်။ စဉ်းစားပါ တွေးခေါ်ပါ။ ဦးနှောက်တွေ သံချေး တက်ခံမနေပါနဲ့။ အတွေးတိမ်တိမ်နဲ့ ယုံလွယ်တဲ့ လူအ လူနတွေလို့တော့ အထင်မြင် မခံရစေချင်ဘူး။
Eleven Daily News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။